Photographer & Guitarist [Jae...

By Neo-Zen

15.5K 1.4K 129

Jaemin, Jeno & Renjun/Injun (Twins) JaemRen & NoJun | RenMin & NoRen 💚 More

Episode 1 (Zawgyi)
Episode 2 (Zawgyi)
Episode 3 (Zawgyi)
Episode 4 (Zawgyi)
Episode 5 (Zawgyi)
Episode 6 (Zawgyi)
Episode 7 (Zawgyi)
Episode 8 (Zawgyi)
Episode 9 (Zawgyi)
Episode 10 (Zawgyi)
Episode 11 (Zawgyi)
Episode 12 (Zawgyi)
Episode 13 (Zawgyi)
Episode 14 (Zawgyi)
Episode 15 (Zawgyi)
Episode 16 (Zawgyi)
Episode 17 (Zawgyi)
Episode 18 (Zawgyi)
Episode 19 (Zawgyi)
Episode 20 (Zawgyi)
Episode 21 (Zawgyi)
Episode 22 (Zawgyi)
Episode 23 (Zawgyi)
Episode 24 (Zawgyi)
Episode 25 (Zawgyi) {Final}
Episode 1 (Unicode)
Episode 2 (Unicode)
Episode 3 (Unicode)
Episode 4 (Unicode)
Episode 5 (Unicode)
Episode 6 (Unicode)
Episode 7 (Unicode)
Episode 8 (Unicode)
Episode 9 (Unicode)
Episode 10 (Unicode)
Episode 11 (Unicode)
Episode 12 (Unicode)
Episode 13 (Unicode)
Episode 14 (Unicode)
Episode 15 (Unicode)
Episode 16 (Unicode)
Episode 17 (Unicode)
Episode 18 (Unicode)
Episode 19 (Unicode)
Episode 20 (Unicode)
Episode 21 (Unicode)
Episode 23 (Unicode)
Episode 24 (Unicode)
Episode 25 (Unicode) {Final}
Extra - JaemRen ( U + Z )
Extra - NoRen (U + Z)

Episode 22 (Unicode)

356 38 4
By Neo-Zen

အပိုင်း (က)

"မောင့်ကို သတိရလိုက်တာ"

Renjun ရေရွတ်ကာ စားပွဲပေါ်က ဖုန်းဆီ အကြည့်​ရောက်ကာ လှမ်းယူလိုက်သည်။ ပြီးတော့ Jaemin ထံ ဖုန်းခေါ်လိုက်သည်။ ဝင်သွားပြီဖြစ်တဲ့ ဖုန်းလေးဟာ ဖြေမည့်သူတော့ မရှိသေး။ ချတော့မယ်လို့ ပြင်လိုက်ချိန်မှ ကိုင်လာတဲ့သူကြောင့် စိတ်ဆိုးရတော့မလို ပျော်ရမလို။

"အူကြူး မောင် ရေချိုးနေလို့ ဆောရီး"

"အင်း ရပါတယ် ညဥ့်နက်နေပြီကို ခေါင်းတွေပါ လျှော်ရလား အဲ့မှာ ရာသီဥတု အေးတယ်ဆို ဂရုစိုက်"

"အင်းပါ အူကြူးရဲ့ မောင် ဂရုစိုက်ပါတယ် စိတ်မပူပါနဲ့ အူကြူးကရော မအိပ်သေးဘူးလား"

"ဟင့်အင်း စာရင်းတွေ မပြီးသေးလို့ လုပ်ရဦးမယ်"

"မောင့်ကို သတိရတယ် ဆိုပြီး အလုပ်တွေချည်း ဖိမလုပ်နေနဲ့ ကျန်းမာရေး ဂရုစိုက် ပိန်သွားတယ်နော်"

"အင်းပါ ဂရုစိုက်ပါတယ် ခုတလော product အသစ်အတွက် ပြင်ဆင်နေတာမို့ အလုပ်ရှုပ်နေတာပါ"

"အင်းပါ ဟူတ်ပါပြီ ခဏလေး မောင် အကျီဝတ်လိုက်ဦးမယ်"

