အပိုင်း - ၄

11 2 0
                                    

တစ်နေ့ကုန်နီးပါး အလုပ်ရှုပ်ပြီးတဲ့နောက်မှာ ဘုန်းသျှန်ဦးဆောင်တဲ့ စာပေဟောပြောပွဲက အဆင်ပြေပြေပြီးသွားပြီဖြစ်သည်။ ဘယ်အချိန်ဆုံကြမလဲ ၊ ဘယ်သောက်ကြမလဲ ဆိုတာ အချင်းချင်းမေးပြီး သူနဲ့ ဝေယံက သောက်စရာ၀ယ်ဖို့ တာ၀န်ယူသည်။

ကာရံနဲ့ တစ်ခြားသူတွေကလည်း အသောက်ရှိရင် အမြည်းပါမှဟုဆိုကာ စားစရာတစ်ချို့ကို ပတ်၀ယ်နေလေသည်။ ဘုန်းပြည့်၊ ညီထက်နဲ့ တခြားကျန်တဲ့ လူတွေကတော့ ဟိုလိုလို ဒီလိုလိုနဲ့ လိုအပ်တာ ပတ်၀ယ်နေကြသည်။

" သောက်မှာက ဘီယာပဲကို အချိုရည်၀ယ်ဦးမလို့လား "

Mall အတွင်း ဘီယာဗူးတွေထားတဲ့နေရာကို ကျော်ပြီး အချိုရည်ပဲရှိတဲ့ ရေခဲသေတ္တာ တံခါးကို ဖွင့်နေတဲ့ သူ့ကို ဝေယံက မေးလေသည်။

" အသက်မပြည့်သေးတဲ့ကလေးပါတယ် "

ဝေယံရဲ့ အမေးကိုဖြေရင်း သောက်လို့ကောင်းမယ်ထင်တဲ့ အချိုရည် လေးငါးဗူးယူကာ ခြင်းထဲ ထည့်လိုက်သည်။

" သော်ယံရှင်းပဲ ပါတာ ကျန်တာ ပြည့်ပြီးသားတွေ "

စကားအဆုံး မျက်ခုံးအနည်းငယ်တွန့်ချိုးသွားကာ သူ့ကိုကြည့်လာတဲ့ ဘုန်းသျှန်။ ခဏလေးအတွင်းမှာပဲ မျက်ခုံးကြောက ပြန်ပြေသွားသည်ကို ဝေယံတွေ့လိုက်ရသည်။

" ပြီးတော့ ယံရှင်းက gas ပါတာ မကြိုက်ဘူး "

ထို့သို့ပြောပြီး ဘုန်းသျှန်က ' ဪ ' ဟု တုန့်ပြန်ကာ ခုနက ထည့်ထားတဲ့ အချိုရည်တွေကို ပြန်ထုတ်ကာ Gas မပါတာကို သေချာပြန်ရွေးနေလေသည်။

" မင်းက သူ့အကြောင်း သိသားများသားပဲ "

" သူပြောပြလို့ "

" ဪ "

လူကိုးယောက်စာ ၀ယ်သည့်မို့ သောက်စရာတွေက မနည်းမနောပင်။ မကုန်လည်း ရသည်မို့ ဖာ နဲ့သာ ၀ယ်ခဲ့လိုက်လေ၏။ ခေါက်ဆွဲထုပ် တစ်ချို့နဲ့ ၊အကင် မျိုးစုံ ၊ အချဉ်ရည်ပုလင်းကြီးတို့က မပါမဖြစ်။

စုရပ် အဖြစ် ကျောင်းကန်တင်းကို ချိန်းထားတာကြောင့် ၀ယ်စရာရှိတာတွေ အကုန်ပြီးသွားတော့ ကျောင်းကိုသာ ပြန်လာလိုက်သည်။ သူတို့၀င်လာတော့ လူစုံနေပြီဖြစ်ကာ အကုန်လုံးက သူ့နဲ့ ဝေယံကို စောင့်နေကြသည်။

Heart's Nearest ( ONGOING )Where stories live. Discover now