သဏ္ဍာန်ဆန်း

Od Saung_Nay_Chi

2.8M 312K 11.7K

(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို... Více

Author's note
intro
P_1 (U)
P_2 (U)
P_3 (U)
P_4 (U)
P_5 (U)
P_6 (U)
P_7 (U)
P_8 (U)
P_9 (U)
P_10 (U)
P_11 (U)
P_12 (U)
P_13 (U)
P_14 (U)
P_15 (U)
P_16 (U)
P_17 (U)
P_18 (U)
P_19 (U)
P_20 (U)
Trekking photo
P_21 (U)
P_22 (U)
Paintball game photo
P_23 (U)
P_24 (U)
P_25 (U)
P_26 (U)
P_27 (U)
P_28 (U)
P_29 (U)
P_30 (U)
P_31 (U)
P_32 (U)
P_33 (U)
P_34 (U)
P_35 (U)
P_36 (U)
P_37 (U)
P_38 (U)
P_39 (U)
P_40 (U)
P_41 (U)
P_42 (U)
ဥတ္တရအလင်းတန်း (Northern Light)
P_43 (U)
P_44_Ending (U)
thank you all my lovely reader
(Extra _ 2) U
(Extra _ 3) U
လင်းရဝေ ❤ သုတဟန်
💛 Book Cover 💛
P_1 (Z)
P_2 (Z)
P_3 (Z)
P_4 (Z)
P_5 (Z)
P_6 (Z)
P_7 (Z)
P_8 (Z)
P_9 (Z)
P_10 (Z)
P_11 (Z)
P_12 (Z)
P_13 (Z)
P_14 (Z)
P_15 (Z)
P_16 (Z)
P_17 (Z)
P_18 (Z)
P_19 (Z)
P_20 (Z)
P_21 (Z)
P_22 (Z)
P_23 (Z)
P_24 (Z)
P_25 (Z)
P_26 (Z)
P_27 (Z)
P_28 (Z)
P_29 (Z)
P_30 (Z)
P_31 (Z)
P_32 (Z)
P_33 (Z)
P_34 (Z)
P_35 (Z)
P_36 (Z)
P_37 (Z)
P_38 (Z)
P_39 (Z)
P_40 (Z)
P_41 (Z)
P_42 (Z)
P_43 (Z)
P_44_Ending (Z)
(Extra_1) Z
(Extra_2) Z
(Extra_3) Z
(Extra_4) U
(Extra_4) Z
💛Happy New Year (မိုင်းဆန်း) Unicode💛
💛 Happy New Year (မိုင်းဆန်း) Zawgyi💛
New fic 💛
(Resell ပြဿနာ)
"သဏ္ဍာန်" နဲ့ "သဏ္ဌာန်"
"သဏ္ဌာန်ဆန်း" sec ver book details

(Extra _ 1) U

40.5K 4.1K 393
Od Saung_Nay_Chi

မိုင်းရဲ့ စီးပွားရေး ပရောဂျက်ကြီး အောင်မြင်တဲ့ အထိမ်းအမှတ်နဲ့ သူငယ်ချင်းတွေဆုံကာ ပွဲလုပ်ဖြစ်ခဲ့ကြသည်။ နေရာက မိုင်းနဲ့ ဆန်းတို့ နေထိုင်ရာ အပန်းဖြေစံအိမ်မှာပဲ ဖြစ်၏။ အချိန်က ညနေစောင်းနေလေပြီ။ ပါတီလုပ်နေကြနေရာ ရေကူးကန်ဘေးမှာ ပွဲကို တည်ခင်းဖို့ လုပ်နေကြသည်။ အိမ်ရှင်တွေ ကိုယ်တိုင် တည်ခင်းနေကြတာတော့ မဟုတ်ပါ။ service ပေးတဲ့ ဝန်ထမ်းတွေက လုပ်ဆောင်နေကြခြင်းသာ။

"ဒီ ရှန်ပိန်ပုလင်းတွေကို အလယ်မှာ စုမထားနဲ့ စားပွဲကကျယ်တော့ လှမ်းယူရင် အဆင်မပြေနိုင်ဘူး ...လက်လှမ်းမှီနိုင်အောင် ‌တ‌နေရာစီမှာ ဖြန့်ထားလိုက် ..."

"ဟုတ်ကဲ့ပါ Boss ..."

"Boss ထိုင်ခုံတွေက ထပ်ဖြည့်ဖို့ လိုသေးလားဟင် ..."

"မလိုဘူး လာမယ့်သူက ငါအပါအဝင် 7ယောက်ပဲ ထိုင်ခုံက ပြည့်တယ် ..."

"ဟုတ်ကဲ့ Boss ..."

service ပေးနေတဲ့ ဝန်ထမ်းတွေရဲ့ Bossဟု ခေါ်တွင်နေသော သူသည် ကောင်းသစ်လွင်ပဲ ဖြစ်၏။ ဒီနေ့ပွဲရဲ့ အစားအသောက် အဖျော်ယမကာကအစ service ပေးခြင်း အဆုံးထိ စီစဉ်‌သူက ကောင်းသစ်လွင်ပင်ဖြစ်သည်။

"အားလုံးစီစဉ်ပေးပြီးရင် ပြန်လို့ရပြီနော် ..."

သူ့ဝန်ထမ်းတွေကို ပြောလိုက်ပါသည်။ ပွဲမှာ သူငယ်ချင်းအရင်းတွေပဲ ရှိနေမှာမို့ serviceပေးရန် ဝန်ထမ်းတွေ အနားရှိဖို့ မလိုပေ။ ဝန်ထမ်းတွေ ပြန်သွားတော့ ကောင်းသစ်လွင်တစ်ယောက်ပဲ ထိုနေရာမှာ ကျန်နေခဲ့ပါသည်။

"ဘယ်လိုလဲ ကောင်းကင်ဘားရဲ့ Boss ကြီးရေ ...ပွဲကို သေချာလုပ်နေရဲ့လား ..."

