2nd person last love

11 2 0
                                    

Unicode
#1
သုသက်အချစ် မဖျက်ပစ်

ကျွန်တော် မယုံဘူး ကျွန်တော်သဘောကျတဲ့သူက ပြန်သဘောကျမယ်ဆိုတာကို။သေချာတာတစ်ခုက ကျွန်တော်သဘောကျတဲ့သူတိုင်းမှာ သူတို့ချစ်ရတဲ့သူတွေရှိနေတယ်ဆိုတာကိုပေါ့။ တကယ်လို့ ကျွန်တော့်မှာသတ္တိရှိခဲ့မယ်ဆိုရင် တစ်ကြိမ်လောက်ဖြစ်ဖြစ် ကျွန်တော် သဘောကျတယ်ဆိုတဲ့အကြောင်းကို ဖွင့်ပြောပြချင်မိတယ်။ တစ်ချိန်ချိန်မှာသာ တစ်စုံတစ်ယောက်က ကျွန်တော့ကိုချစ်လာခဲ့မယ်ဆိုရင် ကျွန်​​​​တော် ပြန်ချစ်မိမှာ သေချာတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အားနည်းတယ်လေ သူများရဲ့အချစ်ကိုငြင်းပယ်တဲ့နေရာမှာ။ ဒါ့အပြင် ကျွန်တော်က Queerကတစ်ယောက်။ ဒီလိုနဲ့ပဲ တစ်နေ့မှာသူနဲ့တွေ့ဆုံခဲ့တယ်လေ။ သူက အရမ်းကိုထက်မြက်တယ် ပြီးတော့များကိုလည်းရင့်ကျက်တည်ငြိမ်တယ်လေ။ သေချာတာတစ်ခုကသူ့မှာ အရမ်းကိုလှပ တည်ငြိမ် မျက်ဝန်းလေးတစ်စုံ ပိုင်ဆိုင်ထားတယ်လေ။ သူနဲ့ဘယ်လိုတွေ့ဆုံခဲ့တာလဲဆိုတော့ ထူးဆန်းစွာနဲ့ပဲ ဆင်တူယိုးမှားဖြစ်နေတဲ့ နာမည်တစ်ခုကြောင့် ဆုံတွေ့ခဲ့တယ်။ သူ့နာမည်က
ဆက်ပိုင်ဖြိုးတဲ့။ ဒါပေါ့သူနဲ့ကျွန်တော်က နာမည်တစ်လုံးတည်း ကွာတယ်လေ။ အဲဒီနာမည်ကြောင့် ကျွန်တော်သူနဲ့ တွေ့ဆုံခဲ့ရတာလေ။ နာမည်ခေါ်ပြီး အမှတ်စာရင်းတွေကိုကြေညာတဲ့အချိန် အဲဒီနာမည်တူတဲ့ လူသားလေးကို လှည့်ကြည့်လိုက်တဲ့အခါ ပန်းပေါင်းစုံတို့က ထိုသူအား ဦးညွှတ်လျက် ခစားနေသလို တောက်ပလို့နေခဲ့တယ်။ "ဆက်ပိုင် စာတွေရနေပြီလား"လို့ ကျွန်တော်မေးခဲ့တယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း သူနဲ့ကျွန်တော် ရင်းနှီးလာခဲ့တယ်။သူ့အပြုံးလေးကအစ ကျန်တော်ရဲ့ နှလုံးသား ရင်ခုန်သံကို လှုပ်ခတ်စေခဲ့တယ်။ သူ့ရဲ့နှုတ်ခမ်းလေး အဖွဲ့အပိတ်လှုပ်နေပုံ၊ မြေပြင်ပေါ်သို့ ဖြေးညှင်းစွာ ချလိုက်တဲ့ သန်မာလှတဲ့ ခြေတန်ရှည်လေးတွေက စွဲဆောင်နေတယ်။ ဒီလိုနဲ့ပဲ တဖြည်းဖြည်းကျွန်တော့်ရဲ့နှလုံးသားထဲ တစ်စတစ်စ တိုးဝင်လာတယ်။ တကယ်လို့ အချိန်တွေသာ နောက်ပြန်ဆုတ်လို့ ရခဲ့မယ်ဆိုရင် အဲဒီနေ့ ကျွန်တော်သူ့ကို စကားစပြောခဲ့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူကကော ငါ့ကို သဘောကျရဲ့လား။ ငါဖွင့်ပြောလိုက်ရင် သူများမုန်းသွားမလား။ အခုလိုမျိုးက ငါ့ကို ခင်ပါဦးပါ့မလား။ အဆက်အသွယ်ဖြတ်မလား ဆိုတဲ့အတွေးတွေက ကျွန်တော့်ကို ခြောက်လန့်နေတယ်။ ဒါကြောင့်ပဲ ကျွန်တော် လက်လျှော့ခဲ့တယ်။ သူ့ကိုကျွန်တော်မေ့နိုင်မယ်ထင်ခဲ့တာ။တကယ်တမ်းကျတော့လည်း သတိရနေဆဲပါ။ ရာသီတွေ အလီလီပြောင်းနေပေမဲ့ ကျွန်တော်သူ့အပေါ်ထားတဲ့ မေတ္တာတရားကတော့ ရှိနေဆဲပါ။ ဒါပေမဲ့ဗျာ သူကတော့ ကျွန်တော့ကို သတိထားမိမယ်မထင်ဘူး။ ပြီးရင်တော့ ကျွန်တော် အချစ်တွေကိုရော သူသိပါ့မလား။ ကျွန်တော်အရမ်းစိုးရိမ်မိတယ်။ သူသိသွားတဲ့အခါ ကျွန်တော့်ကိုမုန်းသွားမှာကိုပေါ့။

You've reached the end of published parts.

⏰ Last updated: Nov 19, 2022 ⏰

Add this story to your Library to get notified about new parts!

UnknownWhere stories live. Discover now