ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

Von god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ Mehr

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၁၆ ( ၁၇ + ၁၈ )

9.1K 1K 9
Von god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   16
Chapter.          :  17 + 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၁၆၊ အခန္း ၁၇။ စီရီဟန္ထက္ ပိုေခ်ာတဲ့သူ

ဆယ္နွစ္ၾကာေအာင္ကို သူတုိ့နွင့္ပတ္သက္သည့္ သတင္းအစအန မၾကားခဲ့ရေခ်။ ခုေတာ့၊ အနက္ေရာင္မုဆုိးမသည္ စီ မိသားစုအေပၚ မ်က္စိက်ေနေလသည္တဲ့…

“စီနီယာလည္းပဲ စီ မိသားစုကုိ စိတ္၀င္စားေနတာလား”
K ၊ သတင္းနႈိက္ယူဖို့ရာ ၾကိဳးစားေမးလုိက္ၿခင္းတည္း။

ၿပီးေတာ့လညး္၊ ေကာလဟလစကားတုိ့သာ ရွိေနခဲ့ၾကသည့္ ဒီလိုအဖြဲ့အစည္းမ်ိဳးသည္ကား အလြန္တရာ ဆန္းၾကယ္လွေပသည္ - K သည္ပင္ အရင္က သူတုိ့အား ေတြ့ၿမင္ဖူးၿခင္းမရွိပါေခ်။ ဤမိန္းမသည္ အင္အားေတာင့္တင္းခုိင္မာပံု ေပၚေနေသာ္လည္း
K သည္ သတိၾကီးၾကီး ထားတတ္သူၿဖစ္သည့္အားေလ်ာ္စြာ သူမ၏ရုပ္မွန္နွင့္ပတ္သက္လုိ့ သံသယၿဖစ္ေနေသးၿခငး္ပင္။

ထုိမိိန္းမသည္ သူမလက္သည္းတုိ့အား ထိုးဆြလုိ့ေနရင္း စိတ္ရႈပ္ လာဟန္ၿဖင့္။ “ငါ ဘယ္သူ့ကို စိတ္၀င္စားေနတဲ့အေၾကာင္း မင္းကို သတင္းပုိ့ဖုိ့ လိုလုိ့လား”

“မလုိပါဘူး ။ မလုိပါဘူူး။ စီနီယာ ေသခ်ာေပါက္ကို မလုိပါဘူးဗ်ာ။ က်ြန္ေတ္ာက ဒီတိုင္း….”

အနွီမိန္းမ၏လူသတ္ေငြ့လႊမ္းေနေသာေလသံကို ၾကားလုိက္ရရာ၊ K ၊ အက်ပ္ရိုက္သြားဟန္ ေပၚလာၿပီး ေသေသခ်ာခ်ာေလး စဥ္းစားေတြးဆ လုိက္ကာ ေၿပာလာသည္။
“က်ြန္ေတ္ာ့မွာ အသက္ ၁၀၀ ေခ်ာင္း ပိုပါလာရင္ေတာင္မွ စီနီယာ လုိခ်င္ေနတဲ့သူကို က်ြန္ေတာ္ စီနီယာနဲ့ ၿပိဳင္မလုရဲပါဘူးခင္ဗ်ာ။ ဒါေပမယ့္၊ ဒီတစ္ၾကိမ္က တုိက္တုိက္ဆုိင္ဆုိင္ပဲ - က်ြန္ေတ္ာတုိ့ရဲ့မစ္ရွင္ ကလဲ ဒီလူေတြကို ရဖုိ့ ၿဖစ္ေနတယ္။ က်ြန္ေတာ္တုိ့ က်ရံႈးသြားခဲ့ရင္ က်ြန္ေတာ္တုိ့ေတြအတြက္ ရွင္းရအရမ္းကို ခက္သြားမွာမလုိ့ပါ။ ဒီေတာ့ေလ၊ က်ြန္ေတ္ာတုိ့ စီနီယာအတြက္ တစ္ခုခုလုပ္ေပးမယ္ ဆုိရင္ေရာ….”

“အုိး။ ဘာမ်ား စဥ္းစားထားလို႔လဲ”
မိန္းမသည္ သူ့အား ေပါ့ေပါ့ပါးပါး ၾကည့္လာေလၿပီ။

K ၊ သူ့ရဲ့အၾကည့္အား လႊဲလုိက္ၿပီး ယဥ္ယဥ္ေက်းေက်းၿဖင့္ အၾကံၿပဳလာ ၏။ “စီနီယာ မ်က္စိက်ေနတဲ့သူက စီ မိသားစုရဲ့ေခါင္းေဆာင္ေလးပဲဟာ။ စီနီယာသာ က်ြန္ေတာ္တုိ့၊ ေသြးဆာေသာလူသတ္သမားဂိုဏ္းကို ဒီလူေတြကို ေခၚသြားခြင့္ၿပဳေပးမယ္ဆုိရင္ က်ြန္ေတ္ာ ေသခ်ာေပါက္ကို ပိုၿပီးေခ်ာတဲ့ေယာက်ား္တစ္ေယာက္ကို ရွာလာေပးပါ့မယ္။ စီနီယာ ေသခ်ာေပါက္ စိတ္ေက်နပ္ေစရမွာပါ”

“အဟတ္….” ထိုမိန္းမ၏က်ိတ္ရယ္လုိက္သံသည္ ေလထဲတြင္ ပဲ့တင္ရိုက္လာေခ်သည္။

သူမ၏ရယ္သံသည္ကား အရုိးထဲထိပင္ တုန္ခ်ိသြားေစသည္တည္း။

သူမ၏ရယ္ေမာလုိက္ၿခင္းသည္ ဘာကိုဆိုလုိသလဲဆုိသည္ကို မသိပါ ေသာ္ၿငားလညး္၊ K ၊ ေဖာ္ၿပမစြမ္းနုိင္ေသာမေကာင္းသည့္ ခံစားခ်က္ တုိ့အား ရေနမိေလရာ။ သူ့ရဲ့နွလံုးတု့ိ ဆက္တုုိက္ပင္ ၀ုနး္၀ုန္းဒုိင္းဒုိင္း ခုန္လႈပ္ေနေခ်ေတာ့ၿပီ ။ သူ ေၿပာလာ၏။ “စီနီယာ….”