အသံနဲ့အတူ အနားရောက်လာသူကတော့ မိုင်း။

"အဆင်မပြေရင် ငါနောက်ဘာပွဲလုပ်လုပ် မင်းတို့ဆိုင်ကို မငှားတော့ဘူးနော် ..."

"အပြစ်မပြောခင် အရင် ကြည့်လိုက်ပါဦးကွာ မင်းဆိုသည်မှာလည်း..."

မိုင်းက အပြင်အဆင်တွေ လိုက်ဝေ့ကြည့်လိုက်ပြီး ...

"အင်း မဆိုးပါဘူး ..."

"မဆိုးပါဘူး လုပ်မနေနဲ့ ငါက အထူးသီးသန့် ဝန်ဆောင်မှု ပေးပေးထားတာနော် ...ငါတို့ဆိုင်က ဒီလိုမျိုး အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ပေးတာမရှိဘူး ...ကိုယ့်သူငယ်ချင်း အရင်းကြီးက တောင်းဆိုလို့ လုပ်ပေးတာ ..."

"အေးပါကွာ သိပါတယ် ...‌ကောင်းကင်ဘားဆိုတာ တကယ့်နာမည်ကြီး ဆိုင်ပဲကို ...အဲ့ဒါကြောင့်မို့လို့လည်း ငါက ရွေးချယ်လိုက်တာပေါ့ ..."

"အေးပါ သိရင်ပြီးရော ..."

ကျောင်းပြီးတော့ ကောင်းသစ်လွင်က မိဘတွေရဲ့ စီးပွားရေးတွေထဲကို ဝင်ဖို့ စိတ်ကူးမရှိခဲ့။ ဒါကြောင့် သူလုပ်ချင်တဲ့ ဘားတစ်ခုကို ဖွင့်ခဲ့တာဖြစ်သည်။ လုပ်ငန်းကျွမ်းကျင်တယ်လို့ ဆိုရမလားပဲ။ သုံးနှစ်ကျော်အတွင်း နာမည်ကျော်ဘားတစ်ခု ဖြစ်လာခဲ့ပြီး ဆိုင်ခွဲက နှစ်ခုဖွင့်နိုင်ခဲ့၏။
နီနီသစ်လွင်ကတော့ သူ့မောင်ရဲ့ ခေါင်းရှောင်ထွက်သွားမှုကြောင့် မိဘလုပ်ငန်းအချို့ကို ဝင်ရောက် ဦးစီးဖြစ်ခဲ့ရသည်။ သူတို့မိဘတွေက အဝတ်အထည် brandတစ်ခုကို လုပ်ကိုင်သူတွေ ဖြစ်သည်။ သစ်လွင်အမြွှာရဲ့ ဖခင်က နိုင်ငံရေးသမား ဖြစ်ပေမယ့် သားသမီးတွေကတော့ တစ်ယောက်မှ နိုင်ငံရေးကို ဝါသနာမပါခဲ့ပေ။

"ကောင်း မင်းအစ်မနဲ့ မင်းယောက်ဖလောင်း ရောက်လာပြီ ..."

ရေကူးကန်ဘက်ကို လျောက်လာတဲ့ နှစ်ယောက်ကို လှမ်းမြင်လိုက်တော့ မိုင်းက ပြောလာသည်။

"‌ယောက်ဖလောင်းလို့ မပြောစမ်းပါနဲ့ ငါကြိမ်းတယ် ..."

"ဘာကြိမ်းတာလဲ ...ယောက်ဖလောင်းမို့လို့ ယောက်ဖလောင်းလို့ ခေါ်တာပေါ့ ...ဘာလဲ မင်းက ကြည်သာ့ကို သဘောမကျဘူးလား ..."

မိုင်းက ရယ်နေလေသည်။

"မကျတာတော့ မဟုတ်ဘူးလေ ...ကြည်သာက လူကောင်းပါပဲ ...ဒါပေမယ့် အခေါ်အဝေါ်ကြီးက အရမ်း စိမ်းတယ် ငါမနေတတ်ဘူး ..."

"မနေတတ်လည်း အခေါ်ခံရမှာပဲ ဟေ့ကောင် ...ညီမတွေ အစ်မတွေ ရှိတဲ့သူတိုင်း ကြုံရမယ့်ကိစ္စပဲ ..."

"ညီမဆိုလို့ သတိရသွားပြီ ...မင်းရဲ့ဆန်း ငါ့ရဲ့ယောက်ဖလောင်းရော ..."

"မရောက်သေးဘူး ...KSမှာ သူအစည်းအဝေးရှိနေလို့တဲ့ ကြာနေတယ်...ထွက်လာနေပြီလို့တော့ ပြောတာပဲ ..."

"အင်း ...ငါကမှ သဘောကောင်းတဲ့ ယောက်ဖ ဖြစ်သေးတယ် ...မင်းရဲ့ဆန်းကလေ သူ့ညီမ နန်းသွေးကို ဘာလို့ ငါနဲ့ မကြည်တာလဲ မသိဘူး ..."

"ကြည်ချင်စရာကိုး နင်က ..."

အနားရောက်လာတဲ့ နီနီက ကောင်းရဲ့ စကားတွေကို ကြားလိုက်ပါသည်။ မောင်ဖြစ်သူကို လှမ်းကြည့်ပြီး ...

"နင်က ကြည်သာ့လိုမျိုး လူအေးလေးမှ မဟုတ်တာ ...ငပွေးလေ ...အခုမှ လုပ်ငန်းတွေကို ဦးစီး‌နေရတဲ့သူ ဖြစ်သွားလို့ ငြိမ်သွားတာ ...အရင်က ကောင်းသစ်လွင်လို့ ပြောလိုက်ရင် club kingကြီးလို့တောင် တန်းမြင်တယ် ..."

"အဲ့ဒါ အရင်ကလေ ...အခုက ငါလည်း တည်ငြိမ်နေပြီကို ...ဆန်းက ..."

"ဆန်းက လုပ်မနေနဲ့ ငါလည်း နန်းသွေးကို နင်နဲ့ သဘောမတူဘူး ...ငါ့ညီမလေးက အေးအေးလေး ...နင်က ငရှုပ် ..."

