13 (Warning )

199 16 0
                                    

Kimက အလုပ်တွေ စလုပ်နေပြီဆိုတော့ အရင်ကလိုသူ့ကို ဂရုမစိုက်‌‌ေတာ့သလိုဘဲ။ပေးနေကြ morning kiss လဲ မပေးသလို ညဘက်ကျရင် သူ့ရင်ခွင်ထဲလဲ ထည့်မသိပ်တော့ဘူး။ အရင်က ကိုယ့်ရင်ခွင်ထဲမှာ အသေးလေးကို ထည့်ပြီးအိပ်မှာ အိပ်ပျော်တာလို့ ပြောတဲ့ Kimက ခုဆို သူမရှိလဲ အိပ်တတ်နေပြီ ။ Kim နဲ့ သူ့ကြား ဒီထက် မဝေးခင် Kimက သူ့အပိုင်ဆိုတာ တံဆိပ်ခတ်ရတော့မယ်

ခု ပထမအဆင့်‌အနေနဲ့ Kim ပြန်လာမယ့် အချိန်ကို မှန်းပြီး ရေချိုးထားလိုက်တယ် ။တကိုယ်လုံးမွှေးကြိုင်နေအောင် သန့်စင်ပြီးတော့

ဒုတိအဆင့်အနေနဲ့ အောက်ခံဘောင်းဘီအတိုလေးကို Kimရဲ့ တီရှပ်အင်္ကျီအဖြူလေးနဲ့ တွဲဝတ်ထားလိုက်တယ် ။ ဆံပင်ကိုလဲ အရင်ကလို သပ်တင်ထားတာမျိုးမဟုတ်ဘူး နဖူးပေါ်အုပ်အုပ်လေး ချထားလိုက်တယ် ပြီးတော့ လည်ပင်းတဝိုက်ကို DKက ထုတ်တဲ့ နောက်ဆုံးပေါ် ရေမွှေးလေးကို စွတ်လိုက်ပြီး Kim ပြန်တာကို စောင့်နေမိသည်

🚗တီ တီ 🚗

"သားငယ်ပြန်လာပြီလား အလုပ်က အဆင်ပြေရဲ့လား ပင်ပန်းရောပေါ့ မေမေ အအေးလေးဖျော်ပေးမယ်နော် ခနလေးစောင့်နော်"

"ရတယ် မေမေ မဖျော်နဲ့တော့ ဒါနဲ့ အသေးလေးရော"

"ဂျောင်ဆူးလေးက ညနေလောက်ထဲက အပေါ်ကိုတက်သွားတာ ခုထိ ပြန်မဆင်းလာသေးဘူး နေမကောင်းလို့လား မသိဘူး သားငယ်မေးကြည့်ပါအုံးကွယ် သားလဲ ရေ‌မိုးချိုးပြီး ထမင်းစားဖို့ တူတူဆင်းခဲ့ကြ သွား သွား"

"ဟုတ် ဒါဆို သားအပေါ်တတ်တော့မယ်နော် "

"အင်း အင်း"

~~~~~

သူအခန်းထဲရောက်တော့ စောင်ပါးလေးခြုံကာ ကွေးနေအောင် အိပ်နေသော အသေးလေး။ နဂိုထဲက ခန္တာကိုယ်လေးက သေးပါတယ်ဆို ကွေးကွေးလေးအိပ်နေတော့ ပုဇွန်ထုပ်လေးကြနေတာ အသဲယားလိုက်တာ။

မေမေပြောသလို နေမကောင်းလို့လား။နဖူးလေး‌အပေါ် အသာလေးလက်တင်ပြီးစမ်းကြည့်တော့လဲ ဘာမှ ဖစ်မနေဘူး တော်ပါသေးတယ်

"အင်းးးးးဟင်းးးး Kim ပြန်လာပြီလား ကျွန်တော် စောင့်ရင်းနဲ့ အိပ်ပျော်သွားတာ"

Love Is GoneTahanan ng mga kuwento. Tumuklas ngayon