ဇာတ်လမ်းရေးတဲ့အခါ

37 4 0
                                    


-အရာခပ်သိမ်းကို စာဖတ်သူထံ မရှင်းပြပါနဲ့။ ဇာတ်ကောင်တွေ အချင်းချင်း ပြောကြဆိုကြရင်း စာဖတ်သူက အဓိပ္ပါယ်ကိုရှာဖွေပါစေ။—

-စာရေးတဲ့အခါ အတတ်နိုင်ဆုံး ရိုးသားပါ။ အရှိကိုအရှိရေးပါ။ မဖုံးကွယ်ပါနဲ့။ ဘက်မလိုက်ပါနဲ့။

-အပြင်မှာတွေ့ရတဲ့လူတွေရဲ့ စိတ်ဓာတ် အကျင့်စရိုက် အပြောအဆို နဲ့ လုပ်ရပ် တို့ကို လေ့လာအကဲခတ်ပါ။ သူတို့ ဘာတွေကြုံသလဲ ။ ဘယ်အချက်ကြောင့်လဲ ဆိုတာ ဆက်စပ် ဆင်ခြင်ပါ။ လူတွေဟာ အချိန်နဲ့အမျှ အမြဲပြောင်းလဲနေတဲ့သတ္တဝါမှန်း သိထားပါ။

-ဇာတ်လမ်းထဲမှာ ဗဟုသုတ အချက်အလက်ထည့်သွင်းပေးပါ။

ဇာတ်လမ်းတစ်ခုကို Plot ချ ရေးမယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် ဒီလို့အဆင့်တွေရှိပါတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဇာတ်လမ်းတစ်ခုကို Plot ချ ရေးမယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် ဒီလို့အဆင့်တွေရှိပါတယ်။

၁။ ထုတ်ဖော်ပြသခြင်း။
ဇာတ်ကောင်များနှင့် ဆက်တင်များပါဝင်သည့်
ဇာတ်ကွက်၏နောက်ခံအချက်အလက်။

၂။ ကနဦးအဖြစ်အပျက်
ဇာတ်ကွက်ထဲတွင်
ပထမဦးဆုံးသောပဋိပက္ခဖြစ်ခြင်း။

၃။ လှုပ်ရှားမှု မြင့်တက်လာခြင်း။
ဇာတ်ကြောင်းကို သည်းထိတ်ရင်ဖိုဖြစ်စေသော တင်းမာမှုဖြစ်စေသော အဓိကဖြစ်ရပ်သုံးခု။  ရှုပ်ထွေးမှုများ သို့မဟုတ် စိတ်ပျက်စရာများ။  အဲဒါက အထွတ်အထိပ်ကို ရောက်သွားနိုင်တယ်။

၄။ အထွတ်အထိပ်
ဇာတ်ကွက်၏ သည်းထိတ်ရင်ဖိုစရာ အကောင်းဆုံးအပိုင်း။  ဇာတ်ဆောင်ဇာတ်ကောင်ရဲ့ အချိုးအကွေ့။

၅။ ကျဆင်းသွားသောလုပ်ဆောင်ချက်
ဇာတ်ဆောင်နှင့် ရန်သူကြား ပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းပေးသည့် ဖြစ်ရပ်သုံးခု(သို့မဟုတ် ဒီ့ထက်နဲ)။

၆။ အခြေအနေပြတ်သားမှု
ပဋိပက္ခကို ဖြေရှင်းပြီးရင် ဇာတ်ဆောင်က သူတို့ရဲ့ ပန်းတိုင်ကို မရောက်ဘူးလားဆိုတာကို ရှာဖွေတွေ့ရှိပါတယ်။

၇။ နောက်ဆုံးရလဒ်(ဇာတ်သိမ်း)
"ဇာတ်ရှိန်ပြေလျော့ခြင်း အဆုံးသတ်များကို ဖော်ပြခြင်း"

You've reached the end of published parts.

⏰ Last updated: Apr 20, 2022 ⏰

Add this story to your Library to get notified about new parts!

စာရေးရအောင်သူငယ်ချင်းWhere stories live. Discover now