Unicode
ချစ်မိသူ အရှုံး
(အခန်း - ၁၉ )
ပြတင်းပေါက်မှ တိုးဝင်လာသည့် နေရောင်စူးစူးကြောင့် မိုးသောက်ယံ နိုးလာရသည် ။ ခေါင်းကလည်း တဆစ်ဆစ်နှင့် ကိုက်နေသည် ။ ထထိုင်လိုက်ရင်း ခေါင်းအုံးလေးကို အကြောင်းမဲ့ ငေးနေမိသည် ။ ထိုစဉ် မနေ့ညက အဖြစ်အပျက်က အနှေးပြကွက်လို ခေါင်းထဲမှာ အစီအရီ ပုံပေါ်လာသည် ။
ရှိုင်းရှေ့မှာ သူ ငိုခဲ့ရုံသာမက တစ်ညလုံးလည်း ရှိုင်းကို အတင်းပင် ဖက်တွယ်ပြီး အိပ်ခဲ့သေးသည်။ မနေ့ညက ရှိုင်း၏ နူးညံ့သော အကြည့်လေးကို ပြန်မြင်ယောင်ပြီး ရင်ထဲ လှိုက်ခနဲ ခုန်သွားသည် ။
နောက်တစ်ခါ သူ အရက်မသောက်ဖြစ်အောင် ရှောင်မှဖြစ်မည် ။ သို့မဟုတ်လျှင် ရှိုင်းကို ချစ်တယ် ဟုသာ တိုက်ရိုက် ဖွင့်ပြောမိသွားနိုင်သည် ။
မိုးသောက်ယံ ဟူးခနဲ သက်ပြင်းချရင်း အခန်းထဲမှ ထွက်လာသည် ။ သူ ရေချိုးပြီးသော် ရှိုင်းက မနက်စာအတွက် အဆင်သင့် ပြင်ထားတာ တွေ့လိုက်ရသည် ။ သူ ကြိုက်သည့် မုန့်ဟင်းခါး နှင့် ကော်ဖီကို အသင့် ဖျော်ထားသည် ။
"လာထိုင်လေ ။ ဘာကြည့်နေတာလဲ "
ရှိုင်းက ပြောမှ သူ သတိဝင်ပြီး စားပွဲမှာ ထိုင်လိုက်သည် ။
"စားလေ ။ မင်း ကြိုက်တဲ့ မုန့်ဟင်းခါး ငါ ဝယ်လာခဲ့တာ "
"ကျေးဇူး "
ရှိုင်းကို မဝံ့မရဲ ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည် ။ ထို့နောက် ဗိုက်ဆာနေသည်မို့ ဟန်ဆောင်မနေတော့ ။
"ဖြည်းဖြည်းစား ၊ နင်မယ် "
ရှိုင်းက ကော်ဖီခွက်ကို သူ့ အနားတိုးပေးရင်း ပြောသည်။ ရှိုင်း၏ ဂရုတစိုက်ရှိမှုတွေကို မိုးသောက်ယံ စိတ်ထဲ ကျေနပ်ပျော်ရွှင်ရသော်လည်း နေသားမကျပေ ။ နေရထိုင်ရခက်နေသည် ။
"ခဏနေ ငါ အလုပ်သွားတော့မယ် ။ ရေခဲသေတ္တာထဲမှာ အသား ၊ ငါး နဲ့ ဟင်းသီး ၊ ဟင်းရွက်တွေ ဝယ်ဖြည့်ထားတယ် ။ မင်း ဗိုက်ဆာရင် တစ်ခုခု လုပ်စားလိုက် ။ ထမင်းတော့ ငါ တည်ခဲ့တယ် "
မိုးသောက်ယံ ခေါင်းညိတ်လိုက်သည် ။
"မင်းက ဘယ်မှာ အလုပ်လုပ်မှာလဲ "
"မနေ့က ငါ အလုပ်ရှာပြီး အပြန် မေမေ ခေါ်လို့ သွားတွေ့ခဲ့သေးတယ် ။ အလုပ်ရှာနေတာ သိတော့ မဒီ့အဖေရဲ့ ရန်ကုန်ရုံးမှာ ဝင်လုပ်ခိုင်းတယ် ။ နောက်ပြီး မေမေတို့လည်း ရန်ကုန်ကို အပြီးပြောင်းလာတော့မှာလေ "
ရှိုင်းက အေးဆေးသက်တောင့်သက်သာ ပြောလာသော်လည်း မိုးသောက်ယံ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။ ဘာမျှမဖြစ်သလို ဟန်ဆောင်ရင်း မေးလိုက်သည် ။
"မဒီရော "
