Part 11.1

1.5K 101 0
                                    

Unicode
A flower that sleeps like the world
Part 11.1
Yizhan Fanfic

”အစ်...အစ်ကိုဝမ်ပြောတာတွေကတကယ်ဘဲလားဟင်...”

”ယွိ့ကို ကိုယ်မညာပါဘူး သားအတွက်ကိုယ့်ရဲ့အစီအစဥ်တွေအားလုံးကရှေ့နေကြီးဆီမှာရှိပါတယ်....လောကကြီးထဲမှာကိုယ်မရှိတော့ရင်သားအတွက်စိတ်ချခဲ့ချင်တယ်...ယွိ့က ဟိုးးးရေခြားမြေခြားမှာဘဲရှိနေမှာလေ...ဒါကြောင့်သားကိုမိဘတာဝန်ကျေပွန်အောင်ကိုယ့်မှာအစီအစဥ်တွေရှိခဲ့တယ်....”

”ဟုတ်ပါတယ်ဒေါ်ရှင်းယွိလန်....ဝမ်ရိပေါ်နဲ့ပတ်သတ်ပြီးလုပ်ဆောင်ပေးရမယ့်အစီအစဥ်တွေကိုဦးဝမ်ချွေ့လင်ကကျုပ်ကိုတရားဝင်လွှဲအပ်အသိပေးထားပါတယ်...ဟော့ဒီ့မှာစာရွက်စာတန်းတွေအကုန်ပြင်ဆင်ပြီးသားပါ....”

ဒေါ်ရှင်းယွိလန်ကရှေ့နေကြီးလှမ်းပေးနေသောစာရွက်စာတန်းနှင့်ဖိုင်တွဲတွေကိုလှမ်းယူဖတ်ရှုရင်းမယုံနိုင်စွာစိတ်လှုပ်ရှားနေခဲ့သည်.....

”သားအတွက်ကိုယ်ပိုင်ဆိုင်သမျှတစ်ဝက်လွှဲပေးထားတယ်...ကျန်တဲ့တစ်ဝက်ကယွိ့အတွက်ပါ...ပြီးတော့သားရဲ့အနာဂတ်အတွက်စိတ်ချနိုင်မယ့်သူကို ကိုယ်တွေ့ထားခဲ့တာကြာပြီ....အဲ့ဒီ့သူကရှောင်းကျန့်ဘဲ...ကိုယ့်ကုမ္ပဏီကအလုပ်သမားရှောင်းကျန့်ရဲ့ဖခင်ကသစ္စာရှိတဲ့လူယုံတော်တစ်ဦးပါ...ယဥ်ကျေးလိမ္မာပြီးချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ရှိတာသိထားတယ်.....”

”ရှောင်းကျန့်က အစ်ကိုဝမ်နဲ့လက်ထပ်မယ့်သူဆို....”

”ခဏလေးပါယွိလန်...ကိုယ့်စကားတွေကိုနားထောင်ပေးပါဦး....ပြီးမှယွိလန်မေးချင်တာမေးပါကိုယ်ဖြေမယ်....

ရှောင်းကျန့်ရဲ့ဖခင်ကကိုယ့်အပေါ်သစ္စာရှိတယ်...ကိုယ့်အပေါ်လည်းကျေးဇူးရှိဖူးတဲ့သူ..ကိုယ်နဲ့စီးပွားပြိုင်ဖက်တွေကကိုယ့်ကိုစီးပွားပျက်ပြီးထောင်ထဲရောက်အောင်ပို့ဖို့အကောက်ကြံဖူးတယ်....

ကိုယ့်ရဲ့ကုန်ပစ္စည်းတွေတင်တဲ့ကားပေါ်တရားမဝင်မှောင်ခိုပစ္စည်းတွေတင်ပြီးကိုယ့်ကိုလုပ်ကြံခဲ့တာ....ဒါတွေကိုမမျှော်လင့်ဘဲသိလိုက်ရတဲ့ရှောင်းကျန့်ရဲ့ဖခင်ကိုလည်းမက်မောလောက်တဲ့ငွေကြေးပေးပြီးရေငုံနှုတ်ပိတ်နေဖို့စည်းရုံးခဲ့ကြတယ်....ဒါပေမယ့်ရှောင်းကျန့်ရဲ့ဖခင်က ကိုယ့်ကိုကြိုသတိပေးခဲ့တယ်....ဒါကြောင့်ကိုယ်စီးပွားမပျက်ထောင်ထဲမရောက်ခဲ့တာလေ....”

A Flower That Sleeps Like The World   {Complete}Where stories live. Discover now