๐“ž๐“ท๐“ฌ๐“ฎ ๐“ค๐“น๐“ธ๐“ท ๐“๐“ท ๐“ค๐“ผ

Da LooN_nK

90.5K 8.8K 1K

Season 2 for Asphodel.... Altro

Prologue
Once Upon An Us-1
Once Upon An Us-2
Once Upon An Us-3
Once Upon An Us-4
Once Upon An Us-5
Once Upon An Us-6
Once Upon An Us-7
Once Upon An Us-9
Once Upon An Us-10<Final>

Once Upon An Us-8

5.6K 707 33
Da LooN_nK


တစ္ပတ္အၾကာမွာ CEO ဝမ္ရိေပၚကို အပိုင္ႀကံတဲ့ အတြင္းေရးမွူးမေလးတို့ တစ္မိသားစုလုံး စီးပြားပ်က္ အေႂကြးေတြဝိုင္းၿပီး တ႐ုတ္ေျမေပၚကပါေျပာင္းေျပးသြားရေၾကာင္း သတင္းၾကားၿပီးကတည္းက CEO ကို ဘယ္မိန္းကေလးမွ မျပစ္မွားရဲေတာ့ဘူး....။
CEO ရဲ့ အသည္းအသက္ဟာ ႏွယ္ႏွယ္ရရထဲကမဟုတ္ဘူးဆိုတာ သူတို့သေဘာေပါက္သြားၿပီ....။

ကုမၸဏီစားေသာက္ပြဲၿပီးတဲ့ေန႔ကတည္းက ၀န္ထမ္းေတြဟာ ကားပါကင္မွာ အနက္ေရာင္ Bugatti ကိုမွီၿပီးေစာင့္ေနတတ္တဲ့ အရပ္ျမင့္ျမင့္ခပ္ေခ်ာေခ်ာလူတစ္ေယာက္ကို အလုပ္ဆင္းခ်ိန္တိုင္း အျမဲေတြ႕ရတယ္.....။ ေခ်ာေခ်ာျမင္ Crush ခ်င္တဲ့ Single ေလးမ်ားပီပီ ၀န္ထမ္းတစ္သိုက္ဟာ အဲ့ဒီလူကို Crush ၾကျပန္တယ္....။ အရပ္ရွည္ရွည္ ခပ္ေျဖာင့္ေျဖာင့္နဲ႔ Boyfriend Material ႀကီး.....။

အလုပ္ေနာက္က်မွ ဆင္းတဲ့ရက္ကေတာ့ Boyfriend Material ႀကီးမွာ ပိုင္ရွင္ရွိေၾကာင္း သိရၿပီး CEO ေၾကာင့္ ရွရာဗရပြနဲ႔ တစစီကြဲထားတဲ့အသည္းက ဆားအျပည့္သိပ္ခံရတယ္.....။ သူတို့ရဲ့ CEO ကို အဲ့ဒီတစ္ေယာက္က ကားတံခါးဖြင့္၀င္ခိုင္းၿပီး ခါးပတ္ပါ ကိုယ္တိုင္ပတ္ေပးေနတာ...။

ကုမၸဏီထိ CEO ကို လာလာႀကိဳတတ္တဲ့ CEO ရဲ့ ခ်စ္သူက CEO ကို ဘယ္ေလာက္ခ်စ္လဲ သိသာတယ္....။ CEO ကို ဒီလိုမ်ိဳး မိန္းကေလးတစ္ေယာက္နဲ႔ မိတာေတာင္ နားလည္မွုအျပည့္ထားၿပီး ဆက္ခ်စ္ေပးနိုင္ဖို့ဆို သူတို့ၾကားမွာ ဘယ္ေလာက္ေတာင္ယုံၾကည္မွုေတြရွိၾကတာလဲ....။

သူတို့ရဲ့ ေရခဲမ်က္ႏွာ CEO ကလည္း သူ႔ခ်စ္သူကိုျမင္လိုက္ရတာနဲ႔ ခ်က္ခ်င္းပဲ မ်က္ႏွာေပၚမွာအျပဳံးပန္းေတြပြင့္လာတယ္....။ သူ႔ခ်စ္သူရဲ့ လွုပ္ရွားမွုေသးေသးေလးေတြကိုေတာင္ ေခါင္းေလးေစာင္းလို့ မ်က္ေတာင္မခတ္တမ္း တစိမ့္စိမ့္ၾကည့္ရင္း ျပဳံးေနတတ္တဲ့ CEO က သူတို့ဆိုမ်က္ႏွာေသႀကီးနဲ႔ ပိတ္ေဟာက္ေနတာပဲ......။ သူ႔ခ်စ္သူကိုပဲ လူလို့သတ္မွတ္ထားပုံရတဲ့ CEO ကကမၻာေပၚမွာ မ်က္ႏွာအလိုက္ဆုံးလူသား....။

__________________________________

ေႏြဦး.....ေႏြ
မိုးဦး.....မိုး
ေဆာင္းဦး.....ေဆာင္း......
ရာသီအလီလီေျပာင္းလဲလာတယ္.....