"မဒီလည်း ဒီမှာပဲလေ ။ သူ စိတ်ဆိုးနေလို့ ခုထိတော့ မတွေ့ရသေးဘူး "
"အင်း "
မိုးသောက်ယံ ခေါင်းညိတ်လိုက်ပေမယ့် ရင်ထဲမှာ ပူလောင်နေသည် ။ မဒီ့အဖေဆီမှာ အလုပ်လုပ်ရင်း ရှိုင်း နှင့် မဒီတို့ ပြန်အဆင်ပြေသွားမှာ မလွဲပေ ။ အဲ့သည်အချိန်ရောက်လျှင် သူ ဘာလုပ်ရမည်နည်း ။
"ငါ သွားတော့မယ် ယံယံ ။ မနေ့ကလို မပြောမဆိုနဲ့ လျှောက်သွားမနေနဲ့ဦး ။ ငါ ဖုန်းဆက်ရင်လည်း ဖုန်းကိုင်ဖို့ မမေ့နဲ့ "
"အင်း "
မိုးသောက်ယံ ခေါင်းညိတ်လိုက်တော့ ရှိုင်းက အလုပ်သွားရန် ပြင်သည် ။ မိုးသောက်ယံသည် ခြံရှေ့ထိ ရှိုင်းကို လိုက်ပို့သည် ။ ရှိုင်း၏ ဆိုင်ကယ်လေး မြင်ကွင်းထဲက ပျောက်ကွယ်သည်ထိ ငေးကြည့်နေခဲ့သည် ။ ပြီးနောက် ခြံတံခါး ပိတ်၍ အိမ်ထဲ ပြန်ဝင်ခဲ့သည် ။
ယခု အခြေအနေလေးကို သူ သဘောကျမိသည် ။ ရှိုင်း နှင့် သူက အိမ်ထောင်ကျခါစ စုံတွဲတွေလိုပင် စိတ်ထဲ ခံစားရသည် ။ သည်လိုသာ နေ့တိုင်းဆို ဘယ်လောက်ကောင်းမလဲ ။ ရှိုင်း နှင့် သူ နှစ်ယောက်တည်း အနှောင့်အယှက်ကင်းကင်း နေနိုင်ရင် သိပ်ကောင်းမည် ။
****************
"ရှိုင်း "
အလုပ်ဆင်းသော် ရှိုင်းသည် ဆိုင်ကယ်ရပ်ထားသည့် နေရာသို့ လျှောက်လာခဲ့သည် ။ ထိုစဉ် မိမိ၏ အနောက်မှ ခေါ်သံထွက်ပေါ်လာသည် ။ သူ လှည့်ကြည့်သော် မဒီက အပြုံးလေးနှင့် နှုတ်ဆက်သည် ။
"မဒီ "
မဒီနှင့် သူ မတွေ့ကြတာ ရက်အတော်ကြာပြီဖြစ်သည် ။ စေ့စပ်မည့်နေ့က မဒီ စိတ်ဆိုးပြီး အိမ်ပြန်သွားတည်းက ဖြစ်သည် ။ မဒီ့နောက် လိုက်၍ သူ တောင်းပန်သော်လည်း နားလည်မပေးခဲ့ပေ ။ ထို့နောက် မဒီက အတွေ့ပင် မခံတော့ ။ ယခုတော့ မဒီက သူ့ဆီသို့ အရင် ရောက်လာခဲ့သည် ။
"စကားပြောဖို့ အချိန်ရမလား ရှိုင်း "
မဒီက လေသံဖျော့ဖျော့ နှင့် မေးလာတော့ ရှိုင်း ခေါင်းညိတ်လိုက်သည် ။ ထို့နောက် မဒီနှင့်အတူ ကော်ဖီဆိုင်သို့ ထွက်လာခဲ့သည် ။ အတူတူထိုင်ရင်း မဒီ ပြောမည့်စကားကို သူ စောင့်ဆိုင်းနေမိသည် ။
"ရှိုင်း ဖေဖေ့ရုံးမှာ အလုပ်ဝင်နေတာ မေမေ ပြောလို့ မဒီ သိနေတာ ကြာပါပြီ ။ လာတွေ့ဖို့ကို တွေဝေနေတာနဲ့ အချိန်ကြာသွားတာ "
မဒီ့စကားကို ရှိုင်း ခေါင်းတစ်ချက်ညိတ်ပြီး ထောက်ခံလိုက်သည် ။ သူ အလုပ်ဝင်နေတာ သည်နေ့ဆို တစ်ပတ်ပြည့်ပြီဖြစ်သည် ။
"မဒီ မှားသွားတယ် ရှိုင်း ။ ရှိုင်းကို မဒီ ယုံလိုက်သင့်တာ ။ ဒါ မိုးသောက်ယံရဲ့ စနက်ဆိုတာ သိရက်နဲ့ မဒီ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ခဲ့ဘူး "
