Chapter 1 : The Betrayal - U

6.3K 57 0
                                    

ကျိုးစုရီ ကသူ၏သရုပ်ဆောင်အလုပ်သည် အဆုံးသတ်တော့မည်ကိုသိသည်။ သူက လွန်ခဲ့သော ၁၀ နှစ်ကပွဲ ဦးထွက်ခဲ့ပြီး ပထမသုံးနှစ်သာအဆင်ပြေပြေရှိခဲ့သည်။ ထိုအချိန်တွင်သူက လန်းဆန်းတက်ကြွနေတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်နေခဲ့သည်။ လူကြိုက်များသောထင်ရှားသည့် မဂ္ဂဇင်းတိုင်းကသူ့ပုံကိုဖော်ပြခဲ့ပြီး အနုပညာ နယ်ပယ်မှာလူသိများသောအမျိုးသားမော်ဒယ်တစ်ဦးဖြစ်သည်။

နောက်ပိုင်းမှာတော့ လုပ်ငန်းစတင်လုပ်တဲ့ အေဂျင်စီတစ်ခုကသူ့နဲ့လက်တွဲခဲ့သည်။ သူကအဲဒိ့ အချိန်ကတောက်ပတဲ့ကြယ်ပွင့် ဖြစ်နေတာမို့ စာချုပ်အကြောင်းတွေဘာတွေ သိပ်များများစားစားမစဉ်း စားခဲ့ပါ။ တကယ်လဲ သူ့ပထမခြေလှမ်းတွေကသူ့ကိုအောင်မြင်မှုနဲ့အတူဝင်ငွေလဲကောင်းစေခဲ့သည်။ သူကအချို့သောရုပ်သံဇာတ်လမ်းတွေမှာဇတ်ပို့နေရာ၊ကြော်ငြာမော်ဒယ်၊မဂ္ဂဇင်းမော်ဒယ် နဲ့အချို့သော ရုပ်သံအစီစဉ်များမှာဧည့်သည် တင်ဆက်သူအနေနဲ့ပါဝင်ခဲ့ရသည်။

သူက ပထမတန်းစားသရုပ်ဆောင် မဟုတ်ခဲ့ ရင်တောင်မှသူ့အခြေအနကမဆိုးဝါးခဲ့ဘဲ အနည်းဆုံး ဒုတိယတန်းစားသရုပ်ဆောင် အနေနဲ့ရပ်တည်နိုင်ခဲ့သည်။ ကျိုးစုရီ ကတော့ သူအကောင်းဆုံး လုပ်ခဲ့တယ်လို့သတ်မှတ် ခဲ့သည်။

သူကသေသပ်ကောင်းမွန်တဲ့အဝတ်အစားတွေကိုသဘောကျသူဖြစ်ပြီးအနာဂတ်မှာလဲအဲဒိ့လိုအဝတ် ရောင်းတဲ့ဆိုင်ဖွင့်ဖို့စဉ်းစားထားသည်။ သူ့မှာသူနဲ့အကြံဉာဏ်ချင်းတူတဲ့သူငယ်ချင်းတစ်ယောက်လဲ ရှိခဲ့သည်။ သူတို့ကသူတို့စုဆောင်းငွေတွေနဲ့အတူဘဏ်ကနေချေးငွေချို့ယူကာအရှေ့ဘက်ခရိုင်ရှိ လူ စည်ကားရာ နေရာနားမှာ ဆိုင်သေးသေးတစ်ခု ငှားရမ်းခဲ့သည်။

သူ့သူငယ်ချင်းကတောင်ကိုရီးယားနဲ့ဂျပန်ကိုမကြာခဏသွားပြီး အရည်အသွေးထိပ်တန်းနဲ့ သေသပ် ကောင်းမွန်တဲ့အဝတ်အစားတွေရဖို့ အတွက်ရှာဖွေပေးခဲ့သည်။ ကျိုးစုရီ ကတော့ သူနဲ့သိတဲ့မဂ္ဂဇင်း များ၊ဂျာနယ်များမှ အယ်ဒီတာများကို သူ့ဆိုင်ကိုကြော်ငြာပေးဖို့ အကူအညီတောင်းခဲ့သည်။

(+18-BL)Screen PartnerWhere stories live. Discover now