Virus System [ Completed ]

Galing kay little_Deicide

4.6M 322K 9.1K

Start Date - 17 Aug 2019 End Date - 18 Nov 2020 { BJYX } Gong - Wang YiBo Shou - Xiao Zhan [ Both Zawgyi and... Higit pa

Intro
''1'' ( Arc 1 )
''2''
''3''
''4''
''5''
''6''
''8''
''9''
''10''
''11''
''12''
''13''
''14''
''15''
''1'' ( Arc 2 )
''2''
''3''
''4''
''5''
''6''
''7''
''8''
''1'' ( Arc 3 )
''2''
''3''
''4''
''5''
''6''
''7''
''8''
''9''
''10''
''11''
''12''
''13''
''1'' ( Arc 4 )
''2''
''3''
''4''
''5''
''6''
''7''
''8''
''9''
''10''
''11''
''12''
''1'' ( Arc 5 )
''2''
''3''
''4''
''5''
''6''
''7''
''8''
''9''
''10''
''11''
''12''
''1'' ( Arc 6 )
''2''
''3''
''4''
''5''
''6''
''7''
''8''
''9''
''10''
'' 1 '' ( Arc 7 )
''2''
''3''
''4''
''5''
''6''
''7''
''8''
''9''
''10''
''11''
''12''
''13''
''1'' ( Arc 8 )
''2''
''3''
''4''
''5''
''6''
''7''
''8''
''9''
''10''
''11''
''12''
''1'' ( Arc 9 )
''2''
''3''
''4''
''5''
"6"
"7"
"8"
"9"
"10"

''7''

39.3K 3.7K 88
Galing kay little_Deicide

ေ႐ွာင္က်န္႔က Jႏိုင္ငံေပၚေခ်ျခလိုက္တာနဲ႔ မၾကားခ်င္ဆံုးျဖစ္တဲ့ စက္႐ုပ္သံႀကီးကို ၾကားလိုက္ရေတာ့တယ္ ။ ဒီႏွစ္ေတြထဲ systemဟာ သူ႔ကို နားဒုကၡအေတာ္ေပးခဲ႔တာမို႔ အသံၾကားတာနဲ႔တင္ ေခါင္းပါကိုက္ခ်င္လာေနၿပီ ။ ဒါေပမဲ့ကံေကာင္းသြားတာက systemက ဒီတစ္ခါမွာေတာ့ ပူညံပူညံလုပ္တာေတြမ႐ွိ ။

[ မူရင္းဇာတ္ေၾကာင္းက ေသြးဖယ္သြားပါၿပီ ။ ကိုယ့္ကံၾကမၼာကို အေကာင္းဆံုးျဖစ္ေအာင္ ဆက္လက္ျကိဳးစားပါ host ]

[ system မင္း ငါ႔ကို အဲ့တာေတြခဏခဏ သတိေပးစရာမလိုဘူး ။ ငါအကုန္သိၿပီးသားပါ ဟုတ္ၿပီလား? ]

[ ဟြန္႔! hostကို ​ေျပာခ်င္လို႔ေျပာေနတယ္မ်ားထင္ေနတာလား? တာဝန္အရေျပာေနရတဲ့ဟာကို ကြၽန္ေတာ္လည္းေမာတယ္ဗ် ]

[ မင္းက စက္႐ုပ္မဟုတ္ဘူးလား? စက္႐ုပ္ေတြက ေမာစရာလိုလို႔လား? ဒါမွမဟုတ္ မင္းက အိုေဟာင္းေနတဲ့ စက္႐ုပ္အိုႀကီးလား? ]

[...........]

Systemမွာ စကားေျပာခ်င္စိတ္ လံုးဝကိုကုန္သြားၿပီျဖစ္တယ္ ။ ဒီေလာက္ေျပာရဆိုရခက္တဲ့ hostမ်ိဳး တစ္ခါမွမျမင္ဖူးပါဘူး ။ သူ႔အလွည့္က်မွ ဒီလိုhostမ်ိဳးနဲ႔ေတြ႔တယ္လို႔ ။ တစ္ျခားsystemမ်ား ဘယ္ေလာက္ေတာင္မိုက္သလဲ? ။ သူတို႔ေတြရဲ႕hostဆို သူတို႔ေတြကို ျပန္ေတာင္မေျပာရဲဘူး ။ မေက်နပ္ဘူး! လံုးဝမေက်နပ္ဘူး! အထက္ကို စာတင္ၿပီးေျပာရမယ္ ။ systemေလးခမ်ာ ယူၾကံဳးမရျဖစ္လို႔ေနတယ္ ။

ေ႐ွာင္က်န္႔က systemရဲ႕ယူၾကံဳးမရျဖစ္ေနမႈေတြကို ၾကားႏိုင္ခဲ့ျခင္းမ႐ွိ ။ တကယ္လို႔ၾကားခဲ့မယ္ဆိုရင္ေတာင္မွ မသိခ်င္ေယာင္ေဆာင္ထားမွာျဖစ္တယ္ ။ မၾကာခင္မွာပဲ ဒီကမၻာရဲ႕အမ်ိဳးသမီးဇာတ္လိုက္ျဖစ္တဲ့ လင္းယြီကိုေတြ႔လိုက္ရတယ္ ။ သူမကလည္း သူ႔ကိုျမင္သြားတဲ့အလား အနားကိုခ်က္ျခင္းေရာက္လာေတာ့တယ္ ။

" မ​ေတြ႔တာၾကာၿပီ ​ေ႐ွာင္က်န္႔ ။ နင္က ပိုေခ်ာၿပီးပိုခ်စ္ဖို႔ေကာင္းလာတယ္ ''

