ep(3)Zawgyi

160 6 0
                                    

ချင်းရီဒီနေ့နဲ့ဆိုAနိုင်ငံကိုရောက်နေတာနှစ်ပတ်ပြည့်ပြီဖြစ်သည်။ဦးလေးဖြစ်သူဆီသွားမနေပဲ သီးသန့်နေချင်သည်ဟုဆိုကာသီးသန့်အဆင့်မြင့်တိုက်ခန်းတစ်ခု ဝယ်ခိုင်းထားခြင်းဖြစ်သည်။ဘယ်သူကထင်မှာလဲ အပန်းဖြေဥယျာဉ်ပါပါသည့် အဆင့်မြင့်ဗီလာကြီးတစ်ခုဝယ်ပေးလိုက်မယ်လို့ ၊အခုတော့တစ်ယောက်ထဲအထီးကျန်နေရပြီ။တစ်ယောက်ထဲတော့လည်းမဟုတ်ပါဘူး ဘယ်သွားသွားအရှေ့နဲ့အနောက်မှာ နေကာမျက်မှန်ကြီးနဲ့ ဗလတောင့်တောင့်ရုပ်ဖြောင့်ဖြောင့်စက်ရုပ်လူသားကြီး တွေရှိတယ်လေ ။အားလုံးပေါင်းခြောက်ယောက်တောင် Daddyရဲ့လူယုံတော်တွေလို့တော့ပြောတာပဲ သူတို့ကြားရောက်သွားရင်အလိုလိုနေရင်းကိုယ်က ကျားမကြီးတွေကြားထဲကသူတို့သားပေါက်လေးလိုဖြစ်သွားတယ်။

'ရှီးအာငါဘယ်တော့ကျောင်းစတက်ရမှာလဲ ၊အခုငါ့ပုံစံက အကျဉ်းကျနေသလိုပဲ'

[မနက်ဖြန်ဆိုတက်ရပါပြီ၊missionတွေစတော့မှာမို့အသင့်ပြင်ဆင်ထားပါhost]

ရှီးအာရဲ့စကားကိုကြားပြီးနောက်မျက်ရည်ပင်လည်ချင်သွားသည်။နောက်ဆုံးတော့ ငါလွတ်လပ်ပြီကွ┌(・。・)┘♪

__________

Aနိုင်ငံ မင်အိမ်တော်တွင် မင်ထျန်ဟောက်တစ်ယောက်ကော်ဖီသောက်ရင်း ရှေ့ကအချက်အလက်တွေကိုကြည့်နေသည်။

'အဟက် လက်စသတ်တော့မင်းက ဝမ်အိမ်တော်ရဲ့သားကို စိတ်ဝင်စားဖို့တော့တော်တော်ကောင်းနေပြီ ဝမ်ချင်းရီ'

"ဦးလေးလီ "

"ပြောပါသခင်လေး"

"မနက်ဖြန်ကျောင်းသွားဖို့ အကုန်စီစဉ်ပြီးပြီလား"

"ဟုတ်ကဲ့ပြင်ပြီးပါပြီ"

"ဟုတ်ပြီ ကျောင်းသွားတာ စာသင်ဖို့တင်မဟုတ်ပဲ စီးပွားရေးလည်းပါတာမို့‌စာရွက်စာတန်းတွေသေချာပြင်ထားပါ"

"ကောင်းပါပြီ"

______________________

Aနိုင်ငံရဲ့ နံပါတ်1ကျောင်းဖြစ်တဲ့ After နိုင်ငံတကာစီးပွားရေးတက္ကသိုလ်ကြီးသည် နိုင်ငံ၏ဂုဏ်ကိုဖော်ပြနေသကဲ့သို့ ခမ်းနားကြီးကျယ်ဝင့်ထည်စွာ တည်ရှိနေလေသည်။
လူတန်းစားမရွေးတက်ရောက်နိုင်သည်ဟုဆိုထားသော်ငြား အထက်တန်းစားမိသားစုများနှင့် အလယ်အလတ်တန်းစားမိသားစုများမှ‌ကျောင်းသားများသာ များလေသည်။အောက်ခြေလူတန်းစားဟူ၍မရှိသလောက်နည်းပါးပေသည်။ပထမဆုံးကျောင်းစဖွင့်သည့်နေ့တွင်အိမ်တော်အားလုံးကသူ့ထက်ငါဂုဏ်ဖော်ကာ ယှဉ်ပြိုင်သည့်အနေဖြင့်နမည်ကြီးBrandအမျိုးမျိုးနှင့်အသုံးအဆောင်များကိုအပြိုင်အဆိုင်ဝတ်ဆင်အသုံးပြုလာကြသည်။
ထိုအထဲတွင်ဇာတ်လိုက်မလည်းအပါအဝင်ဖြစ်သည်။

System 777(စောက်ရမ်းလန်းတဲ့ဒုန်းဒုန်းဒုန်းsystem)Where stories live. Discover now