(Book-2)အမြင့်မြတ်ဆုံး ကောင်း...

由 Xiao_Yiii

715K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... 更多

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး

4.2K 996 33
由 Xiao_Yiii

Unicode

အခန်း(၂၂၇)  အသေးစားအသွင်ပြောင်းအရိုးနဂါး

ယန်ထျန်းဟန်မှာစိုးရိမ်ကြောက်လန့်မှု တစ်ချို့ရှိနေသည်။သူလင်ရွှမ်းဇီကို နောက်တစ်ဖန်ပြန်ကြည့်လိုက်တဲ့အချိန် မှာတော့သူ့မျက်လုံးထဲကဒေါသထွက်မှု အားလုံးကစိုးရိမ်ပူပန်မှုများနဲ့အစား ထိုးသွားရသည်။

"ဘာလို့သူကကျွန်တော်တို့ကို သတ်ချင်ရတာလဲ?" ယန်ထျန်းဟန်ကမေးလိုက်သည်။

"အဓိကအချက်ကတော့သူမက ဆေးလုံးကန့်သတ်လျို့ဝှက်နယ်မြေ ကအကျိုးအမြတ်တွေကိုလူတွေ အများကြီးနဲ့မခွဲဝေချင်လို့ပေါ့"

သွမ့်ယွီယန်ကဒေါသတကြီးပြန်ပြောသည်။

"မုန်းစရာကောင်းလိုက်တာ...ဂုဏ်သရေ ရှိတဲ့ငါတကယ်အဲ့ဒီဆိုးသွမ်းတဲ့မိန်းမ ကိုသတ်ပစ်ချင်တယ်!"

"အကယ်၍မင်းသူ့ကိုသတ်လိုက်မယ် ဆိုရင်အဲ့ဒီအကျိုးအမြတ်တွေကို ဘယ်သူမှမရနိုင်တော့ဘူး" လင်ရွှမ်းဇီကနူးညံ့သိမ်မွေ့စွာ တုန့်ပြန်ပြောလိုက်သည်။

သွမ့်ယွီယန်ကသူ့မျက်လုံးများကို လှည့်ုလိုက်တော့၏။"ဂုဏ်သရေရှိတဲ့င ါကဒီအတိုင်းပဲပြောလိုက်တာပါဟ"

"ဒါဆိုအဲ့ဒီအကျိုးအမြတ်ဆိုတဲ့ အရာကဘာတွေမို့လို့လဲ?" ယွမ်ထျန်းဝမ်ကမေးလိုက်သည်။

"အကျိုးအမြတ်တွေကတော့ တော်တော်များတယ်ဒါပေမဲ့ငါက အာကာသအဆင့်ဆေးလုံးနဲ့ Hepta-Brilliant Sacredမီးကိုပဲလိုချင်တာ"

ယွမ်ထျန်းဝမ်နှင့်သွမ့်ယွီယန်တို့ နှစ်ယောက်လုံးတစ်ချိန်တည်းလိုလို လေအေးများရှုလိုက်မိတော့သည်။ ဒီလိုလျို့ဝှက်နယ်မြေမှာအာကာသ အဆင့်ဆေးလုံးရှိတယ်ဆိုတာကတော့ ပုံမှန်ပဲလို့သတ်မှတ်လို့ရသော်လည်း အဂ္ဂီရတ်လောကမှာနဝမအဆင့်ထိ သတ်မှတ်ခံရသည့် Hepta-Brilliant Sacred မီးပါရှိနေတာတဲ့လား?

ယန်ထျန်းဟန်ရဲ့မျက်လုံးများက မြင့်တက်သွားရသည်။

"အဖေအဲ့ဒီလိုမီးမျိုးကိုတစ်ခါပြော တာကြားဘူးတယ်...အဲ့ဒါအိမ်မက် ထဲမှာတောင်အဂ္ဂီရတ်ပညာရှင်တွေ တောင့်တရတဲ့ကောင်းကင်ဘုံ မီးတောက်မျိုးဆို!အဲ့ဒီမီးတောက်ကို သာလူတစ်ယောက်ကသန့်စင်လိုက် မယ်ဆိုရင်ဒုတိယမရှိလောက်အောင် ကြီးကျယ်မြင့်မြတ်တဲ့အဂ္ဂီရတ်ပညာ ရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်!"

သွမ့်ယွီယန်ကသူ့မျက်လုံးကိုစုကျုံ့ လိုက်၍ယန်ထျန်းဟန်အားရှုပ်ထွေး သည့်အမူအယာဖြင့်ကြည့်လိုက်ပြီးမှ သူ့အကြည့်ကနောက်ဆုံးတွင်လင်ရွှမ်းဇီ ထံရောက်သွားသည်။

သွမ့်ယွီယန်ကလင်ရွှမ်းဇီအား နက်ရှိုင်းသည့်အဓိပ္ပါယ်ဖြင့်ပြောလိုက်၏။

"ငါ့အမေချန်ထားခဲ့တဲ့စာအုပ်ထဲမှာ လည်းအဲ့ဒီHepta-Brilliant Sacred မီးမျိုးမိတ်ဆက်ထားတယ်"

လင်ရွှမ်းဇီကသူ့အကြည့်နဲ့တိုက်ရိုက် တွေ့ဆုံပြီးပေါ့ပေါ့ပါးပါးပြန်မေးလိုက်သည်။

"အဲ့ဒီမှတ်တမ်းထဲမှာဘာပြောထားလဲ?"

" Hepta-Brilliant Sacred မီးကိုအကြီးမားဆုံးအသုံးပြုတာက ဆေးလုံးသန့်စင်ဖို့မဟုတ်ပဲစိတ်ဝိဉာဉ် ကိုအာဟာရဖြည့်နိုင်ဖို့တဲ့"

ယန်ထျန်းဟန်ကရှင်းရှင်းလင်းလင်း ကိုထိုသို့အသုံးပြုပုံအားမကြားဘူးပေ။ ထို့ကြောင့်သိချင်စိတ်ဖြင့်မေးလိုက်သည်။

"'ဝိဉာဉ်ကိုအာဟာရဖြည့်တယ်' ဆိုတာဘာကိုဆိုလိုတာလဲ?"

သွမ့်ယွီယန်ကရှင်းပြသည်။

"လူသားတွေကလက်ရှိဘဝအပြင် အတိတ်ဘဝဆိုတာလည်းရှိတယ် အကယ်၍သူတို့အရင်အတိတ်ဘဝ ကဝိဉာဉ်တစ်ခုခုပျောက်ဆုံးခဲ့မယ် ဆိုရင်လက်ရှိဘဝမှာလည်းဝိဉာဉ် ပြည့်စုံမှာမဟုတ်ဘူးအကယ်၍ တစ်စုံတစ်ယောက်ကကျန်းမာ သန်စွမ်းချင်တယ်ဆိုရင်သူတို့မှာ ယန်ဝိဉာဉ်သုံးခုလုံးနဲ့ယင်ဝိဉာဉ် ခုနှစ်ခုလုံးရှိမှရမယ်...ဒီ Hepta-Brilliant Sacredမီးကဝိဉာဉ်တစ်ခုကို အစားထိုးနိုင်တယ်....အဲ့ဒီလူကသူ့ ရဲ့ပျောက်ဆုံးနေတဲ့ဝိဉာဉ်ကိုပြန်ရှာ တွေ့ပြီးရင်လည်းHepta-Brilliant Sacredမီးကိုပြန်ထုတ်ယူပြီးမီးတောက် ပြန်သန့်စင်နိုင်တယ်"

လင်ရွှမ်းဇီကသွမ့်ယွီယန်ကိုကြည့်လိုက် ပြီးဒါကအရေးကြီးတဲ့အကြောင်းအရာ ဖြစ်တာကြောင့်လျို့ဝှက်ထားရမယ် ဆိုတာကိုအရိပ်အယောင်ပြလိုက် ကာပြောလိုက်သည်။

"အဲ့ဒါငါသိထားတာနဲ့အတူတူပဲ"

ယွမ်ထျန်းဝမ်ကခေါင်းကို ခါယမ်းလိုက်သည်။

"ဒါကအရမ်းကိုအံ့သြစရာ ကောင်းတာပဲငါတော့တစ်ခါမှ မကြားဘူးဘူး"

ယန်ထျန်းဟန်ကရူးကြောင်ကြောင် လေးနှင့်မေးလာပြန်သည်။

"ဒါဆိုဝိဉာဉ်ပျောက်နေတာကဘယ်သူလဲ?"

သွမ့်ယွီယန်ကသူ့နှဖူးကိုရိုက် လိုက်တော့သည်။

"မင်းကအရူးလား?မင်းကလွဲရင် ဘယ်သူဖြစ်ဦးမှာလဲ?"

ယန်ထျန်းဟန်ကကြောင်အအလေး ဖြစ်သွားပြီးသူ့ပုံစံလေးကအတော်ကို ချစ်ခင်နှစ်သက်ဖွယ်ကောင်းနေသည်။ ထိတ်လန့်မှုကြောင့်ပါးစပ်လေးပွင့်ဟ နေရင်းဖြင့်သူ့နှာခေါင်းထိပ်ကိုလက်ညှိုး ထိုးပြလိုက်၏။

"ကျွန်တော်လား?"