"နင်တို့ငါ့ကို အဲ့လို မပြောကြနဲ့ ...နင်နဲ့ဆန်း နန်းသွေးကို ကြားက‌နေ သွေးထိုးနေကြတာ မဟုတ်လား ...အဲ့ဒါကြောင့် နန်း‌သွေးလေးက ငါ့ကို အခုထိ အဖြေပြန်မပေးသေးတာ ..."

"ဘာဆိုင်လို့လဲ သူက နင့်မကြိုက်လို့ ပြန်မပေးတာ ဖြစ်မှာပေါ့ ..."

"မကြိုက်စရာလား ငါက ဘယ်နေရာ ဘာဖြစ်နေလို့လဲ ရုပ်လည်းချောတယ် အလုပ်လည်းရှိတယ် ..."

မောင်နှမနှစ်ယောက်က တွေ့လိုက်တာနဲ့ မတည့်ချင်ပေ။

"အချစ်က အဲ့ဒါတွေ မလိုဘူးလေ ..."

မိုင်းက ကောင်းပုခုံးကို ပုတ်၍ ရယ်ရင်းပြောလိုက်သည်။

"ဟုတ်တယ် မိုင်းဆီကနေ သင်ယူလိုက်ဦး ချစ်ပုံချစ်နည်းတွေ ..."

ကြည်သာကလည်း ယောက်ဖလောင်းကို ဝင်ပြောလိုက်ပါသည်။ ပြီးတော့ နီနီပုခုံးကို ဖက်၍ စားပွဲမှာ ဝင်ထိုင်လိုက်ကြ၏။

"သဏ္ဍာန်ဆန်းဆီက အချစ်ကို သူဘယ်လိုရခဲ့လဲဆိုတာ ငါတို့သိတယ် ...ဘာလို့လဲဆိုတော့ ငါတို့လည်း အဲ့ဒီ့နှစ်ယောက်ကြားမှာ တခါတလေ ပါခဲ့ဖူးလို့ ...မသိတာက မင်းတို့နှစ်ယောက်ပဲ ..."

ကောင်းသစ်လွင်ရဲ့ လမ်းကြောင်းက နီနီတို့အတွဲဆီသို့။

"ရည်းစား ဖြစ်သွားပြီဆိုတော့မှ အကုန်လုံးကို အသိပေးခဲ့တာလေ ...ကြည်သာ မင်းပြောစမ်း ...ငါ့အစ်မ အချစ်ကို ဘယ်လိုရခဲ့တာလဲ ..."

မျက်နှာချင်းဆိုင် သွားထိုင်၍ မေးလိုက်တဲ့ ကောင်းသစ်လွင်။

"ဘာလို့မေးတာလဲ ..."

"နန်းသွေးဆီက အဖြေတောင်းမလို့ ငါနည်းလမ်းရှာနေတာ ...ရည်းစားရှိတဲ့ မင်းတို့ ကောင်တွေဆီက မတောင်းလို့ ဘယ်ကတောင်းရမှာလဲ ...ဒီအဖွဲ့ထဲမှာ ရည်းစားမရှိသေးတာ ဆိုလို့ ငါနဲ့လင်းရဝေပဲ ရှိတယ် ..."

"လင်းရဝေဆိုလို့ ရဝေရော မလာသေးဘူးလား ..."

"အင်း မလာသေးဘူး ..."

"ငါဖုန်းဆက်ကြည့်လိုက်ဦးမယ် ..."

နီနီက ရဝေ့ကို ဖုန်းခေါ်ရန် တစ်နေရာ ထသွားလေသည်။

"ပြောပြ ..."

ကောင်းက ကြည်သာ့ကို မေးနေဆဲ။

"မင်း နားမရှက်ဘူးလား မင်းအစ်မနဲ့ ငါ့အကြောင်း ပြောပြရမှာနော် ..."

"ရတယ် ပြောပြ ...ငါ့အစ်မနဲ့ နန်းသွေးက တအားချစ်ကြတာ ...နန်းသွေးကိုရဖို့ ငါ့အစ်မဆီကတော့ ဘာနည်းလမ်းမှ ကြားရမှာ မဟုတ်ဘူး ...မင်းပဲ ပြောပြ ..."

"ငါ့မှာလည်း ထူးထူးခြားခြား နည်းလမ်းရယ်လို့ ရှိတာမဟုတ်ဘူး ...ငါ့ရဲ့ ပထမရည်းစားက တခြားသူနဲ့ ပါသွားတော့ ငါအသဲကွဲတယ် ...နီနီက ငါ့ကို နှစ်သိမ့်ပေးတယ် ...အဲ့ဒီ့ကနေ သံယောဇဉ်တွေက စလာတာပဲ ..."

ကြည်သာ အသဲကွဲခြင်းက ကျောင်းတုန်းထဲကပါ။ နီနီနဲ့ တွဲဖြစ်တာကတော့ ဒီနှစ်ထဲမှာဖြစ်ပြီး သိပ်မကြာသေးပေ။ ကျောင်းတုန်းထဲက ကြည်သာက သဏ္ဍာန်ဆန်းပြီးရင် နီနီနဲ့သာ အရင်းနှီးဆုံး ဖြစ်ခဲ့တဲ့သူ။ ကျောင်းပြီးတဲ့အထိ သူတို့က တွေ့ဖြစ်နေကြဆဲပင်။

"ဒါဆို မင်းတို့အချစ်က သနားရာကစတာပဲ ..."

"အဲ့လို ထင်တာပဲ ..."

"အဆင်မပြေဘူး နန်းသွေးငါ့ကို သနားလာဖို့က..."

"ဘယ်ပြေမလဲ မင်းပုံစံက ဘယ်နား သနားချင်စရာ ရှိလို့လဲ ..."

အနားမှာ ရပ်ကြည့်နေတဲ့မိုင်းက ဝင်ပြောလိုက်ရဲ့။

"မင်းသူ့ကို တကယ်ချစ်တာလား ..."

မေးလိုက်သူက မိုင်းပင်။

"အေးပေါ့ ...ငါ့အစ်မဆီ လာလာနေတဲ့ အဲ့ဒီ့ကောင်မလေးကို တွေ့ပါများလာတော့ ချစ်မိလာတာ ...အခုဆို တော်တော်ဖြစ်နေပြီ ..."

