သူမက တချိန်ကငါ့အပိုင်ဖြစ်ခဲ့တယ်

314 30 1
                                    

Uni
=======
""အမရေခနနေရင်ဆိုင်ပိတ်တော့မယ်နော်....""

ကော်ဖီဆိုင်ရဲ့ဝန်ထမ်းကောင်မလေးက သူ့ရှေ့မှာရပ်ရင်း သူ့ကိုပြုံးပြုံးလေးလာပြောတယ်။မာရီသူ့လက်ကနာရီကိုကြည့်တော့ ညဆယ့်တစ်နာရီကျော်ပြီ ဒီအချိန်ဆိုသူမလဲအိပ်နေလောက်မည်။ကော်ဖီဆိုင်ရဲ့မှန်နံရံကိုဖြတ်ပြီး သူမအိမ်ရှိရာဘက်ကိုလှမ်းကြည့်လိုက်တော့ ဝါကျင့်ကျင့်အခန်းမီးရောင်က သူမအခန်းထဲမှာလင်းထိန်နေတုန်း.....အရင်လိုမီးပိတ်အိပ်ဖို့ မေ့နေပြန်ပြီနဲ့ထင်ပါရဲ့....

ဝန်ထမ်းကောင်မလေးက ရပ်စောင့်နေရတာကြာပြီဖြစ်သောကြောင့် သူပြုံးပြလိုက်ပြီး ကျသင့်ငွေရှင်းကာဆိုင်ထဲကထွက်ခဲ့တယ်။သူဒီဆိုင်ကိုအမြဲလာထိုင်ခဲ့တာ ဒီနှစ်နဲ့ဆို3နှစ်နဲ့27ရက်ရှိပြီ။အမြဲလာနေကြဧည့်သည်မို့ ဆိုင်ထဲကဝန်ထမ်းတွေနဲ့ရင်းနှီးနေခဲ့ပြီ။သူအမြဲထိုင်နေကြနေရာကိုတောင် တခြားသူမထိုင်ခိုင်းတဲ့အထိဖြစ်၏။

သူမအိမ်ကိုလှမ်းမြင်ရတဲ့ လမ်းဘေးပလက်
ဖောင်းပေါ်သူခြေဆင်းထိုင်လိုက်ရင်း လက်
ဆွဲအိတ်ထဲမှာရှိတဲ့ စီးကရက်ဘူးထဲက စီးက
ရက်တလိပ်ကိုထုတ်ကာ မီးညှိလိုက်၏။

""အဲ့အိမ်က ကောင်လေးကမင်းနဲ့ဘာတော်လဲ...""

ဒီနားမှာအမြဲရှိနေကြ လမ်းဘေးနေတစ်ယောက်က သူ့ကိုတွေ့တော့အနားကိုရောက်လာရင်းမေး၏။သူပြန်ကြည့်လိုက်တော့ ထိုလမ်းဘေးနေက သူမေးတာ လွန်သွားမှန်းသိလိုက်၏။ထို့ကြောင့်ပြာပြာသလဲဖြင့်....

""ငါကြည့်နေတာ မင်းညတိုင်းအဲ့အိမ်ကိုငေးကြည့်နေလို့လေ...အဲ့တာကြောင့်ပါ..တမျိုးမထင်ပါနဲ့...""

သူစီးကရက်ကို တချက်ဖွာလိုက်ရင်း ဘူးထဲကဆေးလိပ်တစ်လိပ်ကို ထိုလမ်းဘေးနေဆီပေးရင်းပြောလိုက်၏။

""ကောင်မလေးပါ...""

""သူမက တချိန်ကငါ့အပိုင်ဖြစ်ခဲ့တယ်...""

သူမဆီက အဖြေကိုကြားတော့ လမ်းဘေးနေကတိတ်ဆိတ်သွားပြီး ဘာစကားမှမပြောတော့ဘူး။ထိုသူက သူမပေးတဲ့ဆေးလိပ်ကိုသာတိတ်တဆိတ်သောက်နေခဲ့တယ်။

သူမက တချိန်ကငါ့အပိုင်ဖြစ်ခဲ့တယ်Where stories live. Discover now