Letters

Od mysunshineisbright

56.3K 6.1K 121

စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... Více

1
2
3
4
5
6
7
8
9
10
11
12
14
15
16
17
18
19
20
21
22
23
24
Finale
❤️📢💚

13

1.8K 224 0
Od mysunshineisbright

(Unicode)

ရိပေါ်အခုတစ်လော စကိတ်တွေချည်းစီးဖြစ်တယ်.. စီးတာမှ တရကြမ်းကိုစီးတာ.. ဒဏ်ရာတွေရတဲ့အထိ.. အပြင်မှာဒဏ်ရာရရင် ရင်ထဲကနာတာက နဲနဲသက်သာသလိုရှိတယ်မဟုတ်လား...

"ရိပေါ် ကိုယ့်ကိုကိုယ်တော့ နဲနဲညှာပါဦးကွာ.."

Jackson ဘယ်လောက်ပြောပြော အကျိုးကတော့ထူးမလာဘူး..ဒီလိုအချိန်မှ ပြိုင်ပွဲတွေကလဲမရှိတော့ အာရုံလွဲစရာလဲမရှိဘူးလေ..

တစ်ခါတစ်လေလဲ Zio ကို သွားသွား ချောင်းဖြစ်သေးတယ်...ကိုယ်ကဖွင့်ပြောပြီး ကိုယ်ကပဲရှောင်နေတဲ့အဖြစ်က နဲနဲတော့ ကဂျိုးကဂျောင်ဖြစ်ပေမဲ့ ရိပေါ်မတတ်နိုင်ဘူး.. စိမ်းကားနေမဲ့ရှောင်းကျန့်ကို သူ ရင်မဆိုင်ရဲဘူးလေ..
ရိပေါ်ကသာကမ္ဘာပျက်နေပေမဲ့ ရှောင်းကျန့်ကတော့ အရင်အတိုင်းလေးပဲ... အပြုံးတောက်တောက်လေးနဲ့ပဲ...
သူပျော်နေတော့လဲဝမ်းသာရတာပါပဲ.. ကိုယ့်ကြောင့်စိတ်ဆင်းရဲရတာထက် သူများကြောင့်ပျော်နေတာကို မြင်ရတာက အများကြီးသာပါတယ်လေ..

တစ်ညနေရိပေါ်စကိတ်စီးပြီးအပြန် အိမ်ရှေ့မှာ Zack ကိုတွေ့ရတယ်..
"ရိပေါ် နေကောင်းရဲ့လား.. ပိန်သွားလိုက်တာ.. ကိုယ့်ဖုန်းလဲမကိုင်တော့ စိတ်ပူလို့ လိုက်လာတာ.."
"နေကောင်းပါတယ်.. ကျွန်တော် ကိစ္စလေးနဲနဲရှိနေလို့.."
"ရိပေါ် အဆင်ပြေရဲ့လား.. ကိုယ်တို့ သွားသောက်ကြမလား.."

ရိပေါ် အိမ်ထဲစကိတ်ဝင်ထား၊ ရေအမြန်ချိုးပြီး Zack ရဲ့ ကားနဲ့ပဲ bar တစ်ခုကိုထွက်လာလိုက်ကြတယ်..

"ရိပေါ်  နားထောင်ပေးဖို့ ကိုယ်ရှိတယ်နော်"
"Zack ခင်ဗျား မျှော်လင့်ဖူးလား"
"သေချာပေါက် မျှော်လင့်ဖူးတာပေါ့"
"မျှော်လင့်ပြီး ဖြစ်မလာတာရောရှိဖူးလား.."

Zack မဖြေတော့ပဲ ရိပေါ်ဆက်ပြောနိုင်ဖို့ပဲ ဆက်နားထောင်နေလိုက်တယ်..

"အဲ့ဒါ အသေခါးတာနော်.. ဒီအရက်ထက်တောင်ခါးသေးတာ.. တစ်ယောက်ထဲဆီကပဲ ၂ခါလဲလွဲရော အခုကျွန်တော့်လို ဖြစ်ရောပဲ.. အဟက်"

ရိပေါ် whiskey တစ်ခွက်လုံးကို တစ်ကျိုက်ထဲမော့ချလိုက်တယ်..

