▪️2

360 49 18
                                    


Unicode













ငါ့အမေက ငါ့ညီလေးကို သိပ်ချစ်တယ် .. ။

ရေချိုးတဲ့တစ်ချိန်ကလွဲရင် အချိန်ပြည့် ကျောထက်မှာ ချီပိုးထားတတ်တယ် .. ။ အဲ့ဒါက သန့်စင်ခန်းဝင်ချိန်မှာတော့ ချွင်းချက်မရှိပါပဲ .. ။

ငါလည်း ငါ့ညီလေးကို ချစ်ချင်တယ် .. ။

ကျောင်းမှာ စုလောင်ရှီးသင်ပေးလိုက်တဲ့အတိုင်း ငါ့ညီလေးကို ပွေ့ချီကြည့်ချင်တယ် .. ။ ငါ့ညီလေး ရယ်အောင် ရုပ်ပြောင်တွေ လုပ်ပြချင်တယ် .. ။ ဘူးဘူးလို့ နှုတ်ခမ်းလေးထော်ပြီး ကားစက်နှိုးသံလုပ်တတ်အောင် သင်ပေးချင်တယ် .. ။ အေဘီစီဒီပုံ ဘီစကစ်လေးတွေ ကျွေးချင်တယ် .. ။ ငါ့အဖေဝယ်ပေးထားတဲ့ ရေသူမအရုပ်ပုံ ဆပ်ပြာပူဖောင်းဗူးလေးကို ပေးမှုတ်ချင်တယ် .. ။ အစ်ကိုကြီး မျောက်မင်းဝူခုန်းလို မှော်တုတ်ချောင်းနဲ့ တူတူခုန်ပျံဆော့ကစားချင်တယ် .. ။ ဒါမဲ့ ငါ့အမေက ငါ့ကို ညီလေးအနားကပ်လိုက်တာနဲ့ တန်းမောင်းထုတ်ပါတယ် .. ။

ငါ့အဖေလည်း ငါ့ညီလေးကို ချစ်တယ်လို့ထင်တယ် .. ။

သူက ငါ့ညီလေးရဲ့အနှီးတွေ လျှော်တဲ့အချိန်ဆိုရင် ပြုံးပျော်နေတာပဲ .. ။ အရက်သောက်ထားပြီးချိန်များဆို .. ငါ့ညီလေးကို လှမ်းမြှူဖို့အရေးတောင် ပါးစပ်ကို လက်ဖဝါးလေး တကာကာနဲ့ .. ။ ဒါမဲ့ သူ့ကိုလည်း အတူတူပါပဲ .. ။ ငါ့အမေက .. ငါ့အဖေ ငါ့ညီလေးအနား ကပ်သွားတာနဲ့ တန်းမောင်းထုတ်တယ် .. ။


▫️
▪️


တစ်ရက်မှာတော့ ငါကျောင်းကပြန်လာချိန်နဲ့ ငါ့အမေရေချိုးခန်းဝင်နေတာနဲ့ ကြုံတယ် .. ။

ငါဆိုတာကလည်း ဝမ်းသာအားရနဲ့ ကျောပိုးကို ဖြစ်သလိုပစ်ချထားခဲ့ပြီး .. ကုတင်ပေါ်ခင်းထားတဲ့ စောင်ထူထူထက် ပါးစပ်ကလေးဟပြီး အိပ်မောကျနေတဲ့ ညီလေးအနား အပြေးအလွှားရောက်တယ် .. ။

မို့တက်နေတဲ့ ပါးဖောင်းဖောင်းကြီးတစ်ဖက်ထဲ ငါ့လက်ညှိုးဖျားလေးနဲ့ အသာထိကြည့်လိုက်တော့ အိခနဲ နစ်ဝင်သွားတာရယ် .. ။ သဘောကျလွန်းလို့ ငါ့မှာ .. တခိခိရယ်ရင်း ပုခုံးစွန်းတွေဆိုတာ တသိမ့်သိမ့်နဲ့ .. ။ ငါ့မျက်နှာပေါ်က အစ်ကိုကြီးမျောက်မင်းဝူခုန်းရဲ့ မျက်နှာဖုံးမှာပါတဲ့ ဦးမှင်တံနှစ်ချောင်းဟာလည်း ရှေ့နောက်တလှုပ်လှုပ်နဲ့ .. ။

NEVAEHWhere stories live. Discover now