"ချစ်ရင် ဇွဲမလျော့နဲ့ ဆက်သာလိုက် ...ငါ ဆန်းကို ဘယ်လိုရခဲ့လဲဆိုတာ မင်းမြင်တယ်မို့လား ...မင်းရဲ့ နန်းသွေးက ငါ့ရဲ့ဆန်းလို အကြောတင်းမဟုတ်ဘူး ...ကိုင်တွယ်ရလွယ်တယ် ...ငါ့ဆန်းကမှ ..."

"ဘာဖြစ်လဲ ငါက ..."

ဘယ်တုန်းထဲက အနားရောက်လာခဲ့သည် မသိသော သဏ္ဍာန်ဆန်း။ သူက အိမ်နေရင်း ပေါ့ပေါ့ပါးပါး ဝတ်စုံကိုပင် လဲလှယ်ထားပြီးလေပြီ။ အိမ်ထဲဝင်ပြီးမှ သူတို့ဆီကို ရောက်လာပုံပါပဲ။

"အရမ်း ချစ်ဖို့ကောင်းတယ်လို့ ..."

လူမြင်တော့ ထွက်လာတဲ့ စကားက တမျိုးပြောင်းသွားသည်။ မိုင်းက ဆန်းကို ပုခုံးဖက်လိုက်၍ ပါးတဖက်ကို ဖျစ်ညှစ်လိုက်၏။

"ဖယ်ကွာ ...မင်းစောစောက ငါ့အတင်းပြောနေတာ မဟုတ်လား ..."

"မဟုတ်ပါဘူး ..."

ဗြောင်ကျကျ လိမ်လိုက်တဲ့ မိုင်း။

"ငါအတိအကျကြီး ကြားလိုက်ရဲ့သားနဲ့ လိမ်နေပြန်ပြီ ..."

သူ့ကိုယ်ကို ဝင်တိုက်၍ ဆန်းက စားပွဲမှာ သွားဝင်ထိုင်လိုက်ပါသည်။

"မင်း ငါ့ညီမလေးကို အတင်းဖိအားပေးပြီး လိုက်မကပ်နဲ့ သေမယ် ..."

ဆန်းက လက်သီးထောင်ပြပြီး ကောင်းကို ပြောနေ၏။ နန်းသွေးက သူနဲ့ သွေးသားအရင်း မဟုတ်ပေမယ့်လည်း ညီမအရင်းလေးနဲ့ မခြားပါ။ နှစ်ပေါင်းများစွာ အတူနေခဲ့တဲ့ သံယောဇဉ်တွေ ရှိနေတာမို့။ စောင့်ရှောက်ရမယ့်တာဝန်က သူ့မှာ အစ်ကိုကြီးတစ်ယောက်လိုပါပဲ။

"မိုင်းလည်း မင်းကို အတင်းဖိအားတွေ ပေးပြီး လိုက်ကြိုက်ခဲ့တာပဲလေ ..."

"တူမလား ငါက ယောင်္ကျားလေးလေ သူက မိန်းကလေး ...မိုင်းငါ့ကို ဖိအားပေးလည်း ငါဘယ်လိုတုံ့ပြန်ခဲ့လဲ မြင်တယ်မို့လား ..."

"ပြောသားပဲ အကြောတင်းပါဆို ..."

မိုင်းက တိုးတိုးလေး မကြားတကြားလှမ်းပြော၏။ ဒီစကားကို အကုန်လုံးလည်း ကြားပါသည်။

"နောက်ဆုံးတော့ မင်းတို့ ချစ်သူ‌ဖြစ်သွားကြတာပဲလေ ...ဘူတာက အဲ့ဒီ့ကိုပဲ ဆိုက်သွားတာ ..."

ကောင်းက အခုထိ အပြောမလျော့သေးပေ။

"အဲ့ဒီ့ ဘူတာဆိုက်ဖို့က ကြားထဲမှာ ဘယ်နှဘူတာကို ဖြတ်ကျော်ခဲ့ရသလဲ မင်းတို့သိရဲ့သားနဲ့ ...ပြီးတော့ မင်းနဲ့ နန်းသွေးက ..."

ဆန်းက ဆက်မပြောချင်သလို စကားကို ရပ်လိုက်တာမို့ ...

"ဘာဖြစ်လဲ ငါနဲ့ နန်းသွေးက ..."

"အကျင့်စရိုက်တွေက ဆန့်ကျင့်ဘက်တွေလေ ...ဘယ်နေရာမှ မတူဘူး ..."

"အံမယ် မင်းနဲ့မိုင်းလည်း နှစ်ယောက်လုံးက ဆန့်ကျင်ဘက်တွေပဲလေ ...စရိုက်တူလို့လား ကဲပြော ...အသွင်မတူတဲ့ မင်းတို့နှစ်ယောက်တောင်မှ ညားနိုင်သေးတာပဲ ...အရှေ့က ဥပမာတွေ သာဓကတွေကို ငါက သင်ခန်းစာ ယူထားပြီးသား..."

ကောင်းတို့က ဘာဖြစ်ဖြစ် လိုရာဆွဲပြောနေသည်သာ။

"ဟုတ်တယ် သင်ခန်းစာခေါင်းစဉ်က ဘာတဲ့လဲ ..."

မိုင်းက ကောင်းကို မျက်စပစ်၍ လှမ်းမေးလိုက်သည်။

"တကယ်ချစ်ရင် ရှေ့ဆက်တဲ့..."

"တကယ်ချစ်ရင် ရှေ့ဆက်တဲ့ ..."

နှစ်ယောက်သား ရယ်မောရင်း တလေသံထဲ ထွက်လာပုံအရ ဒါက အရင်ထဲက ဆွေးနွေးခဲ့ဖူးလို့ပဲ မဟုတ်လား။

"မိုင်း မင်းဒီကောင့်ကို မြှောက်ပေးနေတာလား ..."

"နည်းနည်းပါ ..."