ရုတ္ၿခည္းပင္ မုန္တုိင္းထန္သည့္မုိးတုိ့နွင့္ အဟုန္ၿပင္းထန္ေသာေလတုိ့ ေရာက္လာၾကေတာ့ကာ၊ ေကာင္းကင္ၿပင္သည္ကား ေမွာင္မိႈင္းလုိ့လာ ေတာ့ေခ်ၿပီ။ ထုိမိန္းမ၏ေလသံသည္ကား စိတ္မပါ့တပါၿဖင့္ ေပါ့ေပါ့ပါးပါး ဟန္ ရွိေနဆဲၿဖစ္ပါေသာ္လညး္၊ ေလထုသည္ကား လံုး၀အတိ ေၿပာင္းလဲ လုိ့ သြားခဲ့ေခ်ၿပီ။
“မင္းကိုယ္မင္း ငါ့ကုိ ကမ္းလွမ္းလုိက္မယ္ဆုိရင္ေရာ ၊ အဟတ္။ ငါ့ရဲ့ေကာင္ငယ္ေလးေတြက မငး္ကို အရမ္းစိတ္၀င္စားၾကေလာက္မွာပါ”

သူ့လိုမ်ိဳး SSS အဆင့္ တုိက္ခုိက္ေရးသမားသည္ပင္ ဖိက်လာသည့္ ဖိအားၾကီးအား ေတာင့္ခံနုိင္ၿခင္းမရွိဘဲ၊ နဖူးထက္မွ ေခ်ြးေအးတုိ့ ၿပိဳက်လာေလသည္။ ခ်ိဳ့ဟုန္ဟုိင္၊ ခ်က္ခ်င္းပင္ ၿပန္ေၿဖလုိ္က္၏။
“မဟုတ္….မဟုတ္ပါဘူး။ က်ြန္ေတာ္ မလုပ္ရဲပါဘူး”

ဤမိန္းမ ဆုိသြားခဲ့သည့္ ေကာင္ငယ္ေလးေတြဆုိသည္မွာ သာမန္ ခ်စ္စရာေကာင္းသည့္ အိမ္ေမြးတိရစာၧန္ေလးေတြ မဟုတ္ၾကပါေခ် - သူတို့ေတြသည္ကား ငယ္ငယ္ေလးကတည္းက လူတို႔၏အသား ၊ အေသြးတုိ့ၿဖင့္ ၾကီးၿပင္းလာၾကသူမ်ား ၿဖစ္ၾကေခ်၏။

သူမအဖုိ့၊ ေသြးဆာေသာလူသတ္သမားဂိုဏ္း၏ေခါင္းေဆာင္သည္ သူမ၏ေခြးတုိ့ကို အစာေက်ြးပစ္ဖုိ့သာ လံုေလာက္ေနေခ်သည္တကား။

သူမ၏ပါးစပ္ဖ်ားကေန ထိုးနွက္သည့္စကားတုိ့ ထြက္က်လာသည္ ေတာင္မွ သူသည္ကား ေဒါသအရိပ္အေယာင္တုိ့တစ္ခ်က္ ၿပရဲၿခင္း မရွိေခ်ၿပီ။

“မလုပ္ရဲဘူးလား။ မငး္မွာ ငါ့ကို ဆာေလာင္ငတ္ၿပတ္ေနတဲ့ လဒ တစ္ေယာက္လုိမ်ိဳး ဆက္ဆံလာရဲတယ္ဆုိေတာ့ ေတာ္ေတာ္္ေလးကို သတၱိေတြ ရွိေနၿပီလုိ့ ထင္ေနမိတာ၊ ဟမ္။ ငါက အမိႈက္သရုိက္ေတြကို ထိမယ္လုိ့ ေတြးထားတာလား”
ထိုမိန္းမအနားတစ္၀ုိက္က ေလထုသည္ ပုိလုိ့သည္းမခံနုိင္ပင္ ၿဖစ္လာၿပီး သူမအေနာက္မွာ ရွိေနသည့္ ဆန္းၾကယ္ေသာ စစ္တပ္ၾကီးသည္လည္း တုိုက္ခုိက္ဖို့ရာ တာဆူလာၾကေပၿပီ။

“ဒါ ဘယ္လုိလုပ္ၿပီးေတာ့ ၿဖစ္နုိင္မွာလဲ။ က်ြန္ေတာ္ ဒီလုိမ်ိဳး ဆိုလိုလုိက္တာ ေသခ်ာေပါက္ မဟုတ္ရပါဘူး” ခ်ိဳ့ဟုန္ဟုိင္၏ေနာက္ေက်ာကား ေခြ်းတို့ၿဖင့္ ရႊဲနစ္လုနီးနီးပင္ ။

ငါ ရံႈးသြားၿပီ။ ထင္ထားတဲ့အတုိင္းပဲ….

အနက္ေရာင္မုဆုိးမက ဘယ္လုိလုပ္ၿပီးေတာ့ သူမ လုိခ်င္ေနတဲ့အရာအေပၚမွာ လက္ေလွ်ာ့ေပးပါ့မလဲ။

ၿပီးေတာ့လည္း၊ သူမက ေယာက်ာ္းေတြနဲ့ ပတ္သက္လာၿပီဆုိရင္ အရမး္ၾကီးကို ထန္တ့ဲဟာကို။

ဒါေပမယ့္လညး္၊ ဒီမစ္ရွင္က အရမး္ၾကီးကို အေရးၾကီးတယ္။
ငါ က်ရံႈးလုိ့မရဘူး။

ထုိအေတြးတုိ့ၿဖင့္၊ K ကား စိတ္နွခြ လြန္ဆြဲလုိ့ေန၏ ။

တၿခားတစ္ဖက္တြင္ကား၊ ဒီအင္အားၾကီးနွစ္ခုသည္ သူတုိ့၏သခင္ေလး အား အရုပ္တစ္ရုပ္အလားနွယ္ ေစ်းဆစ္လုိ့ေနၾကသည္ကို နားေထာင္ ေနၾကရင္း လ်ိဳယင္နွင့္တၿခားေသာသူတုိ့ ေဒါသတုိ့ၿပည့္လ်ွမ္းလာၾက ေတာ့၏။

သုိ့ေသာ္၊ ဒီအခုိက္တြင္ေတာ့၊ သူတုိ့ေတြသည္ကား တစ္စံုတစ္ေယာက္ ေယာက္၏ စဥ့္နီတံုးေပၚတြင္ေရာက္ေနသည့္ အသားတံုးနွယ္ ၿဖစ္လုိ့ ေနၾကသည္ပင္ - ဒီၾကီးမားၾကံံ့ခုိင္သည္အင္အားတုိ့ေအာက္တြင္ သူတုိ့ေတြသည္ သူတုိ့ကိုယ္သူတုိ့ စိတ္နွလံုးတို့နာက်င္ရရံုသာ တတ္နုိင္ၾကေလသည္။

ဒီအခ်ိန္၊ ထိုမိန္းမေဘးတြင္ရိွေနသည့္ အရပ္ရွည္ၿပီး ပိန္ပါးသည့္ လက္ေအာက္ငယ္သားသည္ ေသြးဆာေသာလူသတ္သမားဂိုဏ္း
အား ေအးစက္လွသည့္အၾကည့္တစ္ခ်က္ ပစ္လႊတ္လုိက္ၿပီး ရုတ္တရက္ထေၿပာလာသည္ကား ။
“ဒါၿဖင့္ ငါတုိ့လမး္က ဖယ္ေနစမး္”

