Episode 3

1 1 0
                                    

-------------Unicode----------

"သတင်းဆိုးကတော့hyungမှာအသက်ရှင်ဖို့၁၂နာရီပဲကျန်တော့တယ်ဆိုတာပဲ"

"သတင်းကောင်းကရော"

"သတင်းကောင်းကတော့ကျွန်တော်နဲ့တွေ့တာပေါ့"

Changbinကသတင်းကောင်းဆိုတာကိုကြာပြီးစကားတောင်ပြန်မပြောနိုင်ဆွံ့အသွားသည်။သူနဲ့တွေ့ပြီးမှကံတွေဆက်တိုက်ဆိုးနေတာတောင်သတင်းကောင်းဆိုပဲ။

"မင်းနဲ့တွေ့တာကသတင်းကောင်း?"

"အင်း ဒါပေါ့ကျွန်တော်ကhyungကိုဒီအခြေအနေကနေကယ်နိုင်တဲ့တယောက်တည်းသောသူပဲ"

Changbinကခုထိyongbokပြောတာကိုအပြည့်အဝမယုံကြည်နိုင်သေးပေမယ့်ဒီနေရာအကြောင်းနဲ့အခုဖြစ်ပျက်နေတာကိုသူ့ထက်သိတာကြောင့်အလိုက်သင့်သာနေဖို့ဆုံးဖြတ်လိုက်သည်။

"ဒါနဲ့ငါကဘာလို့သေရမှာလဲ"

Yongbokကသူ့အံဆွဲတွေတစ်ခုပြီးတစ်ခုဖွင့်ကြည့်နေရင်းchangbinမေးတာပြန်ဖြေလိုက်သည်။

"Hyungဆုတောင်းလိုက်တာကြောင့်လေ"

"ဆုတောင်းလိုက်တာနဲ့ဆုတောင်းပြည့်တယ်ပဲကြားဖူးတာသေမယ်တဲ့လားလာမနောက်နေနဲ့"

"မဖြစ်နိုင်ဘူးထင်ရပေမယ့်အဲ့တာကအမှန်တရားပဲအချိန်သိပ်မရှိဘူးဆိုပေမယ့်ကျွန်တော်တို့အဆင်ပြေမှာပါ"

Yongbokကပြောပြီးအံဆွဲထဲကအိတ်အကြီးကြီးတခုကိုဆွဲထုတ်လိုက်သည်။changbinလည်းအိတ်ထဲဘာတွေပါလာလည်းသိချင်လာတာနဲ့အနားသွားပြီးချောင်းကြည့်လိုက်သည်။

"Hyungဒါဝတ်ထားလိုက် hyungဒီပုံနဲ့ဆိုတခြားသူတွေသတိထားမိနေမယ်"

ChangbinကYongbokပစ်ပေးတာကိုကြည့်လိုက်တော့ဦးထုပ်တစ်ခု...ပြီးတော့yongbokကမြေပုံတစ်ခုကိုထုတ်ပြီးစားပွဲပေါ်ချခင်းလိုက်ပြီးခဏအကြာမှာတော့ပုံတွေကတဖြည်းဖြည်းလှုပ်စပြုလာပြီးတဖြည်းဖြည်းနဲ့သူတို့မျက်စိရှေ့မှာတင်မြို့တစ်မြို့ကပုံပေါ်စပြုလာသည်။

"ဒါကငါတို့မြို့ပဲ"

"ဟုတ်တယ်ကျွန်တော်နဲ့chrisကဒီမြို့ကိုတာဝန်ကျတာ"

You've reached the end of published parts.

⏰ Last updated: Mar 12 ⏰

Add this story to your Library to get notified about new parts!

DREAM SNATCHERSWhere stories live. Discover now