(4) ဗီလိန်ဉက္ကဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်မွေးဖွားလာခြင်း 🐶🐱

121 2 0
                                    

ဟယ်လို အရင်တစ်ခေါက်က ရီဗျူးလေးကို အရမ်းသဘောကျလို့ ထပ်ရေးလိုက်တာပါရှင့် 😻😻

ဒုတိယဘဝမှာတော့ ဝမ်ဝမ်လေးက သူဖြစ်ချင်တဲ့ ရုပ်ရှင်မင်းသားအိမ်မက်တွေကို အကောင်အထည်ဖော်ပြီး သူ့မိဘတွေကိုလည်း မဆိုးတော့ဘူးရယ်

သူ့အမေဝမ်ဝေ့ဆိုလည်း နံမည်ကြီး ဓာတ်ပုံဆရာမက မားမားဖန်ဆိုပြီး Weibo မှာ စာတင်ပြီး ဝမ်ဝမ်ပို့စ်တွေ ရှဲပေး ရီအက်တွေပေးနဲ့ support ပေးတာရယ်

သဘောကျတာတစ်ခုက ဝမ်ဝမ်က သူ့အဖေကို ဒါရိုက်တာကျောက်လို့ခေါ်တာပဲ

အိုး တစ်ခုရှိသေးတာက ကျွင်းတောက်ကောကောကို ဝမ်ဝမ်က လိုက်ပိုးတာကိုတွေ့ရမှာပါ
နောက်ပိုင်းမှာ သူတို့အတွဲက အချိုတွေချည်းပါပဲ

စစ်ကျွင်းတောက်ကောကောက ခွေးထက် ကြောင်ကို ပိုသဘောကျတယ်ရယ်
သူက ဝမ်ဝမ် ခွေးအဖြစ်ပြောင်းသွားရင် ဟက်စကီးစရိုက်တွေ ပေါ်ပေါ်လာလို့တဲ့
အိုး ဝမ်ဝမ်က ခွေးတွေရဲ့ကယ်တင်ရှင်ကြီးလုပ်ခဲ့သေးတယ် ဟီးဟီး
အဲ့တာကနောက်ပိုင်းမှာပေါ့နော် သူက စမတ်ခွေးကြီးလုပ်ခဲ့သေးတာ 😆😆
ကြားထဲမှာ ကျန်းဇီမော့ဝင်မွှေချင်ပေမယ့် မအောင်မြင်လိုက်ပါဘူး

မားမားစစ်တို့ နိုင်ငံခြားကပြန်ရောက်လာတော့ မားမားစစ်က ကျွင်းတောက်ကောကောကို ဘလိုင်းဒိတ်လုပ်ပေးမလို့
သူ့သူငယ်ချင်းသမီးကို လာလည်ခိုင်းတာ အဲ့ကလေးက ဝမ်ဝမ်ဖန်ဂဲလ်လေးဖြစ်နေတယ်လေ
နောက်ပြီးတော့ ဝမ်ဝမ် best friend နဲ့ ကြိုက်သွားတာရယ် 😻

After I Possessed the Tmall Genie of the School Adonis ထဲမှာ
ဝမ်ဝမ်က အရံဖြစ်ပါသေးတယ်
အဲ့ထဲက ဇာတ်လိုက်ရှို့က ဝမ်ဝမ်သူငယ်ချင်းအရင်းကြီးရယ်
အဲ့ထဲမှာတော့ ဝမ်ဝမ်က ကျွင်းတောက်ကောကောနဲ့ ပြန်မပြေလည်သေးဘူးပေါ့နော်
သူတို့က သူငယ်ချင်း ၃ယောက် အဖွဲ့လေးကပေါ့နော်
ကလေးမနဲ့ကြိုက်သွားတာက သူတို့အဖွဲ့ထဲ တစ်ဦးတည်းသောအဖြောင့်လေးရယ်

အရင်ဘဝမှာတုန်းက ကြာပန်းဖြူကောင် ဝမ်ဝမ်နဲ့ရန်ဖြစ်ပြီး ဝမ်ဝမ့်ကိုတွန်းလိုက်တာကို ဝတ္ထုအစမှာ ဖတ်ရတယ်လေ

အဲ့ဒါမျိုးထပ်ဖြစ်ပေမယ့် ဒီဘဝမှာတော့ နွားကလေးဝမ်ပေါ်ကိုတွန်းလိုက်တာပါရှင်

ဝမ်ပေါ်အကိုက ဝမ်ပေါ်ကိုတော်တော်ကောင်းတယ်လို့ပြောရမယ်
*❤️❤️ ဒီကတော့ ဝမ်ပေါ်ရဲ့အကိုအရမ်းသဘောကျနေပြီ ❤️❤️ *

အရင်ဘဝကအဖြစ်အပျက်တွေကို ဝမ်ပေါ်အိမ်မက်အဖြစ် ပြန်မြင်ခဲ့တာရယ်
သူ့အကိုကို တော်တော်ရက်စက်ခဲ့တာ

ဒီဘဝမှာတော့ သူက လူကောင်းသူကောင်းဖြစ်သွားတယ်ပေါ့နော်
ပြောရမယ်ဆိုရင် သူ့အမှားက ကျန်းဇီမော့ကို အရမ်းသဘောကျမိသွားတာပဲ ဖြစ်လိမ့်မယ်

ဝမ်ဝမ်တို့ အိမ်ကိုဖွင့်ပြောတဲ့အပိုင်းအရီရဆုံးပဲ

Extra မှာတော့ V Day ရသစုံရှိုးတွေမှာ ရိုကြတာတွေပေါ့နော် လူသိရှင်ကြားလုပ်တာတွေ ဘာတွေပေါ့နော် 👀

အရမ်းကောင်းပြီး တော်တော်ရီရတဲ့ဝတ္ထုလေးတစ်ပုဒ်ပါနော်
ဖတ်ဖြစ်အောင်သွားဖတ်ဖို့ တကယ်ကို Review ပေးပါ‌တယ်နော်😻

ဒီတစ်ခေါက်ရေးတာက စပွိုင်လာနည်းနည်းပါသွားတယ်ရယ် ဟဲဟဲ

ကိုယ်က Paid Group ကနေ ဖတ်ပြီးတော့ မနေနိုင်တော့လို့ ထပ်ပြီးလာတင်တာ
Paid Group လေးလည်း ဝင်လိုက်ကြဦးနော် ❤️😽

13 Oct 2022 (9:40 P.M)
Thank for Reading 😻😽

Novel Reviews And Recommend Myanmar TranslationWhere stories live. Discover now