သူတို့ႏွစ္ေယာက္ရဲ့ အိမ္ေထာင္သက္ဆယ္ႏွစ္ေျမာက္မွာ ေရွာင္းက်န္႔က အသက္၄၀ေက်ာ္ လူလတ္ပိုင္းထဲ၀င္လာၿပီ....။ ေရခ်ိဳးၿပီးတိုင္း ရိေပၚကိုယ္တိုင္ သုတ္ေပးေနက် ဆံပင္ထူနက္နက္ေတြၾကားမွာ ဆံပင္ျဖဴတစ္ပစ္စႏွစ္ပင္စ ထြက္လာေပမယ့္ အသက္ႀကီးမသြားပဲ အသက္ေနာက္ျပန္ရစ္ေနသလားထင္ရေအာင္ႏုပ်ိဳတဲ့ ေရွာင္းက်န္႔က ၃၀ေက်ာ္ ရိေပၚနဲ႔ ႐ုပ္ခ်င္းယွဥ္နိုင္ေသးတယ္.....။

ရိေပၚက အသက္အရြယ္နဲ႔ သ၀န္တိုမွု တိုက္ရိုက္အခ်ိဳးက်တယ္.....။ အသက္ႀကီးလာတာနဲ႔ အမၽွ ရိေပၚရဲ့သ၀န္တိုမွုကလည္းႀကီးလာတာပါပဲ....။

ႏွစ္ေယာက္အတူ ေစ်း၀ယ္ထြက္ရင္း Casher ေကာင္မေလးက ေရွာင္းက်န္႔ကိုမၾကည့္လိုက္နဲ႔ ဦးေလးႀကီးရိေပၚက စိတ္ေကာက္ၿပီ...။ ဒီအသက္အရြယ္ႀကီးကိုဘယ္သူကမွ မႀကိဳက္ေတာ့ပါဘူးဆိုလည္းေျပာမရ...။ အိမ္ေရာက္ရင္ စကားမေျပာေတာ့ပဲ အခန္းထဲ၀င္ၿပီး အိပ္ရာေပၚတက္ေခြေနတယ္....။

သူအသက္ႀကီးသြားလို့ ေရွာင္းက်န္႔ကမခ်စ္ေတာ့ပဲ ငယ္ငယ္ေခ်ာေခ်ာေကာင္မေလးေတြကို ခ်စ္သြားၿပီး သူ႔ကိုထားခဲ့မွာ ပူပန္ေနတာက ရိေပၚရဲ့ Psycho အသစ္.....။ ဘုမသိ ဘမသိနဲ႔ အေခ်ာ့လည္းမတတ္တဲ့ ခပ္တုံးတုံးဦးေလးႀကီး ေရွာင္းက်န္႔ကေတာ့ အရင္လိုပဲ အႀကံအိုက္ၿပီး လသာေဆာင္က ယုန္ၿခံေဘးငုတ္တုတ္....။

အခ်ိန္တန္ရင္ေတာ့ ပြစိပြစိနဲ႔ဦးေလးႀကီးရိေပၚက ေစာင့္ေစာင့္ေအာင့္ေအာင့္နဲ႔ အိမ္ထဲျပန္လိုက္ေခၚတတ္တယ္....။ စကားေတာ့ မေျပာေသးဘူး....။ ဒါေပမယ့္ ညေရာက္ရင္ သူစိတ္ေကာက္ေနတာ သူ႔ဖာသာေမ့ၿပီး ေရွာင္းက်န္႔ကိုေတာက္တဲ့လိုျပန္လာကပ္တယ္....။ ၿပီးရင္ ေရွာင္းက်န္႔ပခုံးေပၚ ေခါင္းေလးတင္ၿပီး ေမးတတ္တယ္.....။

"ကိုကို...ကၽြန္ေတာ္ အသက္ေတြ ႀကီးသြားရင္ေတာင္ ခ်စ္ဦးမွာမလား....."

"အင္း...."

"ဘာလို့လဲ....."