"မင်းသေမယ် ..."

ဆန်းက ကြိမ်းနေလေသည်။

"ဘာလို့လဲ ကောင်းက အရမ်းမဆိုးပါဘူး မင်းကလည်း ဘာလို့ ယောက်ဖမတော်ချင်ရတာလဲ ..."

မိုင်းမေးတော့ ဆန်းက ကောင်းမျက်နှာကို လှမ်းကြည့်၏။ ကောင်းကလည်း အဖြေကို သိချင်နေပုံရသည်။ သူ့မျက်နှာကို ပြန်ကြည့်နေပါသည်။ ထိုအချိန်တွင် နီနီက ပြန်ရောက်လာပြီး ကြည်သာ့ဘေးမှာ လာဝင်ထိုင်လိုက်၏။

"ရဝေက လာနေပြီတဲ့ ရောက်တော့မယ်တဲ့ ..."

နီနီ အသိပေးတာကို နားထောင်ပြီးတော့ ဆန်းက သူ့စကားကို ဆက်လိုက်ပါသည်။

"သူက ကောင်းပါတယ် ...အားနာလို့ ပြောတာတော့ မဟုတ်ဘူး ...ပေါင်းလာတာကြာတော့ ငါတို့ တစ်ယောက်အကြောင်း တစ်ယောက်သိကြတာပဲလေ ..."

"အဲ့ဒါဆို ဘာလို့ သဘောမတူတာလဲ ..."

ကောင်းက ဆက်မေးလိုက်သည်။

"အခြေအနေချင်း ကွာတယ်လေ ...ငါနဲ့ မိုင်းလိုမျိုးပေါ့ ...ခက်ခက်ခဲခဲကြုံခဲ့ရတဲ့ အသိုင်းအဝိုင်း ကွာဟမှုတွေကို နန်းသွေးကို မဖြစ်စေချင်လို့ ...ငါ့ညီမလေးက မိန်းခလေး ပြီးတော့ ငယ်သေးတယ် ..."

"မငယ်တော့ပါဘူးကွာ ကျောင်းပြီးကာစ ဖြစ်နေပါပြီ မင်းကလည်း ..."

ဘေးကနေ ဝင်ဝင်ပါနေတဲ့ မိုင်းကို ဆန်းက ဆတ်ကနဲ လှမ်းကြည့်ပြီး လက်သီးထောင်ပြလာ၏။

"ငါအခု ငါ့အလုပ်နဲ့ငါ ငါ့လုပ်ပိုင်ခွင့်နဲ့ငါ ရွေးချယ်လို့ ရနေတဲ့ အရွယ်ဖြစ်နေပြီလေ ...နန်းသွေးကို ငါက စောင့်ရှောက်နိုင်ပါတယ် မပူပါနဲ့ ဆန်းရယ် ..."

သဏ္ဍာန်ဆန်း ပုခုံးတဖက်ကို ဖိကိုင်လိုက်ရင်း ကောင်းကပြော၏။

"ငါတို့ကျတော့ရော ..."

နီနီက ပြောလာသည်။

"နင်တို့က ဘာပူစရာလိုလို့လဲ ...ကြည်သာက နင့်အဖေ အားအကိုးရဆုံး လက်ထောက်ဖြစ်နေပြီလေ ..."

သဏ္ဍာန်ဆန်းဘေးမှာ ဝင်ထိုင်လိုက်ရင်း မိုင်းက ပြောလိုက်တာပါ။ တကယ်ဆို ကြည်သာက စီးပွားရေးနယ်ပယ်ထဲ မဝင်ဘဲ နီနီတို့အဖေရဲ့ ပြန်ကြားရေး လက်ထောက်နေ‌ရာကို လုပ်ကိုင်ခဲ့တာ ဖြစ်သည်။ နီနီနဲ့ တွဲဖြစ်မှမဟုတ်ဘဲ ကျောင်းပြီးထဲက ဝင်လုပ်ခဲ့တာပါ။ အစကတော့ နီနီက အလုပ်သွင်းပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ကြည်သာရဲ့ လုပ်ရည်ကိုင်ရည်က အဖေဖြစ်သူကို သဘောကျလာစေ၏။

"နီနီပြောတာက သူ့လက်ထောက်နဲ့ သူ့သမီးကို ပေးစားပါ့မလား အဲ့ဒါကို ပြောတာ ..."

ကြည်သာက ကြားကနေ နီနီရဲ့ ဆိုလိုရင်းကို ဝင်ထောက်ပေးလိုက်သည်။

"အချိန်တော့ ယူရမှာပေါ့ ...တကယ်လို့ သဘောမတူလည်း အရင်လက်ထပ်လိုက် ...ဒါမှမဟုတ်လည်း ကလေးအရင်ယူပစ်လိုက်ကွာ ..."

မိုင်းတစ်ယောက်ဟာ ကြားကနေ သင်ကြားပေးနေလေတော့သည်။

"ဟာ မင်း ..."

မောင်လုပ်တဲ့သူ ကောင်းမှာတော့ မျက်နှာ မထားတတ်တော့ပေ။ မိုင်းကိုသာ မဲမိ၏။

"ငါပြောတာ မဟုတ်လို့လား ...အဓိကက အတူနေရဖို့ပဲလေ ဘာဖြစ်ဖြစ် လုပ်သာလုပ် ..."

"မင်း သူတို့ မောင်နှမကို မြှောက်ပေးနေတာ များနေပြီနော် ..."

ဆန်းက မိုင်းဇက်ပိုးကို လက်နဲ့ ဆတ်ကနဲ လာရိုက်၏။ မိုင်းကလည်း ဆန်းရင်ဘတ်ကို လက်ပြန်ပြန်ရိုက်လိုက်၍ ...

"အဲ့လို ဇွဲမလျော့ဘဲ အရယူနိုင်ခဲ့လို့ပဲ မင်းကိုငါ ရခဲ့တာ မဟုတ်ဘူးလား ...ငါက သူတို့ကို စေတနာနဲ့ အကြံပေးနေတာ ...ငါက အောင်နိုင်သူ ဖြစ်ခဲ့ပြီးပြီမို့လို့ ..."