"အင်းအင်း ဝတ်"

ဒီလိုနဲ့ နှစ်ယောက်သား စကားပြောခြင်း ခေတ္တ ရပ်ဆိုင်းသွားလေသည်။

"အူကြူး မောင် စာမေးပွဲပြီးရင် ခရီးထွက်ရအောင် အဲ့ချိန်ဆို အူကြူးလည်း အလုပ်ပါးလောက်မယ်ထင်တယ်"

"အင်း အခြေအနေအရပေါ့ မောင်ရယ်"

"ဟင်? ဘာကို အခြေအနေအရလဲ အူကြူး မောင်တို့ မတွေ့ဖြစ်တာ နှစ်ချီနေပြီလေ ဟိုနှစ် မောင်ဘွဲ့ယူတုန်းက နောက်ဆုံးတွေ့ဖြစ်ခဲ့ကြတာလေ"

"အငိးပါ သိပါတယ် အလုပ်ကလည်း"

"တော်ပါပြီ အူကြူးရယ် ခရီးလည်း ထွက်မနေတော့ပါဘူး အလုပ်ပဲ လုပ်နေလိုက်တော့ ဟက် ခရီးသွားဖို့ နေပါဦး အရင်ကလို ကျွန်တော့်ဆီတောင် ပုံမှန်လာလို့လား"

"မဟုတ်သေးဘူး Jaemin"

"တော်ကြရအောင်။ စကားတွေ ဆကိပြောရငိ ကျွန်တော်တို့ ရန်ပိုဖြစ်ရလိမ့်မယ်။ ကျွန်တောိ ဖုန်းချလိုက်ပြီ။"

သူ့အား စကားဆုံးအောင် ပြောခွင့် မပေးဘဲ သူ့ချည်းသာ ပြောသွားသော Jaemin ကို Renjun အံ့သြစွာ ငေးကြည့်နေခဲ့မိသည်။ ခုနလေးတင် ပျော်ရွှင်စွာ စကားပြောနေခဲ့ကြသေးတယ် မဟုတ်လား။

ကျဆင်းလာသော မျက်ရည်တို့က ပါးပြင်ကို ကျော်ဖြတ်လို့ လက်ဖမိုးပေါ်ထိတွေ့လာသည်ကို ခံစားမိတော့မှ မျက်ရည်စ တို့ကို စားပွဲပေါ်က တစ်ရှူးယူကာ သုတ်လိုက်သည်။

ဘယ်ချိန်တည်းက ရောကိနေမှန်း မသိတဲ့ Injun ဟာ ထိုင်နေတဲ့ Renjunကို ရင်ခွင်ထဲ တိုးဖက်ထားပြီး ကျောလေးကို ပွတ်သပ်ပေးလေသည်။

"Jaemin နဲ့ အဆင်မပြေလို့လား"

"အင်း ဒီလိုပါပဲ ဘယ်ချိန်တုန်းက ပြန်ရောက်နေတာလဲ"

"ခုနလေးတင်ပါ"

"အင်း Jenoနဲ့ရော တွေ့ဖြစ်ခဲ့တယိမလား"

RenJun , Injun ရင်ခွင်ထဲက ထွက်လိုက်ပြီး မေးလိုက်သည်

"အင်း အခု သူလိုက်လာတယ် အလုပ်ကိစ္စရော ပြီးတော့ ဒီတိုင်း အလည်သက်သက်ရော"

"ဟုတ်လား အပြင်မှာလား"

"အင်း အိမ်သာ ခဏဝင်နေလို့ ပြီးရင် ဒီကိုလာလိုက်မယ်"

"အင်းအင်း ထိုင်လေ"

"အင်း"

အပိုင်း (ခ)

Renjun နဲ့ Injun စကားပြောနေတုန်း Jeno အခန်းတံခါးခေါက်ကာ ဝင်လာခဲ့သည်။

"Jeno လာလေ လာ ထိုင်"

"အင်း"

"ညနေစာ စားပြီးကြပြီလား"

"လေယာဥ်ပေါ်မှာ စားခဲ့တယ် Ge "