ဒီေမးခြန္းကိုပဲ မရိုးနိုင္ပဲ ခဏတိုင္းေမးတတ္တဲ့ သူ႔ေကာင္ေလးကို ေရွာင္းက်န္႔ကေတာ့ အျမဲတမ္းခ်စ္မယ့္အေၾကာင္း စိတ္ရွည္ရွည္ရွင္းျပေလ့ရွိတယ္....။ သူက ရိေပၚကိုခ်စ္တယ္ဆိုတာထက္ အမ်ားႀကီး ပိုခ်စ္ပါတယ္....။

ရိေပၚဘယ္ေလာက္ရစ္ရစ္ စိတ္ရွည္ရွည္ေခ်ာ့တယ္.....။ သေဘာထားမတိုက္ဆိုင္လို့ ရန္ျဖစ္ဖို့ဦးတည္လာၿပီဆို သူကအရင္ေလၽွာ့တယ္.....။ သူမွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ ရိေပၚကိုသူကအရင္ေတာင္းပန္တယ္.....။ သူေတာင္းပန္ရင္ ရိေပၚကလည္း မ်က္ရည္အဝိုင္းသားနဲ႔ ျပန္ေတာင္းပန္တတ္တာမို့ သူတို့ၾကားမွာ ကေတာက္ကဆဆိုတာ မရွိသေလာက္ရွားတယ္....။

သူတို့ၾကားမွာ ဇာတ္ကားေတြထဲကလို တအား ရိုမန္တစ္ဆန္တဲ့ ဘ၀မ်ိဳးေတာ့ မရွိပါဘူး.....။ သူတို့ဘဝေလးက ရိုးရိုးရွင္းရွင္းေလးပဲ.....။

မနက္ဆိုရင္ ေရွာင္းက်န္႔က အိပ္ရာထမနက္စာျပင္ၿပီး ရိေပၚနဲ႔ ဖန္ရွင္းကို အလုပ္သြားဖို့၊ ေက်ာင္းသြားဖို့လိုက္ႏွိုးမယ္....။ သုံးေယာက္မနက္စာ အတူစားၾကမယ္....။ ၿပီးရင္ ရိေပၚနဲ႔ ဖန္ရွင္းက အလုပ္သြား ေက်ာင္းသြားမယ္....။ေရွာင္းက်န္႔ကေတာ့ ေၾကာင္တစ္ေကာင္ ယုန္တစ္သိုက္နဲ႔ အိမ္မွာေန႔လည္စာျပင္ၿပီး စာအုပ္ဖတ္ရင္းအိမ္ေစာင့္တယ္....။

ရိေပၚက ေန႔လည္ဆို အိမ္ျပန္ထမင္းစားတယ္...။ ဖန္ရွင္းကေတာ့ ေက်ာင္းနဲ႔တိုက္ခန္းကေဝးလို့ေက်ာင္းမွာပဲစားတယ္....။

အလုပ္အားတာနဲ႔ ၅မိနစ္ျခားတစ္ခါဖုန္းဆက္ေနတာကိုလည္း ရိေပၚကဘယ္ေတာ့မွပ်င္းသြားတယ္မရွိဘူး...။ ေရွာင္းက်န္႔ကလည္း အျမဲထူးတယ္....။ ဒီေလာက္ျမင္ေနရေပမယ့္လည္း ရိေပၚမွာက ေျပာစရာမကုန္နိုင္ဘူး.....။

ညေနအလုပ္ဆင္းရင္ ေရွာင္းက်န္႔က ရိေပၚကိုမပ်က္မကြက္လာႀကိဳတယ္.....။ ရိေပၚရဲ့ အတြင္းေရးမွူးမေလးနဲ႔ ကိစၥျဖစ္ၿပီးကတည္းက ရိေပၚကို ေရွာင္းက်န္႔က တစ္ေယာက္တည္းလႊတ္ထားဖို့စိတ္မခ်ေတာ့တာ....။

ညေနစာအတူစားၾကၿပီးရင္ ရိေပၚကပန္းကန္ေဆးရတယ္...။ ဖန္ရွင္းက က်င္းေကာ္နဲ႔ယုန္တစ္အုပ္ကို အစာေကၽြးရတယ္....။ မီးဖိုေဆာင္ရဲ့ အာဏာရွင္ အိမ္ေထာင္ရွင္ထီးေလး ေရွာင္းက်န္႔ကေတာ့ ဆိုဖာေပၚထိုင္လို့ တီဗြီကလႊင့္တဲ့ ဇာတ္လမ္းတြဲၾကည့္ရင္း ေပါက္ေပါက္ဆုပ္တစ္ဘူးနဲ႔ အနားယူေနၿပီ....။

