prolouge

27 1 0
                                    

-------------Unicode----------
"မင်းတကယ်ဆန္ဒရှိတာဘာလဲ"

changbinကအသံတစ်ခုကြားတာကြောင့်အိပ်နေရာမှမျက်စိဖွင့်ကြည့်လိုက်သောအခါသူ့ရဲ့အခန်းထဲမဟုတ်ဘဲဘေးပတ်ပတ်လည်မှာဘာမှမရှိတဲ့ဟင်းလင်းပြင်ကြီးထဲရောက်နေပြီးတံခါးတစ်ချပ်ရှိလို့နေသည်။Changhinလည်းအစကထိတ်လန့်သွားပေမယ့်တံခါးရဲ့အနောက်မှာဘာရှိမလဲသိချင်သလိုခုနကသူကြားလိုက်တဲ့အသံကလည်းထိုတံခါးဆီကထွက်လာတာကြောင့်အသံပိုင်ရှင်ဘယ်သူလဲသိချင်မိသည်။ဒါကြောင့်အခန်းတံခါးဖွင့်ပြီး၀င်သွားဖို့ဆုံးဖြတ်ပြီးတံခါးလက်ကိုင်ကိုလှည့်လိုက်ဖို့အလုပ်တံခါးကသူလာမှာကိုကြိုသိနေသည့်အလားအလိုလိုနေရင်းပွင့်လာသည်။Changbinလည်းတံခါးကနေတဆင့်အခန်းထဲရောက်သောအခါမှောင်နေတဲ့အခန်းလို့ထင်နေရပေမယ့်ထူးဆန်းစွာနဲ့သူ့ရဲ့ရှေ့ကအရာတွေအကုန်လုံးကိုတော့သဲသဲကွဲကွဲမြင်နေရပြန်သည်။

"ဟဲလို ခုနကခေါ်တာဘယ်သူလဲ"

changninကမေးလိုက်သော်လည်းအခန်းထဲမှာဘယ်သူ့ကိုမှမတွေ့တာကြောင့်အခန်းကိုအရင်လှည့်ပတ်ကြည့်လိုက်သည်။တခန်းလုံးရဲ့ပတ်ပတ်လည်မှာတော့ဗီဒိုတွေဝန်းရံထားပြီးအပေါ်ကိုမော့ကြည့်လိုက်ရင်အမှောင်ထုကိုသာမြင်ရပြီးထိုဗီဒိုတွေကအဆုံးမရှိဘဲအမှောင်ထုထဲမှာပျောက်ကွယ်သွားသလို...

Changbinကအရှေ့ကိုဆက်လျှောက်သွားတော့စားပွဲတခုပေါ်မှာသဲနာရီတစ်လုံးနဲ့သံလိုက်အိမ်မြှောင်တစ်ခုတင်ထားတာကိုတွေ့တာကြောင့်ကိုင်ကြည့်ဖို့လုပ်လိုက်ချိန်မှာစားပွဲအရှေ့ကထိုင်ခုံမှရုတ်တရက်အလင်းတွေဖြာထွက်လာပြီးလူတစ်ယောက်ပုံစံပေါ်လာသည်။

"Hi Welcome to dream world အိပ်မက်ကမ္ဘာကကြိုဆိုပါတယ်"ဆိုတဲ့စကားနဲ့အတူအလင်းရောင်တွေပျောက်သွားပြီးသူနဲ့အသက်မတိမ်းမယိမ်းလောက်ပဲရှိမယ့်ကောင်လေးတစ်ယောက်ကိုသာတွေ့လိုက်ရသည်။ထိုကောင်လေးရဲ့ထူးခြားချက်ကတော့ဆံပင်တွေကလင်းနေပြီးလေထဲမှာလွင့်မြောနေသည်။

"မင်းကဘယ်သူလဲ ။ပြီးတော့Dream worldကဘာကြီးလဲ။"

ရုတ်တရက်ပေါ်လာတဲ့သူရဲ့စကားမှာသူလည်းစိတ်ရှုပ်ထွေးသွားပြီးထိုသူပြောတဲ့dream worldဆိုတဲ့စကားကြောင့်အိပ်မက်မက်‌‌နေတယ်ထင်ပြီးသူ့ကိုယ်သူပြန်ရိုက်ပြီးနာမနာစမ်းလိုက်သည်။

DREAM SNATCHERSWhere stories live. Discover now