Renjun အမေးကို Injun က ပြန်ဖြေလာသည်။

"အင်းအင်း Jeno မင်းမိဘတွေရော နေကောင်းတယ်မလား"

"အင်း ကောင်းတယ် မင်းရော နေကောင်းရဲ့လား ပိန်သွားသလိုပဲ"

"ကောင်းတယ် ခုတလော အလုပ် နည်းနည်းရှုပ်နေလို့ အိပ်ရေးမမှန်သလို ဖြစ်နေလို့ပါ"

"အင်းအင်း ဂရုစိုက်ဦး ဒါနဲ့ Jaemin ရော"

"သူ နောက်တစ်ပတ်ဆို Business စာမေးပွဲ ဖြေရမယ်လေ"

"အင်းအင်း"

"ကဲ ဒါဆို နောက်နေ့မှ အေးဆေး ဆက်စကားပြောကြမယ်လေ Ge ညဥ့်နက်တဲ့ထိ မအိပ်ဘဲ မနေနဲ့နော်"

"အင်း အလုပ်နည်းနည်းလေး လုပ်ပြီးရင် အိပ်တော့မှာ အငယ်တို့လည်း စောစောနားကြတော့လေ"

"ဒါဆို သွားတော့မယ် Ge"

"သွားတော့မယ်နော် Renjun"

Renjun ကို နှုတ်ဆက်ပြီးတဲ့နောက်မှာ Injun နဲ့ Jeno လည်း နားမည့်အခန်းထဲသို့ သွားတော့သည်။

အခန်းထဲက Renjun ကတော့ Injun တို့ ထွက်သွားပြီးတာနဲ့ အလုပ်စားပွဲမှာ နေရာပြန်ယူလို့ အလုပ် လက်စသတ်အောင် လုပ်နေလေသည်။
အလုပ်တွေကို စိတ်နှစ်ပြီး လုပ်နေပေမယ့် နားထဲ Jaemin နဲ့ ရန်ဖြစ်သည့် ကိစ္စကိုသာ ပြန်ကြားနေမိသည်။

စိတ်တွေ ရှုပ်ထွေးနေသည်မို့ လုပ်နေသည့် စာရင်းက ခဏခဏ မှားနေသည်။ စာရင်းတွေ ဆက်မလုပ်ဘဲ ဆက်တိုက် ခေါ်နေဆဲ ဖုန်းကို ဝင်နေပေမယ့် တစ်ဖက်က မကိုင်ဘဲ နေသည်။ နောက်ဆုံးတော့ Renjunလည်း ဖုန်းကို စက်ပိတ်ထားလိုက်ပြီး အိပ်ရာဝင်ခဲ့လိုက်သည်။

Renjun ရဲ့ မျက်နှာချင်းဆိုင် Injunရဲ့ အခန်းထဲတွင်တော့ ...

"Injun"

"ဟင် Jeno ပြော"

"Renjun နဲ့ Jaemin ရန်ဖြစ်ထားသေးလား သူ့ပုံစံက အဆင်မပြေနေသလိုပဲ"

"အင်း ခုနက စကားများနေတယ်"

"သူတို့နှစ်ယောက်က ရန်ဖြစ်တာ ရှားတာကို"

"အင်း ဒီနှစ်အတွင်းမှာ သူတို့ တွေ့မှ မတွေ့ဖြစ်ကြတာ Ge အားတဲ့အချိန် Jaeminက ကျောင်းတက်ရ အလုပ်တွေရှုပ်တဲ့အချိန် ခု Jaemin အားတော့ Ge က အလုပ်တွေ ပုံနေပြန်ရော"

"တော်သေးတယ်နော် ငါတို့လည်း တစ်နှစ်တည်း တူတူကျောင်းပြီးကြလို့ ပြီးတော့ မင်း လုပ်ငန်းကလည်း ကိုရီးယားနဲ့ ဖက်စပ် မို့လို့ ခဏ ခဏ သွားလိုက် လာလိုက် လုပ်လို့ ရနေလို့ နို့မို့ဆို ငါတို့လည်း တွေ့ဖို့က သူတို့လိုပဲ ခက်ခဲနေမှာ ခုကျတော့ မတွေ့ဖြစ်ဘူးဆိုရင်တောင် အနည်းဆုံး နှစ်လ တစ်ခါလောက်​တော့ တွေ့ဖြစ်ကြသေးတယ်"