“ဟုတ္….ဟုတ္ ဟုတ္ကဲ့….”
ခ်ိဳ့ဟုန္ဟုိင္၊ အလ်င္အၿမန္ပင္ တစ္ဖက္သို့ ကပ္ေပးလုိက္ပါ၏။

သူ မိထားပါသည့္ သားေကာင္သည္ ဒီလုိမ်ိဳး လြတ္ထြက္သြားခဲ့ေခ်ၿပီ။ ခ်ိဳ့ဟုန္ဟုိင္၊ လက္ေလ်ွာ့ခ်င္စိတ္ မရွိသည္ကား အထင္အရွားတည္းပင္ ၿဖစ္ပါ၏။ သို့ေသာ္လညး္၊ ဒီမိန္းမသည္ကား သူ ရန္စဖုိ့မတတ္နုိင္သည့္ တစ္စံုတစ္ေယာက္ ၿဖစ္လုိ့ေနေခ်သည္မဟုတ္ပါေလာ ။

                    💖💖💖💖💖💖💖💖

စာစဥ္ ၁၆၊ အခန္း ၁၈။ သံသယတုိ့ ၿမင့္တက္လာၿပီ

“ေဘာ့စ္၊ ဒီလူေတြ….သူတု့ိေတြက ေသၿခင္းတရား၏နွင္းဆီဆိုတာ တကယ္ပဲလား” ဒီအခ်ိန္တြင္၊ ပိန္ပါးသည့္ဆံပင္နီသည့္
ေသြးဆာေသာ လူသတ္သမားဂိုဏ္းသားသည္ ခ်ိဳ့ဟုန္ုဟုိင္ရဲ့
နံေဘးေလွ်ာက္လာကာ သူ့နားတုိးတုိး ကပ္ေၿပာလာၿခင္း ၿဖစ္၏။

ခ်ိဳ့ဟုန္ဟုိင္၏မ်က္နွာ မည္းက်သြားရေတာ့ေလသည္။ သူ့ရဲ့အစစ္အမွန္ပံုစံကိုပင္ အေဖာ္ၾကားခံခဲ့ရၿပီးေလၿပီ။ ေသၿခင္းတရား၏နွင္းဆီကလြဲလ်ွင္ မည္သူကမ်ား ဒီလုိသတင္းမ်ိဳးကို ရွာေဖြနုိင္ပါလိမ့္မည္နညး္။

လူၿပက္ေလး၊ မ်က္နွာခ်ငး္ဆုိင္တြင္ရွိေနၾကသည့္ လူတန္းအား ေလ့လာစူးစမ္းလုိက္ၿပီး တီးတိုးေၿပာဆိုလာသည္။
“သူမေဘးက အဲဒီလူေတြကလည္းပဲ အကုန္လံုး အဆင့္ၿမင့္တဲ့ သိုင္းသမားေတြခ်ည္းပဲ”

အနက္ေရာင္မုဆုိးမသည္ တကယ့္ကိုအရည္အခ်ငး္တုိ့ရွိၿပီး ရုပ္ရည္ေခ်ာေမာၾကသည့္ ေခါငး္ေဆာင္တု့ိအား လက္သပ္ေမြးထား ရၿခင္းကို ခ်စ္ၿမတ္နုိးေၾကာင္း လူသိမ်ားလွေပသည္။ ဒီေတာ့ကာ၊ အရာအားလံုးသည္ ကြက္တိၿဖစ္လုိ့ေနေခ်သည္ပင္ ။

ယူဂ်ငး္၊ စကားတစ္ခြန္းမွ ၀င္ေၿပာလာၿခင္းမရွိ။
သူ့ရဲ့အမူအရာသည္ကား တစ္ခ်ိန္လံုးလံုး မႈန္ကုတ္လိ့ုေနလ်က္ ။

ဒီမိန္းမ ေပၚထြက္လာမႈေၾကာင့္ သူ သတ္ပစ္ေတာ့မည့္ ဘာမဟုတ္သည့္ လူသည္ သူ့ရဲ့အားနည္းခ်က္ေနရာအား တုိက္ခုိက္လာခ့ဲၿပီး သူ့လက္ထဲ ကေန လြတ္သြားခဲ့ရေလသည္ - ဒါသည္ကား အတုိင္းထက္အလြန္ပင္ ရွက္စရာေကာင္းလွေခ်၏။

အနီေရာင္ဆံပင္နွင့္ေယာက်ာ္းေလးသည္ သံသယရွိစြာၿဖင့္ သူ့ကုိယ္သူ တီးတိုးဆိုလာေလသည္။ “ဒါေပမယ့္၊ အဲဒီအဖြဲ့ေပၚလာတာက ထူးဆန္း လြန္းသလားလို့...ေသၿခင္းတရား၏နွင္းဆီ ေပ်ာက္ေနတာက ဆယ္နွစ္ ေလာက္ရွိေနၿပီကို ဘာလုိ့ အခုက်မွ ရုတ္တရက္ၾကီး ေပၚလာရတာလဲ”

အနီေရာင္ဆံပင္နွင့္ေယာက်ာ္းေလးသည္ ထိုအေၾကာင္းအား
ေတြးေတာ လုိက္ရင္း စကားဆက္လာ၏။
“ၿပီးေတာ့လည္း၊ က်ြန္ေတ္ာတုိ့ေတြ ေၿပာဆုိေနၾကတာ အခ်ိန္အၾကာၾကီး ရွိေနၿပီ။ ဘာလုိ့ အခုထိ အနက္ေရာင္မုဆုိးမရဲ့လက္နက္ကို က်ြန္ေတ္ာ တု့ိ မၿမင္ၾကရေသးတာလဲ”

အနက္ေရာင္ဆံပင္နွင့္ေကာင္ေလး ေၿပာလုိက္သည္ကုိ ၾကားလိုက္မိခ်ိန္၊ ယူဂ်င္း၏မ်က္လံုးတုိ့ ခ်က္ခ်င္းပင္ ၀င္းပသြားရေတာ့ေခ်ၿပီ။
“ဟုတ္သားပဲ။ က်ြန္ေတာ္ ဒီအေၾကာင္းကို ေမ့သြားေတာ့မလို့။ အနက္ေရာင္မုဆုိးမ က အရမး္ၾကီးကို ၿမန္ဆန္လြန္းလုိ့ အရင္တုန္းက သူမရဲ့လက္နက္ကို ဘယ္သူကမွ မၿမင္ဖူးခဲ့ၾကဘူး။ ဒါေပမယ့္၊ ကံေကာင္းေထာက္မၿပီးေတာ့ လက္မႈပညာသည္တစ္ေယာက္ဆီကေန ပံုၾကမ္းကို က်ြန္ေတ္ာ ၿမင္ဖူးထားတယ္။ တစ္ခ်က္ၾကည့္လုိက္ရံုနဲ့ အစစ္ဟုတ္မဟုတ္ကို က်ြန္ေတာ္ ေၿပာနုိင္တယ္….”

