Part 1

543 21 12
                                    

Zawgyi

"ဟင်! မိုးရွာလာတာပဲ!?"

ပုံမှန်အတိုင်း ရိုးရှင်းတဲ့ တစ်နေ့တာကို ဖြတ်သန်းဖို့အတွက် အလုပ်နေရာဖြစ်တဲ့ ကော်ဖီဆိုင်ကို ထွက်လာတဲ့လမ်းမှာပဲ ခပ်မြင့်မြင့်စည်းထားတဲ့ ဆံပင်ညိုညိုတွေပေါ်ကို ကျဆင်းလာရင်း ကျွန်မကို လာရောက်နှုတ်ဆက်တဲ့ မိုးရေစက်တွေ...။

မျက်နှာပေါ်ကို လာရောက်နမ်းရှိုက်တဲ့ မိုးစက်တွေကို ခဏတာ လျစ်လျူရှုရင်း ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့ ရုတ်တရက် မှောင်မည်းလာတဲ့ တိမ်တိုက်တွေကို ကြည့်ပြီး သက်ပြင်းချမိရဲ့။

"ခုနကပဲ နေသာနေသေးတာကို ရုတ်တရက်ကြီး ဘာလို့ မိုးရွာတာပါလိမ့်"

ကြိုတင် ကြေညာထားခြင်းလည်း မရှိသလို ဘယ်သူကမှ မိုးရွာမယ်လို့ တွေးထင်မထားတာကြောင့် ရုတ်တရက်ဆန်လွန်းတဲ့မိုးကို အကာအကွယ်ပြုဖို့အတွက် ကုမ္ပဏီသွားတဲ့သူတွေရော၊ ကျောင်းသွားကြတဲ့ကလေးတွေရော၊ ဦးတည်ရာကိုယ်စီနဲ့ လူတိုင်းရော၊ ဘယ်သူ့မှာမှ ထီးတစ်လက်တလေ ပါမလာ..။

သေချာပေါက် ကျွန်မလည်း ထီးပါမလာတာကြောင့် လက်တစ်ဖက်က ဆိုင်အတွက် ယူလာတဲ့ ပန်းစည်းကိုကိုင်ရင်း နောက်လက်တစ်ဖက်နဲ့ပဲ ခေါင်းပေါ် ခပ်အုပ်အုပ် အကာအကွယ်ပြုပြီး ဘယ်လောက်မှ မဝေးတော့တဲ့ ကျွန်မရဲ့ ကော်ဖီဆိုင်ဆီကို ပြေးသွားလိုက်တယ်။

မှောင်မည်းမည်းကောင်းကင်ကြီးကနေ လွတ်မြောက်ခုန်ဆင်းလာကြတဲ့ မိုးရေစက်တွေကတော့ တဖြည်းဖြည်း ပိုပြီး အရှိန်ပြင်းပြင်းနဲ့ မြေပြင်ပေါ်ကို ကျဆင်းနေကြဆဲပဲဖြစ်ရဲ့။

"မိုးမိလာသေးလား"

ဆိုင်ထဲကို ရောက်ရောက်ချင်း ကြိုရှိနေနှင့်ပြီးသား သူငယ်ချင်းဖြစ်သူ Da Eunက မေးတော့ အနည်းငယ် မိုးရေစိုသွားတဲ့ ဆံပင်ညိုညိုတွေကိုပဲ လက်နဲ့သပ်လိုက်ရင်း ယူလာတဲ့ အဝါရောင် ကျူးလစ်ပန်းစည်းကို စားပွဲပေါ် ချထားလိုက်တယ်။

"အင်း..နည်းနည်း.."

"ပန်းစည်းရောဝယ်လာပြန်ပြီလား"

Sudden Rain • {SKZ LeeKnow×OC}(Eden Contest)Where stories live. Discover now