"အင်း အဲ့ကျရင်လည်း ငါတို့က သူတို့ထက် ပိုပြီး စကားများကြမယ်ထင်တယ်"

"ဒါပေမယ့် ကိုယ် မင်းကို အလျော့ပေးတာပဲလေ Injun"

"ငါ သိပါတယ်"

"တွေးကြည့်ရင်တော့ ကိုယ်တို့က သူတို့ထက် ပိုရန်ဖြစ်တယ်နော်"

"ဘယ်သူ သဝန် အရမ်းတိုလို့ ရန်ဖြစ်ရတာလဲ စဥ်းစားပေါ့"

"ဟား ဟုတ်ပါပြီ ကိုယ်ဆိုးတာ"

"တော်ပြီကွာ ငါ အိပ်ချင်နေပြီ အိပ်တော့မယ်"

"အင်း အိပ်ကြတာပေါ့"

Jeno လည်း အခန်းတံခါးဘေးက မီးခလုတ်လေးကို ပိတ်လိုက်ပြီး Injun ဘေး ဝင်အိပ်လိုက်သည် သူအိပ်တာနဲ့ သူ့ရင်ခွင်ထဲ ရောက်လာတဲ့ Injun ကို Jeno နဖူးလေး နမ်းရင်း Good night kiss ကာ မှေးစက်လေတော့သည်။

အပိုင်း (ဂ)

Jaemin ဒီနေ့က စာမေးပွဲ နောက်ဆုံးနေ့ ဖြေရမည် ဖြစ်သည်။ စာမေးပွဲ ဖြေပြီးတာနဲ့ အပြင် ဘယ်မှ မသွားဖြစ်ဘဲ အိမ်ကိုသာ ပြန်လာခဲ့လိုက်သည်။

Renjun ဘက်က ဆက်တိုက် ဆက်သွယ်နေခဲ့ပေမယ့် သူကတော့ အဆက်အသွယ် ဖြတ်ကာ နေမိသည်။ ဘာမှ ရေးကြီးခွင်ကျယ် လုပ်စရာ မလိုတဲ့ ကိစ္စလို့ ထင်ကောင်း ထင်နိုင်ကြပေမယ့် သူ့အတွက်တော့ ဒီကောင်လေးကို မတွေ့ရလို့ သေတတ်မလားပင် မှတ်ရသည်။

သူလွန်များ လွန်သွားသလားလို့ တွေးမိပြန်ပေမယ့် ဟိုနှစ် နှစ်ကုန်ပိုင်းလောက်တည်းက အလုပ်ကိုသာ ဦးစားပေးနေသော Renjun အကြောင်းကို ပြန်စဥ်းစားမိပြန်တော့ သူ မလွန်ဘူးလို့ တွေးမိပြန်သည်။

Jaemin အိမ် တံခါးကို ဖွင့်လိုက်တော့ ဆီးကြိုနေသည့် ဖိနပ်တစ်ရန် ရှိနေခဲ့သည်။ သူ အိမ်ထဲရောက်တော့ ဆိုဖာပေါ် ခွေခွေလေး လဲအိပ်နေသည့် Renjun ကို တွေ့ရသည်။ တခြားသူတွေဆို ပြေးဖက်မိမလား မသိပေမယ့် သူကတော့ ခပ်ဆွေးဆွေးလေးသာ ငေးကြည့်နေမိသည်။

အိပ်နေတဲ့ Renjun ဘေးကို Jaemin ရောက်တော့ လဲအိပ်နေတဲ့ ကောင်လေးဟာ မျက်လုံးဖွင့်လာခဲ့သည်။

"ပြန်ရောက်ပြီလား Jaemin ဖြေနိုင်ရဲ့လား"

