100% Compatible (Unicode)

5.5K 392 9
                                    

🍉Alphaလေးကပြောပြတဲ့သူတို့နှစ်ယောက်ရဲ့အကြောင်းလေး🍉

(1)

ငါက Alpha တစ်ယောက်။

ငါအခု cafeတစ်ခုမှာ ထိုင်နေရင်း ငါ့ရဲ့ blind date partner ကိုစောင့်နေရတယ်။ ငါအကြိုက်ဆုံး coffee ဖြစ်တဲ့ အနံ့ပြင်းပြင်းနဲ့ royal ကော်ဖီကတောင်မှ ငါ့ရဲ့စိတ်ကို တက်ကြွအောင် မလုပ်ပေးနိုင်ဘူး ဖြစ်နေတယ်။

တကယ်တော့ ငါဒီ blind date ကိုလက်ခံခဲ့တာက ငါ့အမေရဲ့ဖိအားပေးမှုကြောင့်ပဲဆိုပေမယ့်  အဲ့တာကို ခဏဖယ်ထားလိုက်ရင်တောင်မှ ငါက ငယ်မှမငယ်တော့ပဲလေ။ ကလေးမွေးဖွားမှုနှုန်းကို ထိန်းသိမ်းဖို့ရာအတွက် ဒီနှစ်လအတွင်းမှာ ငါ့အတွက်သင့်တော်တဲ့ လက်တွဲဖော်ကိုရှာမတွေ့ဘူးဆိုရင် တစ်စုံတစ်ယောက်နဲ့လက်ထပ်ဖို့အတွက် အတင်းအကြပ်စီစဉ်ခံရလိမ့်မယ်။

အတိတ်က blind date တွေနဲ့ပတ်သတ်ပြီးတော့ ငါ့မှာ မကောင်းတဲ့အတွေ့အကြုံတွေပဲ ရှိခဲ့တာ။ များသောအားဖြင့် ငါတို့တွေ နှစ်ခွန်းပြည့်အောင်တောင် စကားမပြောဖြစ်ခဲ့ကြဘူး။ တိတိကျကျပြောရမယ်ဆိုရင်တော့ ငါသူတို့ကို စကားအများကြီးမပြောချင်ဘူး။ ငါ့အမေက ဘာလို့ ငါနဲ့တွေ့ဖို့အတွက် Alpha တွေချည်းပဲစီစဉ်ပေးနေရသလဲဆိုတာကို ငါနားမလည်နိုင်တော့ဘူး။  ငါ့အမေက ငါ့ကို homosexual တစ်ယောက်လို့ အထင်လွဲမိအောင် ငါတစ်ခုခုများလုပ်လိုက်မိလား?

ငါ့ရဲ့အခန်းတစ်ခုလုံးက စစ်သင်္ဘောပုံစံငယ်လေးတွေနဲ့ပြည့်နှက်နေတာပါ၊  င့ါရဲ့အဝတ်ဗီရိုထဲမှာရှိတဲ့ အင်္ကျီတွေအကုန်လုံးကလည်း အဖြူ၊ အမည်းနဲ့ မီးခိုးရောင်တွေချည်းပဲရှိတာ။ ပြီးတော့ ငါအမြဲတမ်း gym သွားဆော့ရတာ မဟုတ်ရင် ဘတ်စကတ်ဘောသွားဆော့ရတာကြိုက်တယ်ဆိုတာ သိသာနေတာပဲလေ။ ငါ့အမေဘာတွေတွေးနေလဲဆိုတာကို ငါတကယ်ပဲနားမလည်နိုင်တော့ဘူး။

အဲ့တာက ငါ့ရဲ့ ပါးလျနေတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ အားနည်းနေတဲ့ pheromones တွေကြောင့်များလား?  ငါမျက်မှောင်ကြုတ်လိုက်မိပြီးတော့ ငါရဲ့ t-shirt ကို နည်းနည်းဟပြီး ငုံကြည့်လိုက်မိတယ်။ ငါ့ရဲ့  abs တွေကို မြင်လိုက်ရမှပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုပြန်ရလာခဲ့တော့တယ်။

100% လိုက်ဖက်ညီမှု (Myanmar Translation) [ Completed]Wo Geschichten leben. Entdecke jetzt