သူ့အတိတ်ဘဝတုန်းကယန်ထျန်းဟန် မသေဆုံးခင်မှာလင်ရွှမ်းဇီအားပြောခဲ့သည်။

"အသက်ရှင်ရတာအရမ်းပင်ပန်းတာပဲ အကိုကြီးရယ်ကျွန်တော်နောက်ဘဝ မလိုချင်တော့ဘူးနောက်ဘဝမှာ.... ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက် ထပ်မတွေ့ကြရအောင်"

ထိုသို့ပြောပြီးသည်နှင့်သူ့နတ်ဆိုး နည်းစနစ်အားအသုံးချကာပြန်လည် ဝင်စားခြင်းစက်ဝန်းကိုမဝင်စားနိုင်ရန် သူ့ယန်ဝိဉာဉ်သုံးခုနှင့်ယင်ဝိဉာဉ်ခုနှစ်ခု အားဖြိုခွဲရန်ကြိုးစားခဲ့သည်။သို့သော် လင်ရွှမ်းဇီကသူ့ရည်ရွယ်ကိုနားလည် လိုက်ပြီးသူ့ချီအားလုံးအားအသုံးပြု၍ ယန်ထျန်းဟန်သူ့ကိုယ်သူဆုံးဖြတ်ချက် ချလိုက်သည့်ကံကြမ္မာကိုဆန့်ကျင် လိုက်သည်။

သို့သော်လင်ရွှမ်းဇီအနေနဲ့သူ့ရဲ့ယန် ဝိဉာဉ်နှစ်ခုနှင့်ယင်ဝိဉာဉ်ခြောက်ခုကို သာပြန်ကယ်တင်နိုင်ခဲ့၏။

ကျန်ရှိတဲ့ယန်ဝိဉာဉ်တစ်ခုနှင့်ယင်ဝိဉာဉ် တစ်ခုကတော့ပြိုကွဲသွားခဲ့ကာသူတို့ ဘယ်ကိုပြိုကွဲသွားခဲ့မှန်းဘယ်သူမှ မသိနိုင်ပေ။

ဒီဘဝမှာယန်ထျန်းဟန်ကယန်ဝိဉာဉ် တစ်ခုနှင့်ယင်ဝိဉာဉ်တစ်ခုပျောက်ဆုံး နေသည်။

ထို့ကြောင့်သူ့ခန္တာကိုယ်အအေးဓာတ် ကအရင်ဘဝထက်ပိုကွဲပြားပြီးပိုပြင်း ထန်နေသည်။သူ့အရင်ဘဝတုန်းက အသက်ဆုံးရှုံးခံနီးထိတောင်မနိုးထ လာခဲ့သည့်သူ့ကိုယ်ထဲကနတ်ဆိုး နတ်ဘုရားအမွေခံသွေးကြောသည် လည်းအခုတော့နိုးထလာမယ့် လက္ခဏာများပြနေပြီဖြစ်၏။

ယန်ဝိဉာဉ်တစ်ခုနှင့်ယင်ဝိဉာဉ်တစ်ခု ပျောက်ဆုံးနေသည်ဆိုသည့်အဓိပ္ပါယ် ကသူ့ဝိဉာဉ်ဘယ်တော့မှမပြည့်စုံ တော့ဘူးဟုဆိုလိုခြင်းဖြစ်သည်။ အိမ်မက်မက်နေစဉ်များမှာအတိတ် ဘဝကကိစ္စများကသူ့ကိုအမြဲတမ်း အမဲလိုက်နေလိမ့်မည်ဖြစ်သည်လေ။

လက်ရှိအခြေအနေအရဤအခြေ အနေသည်ယန်ထျန်းဟန်၏ခန္ဓာ ကိုယ်ကိုပြင်းထန်စွာမသက်ရောက် သော်လည်းပျောက်ဆုံးနေသော ဝိဉာဉ်များကြောင့်ဖြစ်ပေါ်လာသော အကျိုးဆက်များမှာယန်ထျန်းဟန်၏ ကျင့်ကြံမှုတိုးတက်လာခြင်းနှင့် အတူအလျင်အမြန်ပေါ်ပေါက်လာလိမ့်မည်။

သူ့အတိတ်ဘဝတုန်းကလင်ရွှမ်းဇီ သည် Hepta-Brilliant Sacred မီးကိုလိုက်လံရယူခဲ့သော်လည်း ရှန်ချောင်းကွန်းကသာရရှိသွားခဲ့သည်။

ဒီဘဝမှာတော့ဘာကိုပဲအပေးအယူ အဖြစ်စန့်လွှတ်ရပါစေသူတွန့်ဆုတ်နေ မှာမဟုတ်တော့ပေ။

သွမ့်ယွီယန်သည်ယန်ထျန်းဟန်ရဲ့ သနားစရာကောင်းလှသောဝိဉာဉ် ပျောက်ဆုံးနေသည့်ဝမ်းနည်းဖွယ် သတင်းထဲမှာနစ်မြှုပ်နေဆဲဖြစ်ပြီး သူ့ကိုသူမဆွဲထုတ်လာနိုင်သေးသော် လည်းသူပြန်လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ယန်ထျန်းဟန်က လင်ရွှမ်းဇီကိုဆေးပြန်လိမ်းပေး နေပြီဖြစ်သည်။

သွမ့်ယွီယန် , "...."

သူတကယ်ပဲယန်ထျန်းဟန်လက် ထဲကဆေးဆီပုလင်းကိုပုတ်ထုတ် လိုက်ချင်မိသည်။

"မင်းကဝိဉာဉ်ပျောက်ဆုံးနေတာလေ ဘယ်လိုများဒီလိုဧရာမသတင်းကြီး ကိုလျစ်လျူရှုနိုင်ရတာလဲ?"

ယန်ထျန်းဟန်ကသူ့ခေါင်းကိုမော့ပြီး သွမ့်ယွီယန်အားတောက်ပကြည်လင် နေသည့်မျက်လုံးဝိုင်းကြီးတစ်စုံနှင့် လှမ်းကြည့်သည်။

"ကျွန်တော်ဂရုစိုက်နေရင်တောင် ဘာမှ,မှမလုပ်နိုင်တာ..ပြီးတော့လည်း အကိုကြီးကကျွန်တော့်အတွက်စိတ် ပူပေးနေတာကိုကျွန်တော်ကဘာလို့ စိတ်ပူနေရမှာလဲ?အကိုကြီးရဲ့အခြေ အနေကမှအခုချိန်မှာအဓိကဦးစားပေးပဲ"

သွမ့်ယွီယန်ကချက်ချင်း မကျေမနပ်ဖြစ်သွားသည်။

"မင်းကတကယ့်ကိုကိုယ်စားပြု ညီငယ်လေးပဲနော်သူမင်းကိုဒေါသ ထွက်အောင်လုပ်ခဲ့တဲ့အချိန်တွေ ကိုမေ့သွားပြီလား?"

ယန်ထျန်းဟန်ကမျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးပြန်ဖြေသည်။

"ရိုက်နှက်ခြင်းကချစ်ခြင်းမေတ္တာတဲ့ ပြီးတော့အဲ့ဒီထက်ပိုပြီးချစ်တယ် ဆိုရင်ခြေထောက်နဲ့သာကန်ပစ်တဲ့"

သွမ့်ယွီယန်ကရုတ်တရက် စဉ်းစားမရဖြစ်သွားသည်။

"အဲ့ဒီလိုပေါက်ကရစကားတွေ မင်းဘယ်ကကြားလာတာလဲ?"

"ကျွန်တော့အဖေပြောဘူးတာလေ" ယန်ထျန်းဟန်ကပြောရင်းဖြင့်ပင် လင်ရွှမ်းဇီအားဆေးဂရုတစိုက် ဆက်လိမ်းပေးနေသည်။

သွမ့်ယွီယန်, "..."

ဝမ့်လင်းဟွားရဲ့ဆေးဆီကအတော် လေးကောင်းလှသည်။လင်ရွှမ်းဇီရဲ့ ဒဏ်ရာကဆေးလိမ်းပြီးပြီးချင်း ပဲသွေးထွက်တာရပ်သွားခဲ့လေသည်။ ယန်ထျန်းဟန်သည်အတွင်းဝတ်မှ နူးညံ့ပြီးသန့်ရှင်းသောအဝတ်စတစ်ခုကို ဆုတ်ဖြဲလိုက်ကာသူ့ဒဏ်ရာကိုပတ်ပေး လိုက်၏။

သွမ့်ယွီယန်ကသူ့ရဲ့ကျွမ်းကျင်သော လှုပ်ရှားမှုကိုကြည့်ကာဘာမှမတတ် နိုင်ပဲလျှာကိုသာကိုက်မိသည်။

"မင်းလုပ်နေတာတော်တော်လေး ကောင်းတာပဲ"

"သေချာတာပေါ့" ယန်ထျန်းဟန်ကဂုဏ်ယူဝံ့ကြွား စွာပြန်ပြောသည်။

"အလေ့အကျင့်ကပြီးပြည့်စုံစေတယ်လေ!"

"မင်းတစ်ချိန်လုံးထိခိုက်နေတာလား?" သွမ့်ယွီယန်ရဲ့နှလုံးသားကရုတ်တရက် နာကျင်သွားရသည်။

"ဟုတ်တယ်လေ" ယန်ထျန်းဟန်ကခေါင်းညိမ့်ပြပြီး သူ့မျက်နှာသေးသေးလေးကခါး သက်နေသည့်အမူအယာဖြင့်ပြန်ပြောသည်။

"ကျွန်တော်ကလေးဘဝတုန်းက အပေါ်တက်အောက်ဆင်းရတာကို အထူးတလှယ်ကြိုက်တယ်..တစ်ခါ တုန်းကဆိုရင်အပင်ထိပ်ကိုတက်ပြီး ငှက်သိုက်သွားနှိုက်တာငှက်မိသွားလို့ လေ..အဲ့ဒါအဲ့ဒီငှက်ကကျွန်တော့ကို ဆိတ်ပြီးသစ်ပင်အောက်ပြုတ်ကျ အောင်လုပ်လိုက်တာပြီးတော့ပြုတ် ကျတဲ့အချိန်မှာကျွန်တော့ခြေထောက် ပေါ်ကအသားတွေတောင်ပြဲသွားတယ် တော်တော်နာတာဗျ!"

သွမ့်ယွီယန်, "...."

သေလိုက်ပါတော့ငါကတော့ တစ်ချိန်လုံးထိခိုက်နာကျင်နေရ တယ်ဆိုပြီးမင်းအတွက်ဝမ်းနည်း ပေးနေတာလေကွာ!