Renjun လဲနေရာမှ ထထိုင်ကာ သူ့ဘေးဝင်ထိုင်သည့် Jaemin ကို ပြုံးကာ မေးလိုက်သည်။

"ဘာလို့ လာတာလဲ"

Jaemin ရဲ့ အဖြေမဟုတ်တဲ့ အမေးကြောင့် Renjun သက်ပြင်းခပ်ဖွဖွ ချလိုက်မိသည်။

"ငါတောင်းပန်ပါတယ် Jaemin"

"ဘာအတွက်လဲ"

"ငါ ဒီတစ်ခေါက် ကိစ္စက အရေးကြီးလို့ပါ"

"အရေးကြီးလည်း မလာနဲ့ပေါ့"

"Jaemin ငါ တောင်းပန်ပါတယ် စကားမများကြရအောင်လား"

"အာ့တာဆို ပြန်တော့"

"Jaemin"

Jaemin မျက်နှာက ရှုပ်ထွေးနေတဲ့ မျက်နှာရိပ်ကြောင့် Renjun လည်း စကားဆက်မပြောတော့ဘဲ ပြန်ဖို့သာ ပြင်လိုက်တော့သည်။

"ငါ ပြန်တော့မယ် Jaemin စိတ်ရှုပ်သွားတယ်ဆို တောင်းပန်ပါတယ်"

သူ့ကို ဘာမှပြန်မပြောဘဲ ဖုန်းသာ ကြည့်နေတဲ့ Jaemin ကြောင့် အခြေအနေက ဘာကြောင့် ဒီလောက်ထိ ဆိုးရွားသွားရမှန်း Renjun စဥ်းစားမရပေ။

ကားပေါ်ရောက်တော့မှ လက်မှာ ကိုင်လာတဲ့ ကုတ်ကို တစ်ဖက်ခုံမှာ ပစ်တင်လိုက်သည်။ ကားမောင်းလာရင်း မွန်းကျပ်လာသည်မို့ ကားပြတင်းပေါ်ကို ဖွင့်ရင်း လည်ပင်းက နက်ကတိုင် ကိုပါ ဆွဲချွတ်လိုက်သည်။

Renjun အိမ်ရောက်တော့ အိပ်ရာပေါ်သာ ပစ်လဲလိုက်သည်။ မျက်လုံးကို မှိတ်မည်ပြုတော့မှ  Injun ဆီက ဖုန်းဝင်လာသည်မို့ ဖြေဖို့ ပြင်လိုက်သည်။

(Ge ရောက်ပြီလား? Jaeminနဲ့ရော တွေ့ပြီးပြီလား? အဆင်ပြေရဲ့လား?)

"အင်း ရောက်ပြီ။ တွေ့ပြီးပြီ။ အဆင်မပြေပါဘူး။"

(အမ် ဘယ်လိုဖြစ်တာလဲ)

"ဒီတစ်ခေါက်က ဘယ်လိုတွေ ဖြစ်သွားမှန်း မသိတော့ပါဘူး"

(အင်းပါ နားလိုက်ပါဦး ခုတလော ပင်ပန်းထားတယ်မလား အိပ်လည်းမအိပ်ရဘူးမလား အျပ်ပျော်အောင် အိပ်လိုက်ဦး)

"အင်း ဒါဆို ဖုန်းချလိုက်တော့မယ် Ge အိပ်ချင်လို့"

(အင်းအင်း)

Renjun , call end ကို နှိပ်ပြီးတာနဲ့ စက်ပါ တစ်ခါတည်း ပိတ်လိုက်သည်။

အပိုင်း (ဃ)

ကုမ္ပဏီက တန်းလာခဲ့ရသည်မို့ မလဲဖြစ်တဲ့ အဝတ်အစားကလည်း ယခုထိတိုင် မပြောင်းမလဲ ရှိနေသေးသည်။ ခေါင်းအုံးပေါ် လဲချကာ မျက်လုံးအစုံကို မှိတ်လိုက်တာနဲ့ မျက်ရည်စအချို့က ကျဆင်းလာပြန်သည်။