ဂုဏ်ယူဝံ့ကြွားသလိုမျိုး ပြောနေတဲ့ မိုင်းကို ထပ်လုပ်ရန် လက်ရွယ်နေတဲ့ ဆန်းအား ဘေးကသုံးယောက်မှ ဝင်တားရတော့၏။

"ဟာ ...ရန်သူတွေကျနေတာပဲ ..."

"တော်ကြတော့ဟ ...မင်းတို့က ကလေးတွေလား ..."

"အမြဲသတ်နေတာပဲ ...ဒါနဲ့တောင် လက်ထပ်ပြီးကြရင် ဘယ်လိုနေကြဦးမလဲ မသိဘူး ..."

ဘေးကနေ ပြောနေတဲ့သူတွေကို ပြန်မကြည့်ဘဲ နှစ်ယောက်သား တိုက်ခိုက်နေကြ၏။ နှစ်ယောက်လုံးရဲ့ လက်တွေဟာ ရှုပ်ယှက်ခတ်နေခဲ့သည်။ ကာလိုက် ရိုက်လိုက်နဲ့။ ထိတဲ့အခါလည်း ထိသွားသည်သာ။

"ငါက ချစ်တာ သူက ရန်လိုတာ ..."

"မင်းက ငါ့ကို အနိုင်ကျင့်နေတာ ..."

နှစ်ယောက်သား ရန်လည်းဖြစ်၊ ဘေးကလူကိုလည်း စကားပြန်ဖြေနေကြသည်။ သူတို့ကိုကြည့်ပြီး ရယ်နေမိကြရဲ့။ ဘယ်လောက်ပင် မတည့်ပါစေ။ ဒီနှစ်ယောက် မည်မျှထိ ချစ်ကြသလဲဆိုတာ သူတို့အသိဆုံးပင်။
ဘယ်သောအခါမှ ရိုးအီသွားကြမယ့်ပုံ မပေါ်သော ဒီနှစ်ယောက်ဟာ ဖူးစာ‌တမျိုးတော့ ဖြစ်ပုံရပါသည်။

"ဒိုင်လူကြီး လိုသေးလားဟေ့ ..."

အခုမှရောက်လာတဲ့ လင်းရဝေက ရန်ပွဲကိုကြည့်ပြီး ပြောလိုက်တာပါ။ မြင်နေကြမို့ ထူးပြီး ဝင်ဆွဲရန် အစီအစဉ်မရှိပေ။ ပြီးရင် ဒီနှစ်ယောက်က ကြားလူမရှိလည်း ပြန်တည့်သွားကြမယ့် သူတွေမို့။

"လာပြီလား ကျောင်းဥက္ကဌကြီး ...ပွဲစမလို့ မင်းကို စောင့်နေတာ ..."

ညဟာ မှောင်လာခဲ့ပြီး ရေကူးကန်ဘေးက ‌ပါတီလေးဟာ မီးရောင်စုံတွေနဲ့ လှပနေခဲ့သည်။
လူစုံပြီမို့ ပါတီကို ‌စလိုက်ကြပြီး အောင်ပွဲခံတဲ့ အထိမ်းအမှတ် ရှန်ပိန်ခွက်တွေ ထိခတ်သံက စည်သွားရသည်။

မကြာမကြာ တွေ့ဖြစ်ကြပေမယ့်လည်း အလုပ်ကိုယ်စီနဲ့မို့ ဟိုးအရင်ကလိုတော့ အမြဲ မဆုံဖြစ်တော့တဲ့ သူတို့။ ဆုံတုန်း ဆုံခိုက် စကားတွေတော့ ဖောင်ဖွဲ့ပြောဖြစ်ကြသည်သာ။

"ဘယ်လိုလဲ ကျောင်းဥက္ကဌကြီး မင်းရဲ့နေရာမှာ အဆင်ပြေနေရဲ့လား ..."

ကောင်းက ခပ်တည်တည်နဲ့ မေးလိုက်၏။ သူတို့အထဲမှာ မိဘအမွေကို အပြည့်အဝ ဆက်ခံနိုင်ပြီးသူ လင်းရဝေတစ်ယောက်ထဲရယ်။ လင်းရဝေက မိသားစုပိုင် နိုင်ငံတဝှမ်းက ကိုယ်ပိုင်အထက်တန်းကျောင်း အုပ်စုကို စီမံနေရတဲ့ ဥက္ကဌတစ်ယောက်။ အသက်အရွယ်အရ မဦးဆောင်နိုင်တော့တဲ့ ဖခင်က ဆက်ခံသူနေရာကို စောစောစီးစီးမှာပဲ လင်းရဝေကို ပေးခဲ့တာပါ။

"ပြေပါတယ် ...ဒီလိုပဲပေါ့ အသက်အရွယ် ငယ်နေတော့ လုပ်ငန်းခွင်မှာ ကိုယ့်ထက်အကြီးတွေနဲ့ အလုပ်လုပ်ရတာ အဆင်မပြေတာတွေ အယူအဆ မတူတာတွေတော့ ရှိတယ် ..."

"နင်က အစထဲက ဘက်စုံတော်တဲ့ သူပဲလေ ..."

"မတော်တာ တစ်ခုရှိသေးတယ် ..."

‌ကောင်းက မချိုမချဉ် မျက်နှာဘေးနဲ့ ဝင်ပြောလာပြန်သည်။

"အခုချိန်ထိ ရည်းစားမရှိသေးဘူး သူ့ဆီမှာ ...ဟား ဟား ဟား ..."

လှောင်သလိုလို ဘာလိုလိုနဲ့ ကောင်းသစ်လွင်က စနေပါသည်။

"အောင်မာ မင်းမှာရော ရှိလို့လား ..."

"ငါက ကြိုက်နေတဲ့သူ ရှိတယ်လေ မကြာခင် ရလာတော့မှာ နန်းသွေးသာ အခုခေါင်းညိတ်ကြည့်လိုက် ငါ့မင်္ဂလာဆောင်ကို မင်းတို့တက်ရတော့မှာ ..."