လင်ရွှမ်းဇီကသန့်ရှင်းသည့်အဝတ် တစ်စုံအားလဲလှယ်လိုက်ပြီးသူ့မူလ အဝတ်ကိုတိုက်ရိုက်မီးရှို့ပစ်လိုက်သည်။

အကယ်၍တစ်စုံတစ်ယောက်ရဲ ခန္တာ့အတွင်းပိုင်းနှင့်သက်ဆိုင်သော ပစ္စည်းတစ်စုံတစ်ခုကိုချန်ထားခဲ့လျှင် အဲ့ဒါကမလိုလားအပ်သည့်ပြဿနာ များစွာကိုဖန်တီးနိုင်ရန်အလွန်လွယ် ကူလှသည်။

ရုတ်တရက်ပင်သူတို့ဂူထဲသို့ပထမဆုံး အကြိမ်ဝင်ရောက်ခဲ့ကတည်းကသူတို့ရဲ့ တည်ရှိမှုကိုတတ်နိုင်သမျှလျှော့ချရန် ကြိုးစားနေကြသည့်အားပိုင်နှင့်ဟူပိုတို့ ကတစ်ပြိုင်နက်တည်းလိုလို'အာဝု'ဆို သည့်အသံလေးများဖြင့်အော်လာခဲ့ သည်။ဟူပိုကသူ့ခန္တာကိုယ်ကိုနှိမ့်ပြီး စတင်စီးဆင်းနေပြီဖြစ်သည့်ငွေရောင် မြစ်အားစိုက်ပြည့်နေကာအင်အားကြီး မားသောရန်သူနှင့်ရင်ဆိုင်ရသကဲ့သို့ အသံတိုးတိုးဖြင့်မာန်ဖီရင်းတုန်လှုပ် စွာဖြင့်လှုပ်ရမ်းနေသည်။

တစ်ခြားတစ်ဖက်မှာတော့အားပိုင် ကအလွန်စိုးရိမ်နေသကဲ့သို့လင်ရွှမ်းဇီ နှင့်ယန်ထျန်းဟန်တို့ရဲ့ခြေထောက် ပတ်ပတ်လည်မှာပတ်ပြေးနေသည်။

"အချိန်ကျပြီ" လင်ရွှမ်းဇီကမတ်တပ်ထရပ်လိုက် ပြီးကျောက်စိမ်းအခေါင်းကိုလှမ်း ကြည့်လိုက်သည်။

မူလကသူမရဲ့အင်အားပြန်ရအောင် တရားထိုင်နေသည့်ရှန်ရူပင်းသည် လည်းရုတ်တရက်သူမရဲ့မျက်လုံး များကိုဖွင့်၍မတ်တပ်ထရပ်လာ၏။

အသေးစားအသွင်ပြောင်းအရိုးနဂါး သည်၎င်း၏နောက်ကျောကိုဆွဲတင် လိုက်ပြီးမြစ်ကဲ့သို့သောပုံစံသည် လျင်မြန်စွာမြွေနှင့်တူသောနတ်ဆိုး တကောင်ပုံစံဖြစ်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်ငွေရောင် ဖြစ်၍အနီရောင်ပြွန်ကဲ့သိုသော ရှည်လျားလှသည့်အရာသည်သာ မြွေ၏ခေါင်းမှအမြီးအထိရှိနေသည်။

အသေးစားအသွင်ပြောင်းအရိုးနဂါး ကသူ့ခေါင်းပေါ်တွင်မျက်လုံးလည်း မရှိပဲကြည့်ရတာရှင်းလင်းနေသည့် ကြာပွတ်တစ်ခုနှင့်ပင်တူနေသည်။

ကျောက်စိမ်းအခေါင်းသည်လည်း စတင်တုန်ခါလာသည်။

ရှန်ရူပင်းသည်ယခုအချိန်အား အခွင့်ကောင်းယူ၍သူမစုဆောင်းထား သမျှချီအားလုံးကိုအသုံးချကာလေထဲ သို့ခုန်ချလိုက်ရင်းဖြင့်သူမရဲ့လက်ချောင်း ထိပ်ကိုကိုက်၍သွေးတစ်စက်ထုတ်ယူ ပြီးကျောက်စိမ်းအခေါင်းဆီသို့ပစ်ထုတ် လိုက်သည်။

ကျောက်စိမ်းအခေါင်း၏အဖုံးပေါ် အလယ်ဗဟိုတည့်တည့်ကိုသွေးတစ် စက်ကျဆင်းသွားသည်နှင့်အနီရောင် အခင်းအကျင်းတစ်ခုပေါ်ထွက်လာပြီး ခေါင်းတစ်လားတစ်ခုလုံးကိုအလယ် အဖြစ်ထားသကဲ့သို့ဦးတည်ရာလေး ဘက်လုံးကိုပျံ့နှံ့ထွက်သွားကာတောင် ခန်းမတစ်ခုလုံးကိုဖုန်းလွှမ်းသွားသည်။ ခေါင်းတလားကမြေပေါ်သို့ပြန်ပြုတ် ကျသွား၏။အသေးစားအသွင်ပြောင်း အရိုးနဂါးသည်လည်းပေါ်ထွက်လာ သည့်နက်ပြာရောင်မီးတောက်များ ကြားထဲတွင်ပိတ်မိသွားပြီးငိုကြွေး မည်တမ်းနေသည်။

ထိုအချိန်မှာပဲတစ်ခါမှာတစ်ယောက် သာဖြတ်သန်းခွင်ပြုသည့်ကျောက် တုန်းတံခါးကလင်ရွှမ်းဇီနှင့်ရှန်ရူပင်း တို့ရဲ့အလယ်တည့်တည့်ရှိအရှေ့ ဘက်ကျောက်တုန်းနံရံမှနေ၍ပွင့်လာသည်

"သွား!" လင်ရွှမ်းဇီကတစ်ခွန်းတည်းသာ အော်လိုက်ကာယန်ထျန်းဟန်ကို ဆွဲခေါ်၍တံခါးဆီပြေးဝင်လိုက်သည်။

သို့သော်ယန်ထျန်းဟန်ရဲ့ခြေထောက် ပေါ်ကိုတွားသွားနေသည့်လက်တံ တစ်ခုကတက်လာပြီးသူ့ခြေထောက် ပတ်ပတ်လည်မှာပတ်ချည်လိုက်သ လိုဖြစ်သွားတာကြောင့်'အာ့!'ဟူသော အော်သံတစ်ခုနှင့်မြေပေါ်သို့ပစ်လဲကျ သွားရသည်။

"အားဟန်!" လင်ရွှမ်းဇီကချက်ချင်းရပ်လိုက်ပြီး ဓားမြှောင်တစ်ခုအားထုတ်ယူကာ လက်တံကိုဖြတ်ထုတ်ရန်လုပ်လိုက်သည်။

ဒီလုပ်ဆောင်မှုကသူတို့ကို နောက်ကျသွားစေ၏။

ရှန်ရူပင်းကသူမလက်ထဲကအဆောင် ကိုဆုတ်ဖြဲလိုက်ပြီးတံခါးဆီသို့အလျင် အမြန်ဖြင့်လျှပ်တပြတ်ဝင်ရောက် သွားသည်။သူမကတံခါးနားရှိယန္တရား လက်တံတစ်ခုကိုဖြုတ်ချရန်လုပ် လိုက်သော်လည်းသူမရဲလက်မောင်း အားသူမနဲ့နီးနီးကပ်ကပ်လိုက်လာ သည့်ယွမ်ထျန်းဝမ်ကရိုက်ချလိုက် လေသည်။

နှစ်ယောက်သားကျောက်တုန်း တံခါးရှေ့မှာစတင်တိုက်ခိုက်ကြတော့သည်။

သူတို့ပိုပြီးတိုက်ခိုက်လေလေ တံခါးနှင့်ပိုပြီးဝေးကွာလေလေ ဖြစ်လာသည်။ရှန်ရူပင်းက ယွမ်ထျန်းဝမ်နှင့်ဆက်လက် မရှုပ်ထွေးချင်တော့တာကြောင့် ကျောက်တုန်းတံခါးအားဖြတ်သန်း ရန်ကြိုးပမ်းလိုက်သေ်ာလည်း ယွမ်ထျန်းဝမ်ကသူ့ဓားရှည်အား ဆွဲထုတ်ကာသူမရဲ့ရင်ဘက်နား ကိုတည်၍သွားမည့်လမ်းကို ပိတ်ထားလိုက်သည်။

ရှန်ရူပင်းကပြင်းထန်စွာပြော၏။

"ကျွန်မလမ်းကနေဖယ်စမ်းမဟုတ် ရင်ဒီနေရာမှာအတူတူသေသွားလိမ့်မယ်!"

ယွမ်ထျန်းဝမ်ကမထီမဲ့မြင်ပြန်ပြောသည်။

"ချစ်ခြင်းမေတ္တာဆိုတဲ့နာမည်အောက် မှာမင်းနဲ့ဘယ်သူကအတူတူသေချင်မှာလဲ?"

အဲ့ဒီလိုနဲ့သူ့ဓားကနောက်တစ်ဖန် လွှဲချလာပြန်သည်။

ထို့ကြောင့်ကျောက်တုန်းတံခါးကို ပထမဆုံးဖြတ်သန်းသွားတဲ့သူက သွမ့်ယွီယန်နှင့်အနီးကပ်လိုက်သွား သည့်ဝမ့်လင်းဟွားနှင့်ကျင့်ဖန့်ဖေး တို့ဖြစ်သွားသည်။

ချီအာ့သည်လည်းသူ့ရဲ့ယိုယွင်းနေ သည့်ခန္တာကိုယ်ကိုတရွတ်တိုက်ဆွဲ ကာထိုဘက်သို့သွားနေသည်။အားပိုင် မှာဆက်ပြီးမကြည့်ရက်တော့သကဲ့သို့ ချီအာ့ရဲ့ကော်လာအားသူ့ပါးစပ်ဖြင့် ကိုက်ယူလိုက်ပြီးချီအာ့ကိုရှေ့သို့ ဆွဲခေါ်သွားတော့၏။

"အား!"

