Description

7.6K 393 41
                                    

English Title : Transmigrated Into the Violent Boss’s Little Mermaid

Short Title:TIVBLM

Alternate Title:穿成暴戾大佬的小人鱼

Author:弦三千

Genre:Fantasy, Romance, Sci-fi,Slice of Life, Yaoi

Status in JJXC : 106 chapters+ 10 Extra (complete)

English Translator : Sleepless_Midnights(got permission)

Status in E-tran : 70 chapters+(ongoing)


Summary

ကျွင်းချင်းယွီ သာမာန်လူကနေ ဗိုလ်ချုပ်ရာထူးအထိ တစ်ယောက်ထဲ ကြိုးစားရုန်းကန်ခဲ့တဲ့ ဇာတ်ကောင်တစ်ဦးရဲ့ ဝတ္ထုကို ရှာဖတ်ခဲ့သည်။ စစ်မြေပြင်က မတော်တဆမှုတစ်ခုကြောင့် ရေသူမျိုးနွယ်သာ ကုသနိုင်တဲ့ ထူးဆန်းတဲ့ ဖျားနာမှုနဲ့ကြုံတွေ့ခဲ့ရသည်။ထိုဒဏ်ရာက ဇာတ်လိုက်ရဲ့ စိတ်ဓာတ်ကို ကြမ်းတမ်းစေတာကြောင့် ရေသူ(မ)လေးတွေက သူ့ကို ကုသဖို့ ငြင်းဆိုခဲ့ကြသည်။

ဇာတ်လိုက်မိသားစုက ကြယ်ကမ္ဘာစစ်ပွဲတစ်ခုစတင်ပြီး ဗိုလ်ချုပ်နေရာကို ခိုးယူဖို့ အခွင့်အရေးကို ရသွားခဲ့သည်။ဇာတ်လိုက်ရဲ့အရင်းနှီးဆုံး သူငယ်ချင်းက သူသတိလွတ်သွားတဲ့အချိန် သူ့ကို ယာဉ်ပေါ်ကနေ ကန်ချခဲ့သည်။ အချိန်အတိုင်းအတာတစ်ခုအထိ၊ ဇာတ်လိုက်က လူအများ ဝေဖန်စရာ ပစ်မှတ်ဖြစ်လာခဲ့သည်။ရုပ်ရည်ကြည့်ကောင်းပြီး သန်မာတဲ့စွမ်းရည်ရှိသော်လည်း ကံမကောင်းသူတစ်ဦးအဖြစ် လူတိုင်းရဲ့ဥပမာပေးစရာဖြစ်လာခဲ့တယ်။

အစပိုင်းမှာ ဇာတ်လိုက်က ပြန်သန်မာလာပြီး မျက်နှာဖြတ်ရိုက်တဲ့ ဇာတ်ကွက်ရှိသင့်ပေမယ့် နောက်ဆုံးမှာ စာရေးဆရာကဇာတ်သိမ်းကိုဖျက်ဆီးကာ ဝတ္ထုကိုအပြီးမသတ်ဘဲ ဇာတ်လိုက်ကို တိုက်ရိုက်သေစေခဲ့သည်။

ကျွင်းချင်းယွီ စိတ်ပျက်လက်ပျက်နဲ့စာအုပ်ကို ချပြီး အိပ်ပျော်သွားတဲ့နောက် ဇာတ်လိုက်ကို အိပ်မက်မက်ခဲ့သည်။ အိပ်ရာက နိုးလာတဲ့အခါ သူဝတ္ထုထဲက ရေသူ(မ)တစ်ယောက် ဖြစ်သွားခဲ့သည်။

ဖုယွမ်ချွမ် ရေသူ(မ)ရေကန်ဘေးမှာ သူဘယ်နှစ်ခါရပ်ခဲ့မိမှန်းမမှတ်မိတော့ဘူး။ ရေကန်ထဲက မွေးကင်းစ ရေသူ(မ)လေးတွေက သူ့လက်ဖဝါးအရွယ်အစားလောက်ပဲ ရှိတယ်။

ဒေါသကြီးတဲ့ ဗိုလ်ချုပ်ကြီးရဲ့ရေသူလေးအဖြစ် ကူးပြောင်းသွားခြင်း [BL]Where stories live. Discover now