“မင္း တကယ္ပဲ ၿမင္ဖူးတာလား” ခ်ိဳ့ဟုန္ဟိုင္ ေမးလာၿခင္း။

“သံသယၿဖစ္စရာကို မလုိဘူး”

“အဲဒါက ဘယ္လုိပံုစံမ်ိဳးလဲ။ ငါ ၾကားမိတာက အဲဒီ့ဟာက အရမး္ကို ရႈပ္ယွက္ခတ္ေနတာပဲဆုိ။ အတုရွိဖုိ့ဆုိတာ ဘယ္လုိမွကို မၿဖစ္နုိင္ဘူး တဲ့” ခ်ိဳ့ဟုန္ဟုိင္၊ အသံတုိးတုိးၿဖင့္ ေၿပာဆုိလာပါ၏။

ယူဂ်င္း ၊ နွာေခါငး္ရံႈ့ေၿပာဆုိလာေတာ့သည္။
“ဟာဗ်ာ၊ ဘယ္လိုပံုရွိရမွာလဲ။ အနက္ေရာင္မုဆုိးမနဲ့ ေသၿခင္းတရား၏ နွင္းဆီက လူေတြကလြဲရင္ သိတဲ့သူ ဘယ္သူမွကို မရွိတာ။ အဲဒီလက္မႈပညာရွင္ဆုိတာက တစ္ခါတုန္းက ေသၿခင္းတရား၏
နွင္းဆီအဖြဲ့သား ၿဖစ္ခဲ့ဖူးတယ္။ နံပတ္ ၆ ႀကီး အစေဖာ္လုိက္လုိ့သာ၊ မဟုတ္ရင္ အဲဒီအေၾကာင္း က်ြန္ေတာ္ ေမ့သြားေတာ့မလို႔ ။
အခုပဲ အဲဒီမိန္းမရဲ့သရုပ္မွန္ကုိ က်ြန္ေတာ္ ေဖာ္ထုတ္ေပးမယ္”

ယူဂ်င္း၊ ေမွာင္မုိက္ေနသည့္အမူအရာၿဖင့္ သူ၏ဒဏ္ရာရေနသည့္ ပုခံုးအား ပြတ္သပ္လုိက္ရင္း ေၿပာလာၿခင္းၿဖစ္၏။ ေနာက္၊ အေရွ့သုိ့ ေၿခတစ္လွမ္း တက္လုိက္ကာ၊ အနက္ေရာင္ပု၀ါအုပ္ထားသည့္ မိန္းမရွိရာဆီ ၾကည့္လုိက္ၿပီး ေၿပာလုိက္သည္။
“က်ြန္ေတာ္က အဲလက္စ္ ယူဂ်င္း ပါ။ က်ြန္ေတာ္ ခင္ဗ်ားကို ေလးစားေန ခဲ့တာ အခ်ိန္အေတာ္ၾကီး ၾကာပါၿပီ။ ခင္ဗ်ားရဲ့ ေရႊပိုးသားက ေတာ္ေတာ္ ေလးကို တုိက္ရခက္တယ္လို့ ၾကားမိပါတယ္ - ခင္ဗ်ား အဲဒါကို ရဖုိ့ မိုင္တစ္ေထာင္ေလာက္ကေန ရွာထားရတာဆုိ….က်ြန္ေတာ္တုိ့ေတြ ဒီေန့ အဲဒါကို ၿမင္ခြင့္ရေလာက္ေအာင္ ကံေကာင္းၾကမလား မေၿပာတတ္ဘူးေနာ္”

ယူဂ်င္း၏အကဲစမ္းလာသည့္ စကားတုိ့အား ၾကားလုိက္ၾကသည့္အခ်ိန္၊ ရီ၀မ္၀မ္ေဘးတြင္ရွိေနသည့္ အနက္ေရာင္အဖြဲ့ ၁ ေခါင္းေဆာင္ၿဖစ္သူ သည္ အနည္းငယ္စိတ္ေအးသက္သာသြားမိရာကေန ရုတ္ၿခညး္တဖန္ ေတာင့္တင္းသြားရေတာ့ေလသည္။

တၿခားေသာကိုယ္ရံေတာ္တုိ့ုသည္လည္း လႈပ္လႈပ္ခတ္ခတ္ ၿဖစ္လာၾကပါ၏။

ငါတုိ့ေတာ့ သြားၿပီ….

အ၀တ္အစားနဲ့မိတ္ကပ္ေတြက တုရလြယ္တယ္။ နည္းနည္းေလာက္ မတိက်ေနရင္ေတာင္မွ ၿပသာနာမရွိနုိင္ဘူး။ ဒါေပမယ့္၊ လက္နက္ေတြ က်ေတာ့၊ အထူးသၿဖင့္ အနက္ေရာင္မုဆုိးမ ရဲ့ လက္နက္မ်ိဳးဆုိရင္ ဘယ္လုိပံုစံရွိတယ္ဆုိတာ ေသၿခင္းတရား၏နွင္းဆီအဖြဲ့သားအစစ္ေတြပဲ သိၾကမွာပဲ ။

လက္နက္က ဘယ္လုိပံုရွိတယ္ဆုိတာ ထားဦး။ ငါတုိ့သိေနရင္ေတာင္မွ အဲဒါကို လုပ္ဖုိ့ဆုိတာက အရမး္ကို ရႈပ္ေထြးမွာ အေသအခ်ာၾကီးပဲ - အဲဒါက လြယ္လြယ္ေလးနဲ့ ဖန္တီးလုိ့ရတဲ့ဟာ မဟုတ္ဘူး။

ရီ၀မ္၀မ္မွာ တခ်ိဳ့ကိစၥနဲ့ပတ္သက္ၿပီး ရွာထားနုိင္ရင္ ရွာထားနုိင္လိမ့္မယ္။ ဒါေပမယ့္ ဒါကက်ေတာ့… ေသြးဆာေသာလူသတ္သမားဂိုဏ္းက ဒါကုိ ေၿပာလာၿပီဆိုမွေတာ့ ေသခ်ာေပါက္ သူတု့ိေတြ အနက္ေရာင္မုဆုိးမရဲ့ လက္နက္အေၾကာင္း အရမး္ေကာင္းေကာင္းၾကီး သိထားလို့ပဲၿဖစ္ရမယ္။ ငါတုိ့ေတြ ၾကံဳရာလက္နက္တစ္ခုကို ေကာက္ထုတ္ၿပလုိ္က္တာနဲ့ အၾကည့္တစ္ခ်က္ထဲနဲ့တင္ကို သူတုိ့ေတြ သိသြားၾကေတာ့မွာပဲ။

ငါတို့ အခု ဘာလုပ္ၾကေတာ့မလဲ။

ငါတုိ့ေတြ ဒီအထိေတာင္ ေရာက္လာၾကၿပီးၿပီကို ။
အခုက်မွ ရႈံးနိမ့္ရေတ့ာမွာလား။

သူတို့ေတြ၏မ်က္နွာထက္တြင္ကား သိသာေနၿခငး္မရွိပါေခ်။
သုိ့ေသာ္၊ လူတုိင္းသည္ကေတာ့ ၿဖစ္လာမည့္အဆုိးဆံုးအတြက္ အဆင္သင့္ၿပင္ထားၾကေလၿပီ။

