1

699 67 7
                                    

UNICODE


တိုက်လေအေးအေးက ကမ်းခြေတစ်လျှောက်ပြေးလွှားနေကြပင်မယ့် ဆောနူ ကတော့ ကိုကို့ဘေးမှာပဲထိုင်လို့ စိမ်းပြာရောင် ရေကြည်ကြည်တွေကို ကြည့်နေခဲ့ပါသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တိုက်လေအေးအေးက ကမ်းခြေတစ်လျှောက်ပြေးလွှားနေကြပင်မယ့် ဆောနူ ကတော့ ကိုကို့ဘေးမှာပဲထိုင်လို့ စိမ်းပြာရောင် ရေကြည်ကြည်တွေကို ကြည့်နေခဲ့ပါသည် ။

ကိုကို့ထပ်စာလျှင် ခန္ဓာကိုယ် အနည်းငယ် ပို၍သေးတဲ့ ဆောနူ ကအအေးဒဏ်ကိုသိပ်မခံနိုင်ဘူး , ရောဂါအခံရှိတာကြောင့်လဲပါမယ်ထင်ပါရဲ့ ။

ဆောနူ ရဲ့လက်တွေက ကိုကိုချထားရာ ဘေးနားလေးမှာပဲ ထောက်ထားတာ , ထိတော့ထိမနေကြပင်မယ့် ဆောနူ ကဒီအခြေအနေလေးကိုပဲသဘောကျပါတယ်တဲ့ ။

"ဆောနူ.."

"ဗျာ.."

တွေးစစနဲ့ ကောင်ငယ်လေးဟာ အီဟီဆွန်း ရဲ့အသံကိုကြားမှ ရုတ်တရက်ဆိုသလို ပြန်ထူးလိုက်တယ် ။

"ဆယ်ရာ့ကိုဘာပေးရင်ကောင်းမလဲလို့??"

အဲ့သည်လိုမျိုး သူ့ရဲ့ချစ်သူနဲ့ပက်သတ်လာရင်တော့ ကိုကို ဆိုတဲ့ ဟီဆွန်း ကဆောနူ ကိုအရောတဝင်ရှိလှပါတယ် ။

"အာ.. မိန်းခလေးဆိုတော့ ဖိနပ်လေးဆိုရင်ရော ဟိုတလောကအမဆယ်ရာ share ထားတာတွေ့မိသလိုပဲ Charles and Keith ကထုတ်တာလေးလေ"

ဆောနူ ကပြုံး၍ပြောတော့ ဟီဆွန်း ကရယ်လိုက်ရင်း ။

"တကယ်ကိုပဲ ။ ကိုယ်တောင်မတွေ့မိဘူး သူ share ထားတာကိုလေ"

ဆောနူ က ကိုကို နဲ့ပက်သတ်တာတွေအကုန်လိုက်ကြည့်နေတဲ့သူ , ယုတ်ယွအဆုံး ကိုကို့ရည်းစား မမဆယ်ရာ အထိပေါ့ ။
ဟီဆွန်း ရဲ့အကြည့်က ပင်လယ်ဆီကိုပြန်ရောက်သွားတယ် ။
ဆောနူ ကတော့မရဲတရဲသာပြုံးရင်း ။

"အဲ့တာလေးဝယ်ပေးရင်ကောင်းမယ်ထင်လို့ပါ"

"ဖိနပ်ပေးရင်အတွဲတွေပြတ်တက်တယ်တဲ့ ကိုယ်တော့အဲ့လိုကြားဖူးတာပဲ"

Do You Love Me? - HeeSunWhere stories live. Discover now