ချိုးလုကတစ်ဖက်သို့လှည့်ကြည့် လိုက်တဲ့အချိန်မှာအစိမ်းပုပ်ရောင် လက်တံများကနက်ပြာရောင် မီးတောက်ကြားထဲမှနေ၍မမျှော် လင့်ထားစွာထွက်ပေါ်လာပြီး ဝူရှစ်ယင်ရဲ့ခြေကျင်းအားရစ်ပတ် ကာသူမကိုမြေပေါ်ပစ်ချလိုက် သည်ကိုမြင်လိုက်ရသည်။

ချိုးလုကသူမရဲ့ဓားကိုထုတ်၍အ လျင်အမြန်ခုတ်လိုက်သော်လည်း သူမတစ်ခုကိုဖြတ်ပြီးရင်နောက်ထပ် နှစ်ခုထပ်ပေါ်လာသည်။

လင်ရွှမ်းဇီရဲ့ဘက်မှာတော့သူက ထိပ်တန်းအဆင့်တိုက်ခိုက်ရေး လက်နက်တစ်ခုအားတွန့်ဆုတ်မှု မရှိပဲပစ်ထုတ်လိုက်ပြီးအလယ်ရှိ လက်တံအားလုံးကိုဖြတ်ထုတ်လိုက်သည်။

ယန်ထျန်းဟန်ရဲ့ခြေကျင်းကဒဏ်ရာ ရသွားသောကြောင့်ယန်ထျန်းဟန်က သူ့ကိုမချီလိုက်ပြီးကျောက်တုန်းတံခါး ရှိရာအလျင်အမြန်ပြေးဝင်ရင်းဖြတ် သွားလိုက်သည်။

"ရှစ်ကျဲ!"
ချိုးလုကအပိုင်းတစ်ခုကိုဖြတ်လေ လေလက်တံများကပိုပိုပြီးထွက်လာ လေလေဖြစ်နေသည်။ရှန်ရူပင်းက လည်းယွမ်ထျန်းဝမ်နှင့်တိုက်ခိုက်နေ ဆဲဆိုတာကိုမြင်သောအခါစိုးရိမ်တ ကြီးအော်ဟစ်လိုက်လေ၏။

ကျောက်တံခါးကစတင်ပြန်ဆင်းလာသည်။

"ယွမ်ထျန်းဝမ်ဘာလို့သောက်လုပ် မဟုတ်ဆက်တိုက်နေသေးတာလဲ ဒီကိုအခုလာခဲ့!"

သွမ့်ယွိယန်ကအော်ဟစ်လိုက်သော အခါယွမ်ထျန်းဝမ်ကလျှပ်စီးတစ် ကြောင်းလိုက်သွားသလိုမျိုးခံစား လိုက်ရပြီးသူ့ရဲ့တိုက်ခိုက်မှုကိုပြန် ရုတ်သိမ်းလိုက်ကာရှုံ့မဲ့နေသည့် မျက်နှာဖြင့်ကျောက်တုန်းတံခါး အောက်သို့လျှိုဝင်လိုက်သည်။

"သူမကိုထားခဲ့လိုက်တော့!သွား!" ရှန်ရူပင်းကအော်ခေါ်လိုက်ရင်းဖြင့် အလျင်အမြန်ပင်ကျောက်တုန်းတံခါး ဆီပြေးဝင်သွားသည်။ချိုးလုကပိုပိုပြီး ချည်နှောင်ခံလာရသည့်ဝူရှစ်ယင်ကို နောက်ဆုံးခွဲခွာခြင်းအကြည့်တစ်ချက် ပေး၍တစ်ဖက်သို့လှည့်ကာပြေးထွက် သွားတော့လေသည်။

ဝူရှစ်ယင်ရဲ့မျက်နှာပေါ်မှာစိတ်ပျက် ဝမ်းနည်းသည့်အမူအယာပေါ်လာခဲ့သည်။

သူမရဲ့နောက်မှအနက်ရောင်မီးတောက် များအောက်တွင်အသေးစားအသွင် ပြောင်းအရိုးနဂါးကဒေါသတကြီးအော် ဟစ်မာန်ဖီလိုက်ရင်းကျောက်တုန်းတံခါး ဆီပြေးဝင်လာပြီဖြစ်သည်။

ဘန်းဆိုတဲ့အသံနှင့်အတူကျောက်တုန်း တံခါးကတည်းပိတ်သွားခဲ့ပြီးအသေး စားအသွင်ပြောင်းအရိုးနဂါးသည် လည်းရပ်တန့်သွားရ၏။

သို့သော်အထဲမှာကျန်ခဲ့သည့် ဝူရှစ်ယင်ကတော့အသေးစား အသွင်ပြောင်းအရိုးနဂါးရဲ့ကျိတ် ျခြခြင်းကိုခံလိုက်ရကာသွေးအိုင် တစ်ကွက်သာကျန်ခဲ့၍သူမရဲ့အရိုး ပင်မမြင်ရတော့ပေ။

ဆံပင်မွှေးထောင်ပြီးကြောက်လန့်ရ မယ့်အချိန်ကာလကပြီးဆုံးသွားခဲ့ပြီ... အသက်ရှင်ကျန်ရစ်သူများအားလုံးက အနက်ရောင်တောင်နံရံအားမှီကာ အသက်ကိုလုရှုနေကြရသည်။

သူတို့သည်ဘေးအန္တရာယ်မှလွတ် မြောက်ခဲ့ကြပြီဖြစ်သော်လည်း ၎င်းသည်လင်ရွှမ်းဇီအတွက်တော့သူ့ ရဲ့အဆုံးစွန်ရည်မှန်းချက်ကိုအောင်မြင် နိုင်ဖို့မလုံလောက်သေးပေ။

"တောင်သခင်မလေးရှန်" လင်ရွှမ်းဇီကအမှောင်ထဲမှာ အသက်ကိုအသည်းအသန်ရှုနေ သည့်ရှန်ရူပင်းအားတည့်တည့် စိုက်ကြည့်လိုက်ကာဆက်ပြောလိုက်သည်။

"အကယ်၍ခင်ဗျားမှာရှေ့လျှောက် ရမယ့်လမ်းတစ်လျှောက်လုံးမကောင်း တဲ့အကြံအစည်တွေရှိဦးမယ်ဆိုရင် ကျုပ်နောက်တစ်လမ်းရွေးရလည်း စိတ်မရှိဘူးနော်"

ရှန်ရူပင်းကရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားရသည်။

"တစ်ခြားလမ်းကြောင်းတွေ ရှိသေးတယ်ဆိုတာရှင်ဘယ်လို လုပ်သိလဲ?ဒီလျို့ဝှက်မြေအကြောင်း ကိုတကယ်ပဲရှင်ဘယ်လောက် တောင်သိနေတာလဲ?"

"တောင်သခင်မလေးရှန်ထက် တော့မလျှော့ပါဘူး"

ရှန်ရူပင်းကခဏမျှစဉ်းစားလိုက်ပြီး မှအေးစက်စက်ပြုံးလိုက်သည်။

"ကြည့်ရတာလက်မှုပညာရှင်လင် ကကျွန်မကိုအစပိုင်းတုန်းကချည်း ကပ်ခဲ့တာလမ်းကိုဦးဆောင်စေချင် လို့ထင်တယ်!"

"ကျုပ်ခင်ဗျားကိုမချဉ်းကပ်ခဲ့ပါဘူး... လုံးဝဆန့်ကျင်ဘက်ပဲ...နားလည်မှု လွဲတာတွေကိုရှောင်ရှားနိုင်ဖို့အစားကို ကြုံသလိုစားလို့ရပေမယ့်စကားကို ကြုံသလိုမပြောသင့်ဘူး"

ရှန်ရူပင်းရဲ့အမူအယာကပြာနှမ်း လာသော်လည်းအမှောင်ထဲမှာ ဘယ်သူမှမပြောနိုင်ပေ။

ခဏလောက်ကြာမှသာရှန်ရူပင်း ကနှာခေါင်းရှုံ့လိုက်သည်။

"ကျွန်မရဲ့ကံကြမ္မာရှင့်လက်ထဲ ကျရောက်သွားရတာကိုကျွန်မ လက်ခံပါတယ်ဒါပေမဲ့....ရှင် ဒီအမှိုက်ကိုပါခေါ်သွားမလို့လား?"

ရှန်ရူပင်းကမြေပေါ်မှာတစ်ဝက်သေ သလိုလဲလျောင်းနေသည့်ချီမိသားစုမှ ဒုတိယသခင်လေးကိုလက်ညှိုးညွှန် လိုက်ပြီးသူမရဲ့မျက်လုံးထဲမှာသတ် ဖြတ်ချင်သည့်ရည်ရွယ်ချက်ပေါ်နေ ကာသူ့အသက်ကိုအဆုံးသတ်ချင်နေ တယ်ဆိုတာထင်ရှားနေသည်။

.................................................

Next Episode

ဒီလိုလူမှုရေးလှေကားကို တော့မတတ်နိုင်ဘူး

.................................................
Zawgyi

အခန္း(၂၂၇) - အေသးစားအသြင္ေျပာင္းအ႐ိုးနဂါး

ယန္ထ်န္းဟန္မွာစိုးရိမ္ေၾကာက္လန္႔မႈ တစ္ခ်ိဳ႔ရွိေနသည္။သူလင္ရႊမ္းဇီကို ေနာက္တစ္ဖန္ျပန္ၾကည့္လိုက္တဲ့အခ်ိန္ မွာေတာ့သူ႔မ်က္လံုးထဲကေဒါသထြက္မႈ အားလံုးကစိုးရိမ္ပူပန္မႈမ်ားနဲ႔အစား ထိုးသြားရသည္။

"ဘာလို႔သူကကၽြန္ေတာ္တို႔ကို သတ္ခ်င္ရတာလဲ?" ယန္ထ်န္းဟန္ကေမးလိုက္သည္။

"အဓိကအခ်က္ကေတာ့သူမက ေဆးလံုးကန္႔သတ္လ်ိဳ႔ဝွက္နယ္ေျမ ကအက်ိဳးအျမတ္ေတြကိုလူေတြ အမ်ားႀကီးနဲ႔မခြဲေဝခ်င္လို႔ေပါ့"

သြမ့္ယြီယန္ကေဒါသတႀကီးျပန္ေျပာသည္။

"မုန္းစရာေကာင္းလိုက္တာ...ဂုဏ္သေရ ရွိတဲ့ငါတကယ္အဲ့ဒီဆိုးသြမ္းတဲ့မိန္းမ ကိုသတ္ပစ္ခ်င္တယ္!"