အခ်ိန္အေတာ္ၾကာေအာင္၊ အနက္ေရာင္ပ၀ါနွင့္မိန္းမသည္ စကားဆို လာျခင္း မရိွသည္ကို ၿမင္ေနၾကရကား၊ ယူဂ်င္း၏မ်က္နွာထက္တြင္ ေလွာင္ေၿပာင္သည့္မဲ့ၿပံဳးတစ္ခု ေပၚထြက္လာေတာ့ၿပီး ေပါ့ေပါ့ပါးပါး စြာၿဖင့္ ေၿပာဆုိလာေတာ့ၿပီ ။
“ဘာမ်ားလဲ။ စီနီယာ၊ ဒီေန့ အေလာတၾကီး ထြက္လာခဲ့ရလို့ အဲဒါကုိ ယူလာဖုိ့ ေမ့သြားတယ္လုိ့ေတာ့ က်ြန္ေတာ့္ကို မေၿပာနဲ့ေနာ္၊ အဟတ္”

ေသေလာက္ေအာင္တိတ္ဆိတ္ၿငိမ္သက္ေနမႈသည္ ေလထုအား ၿပည့္လ်ွမး္သြားၿပီး ေလတုိးသံတ၀ီ၀ီသာလ်ွင္ ၾကားရေတာ့ေခ်ၿပီ။ ဒီတခနေလးအတြင္းမွာပင္၊ ေလထုသည္ကား အလြန္တရာမွကို ၿငိမ္သက္လုိ့လာေတာ့ေခ်ၿပီ။

                    💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

............

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   16
Chapter.          :  17 + 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၁၆၊ အခန်း ၁၇။ စီရီဟန်ထက် ပိုချောတဲ့သူ

ဆယ်နှစ်ကြာအောင်ကို သူတို့နှင့်ပတ်သက်သည့် သတင်းအစအန မကြားခဲ့ရချေ။ ခုတော့၊ အနက်ရောင်မုဆိုးမသည် စီ မိသားစုအပေါ် မျက်စိကျနေလေသည်တဲ့…

“စီနီယာလည်းပဲ စီ မိသားစုကို စိတ်ဝင်စားနေတာလား”
K ၊ သတင်းနှိုက်ယူဖို့ရာ ကြိုးစားမေးလိုက်ခြင်းတည်း။

ပြီးတော့လည်း၊ ကောလဟလစကားတို့သာ ရှိနေခဲ့ကြသည့် ဒီလိုအဖွဲ့အစည်းမျိုးသည်ကား အလွန်တရာ ဆန်းကြယ်လှပေသည် - K သည်ပင် အရင်က သူတို့အား တွေ့မြင်ဖူးခြင်းမရှိပါချေ။ ဤမိန်းမသည် အင်အားတောင့်တင်းခိုင်မာပုံ ပေါ်နေသော်လည်း
K သည် သတိကြီးကြီး ထားတတ်သူဖြစ်သည့်အားလျော်စွာ သူမ၏ရုပ်မှန်နှင့်ပတ်သက်လို့ သံသယဖြစ်နေသေးခြင်းပင်။

ထိုမိန်းမသည် သူမလက်သည်းတို့အား ထိုးဆွလို့နေရင်း စိတ်ရှုပ် လာဟန်ဖြင့်။ “ငါ ဘယ်သူ့ကို စိတ်ဝင်စားနေတဲ့အကြောင်း မင်းကို သတင်းပို့ဖို့ လိုလို့လား”

“မလိုပါဘူး ။ မလိုပါဘူူး။ စီနီယာ သေချာပေါက်ကို မလိုပါဘူးဗျာ။ ကျွန်တေ်ာက ဒီတိုင်း….”

အနှီမိန်းမ၏လူသတ်ငွေ့လွှမ်းနေသောလေသံကို ကြားလိုက်ရရာ၊ K ၊ အကျပ်ရိုက်သွားဟန် ပေါ်လာပြီး သေသေချာချာလေး စဉ်းစားတွေးဆ လိုက်ကာ ပြောလာသည်။
“ကျွန်တေ်ာ့မှာ အသက် ၁၀၀ ချောင်း ပိုပါလာရင်တောင်မှ စီနီယာ လိုချင်နေတဲ့သူကို ကျွန်တော် စီနီယာနဲ့ ပြိုင်မလုရဲပါဘူးခင်ဗျာ။ ဒါပေမယ့်၊ ဒီတစ်ကြိမ်က တိုက်တိုက်ဆိုင်ဆိုင်ပဲ - ကျွန်တေ်ာတို့ရဲ့မစ်ရှင် ကလဲ ဒီလူတွေကို ရဖို့ ဖြစ်နေတယ်။ ကျွန်တော်တို့ ကျရှုံးသွားခဲ့ရင် ကျွန်တော်တို့တွေအတွက် ရှင်းရအရမ်းကို ခက်သွားမှာမလို့ပါ။ ဒီတော့လေ၊ ကျွန်တေ်ာတို့ စီနီယာအတွက် တစ်ခုခုလုပ်ပေးမယ် ဆိုရင်ရော….”

“အိုး။ ဘာများ စဉ်းစားထားလို့လဲ”
မိန်းမသည် သူ့အား ပေါ့ပေါ့ပါးပါး ကြည့်လာလေပြီ။

K ၊ သူ့ရဲ့အကြည့်အား လွှဲလိုက်ပြီး ယဉ်ယဉ်ကျေးကျေးဖြင့် အကြံပြုလာ ၏။ “စီနီယာ မျက်စိကျနေတဲ့သူက စီ မိသားစုရဲ့ခေါင်းဆောင်လေးပဲဟာ။ စီနီယာသာ ကျွန်တော်တို့၊ သွေးဆာသောလူသတ်သမားဂိုဏ်းကို ဒီလူတွေကို ခေါ်သွားခွင့်ပြုပေးမယ်ဆိုရင် ကျွန်တေ်ာ သေချာပေါက်ကို ပိုပြီးချောတဲ့ယောကျာ်းတစ်ယောက်ကို ရှာလာပေးပါ့မယ်။ စီနီယာ သေချာပေါက် စိတ်ကျေနပ်စေရမှာပါ”

“အဟတ်….” ထိုမိန်းမ၏ကျိတ်ရယ်လိုက်သံသည် လေထဲတွင် ပဲ့တင်ရိုက်လာချေသည်။

သူမ၏ရယ်သံသည်ကား အရိုးထဲထိပင် တုန်ချိသွားစေသည်တည်း။

သူမ၏ရယ်မောလိုက်ခြင်းသည် ဘာကိုဆိုလိုသလဲဆိုသည်ကို မသိပါ သော်ငြားလည်း၊ K ၊ ဖော်ပြမစွမ်းနိုင်သောမကောင်းသည့် ခံစားချက် တို့အား ရနေမိလေရာ။ သူ့ရဲ့နှလုံးတု့ိ ဆက်တိုက်ပင် ဝုန်းဝုန်းဒိုင်းဒိုင်း ခုန်လှုပ်နေချေတော့ပြီ ။ သူ ပြောလာ၏။ “စီနီယာ….”

