Part 5(Finale)

186 17 14
                                    

Zawgyi

6 years later, August 16, အသက် 23နှစ်အရွယ်..။

ကောင်းကင်ကြီးကနေ တစက်ပြီးတစက် အဆတ်မပြတ် ရွာချလာတဲ့မိုးရေစက်တွေနဲ့အတူ မှောင်မိုက်လာတဲ့ ပတ်ဝန်းကျင်အခြေအနေ..။

အိပ်ရာဘေးက အတော်လေး ကျယ်တဲ့ ပြတင်းပေါက်ဘောင်ပေါ်မှာ ဝင်ထိုင်လိုက်ရင်း ခြေထောက်နှစ်ဖက်ကို လက်တစ်စုံနဲ့ ပိုက်ထားပြီးတော့ အခန်းအပြင်ဘက်ကို သူမ ငေးကြည့်နေမိတယ်..။

ပြတင်းပေါက်မှန်ကို လာရောက်ရိုက်ခတ်ရင်း မှန်သားပြင်ပေါ်ကနေ မြေပြင်ပေါ်ကို ဖြတ်သန်းစီးဆင်းသွားတဲ့ မိုးရေစက်တွေက အတော်လေး ဝမ်းနည်းဖို့ကောင်းနေလေရဲ့။

မိုးရေတွေအပြည့် စီးဆင်းနေတဲ့ မှန်ချပ်ကို လက်ချောင်းရှည်ရှည်တွေနဲ့ ထိတွေ့နေမိရင်း ဘာအတွေးမှ မတွေးဘဲ မျက်လုံးတစ်စုံကို အသာအယာမှိတ်စက်လိုက်တော့ နားထောင်မိတဲ့ မိုးစက်သံတွေ...။

လေညင်းတစ်ချက်က နှာဖျားဝကို အညင်အသာ ဖြတ်တိုက်သွားတော့ ခံစားမိလိုက်တဲ့ ခပ်သင်းသင်း မြေသင်းနံ့။

"မိုးတွေ...ထပ်ရွာနေပြန်ပြီပဲ..အလကားနေရင်း သတိရအောင်.."

ဒီနေ့ကျမှ မိုးတွေရွာနေတာကြောင့် အရင်အချိန်တွေကို ပိုပြီး လွမ်းဆွတ်မိရဲ့..။

မိုးရွာနေတဲ့အချိန်မှာပဲ သူတို့တွေ စတွေ့ခဲ့ကြပြီး..
မိုးတိတ်သွားတဲ့အချိန်မှာပဲ သူတို့နှစ်ယောက်ရဲ့ ပက်သက်မှုတွေဟာလည်း အဆုံးသတ်သွားတာကြောင့်...

မိုးတွေရွာနေတဲ့အချိန်ဆိုရင် သူ့ကို ပိုပြီး သတိရမိတယ်ထင်ပါရဲ့..။

သူကတော့ အရင်အတိုင်း အဆင်ပြေပြေရှိနေရဲ့လားဆိုတာ...
ဘယ်နေရာမှာ ဘယ်လိုရှိနေမလဲဆိုတာ...
အဲ့ဒီမေးခွန်းတွေကတော့ မိုးရွာတဲ့အချိန်တွေတိုင်း တစ်ယောက်တည်းစဉ်းစားရင်း အဖြေမရှိတဲ့ မေးခွန်းတွေပဲ မေးနေမိတယ်..။

6နှစ်တာတောင် ကြာသွားခဲ့ပြီမို့ သူမကိုများ မေ့သွားလေမလားဆိုတဲ့ အတွေးလည်း ဝင်မိပေမယ့် တကယ်လို့များ သူလည်း မိုးရွာနေတဲ့အချိန်ရောက်ရင် သူမကို နည်းနည်းလေးလောက်ပဲဖြစ်ဖြစ် သတိရနေမလားဆိုတဲ့ ခပ်ကြောင်ကြောင်အတွေးကိုလည်း တွေးမိပြန်တယ်...။

Sudden Rain • {SKZ LeeKnow×OC}(Eden Contest)Where stories live. Discover now