Part 2

399 34 0
                                    

ထိုရက်နောက်ပိုင်းတွင်တော့  ထိုကောင်လေး ပန်းပင်ပျိုးတိုင်းလာကြည့်သည်

ကိုပန်းပင်ရေလောင်းနေတာတွေ့လဲ လာကြည့်သည်

နောက်ပိုင်းတွင်တော့ သူနဲ့ကို အတော်လေးကို ရင်းနှီးလာပါပြီ
စကားတွေလဲအများကြီးပြောဖြစ်လာတယ်

သူ့အိမ်ကလဲ  ကြည်ကြည်ဖြူဖြူနဲ့ သူ့သားလေးနဲ့ ခင်ခင်မင်မင်ရှိစေတယ်

အိမ်ကိုတောင်ဝင်ထွက်သွားလာတဲ့အထိ  ခင်မင်မှုအတိုင်းအတာလေးကရှိလာတယ်

ဒါပေမယ့် ကျွန်တော်နောက်မှ သိလိုက်ရတာကတော့
သူဟာ   မကြာခင်မှာ ကမ္ဘာကြီးကို နှုတ်ဆက်ရတော့မယ်
ကင်ဆာသည်လေးတစ်ယောက်ဖြစ်တယ်တဲ့

ဒါတောင် သူပြောတာမဟုတ်
သူ့မိဘတွေ ပြန်ပြောပြမှသိတာ

ထိုအကြောင်းကိုပြောတုန်းကဆို သူ့မိခင်မှာ မျက်ရည်တွေဝဲလျှက်
သားလေးက မင်းကိုသိပ်ခင်တွယ်နေတော့
မင်းလဲ သိထားသင့်တယ်ထင်လို့ပါ
သားလေးက သူ့ရဲ့ရောဂါအကြောင်း ဘယ်သူ့ကိုမှမပြောဖို့ မှာထားပေမယ့်  မင်းကိုတော့ ပြောပြထားမှရမယ်ကွယ် သားလေးကို တတ်နိုင်သလောက် စောင့်ရှောက်ပေးပါကွယ် "  တဲ့

ကောင်းကင်တေးဆိုတဲ့ ထိုကောင်လေးက
အခုချိန် တက္ကသိုလ်ဆိုတဲ့  ကျောင်းတော်ကို 
သူများ တန်းတူတတ်နေရမှာ ဖြစ်တယ်

ဒါပေမယ့်   သူဟာ ဘယ်အချိန်မှာ လောကကြီးက ထွက်ခွာသွားရမယ်မှန်းမသိရသေးတဲ့ရောဂါသည်တစ်ယောက်ဖြစ်နေခဲ့ရပြီ အချိန်ကောင်းလေးတွေအပြင် အရွယ်ကောင်းကိုပါ ဆုံးရှုံးရတော့မယ်  ကောင်လေးတစ်ယောက်

ဆရာဝန်တွေကလဲ လက်လျှော့လိုက်ပြီး ဆေးနဲ့သာ အသက်ဆက်နေရတဲ့ဘဝ

သွေးကင်ဆာတဲ့ 

သားလေးတစ်ဦးထဲ မွေးထားတဲ့ မိဘနှစ်ပါးကတော့  ယူကျုံးမရဖြစ်နေလေရဲ့  သူ့သားလေး ရဲ့နောက်ဆုံးကျန်ရှိနေတဲ့အချိန်လေးကို  သက်သက်သာသာလေးဖြတိသန်းနိုင်အောင် သူတို့တတ်နိုင်သမျှ အကုန်လုပ်ပေးချင်တယ်တဲ့ 

သွေးသားရင်းမဟုတ်တဲ့ကိုတောင် ဖြေဆည်မရ
သူရဲ့ စိတ်ထဲ မည်သို့မည်ပုံ ဖြစ်သွားလဲ မသိ
သူဒီကလေးလေးကို ခင်တွယ်မိတယ် မေတ္တာ တွေပေးချင်မိတယ်
ဂရုစိုက်ချင်မိတယ် သူ ဒီကလေးလေးကို...

Good Bye Where stories live. Discover now