စောင်ကို ခေါင်းထိလုံအောင် ခြုံလိုက်ပြီး ကွေးအိပ်နေပေမယ့် နွေးထွေးမှုက အနည်းငယ်တောင် ရှိမနေ။ အေးရသည့်ထဲ မိုးကပါ သည်းထန်စွာ ရွာသွန်းသည်မို့ အအေးက နဂိုထက် ပိုနေခဲ့သည်။

Heater ကို အရှိန်မြင့်ချင်ပေမယ့် ထဖို့အတွက် တစ်ကိုယ်လုံးက အားအင်ရှိမနေတော့ ကြိတ်မှိတ်ပြီးသာ နေလိုက်သည်။ ဒီတစ်လော အလုပ်တွေ ဆက်တိုက် နေ့မနား ညမအိပ် လုပ်ခဲ့သည်မို့ ခုနားတော့မှ စုပြုံပြီး ပင်ပန်းနေသည်။

မနက်မိုးလင်းတော့လည်း လိုက်ကာ၏ အနည်းဟနေသော ကြားမှ နေအလင်းရောင်ကို မြင်ပေမယ့် ထဖို့တောင် အားမရှိချင်။ အတင်း အိပ်ရာမှ ကုန်းထကာ ရေချိုးခန်းထဲသွားကာ ရေပူဖြင့် ရေချိုးလိုက်သည်။

ရေချိုးပြီးတော့ နေရတာ အနည်းငယ်တော့ လတ်ဆတ်သွားသလိုပင်။ သို့သော် ကိုယ်အပူက ရှိနေသည်မို့ ဆေးဝယ်ဖို့အတွက် ဆေးဆိုင်ကို ထွက်လာခဲ့လိုက်သည်။ ဆေးဝယ်ပြီးတော့ ချက်ပြုတ်စားသောက်ဖို့အတွက် စျေးသွားကာ ဝယ်ရပြန်သည်။

Renjun အိမ်ပြန်ရောက်တော့ နေ့လည်ရောက်တော့မည်။ ဝယ်လာသည်များကို ရေခဲသေတ္တာထဲ သိမ်းဆည်းပြီး ခေါက်ဆွဲသာ ပြုတ်သောက်လိုက်သည်။ မုန့်စား ဆေးသောက်ပြီးတာနဲ့ အိပ်ရာပေါ် လဲလိုက်သည်။

ညက ပိတ်ထားခဲ့သော ဖုန်းကို စက်ဖွင့်လိုက်တော့ Injun ဆီက missed call များစွာ ဝင်နေသည်မို့ Renjun ပြန်ခေါ်လိုက်သည်။

"ဝေ အငယ် ဖုန်းခေါ်ထားလို့"

(ဖုန်းကို ဘာလို့ စက်ပိတ်ထားတာလဲ။ ဒီမှာ စိတ်ပူလို့ သေတော့မလားဘဲ။)

"တောင်းပန်ပါတယ် ညက ဖုန်းအားမရှိတာ မသွင်းမတော့ အလိုလို စက်ပိတ်သွားတာ"

(အော် ဒါနဲ့ အသံက ဘယ်လိုဖြစ်နေတာလဲ နေမကောင်းဘူးလား)

"အအေးမိသွားတာပါ ဘာမှမဖြစ်ပါဘူး"

(ဂရုစိုက်နေဦး Jaemin က ဖုန်းမဆက်ဘူးလား)

"ဟင့်အင်း ထားလိုက်ပါ ဒီရက်ထဲ ပြန်လာခဲ့မယ်"

(ဟမ်)

"ဖုန်းချလိုက်တော့မယ်"

(အင်းအင်း)

Jaemin မနက်မိုးလင်းတော့ ထွေထူးလုပ်စရာ မရှိသည်မို့ သီချင်းနားထောင်ကာ စာအုပ်ဖတ်ဖြစ်သည်။ ဖုန်းလာသည်မို့ ကြည့်လိုက်တော့ Injun ဆီက။

(Jaemin)

"ဟုတ်ကဲ့ hyung"

