ဂျွန်ဂျောင်ကုနဲ့လက်ထပ်ခြင်း - တစ်

5.5K 648 92
                                    

ဂျွန်ဂျောင်ကုနဲ့လက်ထပ်ခြင်း

အပိုင်း (၁)

“ဂျီမင်း မင်းနဲ့ထိမ်းမြားပေးမဲ့သူပဲ”

အသံလာရာကို ကျွန်တော် လှမ်းကြည့်လိုက်တော့ မိထွေးရဲ့ အနောက်ဘက်မှာ ရပ်နေတဲ့ လူစိမ်းတစ်ယောက်ကို ကျွန်တော်တွေ့လိုက်ရတယ်။

ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့လူစိမ်းပဲ။ ဖြူစုတ်စုတ်ရုပ်နဲ့ မျက်လုံးဝိုင်းတွေက ကျွန်တော့်ကို ပြန်လှမ်းကြည့်နေတယ်။ မိထွေးက အဲ့လူကို ကျွန်တော့်ဘေးမှာ ထိုင်ခိုင်းလာတယ်။

“ကြည့်ပါဦး ဘယ်လောက်လိုက်ဖက်သလဲ”

နားကြားပြင်းကတ်စရာ ချီးမွမ်းသံကြောင့် ကျွန်တော် စိတ်ထဲကပဲ ကြိတ်မဲ့လိုက်မိတယ်။ မိထွေးက ကျွန်တော့်ကို အမြင်မကြည်ဘူး။ မိထွေးရဲ့ မတိမ်းမယိမ်း သားနဲ့သမီးကတော့ ကျွန်တော့်အဖြစ်ကိုကြည့်ပြီး ပေါ်ပေါ်တင်တင် ကျေနပ်နေကြတယ်။

“ကျွန်တော် သူ့အကြောင်း ဘာမှမသိဘူး”

“နောက်ကျ သိသွားကြမှာ”

မိထွေးက ကျွန်တော့်ကို စံအိမ်ထဲကနေ နှင်ထုတ်ချင်နေတာကြာပြီ။ သေချာပေါက် မျိုးနွယ်ရဲ့ ဆက်ခံသူ သွေးသားအရင်းက ကျွန်တော်ဆိုပေမဲ့ မိထွေးက သူ့ရဲ့ သားနဲ့သမီးကိုပဲ နေရာပေးချင်ခဲ့တာ။

“ကဲ ကန်တော့ကြတော့လေ”

ထိမ်းမြားတယ်သာပြောတာ ပရိသတ်ဆိုလို့ မိထွေးနဲ့ မိထွေးဘက်က ပါလာတဲ့ သားနဲ့သမီးရယ်၊ နောက်ပြီး အခမ်းအနားရဲ့ အဓိကလူဖြစ်တဲ့ ကျွန်တော်နဲ့ ဖြူစုတ်စုတ်ကောင်လေးရယ်သာ ရှိတယ်။

“မင်းအသက် ၂၅ နှစ်မကျော်ခင်မှာ ထိမ်းမြားပေးဖို့ မင်းအဖေ ကိုယ်တိုင် မှာထားခဲ့တာမို့ ဒေါ်လေးတို့က သွားလေသူစိတ်ဖြောင့်အောင် စီစဉ်ပေးရတာနော်”

အဖေ့ပုံတူရှေ့က အမွှေးအိုးလေးထဲ ဖယောင်းတိုင်စိုက်ရင်း မိထွေးက အမှတ်ဝင်ယူတယ်။ ကျွန်တော် ဘာမှပြန်မဖြေမိဘဲ ပန်းချီကားချပ်ထဲက အဖေ့ကိုသာ စိုက်ကြည့်နေခဲ့မိတယ်။ အဖေဟာ ဘယ်လိုယုံကြည်ချက်နဲ့များ ဒီလိုကိစ္စကြီးကို မိထွေးဆီမှာ အပ်ခဲ့ရတာလဲ။

Marrying Jeon Jungkook Where stories live. Discover now