ဒါကလည်း ရှိုင်း နှင့် မိုးသောက်ယံကို ကုတင်ထက်၌ ပူးကပ်နေကြတာကို မြင်ပြီး ထူပူကာ သူ့စိတ်သူ မထိန်းနိုင်ခဲ့ခြင်း ဖြစ်သည် ။ သူ သွေးအေးသွားမှ ပြန်စဥ်းစားကြည့်သော် ဒါ မိုးသောက်ယံတစ်ယောက်တည်း၏ လက်ချက်သာ ဖြစ်မည် ။ ရှိုင်းကို စိတ်ဆိုးပြီး ခွင့်လွှတ်မပေးခဲ့မိသည့်အတွက် မဒီ နောင်တရမိသည် ။
"မဟုတ်တာ ။ မဒီ မမှားပါဘူး "
"ဒါဆို ရှိုင်း ၊ မဒီ့ကို ခွင့်လွှတ်တယ်ပေါ့နော် ။ မဒီတို့ အရင်လို ပြန်တွဲရအောင်နော် ရှိုင်း ။ မဒီ ၊ ရှိုင်းကို ချစ်နေတုန်းပဲ "
မဒီ့ စကားကြားတော့ ရှိုင်း၏ မျက်နှာ ပျက်သွားသည် ။
"ကိုယ် တောင်းပန်ပါတယ် မဒီ ။ ကိုယ်တို့ ပြန်တွဲဖို့က မဖြစ်နိုင်တော့ဘူး "
"ဘာပြောတယ် ရှိုင်း ။ ရှိုင်း နဲ့ မဒီနဲ့က ချစ်သူတွေပါ ။ ရှိုင်းဘက်က မဒီ့ကို လွယ်လွယ်ပဲ မေ့လိုက်နိုင်တာလား "
"မဟုတ်ဘူး မဒီ ။ ခုချိန်မှာ ယံယံ နဲ့ ကိုယ့်ကို လူကြီးတွေက အထင်လွဲနေကြတာလေ ။ ဒီလိုအချိန်မှာ ကိုယ် ဒီကိစ္စတွေ ပြန်မစချင်သေးဘူး ။ ယံယံ ၊ သူ့မိဘတွေနဲ့ ပြန်အဆင်ပြေမှပဲ ကိုယ်တို့ ကိစ္စကို ပြန်ဆွေးနွေးရအောင် "
မဒီ့ မျက်နှာမဲ့သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည် ။ ရှိုင်း၏ အရှေ့မှာမို့ ဒေါသကို ထုတ်မပြချင်တာကြောင့် ဟန်ဆောင်နေရသည် ။ စိတ်ထဲမှာတော့ မိုးသောက်ယံကို မုန်းတီးနာကျည်းသည့်စိတ်က ထုထည်ကြီးမားလာသည် ။ သူ့ကြောင့်သာမဟုတ်လျှင် မဒီ နှင့် ရှိုင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေရမှာဖြစ်သည် ။
မဒီ သက်ပြင်းရှိုက်ရင်း တခြား နည်းလမ်း တစ်ခု အမြန် စဉ်းစားရတော့သည် ။
"ဒါဆို အဲ့ဒီအချိန်ထိ မဒီ့ကို မိတ်ဆွေလို သဘောထားပေးပါ ရှိုင်း ။ မဒီ ၊ ရှိုင်းရဲ့ အနားမှာ မိတ်ဆွေအဖြစ်နဲ့တော့ ရှိချင်သေးတယ် "
ရှိုင်းက ပြုံး၍ ခေါင်းညိတ်တော့ မဒီက ကော်ဖီ တစ်ငုံ သောက်ရင်း မဲ့ပြုံးပြုံးသည် ။
*****************
ညနေစောင်းပြီဆိုလျှင် ခြံထဲမှာ လမ်းလျှောက်ရင်း ရှိုင်း ပြန်အလာကို မျှော်နေရတာကလည်း မိုးသောက်ယံ၏ အလုပ်တစ်ခုပင် ။ သည်နေ့တော့ ရှိုင်းက ခါတိုင်းထက် နောက်ကျနေသည် ။ တမျှော်မျှော်နှင့် ရှိုင်း လာနေကျလမ်းလေးကို ငေးနေမိသည် ။
ခဏအကြာ ဆိုင်ကယ်လေးက မြင်ကွင်းထဲသို့ ရောက်လာသည် ။ မိုးသောက်ယံ ကျေနပ်စွာပြုံးရင်း ခြံတံခါးကို သွက်သွက်လက်လက် ဖွင့်လိုက်သည် ။
