- 4 -

2.8K 428 20
                                    

မြေအောက်ခန်းက ရှင်းလင်းပြီး ကျယ်ဝန်းတယ်။ အပေါ်ထိပ်နားမှာ ပြတင်းတံခါးရှိတယ်။ ရှောင်းကျန့်က သနားညှာတာတဲ့အနေနဲ့ ကာထားမပေးဘူး။ ညဘက်တွေမှာဆိုရင် လရောင်ဝင်လာတတ်တယ်။

ဝမ်ရိပေါ်က အိပ်ရာပေါ်မှာ ထိုင်နေတယ်။ မြို့တော်ထဲက ယုတ်မာရိုင်းစိုင်းဆုံးလူတွေဟာ မြို့ပြင်ကလူတွေထက် ပိုကောင်းတဲ့နေရာမှာ နေနေရလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး။ ကြည့်ရတာ ဒါ လူတွေနေတဲ့နေရာ မဟုတ်ဘူးထင်တယ်။

အပြင်ကနေ ခြေသံကြားရတယ်။ လယ်သာဖိနပ်ဒေါက်နဲ့ သံမံတလင်းကြမ်းပြင် ထိခတ်သံဖြစ်တယ်။ သံတံခါးကြီးဟာ မဖွင့်တာ အတော်ကြာနေပုံရတယ်။ တံခါးထောင့်စွန်းတွေက သံချေးတက်နေပြီး ဖွင့်တဲ့အခါ အသံအရမ်းကျယ်တယ်။ ဒါပေမဲ့ ဒါကပဲ အရည်အသွေးကောင်းတဲ့သတိပေးစက်လိုဖြစ်နေတယ်။

ရှောင်းကျန့်က အထဲဝင်လာပြီး စားပွဲပေါ်က အစားအသောက်တွေကိုကြည့်တယ်။ လတ်ဆတ်မှုမရှိတော့တာကလွဲရင် မနက်တုန်းက ပို့ပေးထားတဲ့အတိုင်း အတူတူပဲ။

"မင်းကိုယ်မင်း ငတ်သေအောင် လုပ်နေရင်လည်း ဘာလို့ ငါနဲ့ လိုက်လာသေးလဲ?"

ရှောင်းကျန့်က အနားလျှောက်လာပြီး ပန်းကန်ထဲက အသားညှပ်ပေါင်မုန့်ကို ယူလိုက်တယ်။ အိပ်ရာပေါ် ဒူးတဖက်ထောက် တင်လိုက်တယ်။ အဲ့ဒီ့ဒူးဟာ ဝမ်ရိပေါ်ပေါင်ကြားက အရာပေါ် ဖိချထားတာဖြစ်တယ်။ ဒူးကို အားထိန်းပြီး တင်ထားတယ်။ နည်းနည်းလောက်သာ အားထပ်ထည့်လိုက်ရင် ဝမ်ရိပေါ်ရဲ့အဲ့အရာဟာ သုံးလို့ရမှာ မဟုတ်လောက်တော့ဘူး။

ဝမ်ရိပေါ်ရဲ့ တုန်ရင်နေတဲ့မေးကို ဖျစ်ကိုင်လိုက်ပြီး ပါးစပ်ဖွင့်အောင် ဖိအားပေးလိုက်တယ်။ ပြီးတာနဲ့ ပါးစပ်ထဲကို အသားညှပ်ပေါင်မုန့်ထည့်လိုက်တယ်။

"မင်းကို ဝလင်အောင်ကျွေးပြီး ကျန်းမာအောင် ထားမှဖြစ်မယ်။ တချိန်ချိန်မှာ ငါ့အတွက် အသုံးချလို့ရအောင်လို့"

ဝမ်ရိပေါ်က သူ့ပါးစပ်ထဲ ရောက်နေတဲ့ အသားညှပ်ပေါင်မုန့်ကို ဝါးစားလိုက်တယ်။ ရှောင်းကျန့် သူ့ကို ခေါ်လာတာဟာ သူ့အတွက် သွေးသိုလှောင်ဌာနအဖြစ် ထိန်းသိမ်းထားဖို့မှန်း သူသိနေတယ်။

I'm A Lunatic Living On The Edge Of The City ||Completed||Where stories live. Discover now