Part - 14

3.2K 203 37
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓

Yoongi အခန်းပြင်ကနေကလေးကိုစိတ်ပူနေမိသည်။တဆက်တည်း အရင်ကဆရာဝန်ပြောထားတာကိုပြန်ကြားယောင်တော့Yoongiမှာ မနေနိုင်တော့။လူကြီးတွေလည်းအကြောင်းကြားပြီးအမြန်ရောက်လာကြတော့သည်။

ကလေးငယ်ကိုစစ်ဆေးနေတဲ့အချိန်မှာပဲSeokjinကအပြေးရောက်လာသည်။Seokjinကအလှူရှင်ကိုရတဲ့အချိန်ရသလိုစုံစမ်းပေးနေတာ အခုလည်းကလေးငယ်ဖြစ်နေတဲ့အချိန်မှကွက်တိရောက်ချလာသည်။

"Yoongi Jiminကိုကယ်လို့ရပြီ အလှူရှင်ပေါ်လာပြီ!!"

Seokjinကအားရဝမ်းသာပြောနေသည်။

"Seokjinလုပ်ပါဦး ငါ့ကလေးကိုကယ်ပေးပါဦး နှလုံး‌ပြန်ဖောက်သွားလို့အခုဆရာဝန်တွေကြည့်ပေးနေတယ်"

Yoongiလည်းSeokjinကိုမြင်တာနဲ့ပြောရတော့သည်။

"ဘာ!!!"

Seokjinလည်းလန့်သွားပြီး အခန်းထဲပြေးဝင်ရတော့သည်။

"လူနာ Park Jimin သေဆုံးချိန်..."

တံခါးဖွင့်ဖွင့်ချင်းကြားလိုက်ရတဲ့စကားကြောင့် seokjinထိတ်လန့်သွားသည်။တံခါးကိုအားနဲ့တွန်းဖွင့်လိုက်တော့ ဝုန်း!!ဆိုတဲ့အသံကြီးနဲ့အတူဆရာဝန်တွေနဲ့သူနာပြုတွေပါလန့်သွားသည်။

"စီ စီနီယာ"

"ဖယ်စမ်း!!"

"စီနီယာ လူ လူနာကဆုံး"

"မင်း စောက်ပါးစပ်ပိတ်ထား!! ရှော့ခ်ရိုက်မယ်"

"ဟုတ် ဟုတ်"

"ဗို့အား 200 တင်"

Seokjinလည်းစိတ်တွေပူနေတာကြောင့်သူကိုယ်တိုင်လုပ်ရင်အမှားဖြစ်သွားလိမ့်မည်အဲ့ဒါနဲ့ သူကဦးဆောင်ပြီး ဂျူနီယာကိုလုပ်ခိုင်းရသည်။

ထိုဆရာဝန်လည်းSeokjinပြောတဲ့အတိုင်းဗို့အားကိုတင်ကာရှော့ခ်ရိုက်လိုက်သည်။

"250!!"

"300!!"

"350!!"

Seokjinပြောတဲ့အတိုင်းဗို့အားတွေတင်ကာလူနာကိုကယ်နေရသည်။သို့ပေမဲ့ ထိုလူနာကဘာတုံ့ပြန်မှုမှမရှိပေ။

"400!! တင်"

"စီ စီနီယာ!!"

တဖြည်းဖြည်းနဲ့ဗို့အားပြင်းလာတာကြောင့်ဆရာဝန်မှာလည်းလန့်နေသည်။

🍁မြတ်နိုးရပါသော ကလေးငယ်🍁🍁မြတ်နိုးရပါသော ကလေးငယ်🍁(Complete)Donde viven las historias. Descúbrelo ahora