ေရွာင္းက်န္႔က ရိေပၚမလာခင္ပဲ ဇာတ္လမ္းထဲကေျမာက္ကိုရီးယားဗိုလ္ႀကီးကို အ၀ငမ္းရဲတယ္....။ မဟုတ္ရင္ ဗိုလ္ႀကီးကို မ်က္ေတာင္မခတ္တမ္းငမ္းတာ မိသြားတဲ့ညေတာ့ အူပုတ္ကေလး ရိေပၚေၾကာင့္ ေရွာင္းက်န္႔တို့ခါးနာၿပီပဲ....။

စေန၊တနဂၤေႏြေတြဆိုရင္ေတာ့ သုံးေယာက္လုံး အိမ္ရွင္းရတယ္...။ ၾကမ္းတိုက္ရတယ္....။ တစ္ပါတ္စာအ၀တ္ေတြကို လသာေဆာင္ဘက္မွာ ဇလုံးကိုယ္စီနဲ႔ ကိုယ့္အ၀တ္ကိုယ္ေလၽွာ္ရတယ္....။ အ၀တ္ေလၽွာ္စက္ရွိရဲ့နဲ႔ မီတာတက္တယ္..အ၀တ္ေတြေဟာင္တယ္...အေၾကာင္းျပခ်က္မ်ိဳးစုံနဲ႔ လက္နဲ႔ေလၽွာ္ခိုင္းတဲ့ ေရွာင္းက်န္႔ကို ရိေပၚနဲ႔ ဖန္ရွင္းက မေက်နပ္ခ်င္ဘူး....။ ေခၽြတာေရးဆင္းေနတဲ့ ဘီလ်ံနာႀကီးေၾကာင့္ သူေဌးသားေလးေတြက အ၀တ္ေလၽွာ္သည္ဘဝေရာက္ရတယ္.....။

ဒါေပမယ့္ မေက်နပ္တာကို ထုတ္ေတာ့မေျပာရဲပါဘူး....။ ဗီတိုအာဏာရွင္ႀကီး ေရွာင္းက်န္႔စိတ္ဆိုးရင္ ရိေပၚကစလို့ ေၾကာင္ေရာ ယုန္ပါမက်န္ တစ္အိမ္လုံးထမင္းငတ္တာမို့.....။

အသက္ေတြသာႀကီးလာတယ္....။ သူတို့ႏွစ္ေယာက္ၾကားက တစ္ေယာက္ကိုယ္တစ္ေယာက္ ဂ႐ုစိုက္မွုေလးေတြက ေလ်ာ့မသြားဘူး....။

ရိေပၚရဲ့လက္သည္းေတြရွည္လာရင္ ေရွာင္းက်န္႔က ကိုယ္တိုင္စိတ္ရွည္ရွည္ ညႇပ္ေပးေနတုန္းျဖစ္သလို ရိေပၚကလည္း ေရွာင္းက်န္႔ကို ေခါင္းသုတ္ေပး ဆံပင္ၿဖီးေပး အ၀တ္အစားကိုယ္တိုင္ေရြးေပးေနတုန္း.....။

အသက္၃၀ေက်ာ္ေနၿပီကိုေတာင္ ရိေပၚက ဖိနပ္ႀကိဳးမခ်ည္တတ္ခ်င္ေယာင္ေဆာင္ေနတုန္း ျဖစ္ၿပီး ေရွာင္းက်န္႔ကလည္း မၿငီးမျငဴနဲ႔ ဖိနပ္ႀကိဳးခ်ည္ေပးေနတုန္းပါပဲ....။

သူတို့ ႏွစ္ေယာက္ရဲ့ မဂၤလာႏွစ္ပတ္လည္ေန႔တိုင္း သူတို့က ခ်ဳံခ်င္က အိမ္ေလးကိုျပန္ၿပီး RedWood သစ္ပင္ တစ္ပင္သြားသြားစိုက္တယ္....။ RedWood ရဲ့ အဓိပၸာယ္က ထာ၀ရ.....။

RedWood သစ္ပင္ေတြ အပင္၂ဝျပည့္တဲ့ေန႔မွာ ရိေပၚေရာ ေရွာင္းက်န္႔ေရာက အသက္၄၀ေက်ာ္ ဦးေလးႀကီးေတြျဖစ္ေနၾကၿပီ....။ ဖန္ရွင္းကလည္းအထက္တန္းေအာင္ၿပီးတဲ့ အရြယ္ေရာက္တဲ့လူငယ္ေလးျဖစ္လာၿပီ....။