"ရိပေါ်... ကိုယ်ကတော့လေ အဲ့လိုခါးတာတွေကြုံရရင် ဟာသပဲလုပ်လိုက်တော့တယ်.. ကိုယ်ပင်ပန်းအောင်မနေဘူး... ကိုယ်နဲ့ကံမပါတာတွေအတွက် အဲ့လောက် energy အကုန်မခံပါနဲ့.. ကိုယ်ကရိပေါ်ကို သက်တောင့်သက်သာလေးပဲ ဖြစ်စေချင်တယ်.."

"ဘာအကြောင်းလဲမမေးဘူးလား Zack"
"ကိုယ်အခု ရိပေါ်သိစေချင်တာတွေ သိပြီးပြီလေ.. မမေးတော့ပါဘူး... သိစေချင်တာရှိသေးရင် ရိပေါ်ထပ်ပြောမှာပေါ့.. ကိုယ်ကစောင့်ပေးမယ်.."
"ကျွန်တော်လဲခင်ဗျားလိုနေနိုင်ရင် တော်တော်ကောင်းမှာပဲ.. အခုတော့ နာလိုက်ရတာဒီထဲက.."

ရင်ဘတ်ကိုပုတ်ခါပုတ်ခါနဲ့ပြောနေတဲ့ ရိပေါ်ကို Zack သေချာကြည့်နေမိတယ်..
ဒီကောင်လေးကို သူတစ်ကယ်ပျော်စေချင်ပါတယ်...
.
.
.
ရိပေါ်ဒီနေ့ Zack နဲ့တွေ့ဖြစ်မယ်.. သူ ရှန်ဟိုင်းကို တစ်ပါတ်လောက်သွားမှာကြောင့် မသွားခင်ခဏတွေကြမယ်ဆိုတာနဲ့။

ရိပေါ် ချိန်းထားတဲ့ နေရာကိုရောက်တော့ Zack ကရောက်နှင့်နေပြီ။

"ရောက်တာကြာပြီလား Zack"
"ခုလေးတင်ရောက်တာ.. ရိပေါ်ဘာစားမလဲ ကြိုက်တာမှာ.. ဒီဆိုင်က western စာ တော်တော်နိုင်တာ... တရုတ်ကိိုလာတိုင်းဒီဆိုင်ကိုလာဖြစ်တယ်.."
"ကျွန်တော်လဲ သဘောကျတယ်...ထိုင်လို့ကောင်းတယ်.."
"တော်သေးတာပေါ့ ရိပေါ်သဘောကျတော့..
ကိုယ်ရှန်ဟိုင်းမှာ တစ်ပါတ်လောက်ကြာမှာ.. စာချုပ်ကိစ္စဆွေးနွေးရမှာတွေကလည်းရှိတော့လေ.. ပြီးရင် ပေကျင်းမှာတစ်ပါတ်လောက်နေပြီးတာနဲ့ US ပြန်ရဦးမယ်.."

Zack က တရုတ်ပြည်မှာ လုပ်ငန်းလာတိုးချဲ့နေတာကြောင့် US နဲ့က သွားလိုက်ပြန်လိုက်လုပ်နေရတာ...

"Have a safe trip Zack."
"Thank you ရိပေါ်.. ကိုယ်မသွားခင်ပြောစရာလဲရှိလို့ ရိပေါ်ကို ချိန်းလိုက်တာ.. ကိုယ်ပြောဖို့ရည်ရွယ်နေတာတော့ကြာပါပြီ.."

ပြောစရာရှိတယ်ဆိုလာတော့ ရိပေါ်နဲနဲတော့ရိပ်မိသလိုပါပဲ.. ကိုယ့်တုန်းကလဲ ဒီလိုပဲနိဒါန်းစခဲ့ရတာပဲဆိုတော့လေ.. ရိပေါ်ဝန်တော့လေးမိတယ်..Zack ကိုက မိတ်ဆွေတစ်ယောက်လိုခင်မင်နေပေမဲ့ အပြာရောင်စာအိတ်တွေရဲ့ပိုင်ရှင်အနေနဲ့ကတော့ ခုထိမမြင်နိုင်သေးတာမို့...