ဆိုင်ကယ်လေးပေါ်မှာ ရှိုင်းအပြင် နောက်တစ်ယောက်ရှိနေတော့ မိုးသောက်ယံ မျက်ခုံးတွန့်သွားသည် ။ ထိုစဉ် ဆိုင်ကယ်လေးက မိုးသောက်ယံ၏ ရှေ့မှာ ထိုးရပ်သွားသည် ။ ဆိုင်ကယ်အနောက်မှ ဆင်းလာသူကို မြင်တော့ မိုးသောက်ယံ မျက်နှာပျက်သွားရသည် ။
မဒီကတော့ မဲ့ပြုံးပြုံးပြီး လှောင်ရိပ်တွေ ပြည့်နေသော မျက်ဝန်းတွေနှင့် မိုးသောက်ယံကို စိုက်ကြည့်သည် ။
"မတွေ့တာကြာပြီနော် မိုးသောက်ယံ "
မဒီ့ အကြည့်နှင့် စကားသံက သူ မေ့နေသော အရာကို သတိပေးနေသလိုပင် ။ သူ့စိတ်ထဲ မဒီ အမှန်တကယ် ပြောချင်သည့် စကားကို ရှင်းရှင်းလင်းလင်း နားလည်နေသည် ။ ရှိုင်းကို သူ သိပ်မကြာခင် ဆုံးရှုံးရတော့မည်ဟူ၍ ဖြစ်သည် ။ နောက်ဆုံးတော့ သူ တွေးကြောက်နေခဲ့ရသော နေ့ရက်တွေက စတင်ခဲ့ပြီ ။
******************
"မဒီ ခဏထိုင်ဦး ။ ကိုယ် ရေချိုးလိုက်ဦးမယ် "
"ရတယ် ရှိုင်း ။ အေးဆေးပေါ့ "
မဒီက ပြုံး၍ ပြန်ပြောတော့ ရှိုင်းက ရေချိုးရန် ထွက်သွားသည် ။ ဧည့်ခန်းထဲမှာ မိုးသောက်ယံ နှင့် မဒီတို့ နှစ်ယောက်တည်း ကျန်ခဲ့သည် ။ မဒီသည် မိုးသောက်ယံကို စူးစိုက်ကြည့်ရင်း မဲ့ပြုံးပြုံးလိုက်သည် ။
"နင် သိပ်ပျော်နေလား မိုးသောက်ယံ "
မိုးသောက်ယံသည် မျက်ခုံးတွန့်ပြီး မကျေမနပ်နှင့် မဒီ့ကို ပြန်ကြည့်လိုက်သည် ။
"မေးစရာ လိုသေးလို့လား "
"ဟား.... ဟုတ်သားပဲ ။ မေးစရာမှ မလိုဘဲ နော် ။ နင် သိပ်ပျော်နေမှာပေါ့ ။ ဒါပေမဲ့ နင် ကြာကြာပျော်ဖို့ အချိန်မရှိတော့ပါဘူး အဟင်း ။ ရှိုင်း နဲ့ ငါက ပြန်အဆင်ပြေသွားကြပြီလေ ။ သိပ်မကြာခင် ရှိုင်းရဲ့ အနားက နင် ထွက်သွားရတော့မှာပါ မိုးသောက်ယံ "
မဒီက အံကြိတ်၍ ကြုံးဝါးပြောဆိုသည် ။ မိုးသောက်ယံ မျက်နှာပျက်ပြီး မဒီ့ကို စိုက်ကြည့်နေမိသည် ။
မဒီသည် အများအမြင်မှာ ချောမောလှပသည့် မိန်းကလေး ဖြစ်သော်လည်း သူ့အတွင်းစိတ်ကမူ ရုပ်ဆိုးအကျည်းတန်လှသည် ။ မဒီ့ မျက်ဝန်းထဲက အမုန်းတရားနှင့် ကလဲ့စားချေလိုသည့် အရိပ်အယောင်တွေကို မြင်နေရသည် ။ ရှိုင်းအနားက သူ့ကို ဖယ်ထုတ်ရန် မဒီ အစီအစဥ် ချပြီးလောက်ပြီမှန်း မိုးသောက်ယံ နားလည်လိုက်သည် ။
ဘယ်လိုပဲဖြစ်ဖြစ် ရှိုင်းအနားက ထွက်မသွားရအောင် သူ ကြိုးစားသွားမှာပင် ။
ရှိုင်းက သူ ချစ်ရသည့် တစ်ဦးတည်းသော သူမို့ ဘယ်နည်းနှင့်မျှ အဆုံးအရှုံး မခံနိုင်ပေ ။
