ဆူညံ ပွက်လာရိုက်နေသော အိမ်ကြီးက စိတ်လှုပ်ရှား ကြည်နူးမှုကို အကောင်းဆုံး ပေးစွမ်းနိုင်သည် ။ အော်ဟစ်ငိုယိုနေကြသော အသံစူးစူးများကြားက အသံဩရှရှလေး တစ်ခုက
ထည်ဝါလင်းရှိန် အတွက် အာရုံစူးစိုက်မှု ကင်းဝေးသွားစေ၏ ။" သားတို့ကို ပိုချစ်တာ ... "
" မဟုတ်ဘူး ။ ဖေဖေ့ကို ပိုချစ်တာ မယုံရင် သွားမေးကြည့်ပါဆို... "
ကလေးငယ်၏ ဆူညံ ပွက်လောရိုက်စွာ ငိုကြွေးသံကြောင့် ခက်ထန် ခေါင်းနပန်း ကြီးသွားတော့သည် ။
" ခက်ထန် ! ဘာလုပ်လိုက်ပြန်ပြီလဲ ?"
ထည်ဝါလင်းရှိန် မီးဖိုချောင်ထဲမှ ပြေးထွက်လာကာ လက်ထဲက ဗန်းဖြင့် ခက်ထန် ခေါင်းကို ဖွဖွလေး ရိုက်ချပစ်လိုက်၏ ။ ရိုက်သာရိုက်ရတယ် ။ ကိုယ်တော်ချော စိတ်ကောက်သွားရင်လည်း တညလုံး ချော့ရတာက တလုပ်...။
" ပါပါး ... ထုံးစံတိုင်း ဖေဖေ မွှေပြန်ပြီ ။ ညီမရေး ကို ငိုအောင်လုပ်တယ် "
သားကြီးက သူ့ညီမလေးကို
ပေါင်ပေါ်တင်ထားပြီး ခက်ထန် ဆိုးထားသမျှကို ပြန်တိုင်တော့၏ ။ထည်ဝါလင်းရှိန် မျက်စောင်းက ခက်ထန် ဆီသို့ ရောက်ရှိသွားသောအခါ သားငယ်က ထိုင်နေရာမှ ထလာပြီး သူ့အဖေ့ကို ပြေးဖက်ကာ သူ့ကိုယ်လုံးသေးသေးလေးနဲ့ ကာထားပေး၏ ။
" ဖေဖေက ချစ်ရို့ စတာလေ ... မင်းတို့ က ပါပါး ဗိုက်ထဲက ထွက်လာပြီး လူတောင် ဖြစ်နေပြီ ။ စတာတောင် မတိကျဘူးလား? "
သားငယ်ကို ပွေ့ချီထားသော ခက်ထန် လက်များက အနည်းငယ်တင်းကျပ်သွားခဲ့သည် ။ ဒီကောင်လေး ကလေး ကျောကုန်း သေးသေးလေးမှာ မျက်နှာအပ်ပြီး မျက်ရည်ဝဲနေပြီဆိုတာ ထည်ဝါလင်းရှိန် သိနှင့်နေခဲ့ပြီ ။
" ညီညီ မင်း နာတို့ကို မတရားမကြောနဲ့ ... ဖေဖေ က ပေါက်ကရအရင် စကြောတာ "
ခက်ထန် ကလေးငိုအောင် ဘာပေါက်ကရ သွားပြောလိုက်လဲသိချင်၍ သားကြီးကို မေးရတော့သည် ။
YOU ARE READING
You are my husband (Season 1)Completed
Actionသူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပစ်ချင်နေပါသော ကျွန်တော်ချစ်ရပါသော ခက်ထန်... ။