Arc 1 《6》

451 75 5
                                    

စိတ္တဇလူသတ်သမားကို ကယ်တင်ခြင်း
_________________________

လုရှောင်ဖောင့် ပြေးထွက်သွားပြီးနောက်မှာ သူက လူတိုင်းရဲ့ တူညီတဲ့မျှော်လင့်ချက်တွေကို လုံးဝစိတ်မပျက်စေခဲ့ဘူး။ သူ့အိတ်ထဲက နောက်ဆုံးပေါ်ဖုန်းကို ဒေါသတကြီး ထုတ်လိုက်ပြီး သူ့ချစ်ဖေဖေကို ချက်ချင်း ဖုန်းခေါ်လိုက်တယ်။

ဖုန်းချိတ်ဆက်သွားချိန်မှာ လုရွှီ သူ့သားရဲ့ အချိန်အတော်ကြာ အောင့်အီးထားတဲ့ တစ္စေလိုလိုဝံပုလွေလိုလို ဆွဲဆွဲငင်ငင် ငိုကြွေးသံကို ကြားလိုက်ရတယ်။ ဒီအသံကြောင့် သူမထိန်းချုပ်နိုင်ဘဲ တုန်ခါသွားမိတယ်။ ထို့နောက် အရိုက်ခံရတဲ့ သားဖြစ်သူရဲ့ ဆွဲဆွဲငင်ငင် ငိုကြွေးတိုင်တောသံကို ကြားလိုက်ရတယ်။

ညွှန်ကြားရေးမှူးလု ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိပြီး သူ့ဒေါသကို မထိန်းချုပ်နိုင်ပဲ မေးလိုက်တယ် “တစ်ယောက်ယောက် မင်းကို ရိုက်လိုက်တာလား? ဘယ်သူရိုက်တာလဲ? ကျင်းရွေ့ကျောင်းက ဆရာအားလုံး အမှိုက်တွေပါလား? မင်းအရိုက်ခံရတာကို သူတို့တကယ်ကြည့်နေခဲ့တာလား?”

ရလဒ်အနေနှင့် နောက်တစ်စက္ကန့်မှာပဲ လုဘန်းဘန်ရဲ့ ငိုကြွေးသံက ပိုပြီး ကျယ်လောင်လာခဲ့တယ် “သားကို ရိုက်တာ ဆရာပဲ! ဖေဖေ! ဖေဖေ! မြန်မြန်ဒီကိုလာခဲ့! သူသားလက်ကို ရိုက်တယ်! သင်ပုန်းဖျက်နဲ့လည်း ပစ်ပေါက်တယ်! သားအခုအရမ်း,အရမ်းနာနေတယ်! ဖေဖေမလာရင် သူသားကိုသေတဲ့အထိ အနိုင်ကျင့်လိမ့်မယ်!”

ညွှန်ကြား‌ရေးမှူးလုရဲ့ ဒေါသက ချက်ချင်းမြင့်တက်လာခဲ့တယ်။ လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ ခံစားချက်မျိုး သူရလိုက်တယ်။ သူအိပ်မက်မက်နေတာများလား? သူ့သားက ကျောင်းမှာ ခြောက်နှစ်လောက် ကောင်းမွန်လုံခြုံခဲ့တယ်။ အလယ်တန်းတက်ခါနီးမှ ဆရာရိုက်တာခံရတယ်, ဘယ်လိုဖြစ်တာလဲ? ဒါက ကျောင်းနှင့် ဆရာရဲ့ အမှားပဲ ဖြစ်ရမယ်။ ဒါလုံးဝ ဥပဒေနှင့် မညီဘူး, သူတို့မျက်လုံးထဲမှာ သူ့ကိုလုံးဝထည့်မထားဘူးပဲ။

ဒါကြောင့် ညွှန်ကြားရေးမှူးလု သူ့ရုံးခန်းက ချက်ချင်းထွက်လာပြီး ဇိမ်ခံကားကို ကျင်းရွေ့ကိုယ်ပိုင်ကျောင်းဆီ အမြန်ဆုံးနှုန်းနှင့် မောင်းနှင်လိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Aug 24, 2022 ⏰

Add this story to your Library to get notified about new parts!

အတန်းပိုင်ဆရာစနစ်Where stories live. Discover now