Daddy's important Baby

870 34 3
                                    


Part..12

ရှေ့ဆက်တိုးမိမှာကြောက်လို့ရှောင်ဖယ်ကာမှ
တည့်တည့်ကြီးလာတိုးနေရတဲ့ဂျောင်ကုရဲ့အဖြစ်

အကိုဆိုတဲ့သူခေါ်နေတဲ့နာမ်စားပိုင်ရှင်လေးလက်ကိုဆွဲကာဝိုင်းဆီလာနေတဲ့စီနီယာJiminရဲ့ပုံစံကတစ်ခုခုကိုအလိုမကျသည်ပုံပင်...

စိတ်မဆိုးပါနဲ့Mochiလေးရယ်
ကိုကိုကသူငယ်ချင်းတွေကြားမှာမို့Jiminလို့ခေါ်တာပါကွာ..
အဝေးကနေသူကိုJiminလို့လှမ်းခေါ်လို့စိတ်ဆိုးနေတဲ့ထိုကောင်လေးကိုသူမှာချော့ရ၏..

မင်းနှုတ်ခမ်းကအကိုထယ်ယောင်းကိုထိုးမိတော့မယ်Jiminရယ်...
ပီးရင်မင်းလည်းနေနိုင်တာမဟုတ်ဝူးနော်Jimin

ဘာမှလာမပြောနဲ့Yoogi
မင်းကိုပါရောပီးစိတ်ဆိုးလိုက်မှာနော်..ဟင့်.

mochiလေးကစိတ်ဆိုးနေတဲ့ဆိုရင်လည်းကိုကိုပြန်လိုက်တော့မယ်...
မာမီကမင်းကြိုက်တဲ့ဟင်းလေးတွေချက်ပီးကိုကို့ကိုပို့ခိုင်းလိုက်တာ..
မင်းကမစားဝူးဆိုတော့ယူပြန်သွားလိုက်တော့မယ်...

ဒီကိုကိုဆိုတဲ့လူကြီးကစိတ်ဆိုးရင်ချော့ရကောင်းမှန်းလည်းမသိ...
သူဆက်ပီးတင်းခံနေရင်ပြန်သွားမှာသေချာ၏..
Jiminလည်းနောက်ဆုံးအရှုံးပေးကာကပ်ချွဲရပြန်၏.

ဟာ..ကိုကိုလည်းmochiကစတာပါနော်..
မပြန်ရဝူးဘူး
နေ့လည်စာတူတူစားသွားရမယ်နော်

သူပခုံးကိုမှီကာကပ်ချွဲလာတဲ့ကောင်လေးကြောင့်သူမှာရယ်ရမလိုငိုရမလိုပင်...

သူသိပ်ချစ်ရတဲ့အကိုကဝိုင်းမှာဝင်ထိုင်ကတည်းကသူတို့အားလုံးကိုသတိမထားမိချေ...
သိပ်ချစ်ရတဲ့လူကတစ်ခြားတစ်ယောက်ပေါ်ဂရုစိုက်နေတဲ့မြင်ကွင်းကိုဂျောင်ကုကြာကြာမကြည့်နိုင်..
ရင်ဘတ်တစ်နေရာကတကယ်ကိုနာကျင်နေ၏..
နီးစပ်ဖို့ကြိုးစားမှာမဟုတ်လို့ရှောင်ထွက်သွားရမည့်သူကသူပင်မဟုတ်လား..
တစ်ခုခုဆိုထစ်ခနဲ့မျက်ရည်ကျတတ်တဲ့ကျွန်တော်ကကျလုဆဲမျက်ရည်စလေးတွေကိုမျက်တောင်လေးခတ်ကာသိမ်းဆည်းရင်ထိုနေရာကနေတကယ်ပင်ထွက်သွားချင်၏..

ရှိသမျှအင်အားတွေစုစည်းကာဂျောင်ကုခုံကနေ
ထရပ်လိုက်၏...
ကျွန်တော်ကိစ္စလေးပေါ်လာလို့ခွင့်ပြုပါအုံး
စီနီယာJimin.....

💜Daddy's Important Baby💜(season1)(complete)Where stories live. Discover now