Chapter 9-12 (Unicode)

408 7 0
                                    

Chapter 9

ရိုက်ကူးတဲ့အချိန်ဇယားတစ်ခုလုံးဟာအတော်လေးကျစ်လစ်တယ်။ ထိုနေ့မနက်တွင်ပင်ရှန်နှင့် အန့်လီတို့ကရိုက်ကူးပြီးစီးကြသည်။ မွန်းလွဲပိုင်းတွင် ကျိုးစုရီ နှင့် ရုကာ တို့သည်သူတို့ကိုယ်ပိုင်ဇတ်ကွက်တွေကိုရိုက်ကူးကြလိမ့်မည်။

ထိုလိင်ဆက်ဆံတဲ့ဇတ်ကွက်ကိုရိုက်ကူးရမယ့် မတိုင်မီညက ကျိုးစုရီ သည်အိပ်မပျော်ခြင်းကို ခံစားခဲ့ရသည်။ သူအိပ်ရာပေါ်မှာလှဲဟိုလှည့်ဒီပြန်လှည့်ဖြစ်နေသည်။သူ့စိတ်ထဲမှာအားလုံးအမှားတွေပဲလုပ်ခဲ့တယ် လို့ထင်မိကာ နှလုံးသားကဗလာကျင်းနေပြီး ထိတ်လန့်ရှုပ်ထွေးနေသည်။

နောက်ဆုံးသူတစ်ညလုံး TV ထိုင်ကြည့်နေမိသည်။ဒါပေမယ့်တကယ်ကဘာတွေပြမှန်းတောင်မသိဘဲ သူကအသိစိတ်လွတ်ကာ TV မျက်နှာပြင်ကိုပဲထိုင်ကြည့်နေမိတာဖြစ်သည်။

TV မှာပေါ်နေတဲ့လူတွေကိုသူသိသူများလဲပါသည်။ တစ်ချို့ကအတိတ်မှာသူနဲ့ရင်းနှီးသူများဖြစ်ကာ အတော်များများကတော့ကြားတောင်မကြားဘူးတဲ့လူသစ်တွေဖြစ်သည်။ လွန်ခဲ့တဲ့နှစ်တွေကသူလဲ အဲလိုလူသစ်လေးအနေနဲ့ TV မှာပါဘူးသည်။ အနုပညာလောကမှာပြောသင့်တာတွေပြောပြီးမပြုံးချင် လဲပြုံးခဲ့ရသည်။ ဒါပေမယ့် အဲဒိ့ဘဝကိုသူကတော့မပစ်နိုင်အောင်မက်မောမိသည်။

ဒါပေမယ့်နောက်မနက်မှာသူ့ခန္ဓာကိုယ်ကသူ့ကိုသတိစပေးလာသည်။ မနက်၉နာရီမှာ သူကအူရှင်း ဆေးကိုသောက်လိုက်သည်။ တကယ်ဆိုသူစားချင်စိတ်မရှိသဖြင့်အရင်ရက်တွေထဲကအစားများများ စားထားတာမရှိပါ။ နေ့လည်ကနောက်ဆုံးရောက်လာပြီးသူကတံခါးကထွက်ကာရိုက်ကူးရေးနေရာကို သူ့ဆိုင်ကယ်နဲ့သွားလိုက်သည်။

သူကရိုက်ကူးချိန်မတိုင်မီရောက်လာသည်။ ဒါပေမယ့်သူရိုက်ကွင်းနေရာရောက်တော့ မနက်ပိုင်း ရိုက်ကူးရေးကနှောင့်နှေးနေလို့မပြီးသေးဘူးလို့သူသိလိုက်ရသည်။ နောက်ပြီးသူတို့အတွက် ပြင် ဆင်ဖို့အချို့အရာတွေလိုသေးတယ်လို့သိလိုက်ရသည်။ သူက

"ဘယ်လောက်စောင့်ရမလဲ?"

ကျိုးစုရီ ကတော့လက်ရှိသူ့မျက်နှာဘယ်လောက်ကြည့်ရဆိုးနေလဲဆိုတာနားလည်မိသည်။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Apr 12 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

(+18-BL)Screen PartnerNơi câu chuyện tồn tại. Hãy khám phá bây giờ