****************
ဆက်ရန်
Thin Zar Moe Oo
Zawgyi
ခ်စ္မိသူ အရႈံး
(အခန္း - ၁၉ )
ျပတင္းေပါက္မွ တိုးဝင္လာသည့္ ေနေရာင္စူးစူးေၾကာင့္ မိုးေသာက္ယံ နိုးလာရသည္ ။ ေခါင္းကလည္း တဆစ္ဆစ္ႏွင့္ ကိုက္ေနသည္ ။ ထထိုင္လိုက္ရင္း ေခါင္းအုံးေလးကို အေၾကာင္းမဲ့ ေငးေနမိသည္ ။ ထိုစဥ္ မေန႕ညက အျဖစ္အပ်က္က အေႏွးျပကြက္လို ေခါင္းထဲမွာ အစီအရီ ပုံေပၚလာသည္ ။
ရွိုင္းေရွ႕မွာ သူ ငိုခဲ့႐ုံသာမက တစ္ညလုံးလည္း ရွိုင္းကို အတင္းပင္ ဖက္တြယ္ၿပီး အိပ္ခဲ့ေသးသည္။ မေန႕ညက ရွိုင္း၏ ႏူးညံ့ေသာ အၾကည့္ေလးကို ျပန္ျမင္ေယာင္ၿပီး ရင္ထဲ လွိုက္ခနဲ ခုန္သြားသည္ ။
ေနာက္တစ္ခါ သူ အရက္မေသာက္ျဖစ္ေအာင္ ေရွာင္မွျဖစ္မည္ ။ သို႔မဟုတ္လွ်င္ ရွိုင္းကို ခ်စ္တယ္ ဟုသာ တိုက္ရိုက္ ဖြင့္ေျပာမိသြားနိုင္သည္ ။
မိုးေသာက္ယံ ဟူးခနဲ သက္ျပင္းခ်ရင္း အခန္းထဲမွ ထြက္လာသည္ ။ သူ ေရခ်ိဳးၿပီးေသာ္ ရွိုင္းက မနက္စာအတြက္ အဆင္သင့္ ျပင္ထားတာ ေတြ႕လိုက္ရသည္ ။ သူ ႀကိဳက္သည့္ မုန့္ဟင္းခါး ႏွင့္ ေကာ္ဖီကို အသင့္ ေဖ်ာ္ထားသည္ ။
"လာထိုင္ေလ ။ ဘာၾကည့္ေနတာလဲ "
ရွိုင္းက ေျပာမွ သူ သတိဝင္ၿပီး စားပြဲမွာ ထိုင္လိုက္သည္ ။
"စားေလ ။ မင္း ႀကိဳက္တဲ့ မုန့္ဟင္းခါး ငါ ဝယ္လာခဲ့တာ "
"ေက်းဇူး "
ရွိုင္းကို မဝံ့မရဲ ၾကည့္ရင္း ခပ္တိုးတိုး ေျပာလိုက္သည္ ။ ထို႔ေနာက္ ဗိုက္ဆာေနသည္မို႔ ဟန္ေဆာင္မေနေတာ့ ။
"ျဖည္းျဖည္းစား ၊ နင္မယ္ "
ရွိုင္းက ေကာ္ဖီခြက္ကို သူ႕ အနားတိုးေပးရင္း ေျပာသည္။ ရွိုင္း၏ ဂ႐ုတစိုက္ရွိမႈေတြကို မိုးေသာက္ယံ စိတ္ထဲ ေက်နပ္ေပ်ာ္႐ႊင္ရေသာ္လည္း ေနသားမက်ေပ ။ ေနရထိုင္ရခက္ေနသည္ ။
"ခဏေန ငါ အလုပ္သြားေတာ့မယ္ ။ ေရခဲေသတၱာထဲမွာ အသား ၊ ငါး နဲ႕ ဟင္းသီး ၊ ဟင္း႐ြက္ေတြ ဝယ္ျဖည့္ထားတယ္ ။ မင္း ဗိုက္ဆာရင္ တစ္ခုခု လုပ္စားလိုက္ ။ ထမင္းေတာ့ ငါ တည္ခဲ့တယ္ "
မိုးေသာက္ယံ ေခါင္းညိတ္လိုက္သည္ ။
"မင္းက ဘယ္မွာ အလုပ္လုပ္မွာလဲ "
"မေန႕က ငါ အလုပ္ရွာၿပီး အျပန္ ေမေမ ေခၚလို႔ သြားေတြ႕ခဲ့ေသးတယ္ ။ အလုပ္ရွာေနတာ သိေတာ့ မဒီ့အေဖရဲ႕ ရန္ကုန္႐ုံးမွာ ဝင္လုပ္ခိုင္းတယ္ ။ ေနာက္ၿပီး ေမေမတို႔လည္း ရန္ကုန္ကို အၿပီးေျပာင္းလာေတာ့မွာေလ "
ရွိုင္းက ေအးေဆးသက္ေတာင့္သက္သာ ေျပာလာေသာ္လည္း မိုးေသာက္ယံ၏ ရင္ထဲ ထိတ္ခနဲ ျဖစ္သြားသည္ ။ ဘာမွ်မျဖစ္သလို ဟန္ေဆာင္ရင္း ေမးလိုက္သည္ ။
"မဒီေရာ "