ရုတ်ခြည်းပင် မုန်တိုင်းထန်သည့်မိုးတို့နှင့် အဟုန်ပြင်းထန်သောလေတို့ ရောက်လာကြတော့ကာ၊ ကောင်းကင်ပြင်သည်ကား မှောင်မှိုင်းလို့လာ တော့ချေပြီ။ ထိုမိန်းမ၏လေသံသည်ကား စိတ်မပါ့တပါဖြင့် ပေါ့ပေါ့ပါးပါး ဟန် ရှိနေဆဲဖြစ်ပါသော်လည်း၊ လေထုသည်ကား လုံးဝအတိ ပြောင်းလဲ လို့ သွားခဲ့ချေပြီ။
“မင်းကိုယ်မင်း ငါ့ကို ကမ်းလှမ်းလိုက်မယ်ဆိုရင်ရော ၊ အဟတ်။ ငါ့ရဲ့ကောင်ငယ်လေးတွေက မင်းကို အရမ်းစိတ်ဝင်စားကြလောက်မှာပါ”

သူ့လိုမျိုး SSS အဆင့် တိုက်ခိုက်ရေးသမားသည်ပင် ဖိကျလာသည့် ဖိအားကြီးအား တောင့်ခံနိုင်ခြင်းမရှိဘဲ၊ နဖူးထက်မှ ချွေးအေးတို့ ပြိုကျလာလေသည်။ ချို့ဟုန်ဟိုင်၊ ချက်ချင်းပင် ပြန်ဖြေလိုက်၏။
“မဟုတ်….မဟုတ်ပါဘူး။ ကျွန်တော် မလုပ်ရဲပါဘူး”

ဤမိန်းမ ဆိုသွားခဲ့သည့် ကောင်ငယ်လေးတွေဆိုသည်မှာ သာမန် ချစ်စရာကောင်းသည့် အိမ်မွေးတိရစ္ဆာန်လေးတွေ မဟုတ်ကြပါချေ - သူတို့တွေသည်ကား ငယ်ငယ်လေးကတည်းက လူတို့၏အသား ၊ အသွေးတို့ဖြင့် ကြီးပြင်းလာကြသူများ ဖြစ်ကြချေ၏။

သူမအဖို့၊ သွေးဆာသောလူသတ်သမားဂိုဏ်း၏ခေါင်းဆောင်သည် သူမ၏ခွေးတို့ကို အစာကျွေးပစ်ဖို့သာ လုံလောက်နေချေသည်တကား။

သူမ၏ပါးစပ်ဖျားကနေ ထိုးနှက်သည့်စကားတို့ ထွက်ကျလာသည် တောင်မှ သူသည်ကား ဒေါသအရိပ်အယောင်တို့တစ်ချက် ပြရဲခြင်း မရှိချေပြီ။

“မလုပ်ရဲဘူးလား။ မင်းမှာ ငါ့ကို ဆာလောင်ငတ်ပြတ်နေတဲ့ လဒ တစ်ယောက်လိုမျိုး ဆက်ဆံလာရဲတယ်ဆိုတော့ တော်တော်လေးကို သတ္တိတွေ ရှိနေပြီလို့ ထင်နေမိတာ၊ ဟမ်။ ငါက အမှိုက်သရိုက်တွေကို ထိမယ်လို့ တွေးထားတာလား”
ထိုမိန်းမအနားတစ်ဝိုက်က လေထုသည် ပိုလို့သည်းမခံနိုင်ပင် ဖြစ်လာပြီး သူမအနောက်မှာ ရှိနေသည့် ဆန်းကြယ်သော စစ်တပ်ကြီးသည်လည်း တိုက်ခိုက်ဖို့ရာ တာဆူလာကြပေပြီ။

“ဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ ကျွန်တော် ဒီလိုမျိုး ဆိုလိုလိုက်တာ သေချာပေါက် မဟုတ်ရပါဘူး” ချို့ဟုန်ဟိုင်၏နောက်ကျောကား ချွေးတို့ဖြင့် ရွှဲနစ်လုနီးနီးပင် ။

ငါ ရှုံးသွားပြီ။ ထင်ထားတဲ့အတိုင်းပဲ….

အနက်ရောင်မုဆိုးမက ဘယ်လိုလုပ်ပြီးတော့ သူမ လိုချင်နေတဲ့အရာအပေါ်မှာ လက်လျှော့ပေးပါ့မလဲ။

ပြီးတော့လည်း၊ သူမက ယောကျာ်းတွေနဲ့ ပတ်သက်လာပြီဆိုရင် အရမ်းကြီးကို ထန်တဲ့ဟာကို။

ဒါပေမယ့်လည်း၊ ဒီမစ်ရှင်က အရမ်းကြီးကို အရေးကြီးတယ်။
ငါ ကျရှုံးလို့မရဘူး။

ထိုအတွေးတို့ဖြင့်၊ K ကား စိတ်နှခွ လွန်ဆွဲလို့နေ၏ ။

တခြားတစ်ဖက်တွင်ကား၊ ဒီအင်အားကြီးနှစ်ခုသည် သူတို့၏သခင်လေး အား အရုပ်တစ်ရုပ်အလားနှယ် ဈေးဆစ်လို့နေကြသည်ကို နားထောင် နေကြရင်း လျိုယင်နှင့်တခြားသောသူတို့ ဒေါသတို့ပြည့်လျှမ်းလာကြ တော့၏။

သို့သော်၊ ဒီအခိုက်တွင်တော့၊ သူတို့တွေသည်ကား တစ်စုံတစ်ယောက် ယောက်၏ စဉ့်နီတုံးပေါ်တွင်ရောက်နေသည့် အသားတုံးနှယ် ဖြစ်လို့ နေကြသည်ပင် - ဒီကြီးမားကြံံ့ခိုင်သည်အင်အားတို့အောက်တွင် သူတို့တွေသည် သူတို့ကိုယ်သူတို့ စိတ်နှလုံးတို့နာကျင်ရရုံသာ တတ်နိုင်ကြလေသည်။

ဒီအချိန်၊ ထိုမိန်းမဘေးတွင်ရှိနေသည့် အရပ်ရှည်ပြီး ပိန်ပါးသည့် လက်အောက်ငယ်သားသည် သွေးဆာသောလူသတ်သမားဂိုဏ်း
အား အေးစက်လှသည့်အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီး ရုတ်တရက်ထပြောလာသည်ကား ။
“ဒါဖြင့် ငါတို့လမ်းက ဖယ်နေစမ်း”