ဖန္ရွင္းတကၠသိုလ္စတက္တဲ့အခ်ိန္မွာ ရိေပၚကအလုပ္ကနားၿပီး ေရွာင္းက်န္႔နဲ႔အတူ ခ်ဳံခ်င္ကိုျပန္တယ္....။ သူတို့ရဲ့ က်န္ေနတဲ့ဘ၀သက္တမ္းကို ခ်ဳံခ်င္က အိမ္ေလးမွာပဲ ႏွစ္ေယာက္ထဲအတူကုန္ဆုံးသြားဖို့ သူတို့ဆုံးျဖတ္ထားတယ္.....။

~~~~~~~~~~~~~~~~~~~~~~~~~~
Unicode

တစ်ပတ်အကြာမှာ CEO ဝမ်ရိပေါ်ကို အပိုင်ကြံတဲ့ အတွင်းရေးမှူးမလေးတို့ တစ်မိသားစုလုံး စီးပွားပျက် အကြွေးတွေဝိုင်းပြီး တရုတ်မြေပေါ်ကပါပြောင်းပြေးသွားရကြောင်း သတင်းကြားပြီးကတည်းက CEO ကို ဘယ်မိန်းကလေးမှ မပြစ်မှားရဲတော့ဘူး....။
CEO ရဲ့ အသည်းအသက်ဟာ နှယ်နှယ်ရရထဲကမဟုတ်ဘူးဆိုတာ သူတို့သဘောပေါက်သွားပြီ....။

ကုမ္ပဏီစားသောက်ပွဲပြီးတဲ့နေ့ကတည်းက ဝန်ထမ်းတွေဟာ ကားပါကင်မှာ အနက်ရောင် Bugatti ကိုမှီပြီးစောင့်နေတတ်တဲ့ အရပ်မြင့်မြင့်ခပ်ချောချောလူတစ်ယောက်ကို အလုပ်ဆင်းချိန်တိုင်း အမြဲတွေ့ရတယ်.....။ ချောချောမြင် Crush ချင်တဲ့ Single လေးများပီပီ ဝန်ထမ်းတစ်သိုက်ဟာ အဲ့ဒီလူကို Crush ကြပြန်တယ်....။ အရပ်ရှည်ရှည် ခပ်ဖြောင့်ဖြောင့်နဲ့ Boyfriend Material ကြီး.....။

အလုပ်နောက်ကျမှ ဆင်းတဲ့ရက်ကတော့ Boyfriend Material ကြီးမှာ ပိုင်ရှင်ရှိကြောင်း သိရပြီး CEO ကြောင့် ရှရာဗရပွနဲ့ တစစီကွဲထားတဲ့အသည်းက ဆားအပြည့်သိပ်ခံရတယ်.....။ သူတို့ရဲ့ CEO ကို အဲ့ဒီတစ်ယောက်က ကားတံခါးဖွင့်ဝင်ခိုင်းပြီး ခါးပတ်ပါ ကိုယ်တိုင်ပတ်ပေးနေတာ...။

ကုမ္ပဏီထိ CEO ကို လာလာကြိုတတ်တဲ့ CEO ရဲ့ ချစ်သူက CEO ကို ဘယ်လောက်ချစ်လဲ သိသာတယ်....။ CEO ကို ဒီလိုမျိုး မိန်းကလေးတစ်ယောက်နဲ့ မိတာတောင် နားလည်မှုအပြည့်ထားပြီး ဆက်ချစ်ပေးနိုင်ဖို့ဆို သူတို့ကြားမှာ ဘယ်လောက်တောင်ယုံကြည်မှုတွေရှိကြတာလဲ....။

သူတို့ရဲ့ ရေခဲမျက်နှာ CEO ကလည်း သူ့ချစ်သူကိုမြင်လိုက်ရတာနဲ့ ချက်ချင်းပဲ မျက်နှာပေါ်မှာအပြုံးပန်းတွေပွင့်လာတယ်....။ သူ့ချစ်သူရဲ့ လှုပ်ရှားမှုသေးသေးလေးတွေကိုတောင် ခေါင်းလေးစောင်းလို့ မျက်တောင်မခတ်တမ်း တစိမ့်စိမ့်ကြည့်ရင်း ပြုံးနေတတ်တဲ့ CEO က သူတို့ဆိုမျက်နှာသေကြီးနဲ့ ပိတ်ဟောက်နေတာပဲ......။ သူ့ချစ်သူကိုပဲ လူလို့သတ်မှတ်ထားပုံရတဲ့ CEO ကကမ္ဘာပေါ်မှာ မျက်နှာအလိုက်ဆုံးလူသား....။

__________________________________

နွေဦး.....နွေ
မိုးဦး.....မိုး