"မဒီလည္း ဒီမွာပဲေလ ။ သူ စိတ္ဆိုးေနလို႔ ခုထိေတာ့ မေတြ႕ရေသးဘူး "
"အင္း "
မိုးေသာက္ယံ ေခါင္းညိတ္လိုက္ေပမယ့္ ရင္ထဲမွာ ပူေလာင္ေနသည္ ။ မဒီ့အေဖဆီမွာ အလုပ္လုပ္ရင္း ရွိုင္း ႏွင့္ မဒီတို႔ ျပန္အဆင္ေျပသြားမွာ မလြဲေပ ။ အဲ့သည္အခ်ိန္ေရာက္လွ်င္ သူ ဘာလုပ္ရမည္နည္း ။
"ငါ သြားေတာ့မယ္ ယံယံ ။ မေန႕ကလို မေျပာမဆိုနဲ႕ ေလွ်ာက္သြားမေနနဲ႕ဦး ။ ငါ ဖုန္းဆက္ရင္လည္း ဖုန္းကိုင္ဖို႔ မေမ့နဲ႕ "
"အင္း "
မိုးေသာက္ယံ ေခါင္းညိတ္လိုက္ေတာ့ ရွိုင္းက အလုပ္သြားရန္ ျပင္သည္ ။ မိုးေသာက္ယံသည္ ၿခံေရွ႕ထိ ရွိုင္းကို လိုက္ပို႔သည္ ။ ရွိုင္း၏ ဆိုင္ကယ္ေလး ျမင္ကြင္းထဲက ေပ်ာက္ကြယ္သည္ထိ ေငးၾကည့္ေနခဲ့သည္ ။ ၿပီးေနာက္ ၿခံတံခါး ပိတ္၍ အိမ္ထဲ ျပန္ဝင္ခဲ့သည္ ။
ယခု အေျခအေနေလးကို သူ သေဘာက်မိသည္ ။ ရွိုင္း ႏွင့္ သူက အိမ္ေထာင္က်ခါစ စုံတြဲေတြလိုပင္ စိတ္ထဲ ခံစားရသည္ ။ သည္လိုသာ ေန႕တိုင္းဆို ဘယ္ေလာက္ေကာင္းမလဲ ။ ရွိုင္း ႏွင့္ သူ ႏွစ္ေယာက္တည္း အေႏွာင့္အယွက္ကင္းကင္း ေနနိုင္ရင္ သိပ္ေကာင္းမည္ ။
****************
"ရွိုင္း "
အလုပ္ဆင္းေသာ္ ရွိုင္းသည္ ဆိုင္ကယ္ရပ္ထားသည့္ ေနရာသို႔ ေလွ်ာက္လာခဲ့သည္ ။ ထိုစဥ္ မိမိ၏ အေနာက္မွ ေခၚသံထြက္ေပၚလာသည္ ။ သူ လွည့္ၾကည့္ေသာ္ မဒီက အၿပဳံးေလးႏွင့္ ႏႈတ္ဆက္သည္ ။
"မဒီ "
မဒီႏွင့္ သူ မေတြ႕ၾကတာ ရက္အေတာ္ၾကာၿပီျဖစ္သည္ ။ ေစ့စပ္မည့္ေန႕က မဒီ စိတ္ဆိုးၿပီး အိမ္ျပန္သြားတည္းက ျဖစ္သည္ ။ မဒီ့ေနာက္ လိုက္၍ သူ ေတာင္းပန္ေသာ္လည္း နားလည္မေပးခဲ့ေပ ။ ထို႔ေနာက္ မဒီက အေတြ႕ပင္ မခံေတာ့ ။ ယခုေတာ့ မဒီက သူ႕ဆီသို႔ အရင္ ေရာက္လာခဲ့သည္ ။
"စကားေျပာဖို႔ အခ်ိန္ရမလား ရွိုင္း "
မဒီက ေလသံေဖ်ာ့ေဖ်ာ့ ႏွင့္ ေမးလာေတာ့ ရွိုင္း ေခါင္းညိတ္လိုက္သည္ ။ ထို႔ေနာက္ မဒီႏွင့္အတူ ေကာ္ဖီဆိုင္သို႔ ထြက္လာခဲ့သည္ ။ အတူတူထိုင္ရင္း မဒီ ေျပာမည့္စကားကို သူ ေစာင့္ဆိုင္းေနမိသည္ ။
"ရွိုင္း ေဖေဖ့႐ုံးမွာ အလုပ္ဝင္ေနတာ ေမေမ ေျပာလို႔ မဒီ သိေနတာ ၾကာပါၿပီ ။ လာေတြ႕ဖို႔ကို ေတြေဝေနတာနဲ႕ အခ်ိန္ၾကာသြားတာ "
မဒီ့စကားကို ရွိုင္း ေခါင္းတစ္ခ်က္ညိတ္ၿပီး ေထာက္ခံလိုက္သည္ ။ သူ အလုပ္ဝင္ေနတာ သည္ေန႕ဆို တစ္ပတ္ျပည့္ၿပီျဖစ္သည္ ။
"မဒီ မွားသြားတယ္ ရွိုင္း ။ ရွိုင္းကို မဒီ ယုံလိုက္သင့္တာ ။ ဒါ မိုးေသာက္ယံရဲ႕ စနက္ဆိုတာ သိရက္နဲ႕ မဒီ ကိုယ့္စိတ္ကိုယ္ မထိန္းနိုင္ခဲ့ဘူး "