(Ge နဲ့ ဘယ်လိုဖြစ်ကြတာလဲ)

"ဒီလိုပါပဲ hyung"

(ငါ မင်းတို့ကြား ဝင်မပါချင်ဘူး ဒါပေမယ့် သူ မင်းကို တွေ့ချင်လို့ နှစ်ပတ်ဆက်တိုက် နေ့မနား ညမအိပ်ဘဲ အလုပ်တွေ လုပ်ပြီး မနေ့က အလုပ်ကနေ တန်းလာခဲ့တာ။ သူအခု နေမကောင်းဘူး Jaemin။ ငါအသေးစိတ် မပြောချင်ပေမယ့် သူ့မှာ ကိစ္စရှိတာမို့လို့ မင်းနဲ့ လာမတွေ့ဖြစ်တာ။ ကဲပါ ငါဖုန်းချလိုက်တော့မယ်)

"ဟုတ်ကဲ့ hyung"

အပိုင်း (င)

Jaemin လည်း တွေဝေမနေတော့ဘဲ Renjun ဆီကို ရောက်လာခဲ့သည်။ Pw က အထူးတ လည် မဟုတ်တော့ ကိုယ်တိုင်သာ ဝင်လာခဲ့လိုက်သည်။ အိပ်ရာပေါ်မှာ အိပ်နေတဲ့ Renjun မျက်နှာလေးဟာ ကိုယ်ပူရှိန်ကြောင့် နီရဲလို့။

Jaemin , Renjun နဖူးကို စမ်းလိုက်တော့ အဖျားက ခြစ်ခြစ်တောက် ပူလို့။ Jaemin ရေစိုဝတ်ကို ရေညှစ်ကာ Renjun နဖူးပေါ် တင်ပေးလေသည်။ မကြာမီ Renjun အိပ်ရာမှ နိုးလာခဲ့သည်။

"Jaemin ?"

"အင်း သက်သာရဲ့လား"

"အင်း သက်သာပါတယ်"

"ဆေးသောက်ပြီးပြီလား"

"အင်း သောက်ထားတယ်"

နှစ်ယောက်သားရဲ့ စကားဟာ တိတ်ဆိတ်သွားခဲ့ပြန်သည်။

"ဘယ်လိုရောက်လာတာလဲ"

"ဘာဖြစ်လို့လဲ"

"မေးကြည့်တာပါ"

"Injun hyung ဖုန်းဆက်လို့"

"အော် ငါတောင်းပန်ပါတယ် Jaemin"

"ဘာအတွက်လဲ"

"အကုန်လုံးအတွက်"

"ဟက် တောင်းပန်လိုက်တာနဲ့ ပြီးရောလား"

Jaemin ပြောသည်ကို RenJun နားမလည်။

"ကျွန်တော့်ကို သေချာရှင်းပြ ဒီနှစ်ထဲမှာ ဘာလို့ အလုပ်တွေချည်း လုပ်နေတာလဲ"

"ငါ နှစ်နှစ်အတွင်းမှာ အရင်ကထက် ပိုတိုးတက်အောင် လုပ်နိုင်ခဲ့ရင် ဒီကို ပြောင်းခွင့်ပေးမယ်လို့ ပြောလို့ပါ"

"အဲ့တာကြောင့်မို့ ကျွန်တော်နဲ့ တူတူလည်ဖို့ မပြောနဲ့ ခဏတွေ့ဖို့တောင် မအားဘူးပေါ့"

"ရှင်းပြရင်ရော မင်းလက်ခံနိုင်ပါ့မလား"

"ကျွန်တော့်ကို လာတွေ့ဆိုတော့ မအားလို့ပါတဲ့။ ကျွန်တော်က လာတွေ့မယ်ဆိုတော့လည်း မအားသေးဘူး မလာပါနဲ့တဲ့လား"