ဆောင်းဦး.....ဆောင်း......
ရာသီအလီလီပြောင်းလဲလာတယ်.....

သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်သက်ဆယ်နှစ်မြောက်မှာ ရှောင်းကျန့်က အသက်၄၀ကျော် လူလတ်ပိုင်းထဲဝင်လာပြီ....။ ရေချိုးပြီးတိုင်း ရိပေါ်ကိုယ်တိုင် သုတ်ပေးနေကျ ဆံပင်ထူနက်နက်တွေကြားမှာ ဆံပင်ဖြူတစ်ပစ်စနှစ်ပင်စ ထွက်လာပေမယ့် အသက်ကြီးမသွားပဲ အသက်နောက်ပြန်ရစ်နေသလားထင်ရအောင်နုပျိုတဲ့ ရှောင်းကျန့်က ၃၀ကျော် ရိပေါ်နဲ့ ရုပ်ချင်းယှဉ်နိုင်သေးတယ်.....။

ရိပေါ်က အသက်အရွယ်နဲ့ သဝန်တိုမှု တိုက်ရိုက်အချိုးကျတယ်.....။ အသက်ကြီးလာတာနဲ့ အမျှ ရိပေါ်ရဲ့သဝန်တိုမှုကလည်းကြီးလာတာပါပဲ....။

နှစ်ယောက်အတူ ဈေးဝယ်ထွက်ရင်း Casher ကောင်မလေးက ရှောင်းကျန့်ကိုမကြည့်လိုက်နဲ့ ဦးလေးကြီးရိပေါ်က စိတ်ကောက်ပြီ...။ ဒီအသက်အရွယ်ကြီးကိုဘယ်သူကမှ မကြိုက်တော့ပါဘူးဆိုလည်းပြောမရ...။ အိမ်ရောက်ရင် စကားမပြောတော့ပဲ အခန်းထဲဝင်ပြီး အိပ်ရာပေါ်တက်ခွေနေတယ်....။

သူအသက်ကြီးသွားလို့ ရှောင်းကျန့်ကမချစ်တော့ပဲ ငယ်ငယ်ချောချောကောင်မလေးတွေကို ချစ်သွားပြီး သူ့ကိုထားခဲ့မှာ ပူပန်နေတာက ရိပေါ်ရဲ့ Psycho အသစ်.....။ ဘုမသိ ဘမသိနဲ့ အချော့လည်းမတတ်တဲ့ ခပ်တုံးတုံးဦးလေးကြီး ရှောင်းကျန့်ကတော့ အရင်လိုပဲ အကြံအိုက်ပြီး လသာဆောင်က ယုန်ခြံဘေးငုတ်တုတ်....။

အချိန်တန်ရင်တော့ ပွစိပွစိနဲ့ဦးလေးကြီးရိပေါ်က စောင့်စောင့်အောင့်အောင့်နဲ့ အိမ်ထဲပြန်လိုက်ခေါ်တတ်တယ်....။ စကားတော့ မပြောသေးဘူး....။ ဒါပေမယ့် ညရောက်ရင် သူစိတ်ကောက်နေတာ သူ့ဖာသာမေ့ပြီး ရှောင်းကျန့်ကိုတောက်တဲ့လိုပြန်လာကပ်တယ်....။ ပြီးရင် ရှောင်းကျန့်ပခုံးပေါ် ခေါင်းလေးတင်ပြီး မေးတတ်တယ်.....။

"ကိုကို...ကျွန်တော် အသက်တွေ ကြီးသွားရင်တောင် ချစ်ဦးမှာမလား....."

"အင်း...."

"ဘာလို့လဲ....."

ဒီမေးခွန်းကိုပဲ မရိုးနိုင်ပဲ ခဏတိုင်းမေးတတ်တဲ့ သူ့ကောင်လေးကို ရှောင်းကျန့်ကတော့ အမြဲတမ်းချစ်မယ့်အကြောင်း စိတ်ရှည်ရှည်ရှင်းပြလေ့ရှိတယ်....။ သူက ရိပေါ်ကိုချစ်တယ်ဆိုတာထက် အများကြီး ပိုချစ်ပါတယ်....။

ရိပေါ်ဘယ်လောက်ရစ်ရစ် စိတ်ရှည်ရှည်ချော့တယ်.....။ သဘောထားမတိုက်ဆိုင်လို့ ရန်ဖြစ်ဖို့ဦးတည်လာပြီဆို သူကအရင်လျှော့တယ်.....။ သူမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ရိပေါ်ကိုသူကအရင်တောင်းပန်တယ်.....။ သူတောင်းပန်ရင် ရိပေါ်ကလည်း မျက်ရည်အဝိုင်းသားနဲ့ ပြန်တောင်းပန်တတ်တာမို့ သူတို့ကြားမှာ ကတောက်ကဆဆိုတာ မရှိသလောက်ရှားတယ်....။

