Yan Shin မုန့်တိုက်ရဲ့ တရားခံကတော့ မမရည်မွန်ပင်။ သူ့ဆိုင်နာမည် ဘာပေးရမှန်းမသိလို့ ဆိုပြီး စဉ်းစားပေးလိုက်တာ အမှားကောင်းကတော့ သူ့အကောင့်နာမည်ကို မှားချိန်းမိလိုက်ခြင်းပင်။
လိုင်းမသုံးတဲ့အကျိုးကျေးဇူးကြောင့် ဒီနာမည်နဲ့ သုံးလလောက် နေခဲ့မိတာကို မသိလိုက်ပေ။ ရက်ခြောက်ဆယ်ပြည့်ပြီးတာကြောင့် နာမည်အရင်းကိုသာ ပြန်ချိန်းလိုက်ရသည်။
မုန့်တိုက်ကျေးဇူးကြောင့် အနက်ရောင်အကိုကြီးက အကောင့်လက်ခံသွားပြီဖြစ်သည်။Ting Ting Ting
လိုင်းဖွင့်လိုက်တာနဲ့ တက်လာတဲ့ နိုတီပေါင်းများစွာကို ၀င်ဖတ်ကြည့်တော့ စာပေချစ်သူများဆိုပြီး ဘီယာ အီမိုဂျီလေးပါတဲ့ ဂရုချက် စာတွေ၀င်နေခြင်းဖြစ်သည်။
မနက်ဖြန်က ပွဲနေ့မလို့ ပွဲမပြီးခင်သောက်မလား။ပွဲပြီးမှ သောက်မလားတိုင်ပင်နေကြခြင်းပင်။ အဆုံးသတ်ကတော့ ကိုကာရံထက်သူရဲ့ နောက်ဆုံးပြောထားတဲ့ စာတစ်စောင်ပင်
" ပွဲပြီး နောက်နေ့က စနေမလား ကျောင်းမှာမသောက်ပဲ ငါ့အိမ်မှာသောက်ရအောင် "
ပယ်မဲမရှိ ထောက်ခံချက်တွေရနေတဲ့ စာက ကိုးယောက်ပဲရှိတဲ့ ဂရုချက်မှာ ရီအက် ၇ ခု ။ စာပိုင်ရှင် ကိုကာရံထက်သူနဲ့ နောက်ဆုံးမှဖတ်မိတဲ့ သူမပါခြင်းပင်။
" ကျောင်းကနေပဲ တူတူသွားမယ်"
" ဟုတ် "
" မုန့်တိုက်ကောင်လေးက မုန့်တွေသယ်ခဲ့ "
" ဘယ်အရက်သမားမှ ပေါင်မုန့်နဲ့ အရက်ကိုမမြည်းဘူး bro "
" ပေါင်မုန့်ပဲရှိတာလား "
" တခြားမုန့်တွေလည်း ရှိချင် ရှိနိုင်ပါတယ်"
"....."
Seen ဖြစ်သွားတဲ့ ပရိုဖိုင်အဝိုင်းလေးတွေက ပွဲတစ်ခုကို စောင့်ကြည့်နေတဲ့အလား။ တစ်ခါမှ၀င်မပြောတဲ့ လူနှစ်ယောက်က သောက်ဖို့စားဖို့တော့ ထိပ်ဆုံးကနေ တက်ညီလက်ညီဖြစ်နေကြတာကို အံဩနေကျလားတော့မသိ။
" ဂစ်တာတီးတတ်တဲ့လူရှိလား "
" ကျနော် "
" ငါနဲ့ ဘုန်းသျှန် "