The Butcher (U)

55 12 0
                                    

Author: Aakhara
Language: Burmese
Genre: Thriller, Fiction
Type: One-shot (Completed)

WARNING အသားအရောင်ခွဲခြားခြင်း ၊ ကျောင်းတွင်းအနိုင်ကျင့်ခြင်း ၊ ကြမ်းတမ်းစွာဆဲဆိုခြင်းနှင့် ပြင်းထန်သည့် စကားလုံးများ ၊ သွေးထွက်သံယိုများ ၊ ဆင်ဆာမဖြတ်ထားသော သတ်ဖြတ်မှုများ ပါဝင်သဖြင့် အသက်မပြည့်သေးသော ကလေးသူငယ်များ ၊ နှလုံးမကောင်းသူများနှင့် နှှလုံးရောဂါရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ဖတ်ရှူရန်မသင့်တော်ပါ။

.
.
.

"Ting..........!"

ကျောင်းရဲ့လျှပ်စစ်ဘဲလ်သံ ထွက်ပေါ်လာတာနဲ့အလယ်တန်းကျောင်းသားတွေအကုန်လုံးက စာအုပ်တွေအကုန်လုံးကို လွယ်အိတ်ထဲထိုးသိပ်ပြီး အိမ်ပြန်ဖို့ကိုအလုအယက်ပြင်ဆင်ကြတော့တယ်။

'Peter' ကတော့ သူ့ရဲ့နောက်ဆုံးသင်ခန်းစာကို ခပ်မြန်မြန်ဘဲ ကူးယူနေလိုက်တယ်။ ဒါပေမဲ့ အချိန်ခဏလေးအတွင်းမှာဘဲ ကျောက်သင်ပုန်းပေါ်က စာလုံးဖြူတွေဟာ ကျောက်သင်ပုန်းဖျက်တဲ့အရာနှစ်ခုကြောင့် မြေဖြူမှုန့်တွေအဖြစ် ပြောင်းလဲကုန်လေရဲ့။

"အိုးးးSorry နော် 'Peter' နင်ရှိနေမှန်းငါတို့မမြင်လိုက်လို့ပါ"

အမွှာညီအစ်မနှစ်ယောက်ထဲက အငယ်ဖြစ်တဲ့ 'Dominique'က ကျောက်သင်ပုန်းဖျက်တဲ့အရာကို စားပွဲခုံပေါ်တင်ရင်းပြောလိုက်တယ်။

'Peter'လည်း ရိုးအီနေပြီဖြစ်တဲ့ ဖြစ်ရပ်ကို အာရုံစိုက်မနေတော့ဘဲ စာအုပ်တွေကိုဘေးလွယ်အိတ်ထဲထည့်သိမ်းကာ အခန်းထဲကနေထွက်ဖို့ လုပ်လိုက်တယ်။

"ဝှီးးးဖောက်!"

"အားးးအ့! "

လူသုံးယောက်သာရှိတော့တဲ့ စာသင်ခန်းထဲမှာ 'Peter' ရဲ့နာကျင်စွာအော်ဟစ်ညည်းညူသံကထွက်ပေါ်လို့လာခဲ့တယ်။

"Wow! Domi...နင့်လက်က တော်တော်ကို ဖြောင့်နေပြီပဲ!"

'Dominique'က 'Peter'ရဲ့ကျောပေါ်မှာစိုက်ဝင်နေတဲ့ 'ထောက်စူး'ကိုကြည့်ပြီး ကျေနပ်စွာနဲ့ရေရွတ်လိုက်တယ်။

NightmaresWhere stories live. Discover now