"ငါကရော ငါလည်း မင်းကို တွေ့ချင်တာပဲလေ။ တွေ့ချင်လွန်းလို့ အလွယ်တကူ တွေ့ရအောင်လို့ ငါအလုပ်ကြိုးစားနေတာလေ။ ငါစိတ်တွေ သိပ်ပါပြီး ပျော်နေလို့ ဒီအလုပ်တွေ လုပ်နေတာ မဟုတ်ဘူး Jaemin။ ငါဒီလိုလုပ်မှ ဟိုးအရင် ကျောင်းသားဘဝကလို တွေ့ချင်ရင် မိနစ်ပိုင်းအတွင်း တွေ့လို့ရအောင် လုပ်နေတာလေ။ မင်းထင်သလို မင်းကို သတိမရလို့ မလွမ်းလို့ မချစ်တော့လို့ မဟုတ်ဘူး။ ကဲပါ တော်ကြရအောင် Jaemin။ မင်းအဆင်မပြေတော့ဘူး ဆိုလည်း ငါတို့ လမ်းခွဲကြတာပေါ့"

Renjun ပြောပြီးတာနဲ့ ရင်ဘတ်ပေါ်က စောင်ကို ခေါင်းမြီးခြုံကာ တစ်ဖက်သို့ လှည့်လိုက်သည်။
အသံမထွက်ပေမယ့် မျက်ရည်စတို့ကတော့ ပါးပြင်ပေါ် စီးကျလာပြန်သည်။ ငါးနှစ်ကျော်အတွင်းမှာ ငါ ပထမဆုံး ဒီလောက်ထိ မျက်ရည် အများကြီး ကျရတာပဲ Jaemin။

*ငါးနှစ်ကျော် အချစ်ကလည်း တကယ်တမ်း ဘာမှမဟုတ်တဲ့ ကိစ္စကြောင့် ဝေးကွာရမယ် ထင်ပါတယ်*

Jaemin ကတော့ သူထိုင်နေတဲ့ နေရာက တစ်ချက်မှ မရွေ့ဘဲ Renjun ကိုသာ ငေးကြည့်နေသည်။ ငါးမိနစ်ကျော်ကြာတဲ့အထိ အသံမထွက်ဘဲ ရှိုက်ရှိုက်ငိုနေတာ သူသိခဲ့တဲ့ သူ့ကောင်လေးများ ဟုတ်ပါစ။

ခေါင်းထိ ခြုံထားတဲ့ စောင်ကို ဆွဲယူပေမယ့် အတင်းပြန်ဆွဲထားသည့် Renjun ကို ကြည့်ရင်း  Jaemin ပြိုင်ပြီး လုဆွဲမနေတော့။ သူ့နောက်ဘက်မှာ ဝင်လဲရင်း စောင်ခြုံထားတဲ့အတိုင်း သူ့ကိုယ်လေးကို ပွေ့ဖက်လိုက်သည်။

ရုန်းနေပေမယ့် သူအားနဲ့ဖက်ထားလိုက်တော့ ဆက်ရုန်းမနေဘဲ ငြိမ်သွားလေသည်။ သို့သော်ငိုနေသည်ကတော့ ရပ်တန့်မသွား။ Jaemin ချော့ဖို့အတွက် မည်သို့ချော့ရမည် စဥ်းစားမရသည်မို့ စဥ်းစားရသည်ကို ပြောလိုက်သည်။

"အူကြူး မောင်တို့ လက်ထပ်ကြရအောင်"

A/N -  ငိုလိုက်ရလား? မငိုရလောက်ပါဘူးနော် !!! Drama သဘောမကျသူမို့ ရေးရင်တောင် သေးသေးလေးပဲ ရေးမှာပါ 🥺

Continue Reading

You'll Also Like

32.4K 3.3K 23
(n.) a person who loves the moon || Completed ||
15.5K 1.5K 20
Do you believe in Fairytale?
9K 938 21
Jaemin | Renjun JaemRen | RenMin | JaemJun | RenJaem *Zawgyi & Unicode version available*
8.7K 488 39
- noren ♥︎ "for you i'll do anything" 𝚜𝚝𝚊𝚛𝚝𝚎𝚍: 290220 𝚎𝚗𝚍𝚎𝚍: 090320 tw: self harm, suicide, death lowercase intended.