ကောင်းက ခပ်ပိုပိုပြောပြီး ကျေနပ်နေပါ၏။ ရဝေ့မှာ အခုထိ ရည်းစားဆိုတာ မူးရင်ရှုစရာမရှိသလို တယောက်ယောက်ကို ကြိုက်နေတဲ့ အသံဆိုတာလည်း မကြားခဲ့ဖူးပေ။

"ဘယ်သူပြောလဲ ရဝေ့မှာ စိတ်ဝင်စားနေတဲ့သူ မရှိဘူးလို့ ..."

ဒီစကားက ဆန်းဆီကနေ လာတာဖြစ်သည်။ အကုန်လုံးရဲ့အကြည့်ဟာ ဆန်းဆီသို့။

"မင်းက သိလို့လား ..."

"သူငါ့ကို လာတိုင်ပင်တာ ..."

"နှစ်ယောက်ထဲ နင်တို့ ဘာတွေကြိတ်ပြောခဲ့ကြတာလဲ ငါတို့ကိုလည်း ပြောပြဦးလေ ..."

"ငါမသိဘဲနဲ့ မင်း ငါ့ဆန်းနဲ့ တွေ့နေတာလား ရဝေ ..."

"ဟာ တော်ကြပါတော့ တစ်ယောက် တစ်ပေါက်နဲ့ ဘယ်လိုဟာတွေလည်း မသိဘူး ..."

ရဝေက စိတ်ရှုပ်သလိုလို ထုတ်မပြောချင်သလိုလိုနဲ့ ရှန်ပိန်ခွက်ကို ကောက်မော့လိုက်ပြီး ဆန်းကို ဘုကြည့်ကြည့်၏။ စိတ်ထဲကနေ ကြိတ်၍ ဆဲနေမိပါသည်။ သဏ္ဍာန်ဆန်း ဆိုတဲ့ကောင်က ပါးစပ်ထဲ အရက်ကလေး ဝင်သွားရင် ရိုးသားလာပါရောလား။ အကျင့်က အခုထိ မပျောက်သေး။

"ငါတို့ကိုတော့ ပြောပြသင့်တယ် မဟုတ်လား ..."

"အေးလေ သူငယ်ချင်း အရင်းကြီးတွေကို ..."

"သဏ္ဍာန်ဆန်းကျတော့ မင်းက သွားတိုင်ပင်တယ် ငါတို့ကိုကျတော့ မပြောပြဘူးလား..."

"အဲ့လို မဟုတ်ပါဘူး ...ငါတို့ထဲမှာ နှုတ်အလုံဆုံးက သူလို့ထင်လို့ ပြောပြမိတာ ...အခုတော့ ဒီကောင်က မူးလာရင် အကုန်ထုတ်ပြောပြီ ..."

"ငါ့ဆန်းက မူးလာရင် အရမ်းချစ်စရာ ကောင်းလာရော ..."

သဏ္ဍာန်ဆန်း ခေါင်းလေးကို ခပ်ဖွဖွပွတ်၍ ကျေနပ်ပီတိဖြစ်နေတဲ့သူက တစ်ယောက်။ သူ့အကြောင်း အစဖော်ခံရလို့ မကျေနပ်သူက တစ်ယောက်။ ဟုတ်တော့ ဟုတ်နေသည်။
သဏ္ဍာန်ဆန်းကတော့ မျက်တောင် ပုတ်ခတ် ပုတ်ခတ်နဲ့ ရီဝေဝေ မျက်နှာထား။

"ငါက စိတ်ဝင်စားနေတာပါ ...အခုထိ ငါ့ကိုယ်ငါ မသေချာသေးဘူး ...သူနဲ့ ခင်မင်ရင်းနှီးလာတာ ကြာလာတော့ သံယောဇဉ် ဖြစ်လာသလိုမျိုး ..."

"သူကလည်း မင်းကိုကြိုက်တယ်တဲ့ ..."

ဆန်းက ထပ်ပြောလိုက်ပြန်သည်။ ဒီစကားကြားတော့ ရဝေက အတော်လေး ပျော်သွားတဲ့ပုံပင်။

"ဟုတ်လား မင်းကို သူက အဲ့ဒီ့လိုပဲ ပြောပြတာလား ..."

"ဟင့်အင်း ငါသူ့ကို စကားအစ်ကြည့်တာ မင်းကို စိတ်ဝင်စားနေတဲ့ပုံပဲ ..."

"မင်း သေချာလို့လား မူးနေလို့ ပေါက်ကရတွေ ပြောနေတာလား ဆန်း..."

"မူးနေရင်တောင် ငါက အမှန်ပဲ ပြောတတ်တာကို ..."

စားပွဲပေါ် လက်ထောက်၍ မေးစေ့ကို အဲ့ဒီ့လက်ပေါ်ထောက်တင်လိုက်ရင်း ဆန်းက ပြောနေသည်။ အကုန်လုံးက ဆန်းနဲ့ ရဝေ့ကိုသာ ကြည့်နေကြပါ၏။ ဒီနှစ်ယောက်ထဲနဲ့ကို ဘယ်သူ့အကြောင်း ရည်ရွယ်ပြီး ပြောနေကြသလဲ သူတို့မသိ။

"မင်းပြောတာ အမှန်ဆိုရင် ငါအခု သူ့ကို သွားဖွင့်ပြောလိုက်ရမလား ..."

"အင်း အချိန်ကောင်းပဲ သွား ..."

ဆန်းကပြောလိုက်တော့ ရဝေက ချက်ချင်းထရပ်၍ ပြန်ဖို့ ပြင်နေသည်။

"ငါ စောစော ပြင်နှင့်မယ် ဆောရီး သူငယ်ချင်းတို့ ငါ့ကိစ္စက အရေးကြီးနေလို့ ..."

အကုန်လုံး နားမလည်နိုင်ကြသေး။ တစ်ယောက်က တွန်းအားပေးနေသည်။ တစ်ယောက်ကလည်း တက်ကြွလို့ပါပဲ။

"ရဝေ ..."

"ဟင် ..."