"အကယ္၍မင္းသူ႔ကိုသတ္လိုက္မယ္ ဆိုရင္အဲ့ဒီအက်ိဳးအျမတ္ေတြကို ဘယ္သူမွမရႏိုင္ေတာ့ဘူး" လင္ရႊမ္းဇီကႏူးညံ့သိမ္ေမြ႕စြာ တုန္႔ျပန္ေျပာလိုက္သည္။

သြမ့္ယြီယန္ကသူ႔မ်က္လံုးမ်ားကို လွည့္ုလိုက္ေတာ့၏။"ဂုဏ္သေရရွိတဲ့င ါကဒီအတိုင္းပဲေျပာလိုက္တာပါဟ"

"ဒါဆိုအဲ့ဒီအက်ိဳးအျမတ္ဆိုတဲ့ အရာကဘာေတြမို႔လို႔လဲ?" ယြမ္ထ်န္းဝမ္ကေမးလိုက္သည္။

"အက်ိဳးအျမတ္ေတြကေတာ့ ေတာ္ေတာ္မ်ားတယ္ဒါေပမဲ့ငါက အာကာသအဆင့္ေဆးလံုးနဲ႔ Hepta-Brilliant Sacredမီးကိုပဲလိုခ်င္တာ"

ယြမ္ထ်န္းဝမ္ႏွင့္သြမ့္ယြီယန္တို႔ ႏွစ္ေယာက္လံုးတစ္ခ်ိန္တည္းလိုလို ေလေအးမ်ားရွဳလိုက္မိေတာ့သည္။ ဒီလိုလ်ိဳ႔ဝွက္နယ္ေျမမွာအာကာသ အဆင့္ေဆးလံုးရွိတယ္ဆိုတာကေတာ့ ပံုမွန္ပဲလို႔သတ္မွတ္လို႔ရေသာ္လည္း အဂၢီရတ္ေလာကမွာနဝမအဆင့္ထိ သတ္မွတ္ခံရသည့္ Hepta-Brilliant Sacred မီးပါရွိေနတာတဲ့လား?

ယန္ထ်န္းဟန္ရဲ႔မ်က္လံုးမ်ားက ျမင့္တက္သြားရသည္။

"အေဖအဲ့ဒီလိုမီးမ်ိဳးကိုတစ္ခါေျပာ တာၾကားဘူးတယ္...အဲ့ဒါအိမ္မက္ ထဲမွာေတာင္အဂၢီရတ္ပညာရွင္ေတြ ေတာင့္တရတဲ့ေကာင္းကင္ဘံု မီးေတာက္မ်ိဳးဆို!အဲ့ဒီမီးေတာက္ကို သာလူတစ္ေယာက္ကသန္႔စင္လိုက္ မယ္ဆိုရင္ဒုတိယမရွိေလာက္ေအာင္ ႀကီးက်ယ္ျမင့္ျမတ္တဲ့အဂၢီရတ္ပညာ ရွင္တစ္ေယာက္ျဖစ္လာလိမ့္မယ္!"

သြမ့္ယြီယန္ကသူ႔မ်က္လံုးကိုစုက်ံဳ႔ လိုက္၍ယန္ထ်န္းဟန္အားရွဳပ္ေထြး သည့္အမူအယာျဖင့္ၾကည့္လိုက္ၿပီးမွ သူ႔အၾကည့္ကေနာက္ဆံုးတြင္လင္ရႊမ္းဇီ ထံေရာက္သြားသည္။

သြမ့္ယြီယန္ကလင္ရႊမ္းဇီအား နက္႐ွိဳင္းသည့္အဓိပၸါယ္ျဖင့္ေျပာလိုက္၏။

"ငါ့အေမခ်န္ထားခဲ့တဲ့စာအုပ္ထဲမွာ လည္းအဲ့ဒီHepta-Brilliant Sacred မီးမ်ိဳးမိတ္ဆက္ထားတယ္"

လင္ရႊမ္းဇီကသူ႔အၾကည့္နဲ႔တိုက္႐ိုက္ ေတြ႕ဆံုၿပီးေပါ့ေပါ့ပါးပါးျပန္ေမးလိုက္သည္။

"အဲ့ဒီမွတ္တမ္းထဲမွာဘာေျပာထားလဲ?"

" Hepta-Brilliant Sacred မီးကိုအႀကီးမားဆံုးအသံုးျပဳတာက ေဆးလံုးသန္႔စင္ဖို႔မဟုတ္ပဲစိတ္ဝိဉာဥ္ ကိုအာဟာရျဖည့္ႏိုင္ဖို႔တဲ့"

ယန္ထ်န္းဟန္ကရွင္းရွင္းလင္းလင္း ကိုထိုသို႔အသံုးျပဳပံုအားမၾကားဘူးေပ။ ထို႔ေၾကာင့္သိခ်င္စိတ္ျဖင့္ေမးလိုက္သည္။

"'ဝိဉာဥ္ကိုအာဟာရျဖည့္တယ္' ဆိုတာဘာကိုဆိုလိုတာလဲ?"

သြမ့္ယြီယန္ကရွင္းျပသည္။

"လူသားေတြကလက္ရွိဘဝအျပင္ အတိတ္ဘဝဆိုတာလည္းရွိတယ္ အကယ္၍သူတို႔အရင္အတိတ္ဘဝ ကဝိဉာဥ္တစ္ခုခုေပ်ာက္ဆံုးခဲ့မယ္ ဆိုရင္လက္ရွိဘဝမွာလည္းဝိဉာဥ္ ျပည့္စံုမွာမဟုတ္ဘူးအကယ္၍ တစ္စံုတစ္ေယာက္ကက်န္းမာ သန္စြမ္းခ်င္တယ္ဆိုရင္သူတို႔မွာ ယန္ဝိဉာဥ္သံုးခုလံုးနဲ႔ယင္ဝိဉာဥ္ ခုႏွစ္ခုလံုးရွိမွရမယ္...ဒီ Hepta-Brilliant Sacredမီးကဝိဉာဥ္တစ္ခုကို အစားထိုးႏိုင္တယ္....အဲ့ဒီလူကသူ႔ ရ႔ဲေပ်ာက္ဆံုးေနတဲ့ဝိဉာဥ္ကိုျပန္ရွာ ေတြ႕ၿပီးရင္လည္းHepta-Brilliant Sacredမီးကိုျပန္ထုတ္ယူၿပီးမီးေတာက္ ျပန္သန္႔စင္ႏိုင္တယ္"

လင္ရႊမ္းဇီကသြမ့္ယြီယန္ကိုၾကည့္လိုက္ ၿပီးဒါကအေရးႀကီးတဲ့အေၾကာင္းအရာ ျဖစ္တာေၾကာင့္လ်ိဳ႔ဝွက္ထားရမယ္ ဆိုတာကိုအရိပ္အေယာင္ျပလိုက္ ကာေျပာလိုက္သည္။

"အဲ့ဒါငါသိထားတာနဲ႔အတူတူပဲ"

ယြမ္ထ်န္းဝမ္ကေခါင္းကို ခါယမ္းလိုက္သည္။

"ဒါကအရမ္းကိုအံ့ၾသစရာ ေကာင္းတာပဲငါေတာ့တစ္ခါမွ မၾကားဘူးဘူး"

ယန္ထ်န္းဟန္က႐ူးေၾကာင္ေၾကာင္ ေလးႏွင့္ေမးလာျပန္သည္။

"ဒါဆိုဝိဉာဥ္ေပ်ာက္ေနတာကဘယ္သူလဲ?"

သြမ့္ယြီယန္ကသူ႔ႏွဖူးကို႐ိုက္ လိုက္ေတာ့သည္။

"မင္းကအ႐ူးလား?မင္းကလြဲရင္ ဘယ္သူျဖစ္ဦးမွာလဲ?"

ယန္ထ်န္းဟန္ကေၾကာင္အအေလး ျဖစ္သြားၿပီးသူ႔ပံုစံေလးကအေတာ္ကို ခ်စ္ခင္ႏွစ္သက္ဖြယ္ေကာင္းေနသည္။ ထိတ္လန္႔မႈေၾကာင့္ပါးစပ္ေလးပြင့္ဟ ေနရင္းျဖင့္သူ႔ႏွာေခါင္းထိပ္ကိုလက္ၫွိဳး ထိုးျပလိုက္၏။

"ကၽြန္ေတာ္လား?"

သူ႔အတိတ္ဘဝတုန္းကယန္ထ်န္းဟန္ မေသဆံုးခင္မွာလင္ရႊမ္းဇီအားေျပာခဲ့သည္။

"အသက္ရွင္ရတာအရမ္းပင္ပန္းတာပဲ အကိုႀကီးရယ္ကၽြန္ေတာ္ေနာက္ဘဝ မလိုခ်င္ေတာ့ဘူးေနာက္ဘဝမွာ.... ကၽြန္ေတာ္တို႔တစ္ေယာက္နဲ႔တစ္ေယာက္ ထပ္မေတြ႕ၾကရေအာင္"

ထိုသို႔ေျပာၿပီးသည္ႏွင့္သူ႔နတ္ဆိုး နည္းစနစ္အားအသံုးခ်ကာျပန္လည္ ဝင္စားျခင္းစက္ဝန္းကိုမဝင္စားႏိုင္ရန္ သူ႔ယန္ဝိဉာဥ္သံုးခုႏွင့္ယင္ဝိဉာဥ္ခုႏွစ္ခု အားၿဖိဳခြဲရန္ႀကိဳးစားခဲ့သည္။သို႔ေသာ္ လင္ရႊမ္းဇီကသူ႔ရည္ရြယ္ကိုနားလည္ လိုက္ၿပီးသူ႔ခ်ီအားလံုးအားအသံုးျပဳ၍ ယန္ထ်န္းဟန္သူ႔ကိုယ္သူဆံုးျဖတ္ခ်က္ ခ်လိုက္သည့္ကံၾကမၼာကိုဆန္႔က်င္ လိုက္သည္။

သို႔ေသာ္လင္ရႊမ္းဇီအေနနဲ႔သူ႔ရဲ႔ယန္ ဝိဉာဥ္ႏွစ္ခုႏွင့္ယင္ဝိဉာဥ္ေျခာက္ခုကို သာျပန္ကယ္တင္ႏိုင္ခဲ့၏။

က်န္ရွိတဲ့ယန္ဝိဉာဥ္တစ္ခုႏွင့္ယင္ဝိဉာဥ္ တစ္ခုကေတာ့ၿပိဳကြဲသြားခဲ့ကာသူတို႔ ဘယ္ကိုၿပိဳကြဲသြားခဲ့မွန္းဘယ္သူမွ မသိႏိုင္ေပ။