သူတို့ကြားမှာ ဇာတ်ကားတွေထဲကလို တအား ရိုမန်တစ်ဆန်တဲ့ ဘဝမျိုးတော့ မရှိပါဘူး.....။ သူတို့ဘဝလေးက ရိုးရိုးရှင်းရှင်းလေးပဲ.....။

မနက်ဆိုရင် ရှောင်းကျန့်က အိပ်ရာထမနက်စာပြင်ပြီး ရိပေါ်နဲ့ ဖန်ရှင်းကို အလုပ်သွားဖို့၊ ကျောင်းသွားဖို့လိုက်နှိုးမယ်....။ သုံးယောက်မနက်စာ အတူစားကြမယ်....။ ပြီးရင် ရိပေါ်နဲ့ ဖန်ရှင်းက အလုပ်သွား ကျောင်းသွားမယ်....။ရှောင်းကျန့်ကတော့ ကြောင်တစ်ကောင် ယုန်တစ်သိုက်နဲ့ အိမ်မှာနေ့လည်စာပြင်ပြီး စာအုပ်ဖတ်ရင်းအိမ်စောင့်တယ်....။

ရိပေါ်က နေ့လည်ဆို အိမ်ပြန်ထမင်းစားတယ်...။ ဖန်ရှင်းကတော့ ကျောင်းနဲ့တိုက်ခန်းကဝေးလို့ကျောင်းမှာပဲစားတယ်....။

အလုပ်အားတာနဲ့ ၅မိနစ်ခြားတစ်ခါဖုန်းဆက်နေတာကိုလည်း ရိပေါ်ကဘယ်တော့မှပျင်းသွားတယ်မရှိဘူး...။ ရှောင်းကျန့်ကလည်း အမြဲထူးတယ်....။ ဒီလောက်မြင်နေရပေမယ့်လည်း ရိပေါ်မှာက ပြောစရာမကုန်နိုင်ဘူး.....။

ညနေအလုပ်ဆင်းရင် ရှောင်းကျန့်က ရိပေါ်ကိုမပျက်မကွက်လာကြိုတယ်.....။ ရိပေါ်ရဲ့ အတွင်းရေးမှူးမလေးနဲ့ ကိစ္စဖြစ်ပြီးကတည်းက ရိပေါ်ကို ရှောင်းကျန့်က တစ်ယောက်တည်းလွှတ်ထားဖို့စိတ်မချတော့တာ....။

ညနေစာအတူစားကြပြီးရင် ရိပေါ်ကပန်းကန်ဆေးရတယ်...။ ဖန်ရှင်းက ကျင်းကော်နဲ့ယုန်တစ်အုပ်ကို အစာကျွေးရတယ်....။ မီးဖိုဆောင်ရဲ့ အာဏာရှင် အိမ်ထောင်ရှင်ထီးလေး ရှောင်းကျန့်ကတော့ ဆိုဖာပေါ်ထိုင်လို့ တီဗွီကလွှင့်တဲ့ ဇာတ်လမ်းတွဲကြည့်ရင်း ပေါက်ပေါက်ဆုပ်တစ်ဘူးနဲ့ အနားယူနေပြီ....။

ရှောင်းကျန့်က ရိပေါ်မလာခင်ပဲ ဇာတ်လမ်းထဲကမြောက်ကိုရီးယားဗိုလ်ကြီးကို အဝငမ်းရဲတယ်....။ မဟုတ်ရင် ဗိုလ်ကြီးကို မျက်တောင်မခတ်တမ်းငမ်းတာ မိသွားတဲ့ညတော့ အူပုတ်ကလေး ရိပေါ်ကြောင့် ရှောင်းကျန့်တို့ခါးနာပြီပဲ....။

စနေ၊တနင်္ဂနွေတွေဆိုရင်တော့ သုံးယောက်လုံး အိမ်ရှင်းရတယ်...။ ကြမ်းတိုက်ရတယ်....။ တစ်ပါတ်စာအဝတ်တွေကို လသာဆောင်ဘက်မှာ ဇလုံးကိုယ်စီနဲ့ ကိုယ့်အဝတ်ကိုယ်လျှော်ရတယ်....။ အဝတ်လျှော်စက်ရှိရဲ့နဲ့ မီတာတက်တယ်..အဝတ်တွေဟောင်တယ်...အကြောင်းပြချက်မျိုးစုံနဲ့ လက်နဲ့လျှော်ခိုင်းတဲ့ ရှောင်းကျန့်ကို ရိပေါ်နဲ့ ဖန်ရှင်းက မကျေနပ်ချင်ဘူး....။ ချွေတာရေးဆင်းနေတဲ့ ဘီလျံနာကြီးကြောင့် သူဌေးသားလေးတွေက အဝတ်လျှော်သည်ဘဝရောက်ရတယ်.....။