ခြေလှမ်းပြင်ပြီးတော့ ဆန်းရဲ့ ခေါ်သံကြောင့် လှည့်ကြည့်လာပါသည်။

"မင်းအိမ်က သဘောမတူရင် ဘာမှစိတ်ပူမနေနဲ့ ...အဲ့ဒီ့ကောင်လေးကို ယူပြီး ငါတို့အိမ်မှာ လာနေနော် ...ငါတို့အိမ်က အကျယ်ကြီးပဲ လူအများကြီးနေလို့ရတယ် ...အမွေဖြတ်ခံရလည်း စိတ်မပူနဲ့သိလား ...ကိုယ့်စီးပွားရေး ကိုယ့်ဘာသာထူထောင်လိုက် ...ငါမိုင်းဆီကနေ ပိုက်ဆံချေးပေးမယ် ...ဒီကောင့်ကို ငါပြောရင် ဘာမဆိုရတယ် ..."

"အေးပါကွာ အေးပါ ..."

လင်းရဝေက ဆန်း မူးမူးနဲ့ပြောသမျှကို သဘောတကျ ရယ်မောရင်းနဲ့ နားထောင်ပြီး ထွက်သွားခဲ့လေသည်။ ကျန်ခဲ့တဲ့သူတွေမှာတော့ ...

"မဟုတ်သေးဘူး မင်းကူညီချင်တာ မင်းပိုက်ဆံ မင်းချေးလေ ငါကဘာလို့ ချေးရမှာလဲ ..."

"မင်းက ငါ့ထက်ပိုချမ်းသာတယ်လေ ငါက အခုမှ လခစားဝန်ထမ်းပဲ ရှိသေးတာ ..."

"အောင်မာ မင်းယောက္ခထီးက မင်းဘဏ်အကောင့်ထဲကို မုန့်ဖိုးဆိုပြီး ထည့်ထည့်ပေးနေတာ အိမ်ဆယ်လုံးလောက် ဝယ်လို့ရနေပြီ ...ငါမသိဘူးများ ထင်နေလို့လား ..."

"အဲ့ဒါက ငါကတမင် ဘာမှမသုံးဘဲနဲ့ သိမ်းထားတာ..."

"ဘာလုပ်ဖို့လဲ ..."

"မင်း company မွဲပြာကျသွားရင် အရင်းထပ်ထုတ်ပေးမလို့ ..."

"ဟာကွာ ...ဖွဟဲ့ လွဲပါစေ ချော်ပါစေ ...ငါက မင်းရဲ့ သိတတ်မှုကိုပဲ အချစ်ပိုရမလား ...ငါ့ကို အသုံးမကျဘူးလို့ သွယ်ဝိုက်ပြောနေတာကိုပဲ စိတ်တိုပြီး ထလုပ်ရမလားပဲ ..."

"ကဲ ကဲ နင်တို့နှစ်ယောက် ကိစ္စက ခဏနေဦး ...စောစောက ရဝေ့ကိစ္စကို သေချာရှင်းပြစမ်းပါဦး ဆန်း ...ရဝေ စိတ်ဝင်စားနေတာက ကောင်လေးလား ..."

"အင်းလေ ..."

နီနီက မေးတော့ ဆန်းက ပြန်ဖြေရှာသည်။

"ဘယ်သူလဲ ငါတို့မသိတဲ့သူလား ငါတို့သိတဲ့သူလား ..."

"သိတဲ့သူ ..."

"ဘယ်သူလဲ ..."

"သု တ ဟန် ..."

တစ်လုံးချင်း ထွက်လာတဲ့ နာမည်ကြောင့် အကုန်လုံး အံ့ဩသွားရ၏။

"ဟမ် သုတဟန်နဲ့ ..."

"သူတို့က ကျောင်းတုန်းထဲက ဆန်းကိစ္စနဲ့ ပတ်သက်ပြီး ရင်းနှီးသွားကြတာ မဟုတ်လား ..."

"အင်း အခုထိ အဆက်အသွယ်က မပြတ်ကြသေးဘူး အမြဲတွေ့နေကြတာ ..."

ဆန်းက ရှင်းပြနေသေးသည်။

"ထင်မထားဘူး ..."

"ဘာကိုလဲ နီနီ ..."

"ရဝေက ယောင်္ကျားလေးတွေကို စိတ်ဝင်စားလိမ့်မယ်လို့ ..."

"ဆိုင်လို့လား အဲ့ဒါနဲ့ ...အချစ်က ချစ်မိသွားရင် ဘာမဆို ဖြစ်နိုင်တယ် ..."

မိုင်းက ထောက်ခံနေသေးသည်။
အင်း ဘာမဆို ဖြစ်နိုင်လို့ပဲ ဘာမဆို ဖြစ်ခဲ့တာပေါ့လေ။ ဒဏ္ဍာရီတွေဟာ အမှန်တကယ် ရှိနိုင်ကြောင်း၊ အချစ်စစ် ဆိုတာလည်း တကယ်ရှိကြောင်း။

**** ***** ***** ***** *****

( Author's Note)

မူရင်းဇာတ်က မိုင်းဆန်းကိုပဲ အဓိက ဦးတည်ပြီး ရေးခဲ့တာမို့လို့ အရံဇာတ်ကောင်တွေရဲ့ relationshipတွေကို အခုမှ ချပြလိုက်တာပါ။ တစ်ယောက်ချင်းစီ အလိုက် အသေးစိတ် ဇာတ်လမ်း မရေးဖြစ်ခဲ့ပေမယ့် သူတို့အတွက်လည်း ပျော်စရာကိစ္စလေးတွေ ဖန်တီးပေးလိုက်မိပါတယ်။

နောက် extraတွေမှာတော့ မိုင်းဆန်းပဲ ပါလာမှာပါ။ အခုက သူတို့လေးတွေ အတွက်ပါနော်။

**** ***** ***** ***** *****


Pokračovat ve čtení

Mohlo by se ti líbit

433K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
21.6K 1.6K 39
နေမင်းကြီးလို မတောက်ပချင်နေပါ ကြယ်လေးလောက်တော့ လင်းလက်ခွင့်ပြုပါ
62.3K 9.4K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...