"ရိပေါ်ကို ကိုယ်သဘောကျတယ်.. စတွေ့တွေ့ချင်းထဲက သဘောကျလို့ ရိပေါ်ဆီကို စာတွေနေ့တိုင်းပို့ခဲ့တာ... ရိပေါ်လဲ ကိုယ့်စိတ်ကိုရိပ်မိမှာပါ.. တွေ့တွေ့ချင်းပြောလိုက်ရင် ရိပေါ်အရမ်းနေရခက်မှာစိုးလို့ ကိုယ်ဒီအတောအတွင်း သည်းခံပြီး ရိပေါ်နဲ့ရင်းနှီးတဲ့အထိစောင့်ခဲ့တာ... အခုတော့ကိုယ်ပြောပါရစေ.. "
"Zack အခုကျွန်တော့်စိတ်အခြေအနေက relationship တစ်ခုစဖို့ အဆင်သင့်မဖြစ်သေးဘူး..."
"ကိုယ်နားလည်ပါတယ်... ရိပေါ်ဘက်ကအဆင်သင့်ဖြစ်တဲ့အထိလဲ ကိုယ်စောင့်မှာပါ.. ဒီကြားထဲတော့ ရိပေါ်နဲ့ဒီအတိုင်းခင်ခင်မင်မင်ပဲရှိနေချင်တယ်.."

Zack ရဲ့သဘောကို ရိပေါ်ကောင်းကောင်းနားလည်ပါတယ်... ဘဝတူတွေပဲမဟုတ်လား...

"Zackကို ကျွန်တော်စိတ်ရင်းနဲ့ခင်ပါတယ်.. ကျွန်တော်လဲ Zack နေရာကိုရောက်ဖူးတော့ ဒီစိတ်ကိုလဲနားလည်ပါတယ်.. ကျွန်တော်လက်ခံနိုင် မခံနိုင် မသိသေးပေမဲ့ လက်မခံနိုင်လဲ Zack နဲ့သူငယ်ချင်းတော့ ဆက်လုပ်လို့ရဦးမယ်မလား."
"သေချာတာပေါ့.."

Zack က စိတ်လိုလက်ရပြုံးကာပြန်ဖြေလာတယ်။ သူက တစ်ကယ်ကို လူကောင်းတစ်ယောက်ပါပဲ..
.
.
.
.
ရိပေါ်ဒီနေ့ ကျန့်ကောကိုအရမ်းလွမ်းနေတယ်.. ကောနဲ့စကားမပြောဖြစ်တာလဲကြာပြီမဟုတ်လား... အဲ့ဒါနဲ့ Zio ကို ကောက်ခါငင်ကာပဲထွက်လာလိုက်တယ်... ခြံထဲမှာ parking ထိုးဖို့ပြင်နေတုန်း gallery ဖက်ကိုလှမ်းကြည့်မိတော့ တွေ့ပါပြီသူ့ရဲ့အဖိုးတန်ကလေးကို... ပြုံးလို့ရွှင်လို့...
ရိပေါ်ရင်တွေနာရပြန်ပြီ... ရှောင်းကျန့်က မိန်းကလေးတစ်ယောက်နဲ့ ဖုန်းကိုလုရင်း စနောက်နေတာ.. ပြီးတော့ခေါင်းကိုလဲပုတ်ပေးလိုက်သေးတယ်..
ရိပေါ်ဘယ်လိုမှ မခံစားနိုင်တော့ဘူး.. parking ထိုးနေရာက Zio ခြံထဲကနေအမြန်ပဲမောင်းထွက်လာခဲ့လိုက်တော့တယ်...

~အချစ်ခံရတဲ့လူအဖြစ်ပဲနေပါ.. ချစ်ရတာဘယ်လောက်နာကျင်ရလဲ ကျွန်တော်အသိဆုံးမို့.. ကောပျော်နေရင် ကျွန်တော်အဆင်မပြေနေလဲ ခံစားရတာတန်ပါတယ်..~

ရှောင်းကျန့်ဟာ အသံလုံအခန်းလိုပါပဲ.. ရိပေါ်ရဲ့ခံစားချက်တွေကို ပဲ့တင်ပြန်မလာခဲ့ပါဘူး....

_______________________

(Zawgyi)













.
.
.


"ခုလေးတင်ရောက်တာ.. ရိပေါ်ဘာစားမလဲ ကြိုက်တာမှာ.. ဒီဆိုင်က western စာ တော်တော်နိုင်တာ... တရုတ်ကိုလာတိုင်းဒီဆိုင်ကိုလာဖြစ်တယ်.."


"Have a safe trip Zack."




"သေချာတာပေါ့.."

.
.
.
.



to be continued...

Pokračovat ve čtení

Mohlo by se ti líbit

1.7M 97K 88
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
6.9K 140 30
They hate each other... or so they thought. (Spanish&English Book)
11.1K 717 4
3.April.2023 Birthday present for sister ❤️🙆
25.9K 810 11
A lone person who like anime and was excited on his second day after Cosplaying for the first time to run from reality because he always think negati...