ညှို့ဝန်းနက်(Part-1)

12.4K 130 5
                                    

Unicode

လတွေ ကူးပြောင်းပြီး တန်ဆောင်တိုင် ပွဲတော်သို့ပြန်လည်ရောက်ရှိ‌လာလေသည်။တောင်ငူမြို့သူ၊မြို့သားများသည်လဲ တန်ဆောင်တိုင်ပွဲတော်ကို ပျော်ရွှင်စွာ ‌ဆင်နွှဲနေကြလေသည်။ထိုထဲတွင် ပျိုမဒီဟူသည့် ကောင်မလေးတစ်ယောက်လဲအပါအဝင်ပင် ‌ဟူဒီခေါင်းစွပ်အနက်လေးနဲ့ ဘောင်းဘီအနက်လေးကို တွဲဖက်ဝတ်ဆင်ထားပြီး ဆံပင်ကောက်ကောက်လေးများကို ကလစ်နဲ့ညှပ်တင်ထားသဖြင့် ဖြူဖွေးနေသော မျက်နှာလေးမှာ ပိုပေါ်လွင်နေသည်။တန်ဆောင်တိုင် ပွဲတော်၏ဘေးတစ်ဖက်စီတွင် ဈေးဆိုင်တန်းများခင်းကျင်းထားပြီး ပျိုမဒီတို့သူငယ်ချင်းနှစ်ယောက်လဲ အနွေးထည်ရောင်းတဲ့ဆိုင်အရောက်တွင် ရပ်လိုက်ကြပြီး အဝတ်စားရွေးနေကြသည်။

"မဒီ ဒါလေးနွယ်နဲ့လိုက်လား"

"အွန်း လိုက်တယ် အဲ့တာလေးပဲယူလိုက်"

"အွန်း ဟုတ်ပြီ အဒေါ်ဒါဆို ဒီဟာလေးထည့်ပေးနော်"

"နွယ်နွယ် မြန်မြန်လုပ် ဟိုမှာမီးပုံးလွှတ်တော့မယ် ကွင်းထဲသွားရအောင်"

"ဟွန် မဒီကလဲ ဒီကကြည့်ရင်မြင်နေရတာပဲကို ကွင်းထဲသွားအုံးမှာလား အဲ့မယ်ကြည့်အုံး လူတွေရှုပ်နေတာပဲ"

"ဟွန့် နွယ်နွယ်အကျင့်ပုတ်မ နင်ကြောက်လို့မလား"

"မဟုတ်ပါဘူးနော် ငါတို့ဒီလောက်လူများတဲ့ပွဲကြီးထဲကို မိဘ‌တွေမပါပဲ ဒီတခါပဲနှစ်ယောက်ထဲ လာဖူးတာလေ လူကြီးတွေကို မနည်းခွင့်တောင်းထားရတာကို တခုခုဖြစ်သွားရင် နောက်တခါမလွှတ်ပဲနေလိမ့်မယ်လေ"

ဒီတော့မှ မဒီကတခုခုကို စဉ်းစားဟန်ပြုလိုက်ပြီး

"အွန်း ဒါလဲဟုတ်သားပဲ ဒါဆိုလဲ ဟိုနားက အရုပ်လေးနဲ့တွဲထားတဲ့သော့ချိတ်ဆိုင်သွားရအောင်"

နှစ်ယောက်သားပြုံးပြီး သော့ချိတ်ဆိုင်လေးကိုပြေးသွားကြလေသည်။ပျိုမဒီနဲ့ နွယ်ပန်းချီမှာ ငယ်ပေါင်းတွေဖြစ်ကြပြီး အိမ်လဲနီးကြတဲ့အပြင် တစ်ကျောင်းထဲ၁၀တန်းအောင်လာတဲ့သူတွေလဲဖြစ်ကြပါသည်။

__

"ဟယ်လို ကောင်းဆက် သက်ထားနဲနဲနောက်ကျမယ် ဒီမှာကားလမ်းတွေပိတ်နေလို့"

ညှို့ဝန်းနက်Where stories live. Discover now