Introductions.

2.6K 86 14
                                    

'ဒါကတော့ ခင်များရွေးချယ်မှုဘဲ'

သူကပြောနေရင်း ကျမရပ်နေသည့်အနားသို့တိုးကပ်လာပြီးလျှင် သူ့နှုတ်ခမ်းတစ်စုံနှင့်ကျမနှုတ်ခမ်းတို့ထိတွေ့မိတော့မတတ်နီးကပ်လာပြီးနောက်
'ကျနော်ပြောတဲ့အတိုင်း ခင်များလုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင်တော့ ခင်များဟာခင်များနောက်ထပ်တစ်ခြားအလုပ်တစ်ခုထပ်ရှာ'

ကျမမျက်နှာကိုစေ့စေ့စိုက်ကြည့်ရင်း ခြိမ်းခြောက်သလိုပြောနေသည့် သူ့အကြည့်တစ်စုံကို ပြန်လည်ငေးကြည့်လိုက်မိသည့်အခါတွင်တော့ ကျမအသက်ရှူသံများက ထိုနေရာမှာတင်ရပ်တန့်သွားတော့မလိုဖြစ်သွားရသည်...။

(မိန်းခလေးများရဲ့ဘ၀ဟာ အချိန်တန်လျှင်ယောင်္ကျားယူ၊ကလေးမွေးပြီး အိမ်မှာဘဲတင့်တောင်းတင့်တယ်နေထိုင်ရမည်ဆိုသည့် 19ရာစုခေတ်ကာလမှာ သူမနေထိုင်သည်။ သို့သော် Lilly ဆိုသည့်သူမ,ကတော့ ထိုခေတ်အခါက လူတွေသတ်မှတ်ထားသည့် စံသတ်မှတ်ချက်ကိုဖောက်ဖျက်ပြီး သူမကိုယ်စွမ်းကိုယ်စဖြင့် သူမလိုချင်သည့်လွတ်လပ်မှုကို မရရ‌အောင်ရယူဖို့စီစဉ်ထားသည်။ သို့သော်ငြားလည်း ထင်မှတ်မထားသည့်အခက်အခဲတစ်ခုက သူမမှာရှိနေပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဩဇာကြီးမားပြီးအင်မတန်ပြည့်စုံကြွယ်၀သည့်လူတစ်ယောက်က သူမသွားမည့်လမ်းရှေ့မှာပိတ်ပင်ထားသည်။ ထိုလူကိုကျော်ဖြတ်ပြီး သူမရွေးချယ်ထားသည့်လမ်းကို Lillyတစ်ယောက် အန္တရာယ်ကင်းစွာဖြတ်သန်းနိုင်ပါ့မလား...?)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တာအခုပြန်မဲ့ဒီ၀တ္ထုက 19ရာစု( 1839ခုနှစ်)တုန်းက အင်္ဂလန်နိုင်ငံရဲ့အကြောင်းအရာကိုတည်ပြီးရေးထားတဲ့၀တ္ထုမလို့ စိတ်၀င်စားစရာသမိုင်းကြောင်းတွေအများကြီးပါပါတယ်။ ပြီးတော့ အဲ့ဒီ့ခေတ်က အထက်တန်းလွှာမိန်းကလေးတွေဟာ ညနေခင်းဆိုကပွဲသွား၊မိဘ‌သဘောတူတဲ့သူနဲ့ဘဲဖြစ်ဖြစ်၊သူတို့ချစ်လို့ကြိုက်လို့ဘဲဖြစ်ဖြစ်လက်ထပ်ပြီး အချိန်တန်လင်ယူသားမွေးတဲ့အလုပ်တစ်ခုကလွဲလျှင် အပြင်အလုပ်ဆိုလို့ဘာအလုပ်မှသူတို့မှာလုပ်ပိုင်ခွင့်မရှိသလို၊ အဲ့ဒီ့ခေတ်က British တွေဟာ ယဉ်ကျေးသိမ်မွေ့မှုကိုလည်းအလွန်အလေးထားကြသလို၊အမျိုးသမီးတွေကိုဆိုရင်လည်း သူတို့ချမှတ်ထားတဲ့စည်းကမ်းချက်အတိုင်း တစ်သွေမတိမ်းလိုက်ပြီးနေထိုင်ခိုင်းတဲ့အ‌ခြေအနေမျိုးပါ။

တိတ်ဆိတ်ခြင်းနှင့်မုန်တိုင်းထန်မှုတို့ မျက်နှာချင်းဆိုင်တွေ့ဆုံကြသည့်အခါ...Where stories live. Discover now