ဒါကလည္း ရွိုင္း ႏွင့္ မိုးေသာက္ယံကို ကုတင္ထက္၌ ပူးကပ္ေနၾကတာကို ျမင္ၿပီး ထူပူကာ သူ႕စိတ္သူ မထိန္းနိုင္ခဲ့ျခင္း ျဖစ္သည္ ။ သူ ေသြးေအးသြားမွ ျပန္စဥ္းစားၾကည့္ေသာ္ ဒါ မိုးေသာက္ယံတစ္ေယာက္တည္း၏ လက္ခ်က္သာ ျဖစ္မည္ ။ ရွိုင္းကို စိတ္ဆိုးၿပီး ခြင့္လႊတ္မေပးခဲ့မိသည့္အတြက္ မဒီ ေနာင္တရမိသည္ ။
"မဟုတ္တာ ။ မဒီ မမွားပါဘူး "
"ဒါဆို ရွိုင္း ၊ မဒီ့ကို ခြင့္လႊတ္တယ္ေပါ့ေနာ္ ။ မဒီတို႔ အရင္လို ျပန္တြဲရေအာင္ေနာ္ ရွိုင္း ။ မဒီ ၊ ရွိုင္းကို ခ်စ္ေနတုန္းပဲ "
မဒီ့ စကားၾကားေတာ့ ရွိုင္း၏ မ်က္ႏွာ ပ်က္သြားသည္ ။
"ကိုယ္ ေတာင္းပန္ပါတယ္ မဒီ ။ ကိုယ္တို႔ ျပန္တြဲဖို႔က မျဖစ္နိုင္ေတာ့ဘူး "
"ဘာေျပာတယ္ ရွိုင္း ။ ရွိုင္း နဲ႕ မဒီနဲ႕က ခ်စ္သူေတြပါ ။ ရွိုင္းဘက္က မဒီ့ကို လြယ္လြယ္ပဲ ေမ့လိုက္နိုင္တာလား "
"မဟုတ္ဘူး မဒီ ။ ခုခ်ိန္မွာ ယံယံ နဲ႕ ကိုယ့္ကို လူႀကီးေတြက အထင္လြဲေနၾကတာေလ ။ ဒီလိုအခ်ိန္မွာ ကိုယ္ ဒီကိစၥေတြ ျပန္မစခ်င္ေသးဘူး ။ ယံယံ ၊ သူ႕မိဘေတြနဲ႕ ျပန္အဆင္ေျပမွပဲ ကိုယ္တို႔ ကိစၥကို ျပန္ေဆြးေႏြးရေအာင္ "
မဒီ့ မ်က္ႏွာမဲ့သြားၿပီး လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားသည္ ။ ရွိုင္း၏ အေရွ႕မွာမို႔ ေဒါသကို ထုတ္မျပခ်င္တာေၾကာင့္ ဟန္ေဆာင္ေနရသည္ ။ စိတ္ထဲမွာေတာ့ မိုးေသာက္ယံကို မုန္းတီးနာက်ည္းသည့္စိတ္က ထုထည္ႀကီးမားလာသည္ ။ သူ႕ေၾကာင့္သာမဟုတ္လွ်င္ မဒီ ႏွင့္ ရွိုင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းေနရမွာျဖစ္သည္ ။
မဒီ သက္ျပင္းရွိုက္ရင္း တျခား နည္းလမ္း တစ္ခု အျမန္ စဥ္းစားရေတာ့သည္ ။
"ဒါဆို အဲ့ဒီအခ်ိန္ထိ မဒီ့ကို မိတ္ေဆြလို သေဘာထားေပးပါ ရွိုင္း ။ မဒီ ၊ ရွိုင္းရဲ႕ အနားမွာ မိတ္ေဆြအျဖစ္နဲ႕ေတာ့ ရွိခ်င္ေသးတယ္ "
ရွိုင္းက ၿပဳံး၍ ေခါင္းညိတ္ေတာ့ မဒီက ေကာ္ဖီ တစ္ငုံ ေသာက္ရင္း မဲ့ၿပဳံးၿပဳံးသည္ ။
*****************
ညေနေစာင္းၿပီဆိုလွ်င္ ၿခံထဲမွာ လမ္းေလွ်ာက္ရင္း ရွိုင္း ျပန္အလာကို ေမွ်ာ္ေနရတာကလည္း မိုးေသာက္ယံ၏ အလုပ္တစ္ခုပင္ ။ သည္ေန႕ေတာ့ ရွိုင္းက ခါတိုင္းထက္ ေနာက္က်ေနသည္ ။ တေမွ်ာ္ေမွ်ာ္ႏွင့္ ရွိုင္း လာေနက်လမ္းေလးကို ေငးေနမိသည္ ။
ခဏအၾကာ ဆိုင္ကယ္ေလးက ျမင္ကြင္းထဲသို႔ ေရာက္လာသည္ ။ မိုးေသာက္ယံ ေက်နပ္စြာၿပဳံးရင္း ၿခံတံခါးကို သြက္သြက္လက္လက္ ဖြင့္လိုက္သည္ ။