ဒီဘဝမွာယန္ထ်န္းဟန္ကယန္ဝိဉာဥ္ တစ္ခုႏွင့္ယင္ဝိဉာဥ္တစ္ခုေပ်ာက္ဆံုး ေနသည္။

ထို႔ေၾကာင့္သူ႔ခႏာၱကိုယ္အေအးဓာတ္ ကအရင္ဘဝထက္ပိုကြဲျပားၿပီးပိုျပင္း ထန္ေနသည္။သူ႔အရင္ဘဝတုန္းက အသက္ဆံုးရွံဳးခံနီးထိေတာင္မႏိုးထ လာခဲ့သည့္သူ႔ကိုယ္ထဲကနတ္ဆိုး နတ္ဘုရားအေမြခံေသြးေၾကာသည္ လည္းအခုေတာ့ႏိုးထလာမယ့္ လကၡဏာမ်ားျပေနၿပီျဖစ္၏။

ယန္ဝိဉာဥ္တစ္ခုႏွင့္ယင္ဝိဉာဥ္တစ္ခု ေပ်ာက္ဆံုးေနသည္ဆိုသည့္အဓိပၸါယ္ ကသူ႔ဝိဉာဥ္ဘယ္ေတာ့မွမျပည့္စံု ေတာ့ဘူးဟုဆိုလိုျခင္းျဖစ္သည္။ အိမ္မက္မက္ေနစဥ္မ်ားမွာအတိတ္ ဘဝကကိစၥမ်ားကသူ႔ကိုအၿမဲတမ္း အမဲလိုက္ေနလိမ့္မည္ျဖစ္သည္ေလ။

လက္ရွိအေျခအေနအရဤအေျခ အေနသည္ယန္ထ်န္းဟန္၏ခႏၶာ ကိုယ္ကိုျပင္းထန္စြာမသက္ေရာက္ ေသာ္လည္းေပ်ာက္ဆုံးေနေသာ ဝိဉာဥ္မ်ားေၾကာင့္ျဖစ္ေပၚလာေသာ အက်ိဳးဆက္မ်ားမွာယန္ထ်န္းဟန္၏ က်င့္ၾကံမႈတိုးတက္လာျခင္းႏွင့္ အတူအလ်င္အျမန္ေပၚေပါက္လာလိမ့္မည္။

သူ႔အတိတ္ဘဝတုန္းကလင္ရႊမ္းဇီ သည္ Hepta-Brilliant Sacred မီးကိုလိုက္လံရယူခဲ့ေသာ္လည္း ရွန္ေခ်ာင္းကြန္းကသာရရွိသြားခဲ့သည္။

ဒီဘဝမွာေတာ့ဘာကိုပဲအေပးအယူ အျဖစ္စန္႔လႊတ္ရပါေစသူတြန္႔ဆုတ္ေန မွာမဟုတ္ေတာ့ေပ။

သြမ့္ယြီယန္သည္ယန္ထ်န္းဟန္ရဲ႔ သနားစရာေကာင္းလွေသာဝိဉာဥ္ ေပ်ာက္ဆံုးေနသည့္ဝမ္းနည္းဖြယ္ သတင္းထဲမွာနစ္ႁမွဳပ္ေနဆဲျဖစ္ၿပီး သူ႔ကိုသူမဆြဲထုတ္လာႏိုင္ေသးေသာ္ လည္းသူျပန္လွည့္ၾကည့္လိုက္တဲ့ အခ်ိန္မွာေတာ့ယန္ထ်န္းဟန္က လင္ရႊမ္းဇီကိုေဆးျပန္လိမ္းေပး ေနၿပီျဖစ္သည္။

သြမ့္ယြီယန္ , "...."

သူတကယ္ပဲယန္ထ်န္းဟန္လက္ ထဲကေဆးဆီပုလင္းကိုပုတ္ထုတ္ လိုက္ခ်င္မိသည္။

"မင္းကဝိဉာဥ္ေပ်ာက္ဆံုးေနတာေလ ဘယ္လိုမ်ားဒီလိုဧရာမသတင္းႀကီး ကိုလ်စ္လ်ဴရွဳႏိုင္ရတာလဲ?"

ယန္ထ်န္းဟန္ကသူ႔ေခါင္းကိုေမာ့ၿပီး သြမ့္ယြီယန္အားေတာက္ပၾကည္လင္ ေနသည့္မ်က္လံုးဝိုင္းႀကီးတစ္စံုႏွင့္ လွမ္းၾကည့္သည္။

"ကၽြန္ေတာ္ဂ႐ုစိုက္ေနရင္ေတာင္ ဘာမွ,မွမလုပ္ႏိုင္တာ..ၿပီးေတာ့လည္း အကိုႀကီးကကၽြန္ေတာ့္အတြက္စိတ္ ပူေပးေနတာကိုကၽြန္ေတာ္ကဘာလို႔ စိတ္ပူေနရမွာလဲ?အကိုႀကီးရဲ႔အေျခ အေနကမွအခုခ်ိန္မွာအဓိကဦးစားေပးပဲ"

သြမ့္ယြီယန္ကခ်က္ခ်င္း မေက်မနပ္ျဖစ္သြားသည္။

"မင္းကတကယ့္ကိုကိုယ္စားျပဳ ညီငယ္ေလးပဲေနာ္သူမင္းကိုေဒါသ ထြက္ေအာင္လုပ္ခဲ့တဲ့အခ်ိန္ေတြ ကိုေမ့သြားၿပီလား?"

ယန္ထ်န္းဟန္ကမ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီးျပန္ေျဖသည္။

"႐ိုက္ႏွက္ျခင္းကခ်စ္ျခင္းေမတၱာတဲ့ ၿပီးေတာ့အဲ့ဒီထက္ပိုၿပီးခ်စ္တယ္ ဆိုရင္ေျခေထာက္နဲ႔သာကန္ပစ္တဲ့"

သြမ့္ယြီယန္က႐ုတ္တရက္ စဥ္းစားမရျဖစ္သြားသည္။

"အဲ့ဒီလိုေပါက္ကရစကားေတြ မင္းဘယ္ကၾကားလာတာလဲ?"

"ကၽြန္ေတာ့အေဖေျပာဘူးတာေလ" ယန္ထ်န္းဟန္ကေျပာရင္းျဖင့္ပင္ လင္ရႊမ္းဇီအားေဆးဂ႐ုတစိုက္ ဆက္လိမ္းေပးေနသည္။

သြမ့္ယြီယန္, "..."

ဝမ့္လင္းဟြားရဲ႔ေဆးဆီကအေတာ္ ေလးေကာင္းလွသည္။လင္ရႊမ္းဇီရဲ႔ ဒဏ္ရာကေဆးလိမ္းၿပီးၿပီးခ်င္း ပဲေသြးထြက္တာရပ္သြားခဲ့ေလသည္။ ယန္ထ်န္းဟန္သည္အတြင္းဝတ္မွ ႏူးညံ့ၿပီးသန္႔ရွင္းေသာအဝတ္စတစ္ခုကို ဆုတ္ၿဖဲလိုက္ကာသူ႔ဒဏ္ရာကိုပတ္ေပး လိုက္၏။

သြမ့္ယြီယန္ကသူ႔ရဲ႔ကၽြမ္းက်င္ေသာ လႈပ္ရွားမႈကိုၾကည့္ကာဘာမွမတတ္ ႏိုင္ပဲလွ်ာကိုသာကိုက္မိသည္။

"မင္းလုပ္ေနတာေတာ္ေတာ္ေလး ေကာင္းတာပဲ"

"ေသခ်ာတာေပါ့" ယန္ထ်န္းဟန္ကဂုဏ္ယူဝံ့ႂကြား စြာျပန္ေျပာသည္။

"အေလ့အက်င့္ကၿပီးျပည့္စံုေစတယ္ေလ!"

"မင္းတစ္ခ်ိန္လံုးထိခိုက္ေနတာလား?" သြမ့္ယြီယန္ရဲ႔ႏွလံုးသားက႐ုတ္တရက္ နာက်င္သြားရသည္။

"ဟုတ္တယ္ေလ" ယန္ထ်န္းဟန္ကေခါင္းညိမ့္ျပၿပီး သူ႔မ်က္ႏွာေသးေသးေလးကခါး သက္ေနသည့္အမူအယာျဖင့္ျပန္ေျပာသည္။

"ကၽြန္ေတာ္ကေလးဘဝတုန္းက အေပၚတက္ေအာက္ဆင္းရတာကို အထူးတလွယ္ႀကိဳက္တယ္..တစ္ခါ တုန္းကဆိုရင္အပင္ထိပ္ကိုတက္ၿပီး ငွက္သိုက္သြားႏွိုက္တာငွက္မိသြားလို႔ ေလ..အဲ့ဒါအဲ့ဒီငွက္ကကၽြန္ေတာ့ကို ဆိတ္ၿပီးသစ္ပင္ေအာက္ျပဳတ္က် ေအာင္လုပ္လိုက္တာၿပီးေတာ့ျပဳတ္ က်တဲ့အခ်ိန္မွာကၽြန္ေတာ့ေျခေထာက္ ေပၚကအသားေတြေတာင္ၿပဲသြားတယ္ ေတာ္ေတာ္နာတာဗ်!"

သြမ့္ယြီယန္, "...."

ေသလိုက္ပါေတာ့ငါကေတာ့ တစ္ခ်ိန္လံုးထိခိုက္နာက်င္ေနရ တယ္ဆိုၿပီးမင္းအတြက္ဝမ္းနည္း ေပးေနတာေလကြာ!

