🐰 Episode - 21 🐹

2.9K 361 70
                                    

ZAWGYI

တီ....တီ....

ခြံရှေ့က ကားဟွန်းတီးသံကြားတာနဲ့ ဧည့်ခန်းထဲ စိုးရိမ်တကြီးစောင့်နေတဲ့သူက မေမေကြီးကိုယ်လေး
အား တွဲထူပေးရင်းအိမ်ရှေ့ပြေးထွက်လာခဲ့သည်။

"ဒေါက်တာကဘာတဲ့လဲ သားတို့..."

သူ့ပါးစပ်ကထုတ်မမေးမိပေမယ့်လဲ သူ့မျက်လုံးတွေ
ကတော့ ဖျော့တော့နေတဲ့ Jungkook မျက်ဝန်းတွေ
ဆီမှာသာ...အဆင်မှပြေရဲ့လား...

"နှစ်ချက်တော့ ချုပ်လိုက်ရတယ် အမေ...အနာရှိန်
ကြောင့် အပြင်းဖျားနိုင်တယ်ဆိုပြီး ဆေးထိုးပေး
လိုက်တယ်...အဲ့ဒါကြောင့် ဖျားရင်တစ်ခုခုဖြစ်မှာစိုး
လို့ ဆေးရုံမှာဘဲနေပါဆိုတာကို အိမ်ပြန်မယ်ချည်းဘဲ
ပြောနေလို့ သားလဲပြန်ခေါ်လာလိုက်တာ"

"အင်း..အင်း...သားညီကို အခန်းထဲပို့ပေး
လိုက်ဦး"

"ဟုတ်...သွားရအောင် Jungkook"

Jungkook တစ်ယောက် ဘာစကားမှပင်မပြော
နိုင်ဘဲ Jimin တွဲခေါ်ရာနောက် ပါသွား၏။

Seokjin အမြန်ပင် မေမေကြီးအား အခန်းထဲတွဲပို့
ပေးပြီးမှ Jungkookအခန်းဆီပြေးထွက်လာခဲ့
သည်။အပြင်းဖျားနိုင်တယ်ဆိုတဲ့ Jungkook အား သူစိတ်ပူ၏။ရင်ထဲမှာ နာကျင်မှုတွေက အတိုင်းအဆ
မရှိဖြစ်ပေါ်နေသည်။သူ့ကြောင့် Jungkook ဒီလို
ခံစားနေရတာ..သူ့ကြောင့် ဒီလိုနာကျင်နေရတာ...

အခန်းတံခါးကို ခေါက်ရနိုး မခေါက်ရနိုး စဉ်းစား
နေတုန်း အခန်းတံခါးက ပွင့်လာ၏။အံ့ဩ
သလိုဖြစ်သွားတဲ့ Jimin မှ...

"Jin Hyung..ဝင်လေ"

"ဟို..."

"ဝင်သွားပါ...ကျွန်တော်အခန်းခဏပြန်လိုက်
ဦးမယ်"

"အင်း"

Jimin အခန်းထဲကထွက်သွားတော့မှ သူဝင်လာ
ခဲ့လိုက်တော့သည်။အိပ်ယာပေါ် မှောက်ခုံလေး
အိပ်နေရတဲ့ လူသားကြောင့် သူ့ရင်ထဲနင့်ခနဲပင်...

ကုတင်ပေါ် တင်ပလွဲထိုင်ရင်း အိပ်နေတဲ့ Jungkook အင်္ကျီလေးအား တဖြည်းဖြည်းလှန်တင်ပြီး ဒဏ်ရာ ရှိရာနေရာကို သူ့လက်လေးနဲ့ ဖွဖွထိတွေ့မိသည်။
ဘယ်လောက်တောင် နာနေလိမ့်မလဲ...

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now