ဒါပေမယ့် မကျေနပ်တာကို ထုတ်တော့မပြောရဲပါဘူး....။ ဗီတိုအာဏာရှင်ကြီး ရှောင်းကျန့်စိတ်ဆိုးရင် ရိပေါ်ကစလို့ ကြောင်ရော ယုန်ပါမကျန် တစ်အိမ်လုံးထမင်းငတ်တာမို့.....။

အသက်တွေသာကြီးလာတယ်....။ သူတို့နှစ်ယောက်ကြားက တစ်ယောက်ကိုယ်တစ်ယောက် ဂရုစိုက်မှုလေးတွေက လျော့မသွားဘူး....။

ရိပေါ်ရဲ့လက်သည်းတွေရှည်လာရင် ရှောင်းကျန့်က ကိုယ်တိုင်စိတ်ရှည်ရှည် ညှပ်ပေးနေတုန်းဖြစ်သလို ရိပေါ်ကလည်း ရှောင်းကျန့်ကို ခေါင်းသုတ်ပေး ဆံပင်ဖြီးပေး အဝတ်အစားကိုယ်တိုင်ရွေးပေးနေတုန်း.....။

အသက်၃၀ကျော်နေပြီကိုတောင် ရိပေါ်က ဖိနပ်ကြိုးမချည်တတ်ချင်ယောင်ဆောင်နေတုန်း ဖြစ်ပြီး ရှောင်းကျန့်ကလည်း မငြီးမငြူနဲ့ ဖိနပ်ကြိုးချည်ပေးနေတုန်းပါပဲ....။

သူတို့ နှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့တိုင်း သူတို့က ချုံချင်က အိမ်လေးကိုပြန်ပြီး RedWood သစ်ပင် တစ်ပင်သွားသွားစိုက်တယ်....။ RedWood ရဲ့ အဓိပ္ပာယ်က ထာဝရ.....။

RedWood သစ်ပင်တွေ အပင်၂ဝပြည့်တဲ့နေ့မှာ ရိပေါ်ရော ရှောင်းကျန့်ရောက အသက်၄၀ကျော် ဦးလေးကြီးတွေဖြစ်နေကြပြီ....။ ဖန်ရှင်းကလည်းအထက်တန်းအောင်ပြီးတဲ့ အရွယ်ရောက်တဲ့လူငယ်လေးဖြစ်လာပြီ....။

ဖန်ရှင်းတက္ကသိုလ်စတက်တဲ့အချိန်မှာ ရိပေါ်ကအလုပ်ကနားပြီး ရှောင်းကျန့်နဲ့အတူ ချုံချင်ကိုပြန်တယ်....။ သူတို့ရဲ့ ကျန်နေတဲ့ဘဝသက်တမ်းကို ချုံချင်က အိမ်လေးမှာပဲ နှစ်ယောက်ထဲအတူကုန်ဆုံးသွားဖို့ သူတို့ဆုံးဖြတ်ထားတယ်.....။

Continua a leggere

Ti piacerร  anche

593K 31.4K 15
#wangxiao #wangyibo #xiaozhan Start-5.11.2019 End-15.12.2019
762K 38.5K 63
แ€žแ€„แ€นแ€Ÿแ€ฌ แ€กแ€„แ€นแ‚แ€ญแ€ฏแ€ธแ€…แ€”แ€น แ€ท แ€ฑแ€œแ€ธแ€†แ€ญแ€ฏแ€›แ€„แ€น แ€’แ€ฎ Fic แ€€แ€ญแ€ฏแ€ฑแ€€แ€บแ€ฌแ€นแ€žแ€ผแ€ฌแ€ธแ€•แ€ซ๐ŸŒš๐ŸŒš๐ŸŒšโŒโŒโŒ
1M 54.7K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
2.2M 115K 64
โ†ณ โ [ INSANITY ] โž โ” yandere alastor x fem! reader โ”• ๐ˆ๐ง ๐ฐ๐ก๐ข๐œ๐ก, (y/n) dies and for some strange reason, reincarnates as a ...