လင္ရႊမ္းဇီကသန္႔ရွင္းသည့္အဝတ္ တစ္စံုအားလဲလွယ္လိုက္ၿပီးသူ႔မူလ အဝတ္ကိုတိုက္႐ိုက္မီး႐ွိဳ႔ပစ္လိုက္သည္။

အကယ္၍တစ္စံုတစ္ေယာက္ရဲ ခႏာၱ႔အတြင္းပိုင္းႏွင့္သက္ဆိုင္ေသာ ပစၥည္းတစ္စံုတစ္ခုကိုခ်န္ထားခဲ့လွ်င္ အဲ့ဒါကမလိုလားအပ္သည့္ျပႆနာ မ်ားစြာကိုဖန္တီးႏိုင္ရန္အလြန္လြယ္ ကူလွသည္။

႐ုတ္တရက္ပင္သူတို႔ဂူထဲသို႔ပထမဆံုး အႀကိမ္ဝင္ေရာက္ခဲ့ကတည္းကသူတို႔ရဲ႔ တည္ရွိမႈကိုတတ္ႏိုင္သမွ်ေလွ်ာ့ခ်ရန္ ႀကိဳးစားေနၾကသည့္အားပိုင္ႏွင့္ဟူပိုတို႔ ကတစ္ၿပိဳင္နက္တည္းလိုလို'အာဝု'ဆို သည့္အသံေလးမ်ားျဖင့္ေအာ္လာခဲ့ သည္။ဟူပိုကသူ႔ခႏာၱကိုယ္ကိုႏွိမ့္ၿပီး စတင္စီးဆင္းေနၿပီျဖစ္သည့္ေငြေရာင္ ျမစ္အားစိုက္ျပည့္ေနကာအင္အားႀကီး မားေသာရန္သူႏွင့္ရင္ဆိုင္ရသကဲ့သို႔ အသံတိုးတိုးျဖင့္မာန္ဖီရင္းတုန္လွဳပ္ စြာျဖင့္လႈပ္ရမ္းေနသည္။

တစ္ျခားတစ္ဖက္မွာေတာ့အားပိုင္ ကအလြန္စိုးရိမ္ေနသကဲ့သို႔လင္ရႊမ္းဇီ ႏွင့္ယန္ထ်န္းဟန္တို႔ရဲ႔ေျခေထာက္ ပတ္ပတ္လည္မွာပတ္ေျပးေနသည္။

"အခ်ိန္က်ၿပီ" လင္ရႊမ္းဇီကမတ္တပ္ထရပ္လိုက္ ၿပီးေက်ာက္စိမ္းအေခါင္းကိုလွမ္း ၾကည့္လိုက္သည္။

မူလကသူမရဲ႔အင္အားျပန္ရေအာင္ တရားထိုင္ေနသည့္ရွန္႐ူပင္းသည္ လည္း႐ုတ္တရက္သူမရဲ႔မ်က္လံုး မ်ားကိုဖြင့္၍မတ္တပ္ထရပ္လာ၏။

အေသးစားအသြင္ေျပာင္းအ႐ိုးနဂါး သည္၎၏ေနာက္ေက်ာကိုဆြဲတင္ လိုက္ၿပီးျမစ္ကဲ့သို႔ေသာပုံစံသည္ လ်င္ျမန္စြာေႁမြႏွင့္တူေသာနတ္ဆိုး တေကာင္ပံုစံျဖစ္လာသည္။ သူ႔ခႏၶာကိုယ္တစ္ခုလုံးသည္ေငြေရာင္ ျဖစ္၍အနီေရာင္ႁပြန္ကဲ့သိုေသာ ရွည္လ်ားလွသည့္အရာသည္သာ ေႁမြ၏ေခါင္းမွအၿမီးအထိရွိေနသည္။

အေသးစားအသြင္ေျပာင္းအ႐ိုးနဂါး ကသူ႔ေခါင္းေပၚတြင္မ်က္လံုးလည္း မရွိပဲၾကည့္ရတာရွင္းလင္းေနသည့္ ၾကာပြတ္တစ္ခုႏွင့္ပင္တူေနသည္။

ေက်ာက္စိမ္းအေခါင္းသည္လည္း စတင္တုန္ခါလာသည္။

ရွန္႐ူပင္းသည္ယခုအခ်ိန္အား အခြင့္ေကာင္းယူ၍သူမစုေဆာင္းထား သမွ်ခ်ီအားလံုးကိုအသံုးခ်ကာေလထဲ သို႔ခုန္ခ်လိုက္ရင္းျဖင့္သူမရဲ႔လက္ေခ်ာင္း ထိပ္ကိုကိုက္၍ေသြးတစ္စက္ထုတ္ယူ ၿပီးေက်ာက္စိမ္းအေခါင္းဆီသို႔ပစ္ထုတ္ လိုက္သည္။

ေက်ာက္စိမ္းအေခါင္း၏အဖံုးေပၚ အလယ္ဗဟိုတည့္တည့္ကိုေသြးတစ္ စက္က်ဆင္းသြားသည္ႏွင့္အနီေရာင္ အခင္းအက်င္းတစ္ခုေပၚထြက္လာၿပီး ေခါင္းတစ္လားတစ္ခုလံုးကိုအလယ္ အျဖစ္ထားသကဲ့သို႔ဦးတည္ရာေလး ဘက္လံုးကိုပ်ံ႔ႏွံ႔ထြက္သြားကာေတာင္ ခန္းမတစ္ခုလံုးကိုဖုန္းလႊမ္းသြားသည္။ ေခါင္းတလားကေျမေပၚသို႔ျပန္ျပဳတ္ က်သြား၏။အေသးစားအသြင္ေျပာင္း အ႐ိုးနဂါးသည္လည္းေပၚထြက္လာ သည့္နက္ျပာေရာင္မီးေတာက္မ်ား ၾကားထဲတြင္ပိတ္မိသြားၿပီးငိုေႂကြး မည္တမ္းေနသည္။

ထိုအခ်ိန္မွာပဲတစ္ခါမွာတစ္ေယာက္ သာျဖတ္သန္းခြင္ျပဳသည့္ေက်ာက္ တုန္းတံခါးကလင္ရႊမ္းဇီႏွင့္ရွန္႐ူပင္း တို႔ရဲ႔အလယ္တည့္တည့္ရွိအေရွ႕ ဘက္ေက်ာက္တုန္းနံရံမွေန၍ပြင့္လာသည္

"သြား!" လင္ရႊမ္းဇီကတစ္ခြန္းတည္းသာ ေအာ္လိုက္ကာယန္ထ်န္းဟန္ကို ဆြဲေခၚ၍တံခါးဆီေျပးဝင္လိုက္သည္။

သို႔ေသာ္ယန္ထ်န္းဟန္ရဲ႔ေျခေထာက္ ေပၚကိုတြားသြားေနသည့္လက္တံ တစ္ခုကတက္လာၿပီးသူ႔ေျခေထာက္ ပတ္ပတ္လည္မွာပတ္ခ်ည္လိုက္သ လိုျဖစ္သြားတာေၾကာင့္'အာ့!'ဟူေသာ ေအာ္သံတစ္ခုႏွင့္ေျမေပၚသို႔ပစ္လဲက် သြားရသည္။

"အားဟန္!" လင္ရႊမ္းဇီကခ်က္ခ်င္းရပ္လိုက္ၿပီး ဓားေႁမွာင္တစ္ခုအားထုတ္ယူကာ လက္တံကိုျဖတ္ထုတ္ရန္လုပ္လိုက္သည္။

ဒီလုပ္ေဆာင္မႈကသူတို႔ကို ေနာက္က်သြားေစ၏။

ရွန္႐ူပင္းကသူမလက္ထဲကအေဆာင္ ကိုဆုတ္ၿဖဲလိုက္ၿပီးတံခါးဆီသို႔အလ်င္ အျမန္ျဖင့္လွ်ပ္တျပတ္ဝင္ေရာက္ သြားသည္။သူမကတံခါးနားရွိယႏၲရား လက္တံတစ္ခုကိုျဖုတ္ခ်ရန္လုပ္ လိုက္ေသာ္လည္းသူမရဲလက္ေမာင္း အားသူမနဲ႔နီးနီးကပ္ကပ္လိုက္လာ သည့္ယြမ္ထ်န္းဝမ္က႐ိုက္ခ်လိုက္ ေလသည္။

ႏွစ္ေယာက္သားေက်ာက္တုန္း တံခါးေရွ႕မွာစတင္တိုက္ခိုက္ၾကေတာ့သည္။

သူတို႔ပိုၿပီးတိုက္ခိုက္ေလေလ တံခါးႏွင့္ပိုၿပီးေဝးကြာေလေလ ျဖစ္လာသည္။ရွန္႐ူပင္းက ယြမ္ထ်န္းဝမ္ႏွင့္ဆက္လက္ မရႈပ္ေထြးခ်င္ေတာ့တာေၾကာင့္ ေက်ာက္တုန္းတံခါးအားျဖတ္သန္း ရန္ႀကိဳးပမ္းလိုက္ေသ္ာလည္း ယြမ္ထ်န္းဝမ္ကသူ႔ဓားရွည္အား ဆြဲထုတ္ကာသူမရဲ႔ရင္ဘက္နား ကိုတည္၍သြားမည့္လမ္းကို ပိတ္ထားလိုက္သည္။

ရွန္႐ူပင္းကျပင္းထန္စြာေျပာ၏။

"ကၽြန္မလမ္းကေနဖယ္စမ္းမဟုတ္ ရင္ဒီေနရာမွာအတူတူေသသြားလိမ့္မယ္!"

ယြမ္ထ်န္းဝမ္ကမထီမဲ့ျမင္ျပန္ေျပာသည္။

"ခ်စ္ျခင္းေမတၱာဆိုတဲ့နာမည္ေအာက္ မွာမင္းနဲ႔ဘယ္သူကအတူတူေသခ်င္မွာလဲ?"

အဲ့ဒီလိုနဲ႔သူ႔ဓားကေနာက္တစ္ဖန္ လႊဲခ်လာျပန္သည္။

ထို႔ေၾကာင့္ေက်ာက္တုန္းတံခါးကို ပထမဆံုးျဖတ္သန္းသြားတဲ့သူက သြမ့္ယြီယန္ႏွင့္အနီးကပ္လိုက္သြား သည့္ဝမ့္လင္းဟြားႏွင့္က်င့္ဖန္႔ေဖး တို႔ျဖစ္သြားသည္။

ခ်ီအာ့သည္လည္းသူ႔ရဲ႔ယိုယြင္းေန သည့္ခႏာၱကိုယ္ကိုတရြတ္တိုက္ဆြဲ ကာထိုဘက္သို႔သြားေနသည္။အားပိုင္ မွာဆက္ၿပီးမၾကည့္ရက္ေတာ့သကဲ့သို႔ ခ်ီအာ့ရဲ႔ေကာ္လာအားသူ႔ပါးစပ္ျဖင့္ ကိုက္ယူလိုက္ၿပီးခ်ီအာ့ကိုေရွ႕သို႔ ဆြဲေခၚသြားေတာ့၏။

"အား!"

