အပိုင်း(၂) Unicode

1.3K 109 14
                                    

"သားသား စားကောင်းလား..."

​မာမီ့ကို သား ခေါင်းလေးညိတ်ပြလိုက်သည်။ ၁၂နှစ်သားအရွယ်ဖြစ်သည့်သားကမနက်စာဆိုကြက်ဥလေးတွေနဲ့လုပ်ထားသည့်မုန့်များကိုကြိုက်ပါ​သည်။

အခုတောင်ပန်းကန်ပြားထဲကမကျက်တကျက် ကြော်ထားတဲ့ကြက်ဥအနှစ်လေးကိုခေါင်းငုံ့ပြီးချွန်တက်နေသည့်နှုတ်ခမ်းထိပ်လေးများနဲ့ထိုးစားလို့နေပါ​ပြီ။ကြက်ဥနှစ်လုံးကုန်သွားတော့ပါပါး​ရဲ့ပန်းကန် ထဲကကြက်ဥကြော်လေးများကိုမျက်စောင်းထိုးလိုက်ပါသည်။ရိပ်စားမိသည့်ပါပါးကကြက်ဥကြော်လေးထည့်ပေးဖို့လုပ်တော့...

"ကို...သားသားကို ကြက်ဥတွေထပ်မထည့်ပေးနဲ့တော့ မျှမျှတတရှိအောင် ပေါင်မုန့်လေးနဲ့နွားနို့လေးလည်းသောက်ခိုင်းရမယ်လေ..."

မာမီဝင်တားလိုက်တော့ သားမပျော်တော့ပါ။အရှေ့သို့ထိုးပေးလာသည့်နွားနို့လေးကိုတစ်ငုံသာသောက်လိုက်ရင်းမြိုမချဘဲပါးစပ်ထဲငုံထားလိုက်တော့သည်။ဒါဟာလည်းဆန္ဒပြနည်းတစ်မျိုးဖြစ်ပါသည်။ကြက်ဥကြော်လေးနောက်တစ်လုံးရောက်လာမှငုံထားတဲ့နွားနို့လေးများကိုမြိုချလိုက်​တော့​၏။

"သားသားရေ သွက်သွက်စား...သားသားရဲ့ပါပါးအလုပ်မမီဘဲနေဦးမယ်..."

မာမီပြောတော့ဝါးလက်စများကို ဒီတိုင်းမြိုချလိုက်ပါသည်။ လက်မှာပေနေသည့်မုန့်အစအနတွေကိုအင်္ကျီနဲ့သုတ်ဖို့လုပ်တော့မာမီကလက်ကိုလှမ်းတားလိုက်ပါသည်။ ပုရွက်ဆိတ်ကိုက်ခံရလိမ့်မည်လို့လည်းပြောပါ​၏။ အဲ့တာကြောင့်လက်သုတ်ပုဝါနဲ့ပဲသုတ်လိုက်ပြီးပါပါးကိုကြည့်လိုက်ပါသည်။

"ပါပါး..."

"ပြော သားသား..."

"သား ကျောင်းကားစီးချင်တယ်..."

"ဘာဖြစ်လို့လဲ သားသား...ပါပါးအလုပ်မသွားခင်အမြဲတမ်းဝင်ပို့ပေးနေကျကို..."

ပါပါးပြန်ဖြေခြင်းမဟုတ်ပါ။ မာမီမေးလိုက်ခြင်းဖြစ်ပါသည်။

"သားက သူငယ်ချင်းတွေနဲ့ ကျောင်းကားစီးချင်တာ..."

"အင်းပါ နောက်လကျရင် ပါပါးစီစဉ်ပေးမယ်..."

"ကို..."

မာမီဝင်ပြောဖို့လုပ်တော့ ပါပါးကတားလိုက်ပါသည်။သားကို အပေါ်တက်ခိုင်းပြီးကျောင်းဝတ်စုံသွားလဲခိုင်းပါ​၏။

"ကို...သားကို အရမ်းအလိုလိုက်တယ်နော်..."

"သားသားလည်း သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးသွားချင်လို့နေမှာပေါ့ ကိုယ်လိုက်ပို့နေတာမူကြိုကတည်းကနေ ဒီအရွယ်ထိဆိုတော့ပျင်းနေရှာမှာပေါ့..."

"ဒါပေမယ့်လည်း က်ို..."

ရှောင်းမားက အလိုမကျစွာပြောလာတော့ရှောင်းပါးချော့မော့ကာပြောနေရသည်။သားသားကိုလည်းအချစ်ပို၊ဇနီးကိုလည်းအချစ်မလျှော့သည့်ရှောင်းပါးတို့ဒီလိုအချိန်ဆိုဗျာများရပါ​၏။သားသားရဲ့မျက်နှာပြိုမှာလည်းမလို၊ ဇနီးမျက်နှာညိုမှာကိုလည်းစိုးဖြင့်အသေအချာနားချရသည်။

"သားသားဆန္ဒကို ကိုယ်တို့လိုက်လျောပေးရအောင်ပါနော်...သားသားရဲ့မာမီရယ်ပြုံးပါဦး..."

နောက်ဆုံးတော့လည်း နှစ်ယောက်တစ်ယောက်အနေအထားမှာရှောင်းမားလိုက်လျောပေးလိုက်ရပါတော့​၏။

"သားသား ပြီးရင်ဆင်းလာခဲ့တော့လေ ပါပါးကားထဲမှာစောင့်နေပြီ..."

"သားရဲ့ထမင်းခြင်းတောင်းရော..."

"သားသားရဲ့ပါပါး ယူသွားပြီးပြီ..."

"ရေဘဝဲ လေဖောင်းမုန့်လေးရော ထည့်ပေးပြီးပြီလားမာမီ..."

"ထည့်ပေးပြီးပါပြီ...ထမင်းတွေကုန်အောင်စားခဲ့နော်သားသား..."

ကျောင်းအဝင်ဝရောက်တော့ပါပါးကိုအာဘွားတွေအများကြီးပေးလိုက်သည်။နောက်လဆိုကျောင်းကားကြီးစီးရတော့မယ်ဆိုတော့သားပျော်နေပါသည်။

ပါပါးလိုက်ပို့ရင်အမြဲတမ်းကျောင်းချိန်ကပ်ပြီးမှရောက်သည်။ကျောင်းကားကြီးနဲ့သွားရင်အစောကြီးရောက်ပါသည်။သားမှာအကြံကြီးရှိပါသည်။ကျောင်းကိုအစောကြီးရောက်ရင် ကိုကြီးကိုအကြာကြီးကြည့်လို့ရမည်ဖြစ်ပါ​၏။

နောက်လရောက်ဖို့ သား မစောင့်နိုင်တော့ပါ။

သို့...သားရဲ့ကိုကြီးWhere stories live. Discover now