“ဟုတ်….ဟုတ် ဟုတ်ကဲ့….”
ချို့ဟုန်ဟိုင်၊ အလျင်အမြန်ပင် တစ်ဖက်သို့ ကပ်ပေးလိုက်ပါ၏။

သူ မိထားပါသည့် သားကောင်သည် ဒီလိုမျိုး လွတ်ထွက်သွားခဲ့ချေပြီ။ ချို့ဟုန်ဟိုင်၊ လက်လျှော့ချင်စိတ် မရှိသည်ကား အထင်အရှားတည်းပင် ဖြစ်ပါ၏။ သို့သော်လည်း၊ ဒီမိန်းမသည်ကား သူ ရန်စဖို့မတတ်နိုင်သည့် တစ်စုံတစ်ယောက် ဖြစ်လို့နေချေသည်မဟုတ်ပါလော ။

                    💖💖💖💖💖💖💖💖

စာစဉ် ၁၆၊ အခန်း ၁၈။ သံသယတို့ မြင့်တက်လာပြီ

“ဘော့စ်၊ ဒီလူတွေ….သူတု့ိတွေက သေခြင်းတရား၏နှင်းဆီဆိုတာ တကယ်ပဲလား” ဒီအချိန်တွင်၊ ပိန်ပါးသည့်ဆံပင်နီသည့်
သွေးဆာသော လူသတ်သမားဂိုဏ်းသားသည် ချို့ဟုန်ုဟိုင်ရဲ့
နံဘေးလျှောက်လာကာ သူ့နားတိုးတိုး ကပ်ပြောလာခြင်း ဖြစ်၏။

ချို့ဟုန်ဟိုင်၏မျက်နှာ မည်းကျသွားရတော့လေသည်။ သူ့ရဲ့အစစ်အမှန်ပုံစံကိုပင် အဖော်ကြားခံခဲ့ရပြီးလေပြီ။ သေခြင်းတရား၏နှင်းဆီကလွဲလျှင် မည်သူကများ ဒီလိုသတင်းမျိုးကို ရှာဖွေနိုင်ပါလိမ့်မည်နည်း။

လူပြက်လေး၊ မျက်နှာချင်းဆိုင်တွင်ရှိနေကြသည့် လူတန်းအား လေ့လာစူးစမ်းလိုက်ပြီး တီးတိုးပြောဆိုလာသည်။
“သူမဘေးက အဲဒီလူတွေကလည်းပဲ အကုန်လုံး အဆင့်မြင့်တဲ့ သိုင်းသမားတွေချည်းပဲ”

အနက်ရောင်မုဆိုးမသည် တကယ့်ကိုအရည်အချင်းတို့ရှိပြီး ရုပ်ရည်ချောမောကြသည့် ခေါင်းဆောင်တု့ိအား လက်သပ်မွေးထား ရခြင်းကို ချစ်မြတ်နိုးကြောင်း လူသိများလှပေသည်။ ဒီတော့ကာ၊ အရာအားလုံးသည် ကွက်တိဖြစ်လို့နေချေသည်ပင် ။

ယူဂျင်း၊ စကားတစ်ခွန်းမှ ဝင်ပြောလာခြင်းမရှိ။
သူ့ရဲ့အမူအရာသည်ကား တစ်ချိန်လုံးလုံး မှုန်ကုတ်လိ့ုနေလျက် ။

ဒီမိန်းမ ပေါ်ထွက်လာမှုကြောင့် သူ သတ်ပစ်တော့မည့် ဘာမဟုတ်သည့် လူသည် သူ့ရဲ့အားနည်းချက်နေရာအား တိုက်ခိုက်လာခဲ့ပြီး သူ့လက်ထဲ ကနေ လွတ်သွားခဲ့ရလေသည် - ဒါသည်ကား အတိုင်းထက်အလွန်ပင် ရှက်စရာကောင်းလှချေ၏။

အနီရောင်ဆံပင်နှင့်ယောကျာ်းလေးသည် သံသယရှိစွာဖြင့် သူ့ကိုယ်သူ တီးတိုးဆိုလာလေသည်။ “ဒါပေမယ့်၊ အဲဒီအဖွဲ့ပေါ်လာတာက ထူးဆန်း လွန်းသလားလို့...သေခြင်းတရား၏နှင်းဆီ ပျောက်နေတာက ဆယ်နှစ် လောက်ရှိနေပြီကို ဘာလို့ အခုကျမှ ရုတ်တရက်ကြီး ပေါ်လာရတာလဲ”

အနီရောင်ဆံပင်နှင့်ယောကျာ်းလေးသည် ထိုအကြောင်းအား
တွေးတော လိုက်ရင်း စကားဆက်လာ၏။
“ပြီးတော့လည်း၊ ကျွန်တေ်ာတို့တွေ ပြောဆိုနေကြတာ အချိန်အကြာကြီး ရှိနေပြီ။ ဘာလို့ အခုထိ အနက်ရောင်မုဆိုးမရဲ့လက်နက်ကို ကျွန်တေ်ာ တု့ိ မမြင်ကြရသေးတာလဲ”

အနက်ရောင်ဆံပင်နှင့်ကောင်လေး ပြောလိုက်သည်ကို ကြားလိုက်မိချိန်၊ ယူဂျင်း၏မျက်လုံးတို့ ချက်ချင်းပင် ဝင်းပသွားရတော့ချေပြီ။
“ဟုတ်သားပဲ။ ကျွန်တော် ဒီအကြောင်းကို မေ့သွားတော့မလို့။ အနက်ရောင်မုဆိုးမ က အရမ်းကြီးကို မြန်ဆန်လွန်းလို့ အရင်တုန်းက သူမရဲ့လက်နက်ကို ဘယ်သူကမှ မမြင်ဖူးခဲ့ကြဘူး။ ဒါပေမယ့်၊ ကံကောင်းထောက်မပြီးတော့ လက်မှုပညာသည်တစ်ယောက်ဆီကနေ ပုံကြမ်းကို ကျွန်တေ်ာ မြင်ဖူးထားတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အစစ်ဟုတ်မဟုတ်ကို ကျွန်တော် ပြောနိုင်တယ်….”

“မင်း တကယ်ပဲ မြင်ဖူးတာလား” ချို့ဟုန်ဟိုင် မေးလာခြင်း။

“သံသယဖြစ်စရာကို မလိုဘူး”

“အဲဒါက ဘယ်လိုပုံစံမျိုးလဲ။ ငါ ကြားမိတာက အဲဒီ့ဟာက အရမ်းကို ရှုပ်ယှက်ခတ်နေတာပဲဆို။ အတုရှိဖို့ဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်ဘူး တဲ့” ချို့ဟုန်ဟိုင်၊ အသံတိုးတိုးဖြင့် ပြောဆိုလာပါ၏။

ယူဂျင်း ၊ နှာခေါင်းရှုံ့ပြောဆိုလာတော့သည်။
“ဟာဗျာ၊ ဘယ်လိုပုံရှိရမှာလဲ။ အနက်ရောင်မုဆိုးမနဲ့ သေခြင်းတရား၏ နှင်းဆီက လူတွေကလွဲရင် သိတဲ့သူ ဘယ်သူမှကို မရှိတာ။ အဲဒီလက်မှုပညာရှင်ဆိုတာက တစ်ခါတုန်းက သေခြင်းတရား၏
နှင်းဆီအဖွဲ့သား ဖြစ်ခဲ့ဖူးတယ်။ နံပတ် ၆ ကြီး အစဖော်လိုက်လို့သာ၊ မဟုတ်ရင် အဲဒီအကြောင်း ကျွန်တော် မေ့သွားတော့မလို့ ။
အခုပဲ အဲဒီမိန်းမရဲ့သရုပ်မှန်ကို ကျွန်တော် ဖော်ထုတ်ပေးမယ်”