ခ်ိဳးလုကတစ္ဖက္သို႔လွည့္ၾကည့္ လိုက္တဲ့အခ်ိန္မွာအစိမ္းပုပ္ေရာင္ လက္တံမ်ားကနက္ျပာေရာင္ မီးေတာက္ၾကားထဲမွေန၍မေမွ်ာ္ လင့္ထားစြာထြက္ေပၚလာၿပီး ဝူရွစ္ယင္ရဲ႔ေျခက်င္းအားရစ္ပတ္ ကာသူမကိုေျမေပၚပစ္ခ်လိုက္ သည္ကိုျမင္လိုက္ရသည္။

ခ်ိဳးလုကသူမရဲ႔ဓားကိုထုတ္၍အ လ်င္အျမန္ခုတ္လိုက္ေသာ္လည္း သူမတစ္ခုကိုျဖတ္ၿပီးရင္ေနာက္ထပ္ ႏွစ္ခုထပ္ေပၚလာသည္။

လင္ရႊမ္းဇီရဲ႔ဘက္မွာေတာ့သူက ထိပ္တန္းအဆင့္တိုက္ခိုက္ေရး လက္နက္တစ္ခုအားတြန္႔ဆုတ္မႈ မရွိပဲပစ္ထုတ္လိုက္ၿပီးအလယ္ရွိ လက္တံအားလံုးကိုျဖတ္ထုတ္လိုက္သည္။

ယန္ထ်န္းဟန္ရဲ႔ေျခက်င္းကဒဏ္ရာ ရသြားေသာေၾကာင့္ယန္ထ်န္းဟန္က သူ႔ကိုမခ်ီလိုက္ၿပီးေက်ာက္တုန္းတံခါး ရွိရာအလ်င္အျမန္ေျပးဝင္ရင္းျဖတ္ သြားလိုက္သည္။

"ရွစ္က်ဲ!"
ခ်ိဳးလုကအပိုင္းတစ္ခုကိုျဖတ္ေလ ေလလက္တံမ်ားကပိုပိုၿပီးထြက္လာ ေလေလျဖစ္ေနသည္။ရွန္႐ူပင္းက လည္းယြမ္ထ်န္းဝမ္ႏွင့္တိုက္ခိုက္ေန ဆဲဆိုတာကိုျမင္ေသာအခါစိုးရိမ္တ ႀကီးေအာ္ဟစ္လိုက္ေလ၏။

ေက်ာက္တံခါးကစတင္ျပန္ဆင္းလာသည္။

"ယြမ္ထ်န္းဝမ္ဘာလို႔ေသာက္လုပ္ မဟုတ္ဆက္တိုက္ေနေသးတာလဲ ဒီကိုအခုလာခဲ့!"

သြမ့္ယြိယန္ကေအာ္ဟစ္လိုက္ေသာ အခါယြမ္ထ်န္းဝမ္ကလွ်ပ္စီးတစ္ ေၾကာင္းလိုက္သြားသလိုမ်ိဳးခံစား လိုက္ရၿပီးသူ႔ရဲ႔တိုက္ခိုက္မႈကိုျပန္ ႐ုတ္သိမ္းလိုက္ကာရွံဳ႔မဲ့ေနသည့္ မ်က္ႏွာျဖင့္ေက်ာက္တုန္းတံခါး ေအာက္သို႔လွ်ိဳဝင္လိုက္သည္။

"သူမကိုထားခဲ့လိုက္ေတာ့!သြား!" ရွန္႐ူပင္းကေအာ္ေခၚလိုက္ရင္းျဖင့္ အလ်င္အျမန္ပင္ေက်ာက္တုန္းတံခါး ဆီေျပးဝင္သြားသည္။ခ်ိဳးလုကပိုပိုၿပီး ခ်ည္ေႏွာင္ခံလာရသည့္ဝူရွစ္ယင္ကို ေနာက္ဆံုးခြဲခြာျခင္းအၾကည့္တစ္ခ်က္ ေပး၍တစ္ဖက္သို႔လွည့္ကာေျပးထြက္ သြားေတာ့ေလသည္။

ဝူရွစ္ယင္ရဲ႔မ်က္ႏွာေပၚမွာစိတ္ပ်က္ ဝမ္းနည္းသည့္အမူအယာေပၚလာခဲ့သည္။

သူမရဲ႔ေနာက္မွအနက္ေရာင္မီးေတာက္ မ်ားေအာက္တြင္အေသးစားအသြင္ ေျပာင္းအ႐ိုးနဂါးကေဒါသတႀကီးေအာ္ ဟစ္မာန္ဖီလိုက္ရင္းေက်ာက္တုန္းတံခါး ဆီေျပးဝင္လာၿပီျဖစ္သည္။

ဘန္းဆိုတဲ့အသံႏွင့္အတူေက်ာက္တုန္း တံခါးကတည္းပိတ္သြားခဲ့ၿပီးအေသး စားအသြင္ေျပာင္းအ႐ိုးနဂါးသည္ လည္းရပ္တန္႔သြားရ၏။

သို႔ေသာ္အထဲမွာက်န္ခဲ့သည့္ ဝူရွစ္ယင္ကေတာ့အေသးစား အသြင္ေျပာင္းအ႐ိုးနဂါးရဲ႔က်ိတ္ ်ျချခင္းကိုခံလိုက္ရကာေသြးအိုင္ တစ္ကြက္သာက်န္ခဲ့၍သူမရဲ႔အ႐ိုး ပင္မျမင္ရေတာ့ေပ။

ဆံပင္ေမႊးေထာင္ၿပီးေၾကာက္လန္႔ရ မယ့္အခ်ိန္ကာလကၿပီးဆံုးသြားခဲ့ၿပီ... အသက္ရွင္က်န္ရစ္သူမ်ားအားလံုးက အနက္ေရာင္ေတာင္နံရံအားမွီကာ အသက္ကိုလုရွဳေနၾကရသည္။

သူတို႔႔သည္ေဘးအႏၲရာယ္မွလြတ္ ေျမာက္ခဲ့ၾကၿပီျဖစ္ေသာ္လည္း ၎သည္လင္ရႊမ္းဇီအတြက္ေတာ့သူ႔ ရဲ႔အဆံုးစြန္ရည္မွန္းခ်က္ကိုေအာင္ျမင္ ႏိုင္ဖို႔မလံုေလာက္ေသးေပ။

"ေတာင္သခင္မေလးရွန္" လင္ရႊမ္းဇီကအေမွာင္ထဲမွာ အသက္ကိုအသည္းအသန္ရႈေန သည့္ရွန္႐ူပင္းအားတည့္တည့္ စိုက္ၾကည့္လိုက္ကာဆက္ေျပာလိုက္သည္။

"အကယ္၍ခင္ဗ်ားမွာေရွ႕ေလွ်ာက္ ရမယ့္လမ္းတစ္ေလွ်ာက္လံုးမေကာင္း တဲ့အၾကံအစည္ေတြရွိဦးမယ္ဆိုရင္ က်ဳပ္ေနာက္တစ္လမ္းေရြးရလည္း စိတ္မရွိဘူးေနာ္"

ရွန္႐ူပင္းက႐ုတ္တရက္ ထိတ္လန္႔တုန္လွဳပ္သြားရသည္။

"တစ္ျခားလမ္းေၾကာင္းေတြ ရွိေသးတယ္ဆိုတာရွင္ဘယ္လို လုပ္သိလဲ?ဒီလ်ိဳ႔ဝွက္ေျမအေၾကာင္း ကိုတကယ္ပဲရွင္ဘယ္ေလာက္ ေတာင္သိေနတာလဲ?"

"ေတာင္သခင္မေလးရွန္ထက္ ေတာ့မေလွ်ာ့ပါဘူး"

ရွန္႐ူပင္းကခဏမွ်စဥ္းစားလိုက္ၿပီး မွေအးစက္စက္ျပံဳးလိုက္သည္။

"ၾကည့္ရတာလက္မႈပညာရွင္လင္ ကကၽြန္မကိုအစပိုင္းတုန္းကခ်ည္း ကပ္ခဲ့တာလမ္းကိုဦးေဆာင္ေစခ်င္ လို႔ထင္တယ္!"

"က်ဳပ္ခင္ဗ်ားကိုမခ်ဥ္းကပ္ခဲ့ပါဘူး... လံုးဝဆန္႔က်င္ဘက္ပဲ...နားလည္မႈ လြဲတာေတြကိုေရွာင္ရွားႏိုင္ဖို႔အစားကို ၾကံဳသလိုစားလို႔ရေပမယ့္စကားကို ၾကံဳသလိုမေျပာသင့္ဘူး"

ရွန္႐ူပင္းရဲ႔အမူအယာကျပာႏွမ္း လာေသာ္လည္းအေမွာင္ထဲမွာ ဘယ္သူမွမေျပာႏိုင္ေပ။

ခဏေလာက္ၾကာမွသာရွန္႐ူပင္း ကႏွာေခါင္းရွံဳ႔လိုက္သည္။

"ကၽြန္မရဲ႔ကံၾကမၼာရွင့္လက္ထဲ က်ေရာက္သြားရတာကိုကၽြန္မ လက္ခံပါတယ္ဒါေပမဲ့....ရွင္ ဒီအမွိုက္ကိုပါေခၚသြားမလို႔လား?"

ရွန္႐ူပင္းကေျမေပၚမွာတစ္ဝက္ေသ သလိုလဲေလ်ာင္းေနသည့္ခ်ီမိသားစုမွ ဒုတိယသခင္ေလးကိုလက္ၫွိဳးၫႊန္ လိုက္ၿပီးသူမရဲ႔မ်က္လံုးထဲမွာသတ္ ျဖတ္ခ်င္သည့္ရည္ရြယ္ခ်က္ေပၚေန ကာသူ႔အသက္ကိုအဆံုးသတ္ခ်င္ေန တယ္ဆိုတာထင္ရွားေနသည္။

.................................................

Next Episode

ဒီလိုလူမႈေရးေလွကားကိုေတာ့မတတ္ႏိုင္ဘူး

.................................................

继续阅读

You'll Also Like

112K 15.6K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
522K 85.7K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
226K 14K 39
My priority /property/privacy
485K 72.8K 149
||Completed|| ရှဲ့ကျစ် မထင်မှတ်ပဲ သူသေဆုံးပြီး ဇာတ်လိုက်ရဲ့မှတ်ဉာဏ်တွေမှာသာ တွေ့ရတဲ့ သေဆုံးပြီးသား ကျေးဇူးရှင် ဇာတ်ကောင်ကြီး အဖြစ်ဝတ္ထုထဲသို့ ကူးပြော...