ဆိုင္ကယ္ေလးေပၚမွာ ရွိုင္းအျပင္ ေနာက္တစ္ေယာက္ရွိေနေတာ့ မိုးေသာက္ယံ မ်က္ခုံးတြန့္သြားသည္ ။ ထိုစဥ္ ဆိုင္ကယ္ေလးက မိုးေသာက္ယံ၏ ေရွ႕မွာ ထိုးရပ္သြားသည္ ။ ဆိုင္ကယ္အေနာက္မွ ဆင္းလာသူကို ျမင္ေတာ့ မိုးေသာက္ယံ မ်က္ႏွာပ်က္သြားရသည္ ။
မဒီကေတာ့ မဲ့ၿပဳံးၿပဳံးၿပီး ေလွာင္ရိပ္ေတြ ျပည့္ေနေသာ မ်က္ဝန္းေတြႏွင့္ မိုးေသာက္ယံကို စိုက္ၾကည့္သည္ ။
"မေတြ႕တာၾကာၿပီေနာ္ မိုးေသာက္ယံ "
မဒီ့ အၾကည့္ႏွင့္ စကားသံက သူ ေမ့ေနေသာ အရာကို သတိေပးေနသလိုပင္ ။ သူ႕စိတ္ထဲ မဒီ အမွန္တကယ္ ေျပာခ်င္သည့္ စကားကို ရွင္းရွင္းလင္းလင္း နားလည္ေနသည္ ။ ရွိုင္းကို သူ သိပ္မၾကာခင္ ဆုံးရႈံးရေတာ့မည္ဟူ၍ ျဖစ္သည္ ။ ေနာက္ဆုံးေတာ့ သူ ေတြးေၾကာက္ေနခဲ့ရေသာ ေန႕ရက္ေတြက စတင္ခဲ့ၿပီ ။
******************
"မဒီ ခဏထိုင္ဦး ။ ကိုယ္ ေရခ်ိဳးလိုက္ဦးမယ္ "
"ရတယ္ ရွိုင္း ။ ေအးေဆးေပါ့ "
မဒီက ၿပဳံး၍ ျပန္ေျပာေတာ့ ရွိုင္းက ေရခ်ိဳးရန္ ထြက္သြားသည္ ။ ဧည့္ခန္းထဲမွာ မိုးေသာက္ယံ ႏွင့္ မဒီတို႔ ႏွစ္ေယာက္တည္း က်န္ခဲ့သည္ ။ မဒီသည္ မိုးေသာက္ယံကို စူးစိုက္ၾကည့္ရင္း မဲ့ၿပဳံးၿပဳံးလိုက္သည္ ။
"နင္ သိပ္ေပ်ာ္ေနလား မိုးေသာက္ယံ "
မိုးေသာက္ယံသည္ မ်က္ခုံးတြန့္ၿပီး မေက်မနပ္ႏွင့္ မဒီ့ကို ျပန္ၾကည့္လိုက္သည္ ။
"ေမးစရာ လိုေသးလို႔လား "
"ဟား.... ဟုတ္သားပဲ ။ ေမးစရာမွ မလိုဘဲ ေနာ္ ။ နင္ သိပ္ေပ်ာ္ေနမွာေပါ့ ။ ဒါေပမဲ့ နင္ ၾကာၾကာေပ်ာ္ဖို႔ အခ်ိန္မရွိေတာ့ပါဘူး အဟင္း ။ ရွိုင္း နဲ႕ ငါက ျပန္အဆင္ေျပသြားၾကၿပီေလ ။ သိပ္မၾကာခင္ ရွိုင္းရဲ႕ အနားက နင္ ထြက္သြားရေတာ့မွာပါ မိုးေသာက္ယံ "
မဒီက အံႀကိတ္၍ ႀကဳံးဝါးေျပာဆိုသည္ ။ မိုးေသာက္ယံ မ်က္ႏွာပ်က္ၿပီး မဒီ့ကို စိုက္ၾကည့္ေနမိသည္ ။
မဒီသည္ အမ်ားအျမင္မွာ ေခ်ာေမာလွပသည့္ မိန္းကေလး ျဖစ္ေသာ္လည္း သူ႕အတြင္းစိတ္ကမူ ႐ုပ္ဆိုးအက်ည္းတန္လွသည္ ။ မဒီ့ မ်က္ဝန္းထဲက အမုန္းတရားႏွင့္ ကလဲ့စားေခ်လိဳသည့္ အရိပ္အေယာင္ေတြကို ျမင္ေနရသည္ ။ ရွိုင္းအနားက သူ႕ကို ဖယ္ထုတ္ရန္ မဒီ အစီအစဥ္ ခ်ၿပီးေလာက္ၿပီမွန္း မိုးေသာက္ယံ နားလည္လိုက္သည္ ။
ဘယ္လိုပဲျဖစ္ျဖစ္ ရွိုင္းအနားက ထြက္မသြားရေအာင္ သူ ႀကိဳးစားသြားမွာပင္ ။
ရွိုင္းက သူ ခ်စ္ရသည့္ တစ္ဦးတည္းေသာ သူမို႔ ဘယ္နည္းႏွင့္မွ် အဆုံးအရႈံး မခံနိုင္ေပ ။
****************
ဆက္ရန္
Thin Zar Moe Oo