ယူဂျင်း၊ မှောင်မိုက်နေသည့်အမူအရာဖြင့် သူ၏ဒဏ်ရာရနေသည့် ပုခုံးအား ပွတ်သပ်လိုက်ရင်း ပြောလာခြင်းဖြစ်၏။ နောက်၊ အရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ကာ၊ အနက်ရောင်ပုဝါအုပ်ထားသည့် မိန်းမရှိရာဆီ ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်က အဲလက်စ် ယူဂျင်း ပါ။ ကျွန်တော် ခင်ဗျားကို လေးစားနေ ခဲ့တာ အချိန်အတော်ကြီး ကြာပါပြီ။ ခင်ဗျားရဲ့ ရွှေပိုးသားက တော်တော် လေးကို တိုက်ရခက်တယ်လို့ ကြားမိပါတယ် - ခင်ဗျား အဲဒါကို ရဖို့ မိုင်တစ်ထောင်လောက်ကနေ ရှာထားရတာဆို….ကျွန်တော်တို့တွေ ဒီနေ့ အဲဒါကို မြင်ခွင့်ရလောက်အောင် ကံကောင်းကြမလား မပြောတတ်ဘူးနော်”

ယူဂျင်း၏အကဲစမ်းလာသည့် စကားတို့အား ကြားလိုက်ကြသည့်အချိန်၊ ရီဝမ်ဝမ်ဘေးတွင်ရှိနေသည့် အနက်ရောင်အဖွဲ့ ၁ ခေါင်းဆောင်ဖြစ်သူ သည် အနည်းငယ်စိတ်အေးသက်သာသွားမိရာကနေ ရုတ်ခြည်းတဖန် တောင့်တင်းသွားရတော့လေသည်။

တခြားသောကိုယ်ရံတော်တို့ုသည်လည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်လာကြပါ၏။

ငါတို့တော့ သွားပြီ….

အဝတ်အစားနဲ့မိတ်ကပ်တွေက တုရလွယ်တယ်။ နည်းနည်းလောက် မတိကျနေရင်တောင်မှ ပြသာနာမရှိနိုင်ဘူး။ ဒါပေမယ့်၊ လက်နက်တွေ ကျတော့၊ အထူးသဖြင့် အနက်ရောင်မုဆိုးမ ရဲ့ လက်နက်မျိုးဆိုရင် ဘယ်လိုပုံစံရှိတယ်ဆိုတာ သေခြင်းတရား၏နှင်းဆီအဖွဲ့သားအစစ်တွေပဲ သိကြမှာပဲ ။

လက်နက်က ဘယ်လိုပုံရှိတယ်ဆိုတာ ထားဦး။ ငါတို့သိနေရင်တောင်မှ အဲဒါကို လုပ်ဖို့ဆိုတာက အရမ်းကို ရှုပ်ထွေးမှာ အသေအချာကြီးပဲ - အဲဒါက လွယ်လွယ်လေးနဲ့ ဖန်တီးလို့ရတဲ့ဟာ မဟုတ်ဘူး။

ရီဝမ်ဝမ်မှာ တချို့ကိစ္စနဲ့ပတ်သက်ပြီး ရှာထားနိုင်ရင် ရှာထားနိုင်လိမ့်မယ်။ ဒါပေမယ့် ဒါကကျတော့… သွေးဆာသောလူသတ်သမားဂိုဏ်းက ဒါကို ပြောလာပြီဆိုမှတော့ သေချာပေါက် သူတု့ိတွေ အနက်ရောင်မုဆိုးမရဲ့ လက်နက်အကြောင်း အရမ်းကောင်းကောင်းကြီး သိထားလို့ပဲဖြစ်ရမယ်။ ငါတို့တွေ ကြုံရာလက်နက်တစ်ခုကို ကောက်ထုတ်ပြလိုက်တာနဲ့ အကြည့်တစ်ချက်ထဲနဲ့တင်ကို သူတို့တွေ သိသွားကြတော့မှာပဲ။

ငါတို့ အခု ဘာလုပ်ကြတော့မလဲ။

ငါတို့တွေ ဒီအထိတောင် ရောက်လာကြပြီးပြီကို ။
အခုကျမှ ရှုံးနိမ့်ရတေ့ာမှာလား။

သူတို့တွေ၏မျက်နှာထက်တွင်ကား သိသာနေခြင်းမရှိပါချေ။
သို့သော်၊ လူတိုင်းသည်ကတော့ ဖြစ်လာမည့်အဆိုးဆုံးအတွက် အဆင်သင့်ပြင်ထားကြလေပြီ။

အချိန်အတော်ကြာအောင်၊ အနက်ရောင်ပဝါနှင့်မိန်းမသည် စကားဆို လာခြင်း မရှိသည်ကို မြင်နေကြရကား၊ ယူဂျင်း၏မျက်နှာထက်တွင် လှောင်ပြောင်သည့်မဲ့ပြုံးတစ်ခု ပေါ်ထွက်လာတော့ပြီး ပေါ့ပေါ့ပါးပါး စွာဖြင့် ပြောဆိုလာတော့ပြီ ။
“ဘာများလဲ။ စီနီယာ၊ ဒီနေ့ အလောတကြီး ထွက်လာခဲ့ရလို့ အဲဒါကို ယူလာဖို့ မေ့သွားတယ်လို့တော့ ကျွန်တော့်ကို မပြောနဲ့နော်၊ အဟတ်”

သေလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေမှုသည် လေထုအား ပြည့်လျှမ်းသွားပြီး လေတိုးသံတဝီဝီသာလျှင် ကြားရတော့ချေပြီ။ ဒီတခနလေးအတွင်းမှာပင်၊ လေထုသည်ကား အလွန်တရာမှကို ငြိမ်သက်လို့လာတော့ချေပြီ။

                    💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Weiterlesen

Das wird dir gefallen

1.2M 132K 160
Both Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting ...
334K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
83K 8.2K 16
စာေရးသူ - Mo Ling System: Host, ေကာင္းကင္ေပၚက အဲ့ဒါႀကီးက ဘာႀကီးလဲ... Shi Sheng: စၾကဝဠာကူး အာကာသယာဥ္ System: ဒါက ထြက္ရပ္ေပါက္ေအာင္ က်င့္တဲ့ ေခတ္ႀကီး...
199K 10.7K 18
*I DO NOT OWN THIS BOOK.* A friend of mine requested me to translate this into Burmese and I'm very new to this type of translation. မူရင္းဝတၳဳက Chi...