My Lover is Gangster (Part 3)

544 63 0
                                    

My Lover is Gangster ( Part 3 )

😎😎😎😎😎

" အင်း တခုခုတော့ တခုခုပဲ ..
သူတို့ ကိစ္စအကြောင်းမရှိပဲ ဒီလိုဆေးခန်း
လာမှာမဟုတ်ဘူး ..

မနက်ဖြန် ငါတို့
တစ်ခေါက်ထပ်လာကြည့်ကြတာပေါ့ "

" အင်း စုံစမ်းကြည့်တာပေါ့
သတင်းတခုခုရရင်Boss ကို
ငါတို့ မျက်နှာလုပ်နိုင်တာပေါ့  "

Lhongနဲ့ Fait တို့အဓိပ္ပယ်ပါပါ ပြုံးလိုက်ရင်း
လက်ဖဝါးချင်း ရိုက်လိုက်ကြတော့တယ် .. 

ဆေးခန်းပိတ်လို့ အိမ်ပြန်လာပေမယ့်
Gulf  သူ့တိုက်ခန်းကိုမပြန်သေးပဲ
ညဈေးတန်းဘက် လာခဲ့လိုက်တယ် ..

တစ်ယောက်ထဲသမားလည်း ဖြစ်တော့
Gulf အိမ်မှာ ချက်ပြုတ်စားတာ နည်းတယ် .
 
တခါတလေတော့လည်း အိမ်မှာ
သူ့တို့အဖွဲ့စုပြီးချက်ပြုတ်စားကြတာလည်း
ရှိပါတယ် ..

ယောက်ျားလေးဖြစ်ပေမယ့် ဟင်းချက်တာ
ဘာညာတော့ အထိုက်အလျောက်
Gulf ကိုယ့်ဘာသာပဲ လုပ်ခဲ့တယ် ..

ဒီနေ့တော့ Gulf အိမ်မပြန်ချင်သေးတာနဲ့
ကားကိုတစ်နေရာထိုးရပ်ပြီး ညဈေးတန်းဘက်လျှောက်သွားလိုက်တယ် ..
အိမ်မပြန်ခင် ညစာဝင်စားရင်လည်း စား
ဒါမှမဟုတ် အိမ်ကို ဝယ်သွားရင်လည်း
ဝယ်မယ်ဆိုတဲ့ အတွေးနဲ့
Gulf   စားသောက်တန်းတွေကို လိုက်ကြည့်နေမိတယ် ..

တစ်နေရာအရောက်မှာတော့ Gulf
သူ့ခြေလှမ်းကိုရပ်လိုက်တယ် .တွန်းလှည်းနဲ့ ရောင်းတဲ့ ထမင်းကြော်ဆိုင်လေး

ဆိုင်လေးက ခပ်သေးသေးဆိုပေမယ့် အရသာကကောင်းမယ်ပုံစံ
အစား‌အသောက်တွေ ကြည့်ရတာလည်း သန့်ရှင်းတဲ့ ပုံစံမျိုး ..

Gulf တွန်းလှည်းလေးရဲ့ အမိုးအောက်ထဲ
ဝင်ပြီး ထိုင်ခုံမှာ ထိုင်လိုက်တယ် ..
ပြီးတော့ ဆိုင်ခုံလေးပေါ်မှာ ထောင်ထားတဲ့ အစားအသောက် ဈေးနှုန်းတွေကို သူ
ဖတ်ကြည့်လိုက်တယ် ..

အင်း ဈေးနှုန်းကလည်းမဆိုးဘူး သင့်တယ် ..

" ဦးလေး ကြက်ဥနဲ့ ထမင်းကြော်တပွဲ
ပြီးတော့ဝက်ပင်စိမ်းကြော်တစ်ပွဲ
ဒီမှာ စားမယ် "

My Lover is GangsterWhere stories live. Discover now