🍯 Honey 🍯 ( Unicode )

563 39 12
                                    


Chanyeol တစ်ယောက်အလုပ်ကအပြန် ပန်းဆိုင်ဝင်ကာမှာထားသောပန်းစည်းလေးယူပြီးအိမ်ပြန်လာလိုက်သည်။ဒီနေ့ခရီးသွားနေသော Honey ပြန်ရောက်လာမည်ဖြစ်သလို သူတို့ရဲ့ နှစ်ယောက်ရဲ့ နှစ်ပတ်လည်နေ့လေးလည်းဖြစ်သည်။

အလုပ်စောစောဆင်းကာ အိမ်ကိုပြန်။အိမ်ရောက်လို့ ခဏနားပြီးတာနဲ့ မီးဖိုချောင်ဝင်ကာ Honey အကြိုက်ချက်နေရသည်။ညကျရင် Honey နဲ့အတူကြည်နူးရင်းစားသောက်မည့်ပုံစံကိုပုံဖော်ကာချက်နေသည်မို့ အချိန်ကုန်လို့ကုန်မှန်းတောင်မသိတော့ပါ။ချက်နေရင်းနာရီကြည့်လိုက်တော့ လေယာဉ်ချိန်တောင်နီးနေပြီ။

ရေချိုးဖို့အချိန်မရှိတော့တာမို့ ဂတ်စ်အိုးကိုပိတ်ထားခဲ့ကာ ကားသော့ယူပြီးလေယာဉ်ကွင်းကိုပြေးရသည်။တော်ကြာနောက်ကျရင် Chanyeol ကိုရစ်နေမှာသေချာသည်။အရေးထဲပန်းစည်းကျန်ခဲ့တာမို့ သွားနေရင်းလမ်းမပေါ်က ပန်းဆိုင်ကိုဝင်ကာ ပန်းစည်းထပ်ဝယ်ရသည်။

ကားကိုရပ်ခဲ့ပြီး ပန်းစည်းကိုင်ကာ အထဲကိုဝင်ပြေးလာသောChanyeol ကိုလူတော်တော်များများကလည်းလိုက်ကြည့်လို့နေသည်။တော်သေးသည်ကလေယာဉ်မှာအခုမှဆိုက်သည်။

ပန်းစည်းကိုင်ကာ လူကြားထဲတိုးဝှေ့ပြီး Honey ကိုလိုက်ရှာရသည်။ခရီးဆောင်အိတ်လေးကိုင်ကာ နေကာမျက်မှန်လေးတပ်ပြီး လမ်းလျှောက်လာသော Honey က Chanyeol ကိုမြင်သည်နှင့် ပြုံးပြလာတော့သည်။

Chanyeol လည်း Honey ဆီသွားကာ လွမ်းဆွတ်နေသောခန္ဓာကိုယ်လေးကိုတဝကြီးဖက်ထားလိုက်တော့သည်။တော်တော်ကြာကြာဖက်ပြီးလို့ ခွာလိုက်တော့မှ Honey က

" Darling အင်္ကျီကဟင်းနံ့တွေစွဲနေလို့ပါလား "

" အင်း Honey အကြိုက်တွေချက်နေတာ ကိုယ်အခုမှပြီးလို့လေ "

ပန်းစည်းလေးပေးလိုက်တော့ ပန်းလေးကိုနမ်းရှိုက်ကာChanyeol ကိုပြုံးပြလာသည်။Honey လက်ကိုတွဲကာခရီးဆောင်အိတ်ကိုသယ်ပေးရင်း လေဆိပ်မှထွက်လာလိုက်သည်။

အိမ်ရောက်သည်နှင့် Chanyeolကိုတောင်မစောင့်ဘဲ အခန်းထဲတန်းဝင်သွားတော့လေသည်။Chanyeol ကသာခရီးဆောင်အိတ်သယ်ကာ လိုက်လာရသည်။အခန်းထဲရောက်တော့ သူလေးကအိပ်ယာပေါ်မှာပစ်လှဲကာအိပ်လို့နေသည်။

🍯 Honey 🍯 One Short ( Completed) Where stories live. Discover now