" ခ်ီက်ဴးတာကိုလက္ခံေပမဲ့ ခ်စ္ဖို႔ေကာင္းတယ္ဆိုတာကိုေတာ့ လံုဝလက္မခံႏိုင္ဘူး ။ နင့္မ်က္လံုးထဲ ငါရဲ႕ဘယ္ေနရာကမ်ား ခ်စ္ဖို႔ေကာင္းေနလို႔လဲ? "

" တစ္ကိုယ္လံုးပဲ ''

" .......... ''

" ေဟး စိတ္ဆိုးတာလား? ဟြန့္! နင့္ကိုယ္နင္လည္း မွန္ေသခ်ာျပန္ၾကည့္အံုး အဲ့တာဆိုရင္ ငါေျပာတာမမွားဘူးဆိုတာကို နားလည္သြားလိမ့္မယ္ ။ မ်က္မွန္တပ္ထားတဲ့နင္ပံုေလးက ဘယ္ေလာက္ေတာင္ခ်စ္ဖို့ေကာင္းဆိုတာ နင္ကေတာ့သိမွာမဟုတ္ဘူး ။ အသားေလးေတြကလည္း ေဖြးစြတ္ေနလိုက္တာမ်ား ကေလးေလးက်လို႔ ။ ေသခ်ာတယ္! နင္က ေအာက္ပုဂၢိဳလ္ေလးပဲ အရပ္ကိုေတာ့ ခဏဖယ္ထားလိုက္ ''

ေ႐ွာင္က်န္႔က ထိုတစ္ေယာက္နဲ႔ ျပိဳင္ျငင္းေနမခ်င္ေတာ့ဘူး ။ ၿပိဳင္ျငင္းလည္း ႏိုင္မွာမဟုတ္ဘူးေလ ။ အဲ့ဒီေတာ့ နားမလည္ခ်င္ေယာင္ပဲ ေဆာင္လိုက္ၾကတာေပါ့ ။ ဒါဆိုေဒၚသလည္း ထြက္စရာမလိုေတာ့ဘူး ။ တစ္ခ်ိန္တည္းမွာပဲ ဇာတ္ေၾကာင္းကို ျပန္သတိရသြားေတာ့တယ္ ။ ျဖဴစင္႐ိုးသားလြန္းတဲ့ အမ်ိဳးသမီးဇာတ္လိုက္တဲ့လား ? ။ ခ်ီး ! ဘယ္နားကျဖဴစင္ေနတာလဲ? ႏွစ္ဆယ့္ေလးနာရီ ျပသာနာ႐ွာေနတဲ့လူကိုမ်ား ။

ဒီကမၻာရဲ့အမ်ိဳးသမီးဇာတ္လိုက္ျဖစ္တဲ့ လင္းယြီက မူရင္းဇာတ္ေၾကာင္းနဲ႔ လံုးဝမတူေအာင္ ​ေျပာင္းလဲသြားခဲ့ၿပီျဖစ္တယ္ ။ အ႐ွက္အေၾကာက္ႀကီးတဲ့ မိန္းကေလးတစ္ေယာက္ကေန ႐ွက္ေၾကာျပတ္ေနတဲ့ မိန္းကေလးတစ္ေယာက္အျဖစ္ေပါ့ ။ အခ်ိန္ျပည့္အရည္မရအဖတ္မရေတြဖတ္ၿပီး စိတ္ကူးေတြယဥ္ ေပါက္တက္ကရေတြ ေလ်ွာက္လုပ္လို႔ေနတယ္ ။

ထိုထဲကမွ အဆိုးဝါးဆံုးျဖစ္တဲ့အရာကေတာ့ သူ႔ကို ေယာက်္ား႐ွာေပးဖို႔ ၾကံစည္ေနတာျဖစ္တယ္ ။ သူမရဲ့အဲ့ဒီပံုစံကို တျခားလက္ေအာက္ငယ္သားေတြသာ ​ေတြ႔သြားျကည့္ပါလား လန္႔ရလြန္းလို႔ အသက္ပါထြက္သြားႏိုင္တယ္ ။ ဘယ္သူကမွ ယံုၾကည္ႏိုင္မွာမဟုတ္ဘူး ။ သူေတာင္မွ ခံရတဲ့လူျဖစ္လို႔ သိေနတာျဖစ္တယ္ ။

" ***မွာပြဲတစ္ပြဲ႐ွိတယ္ နင္သြားခ်င္လား? မဟုတ္ဘူး! နင္သြားကိုသြားရမယ္ လူတိုင္းက နင့္ကိုျမင္ခ်င္ေနၾကၿပီ ''

" ေကာင္းၿပီေလ သြားတာေပါ့ ''

" ဒါဆိုငါျပင္ဆင္ထားလိုက္ေတာ့မယ္ ''

လင္းယြီက သေဘာတူလိုက္တဲ့ေ႐ွာင္က်န္႔ေၾကာင့္ ခ်က္ျခင္းပဲသြားျပင္ဆင္ေတာ့တယ္ ။ ေနာက္ဆံုးမွာေတာ့ သူမရဲ႕သူငယ္ခ်င္းေလးက လူကိုယ္တိုင္ထြက္ျပေတာ့မယ္ေလ ။

" မလာေတာ့ဘူးဆို? ဘယ္လိုလုပ္ၿပီး လာျဖစ္သြားလဲ? "

က်န္းေ႐ွာင္ရန္က မလာေတာ့ဘူးေျပာၿပီး ေရာက္လာတဲ့သူငယ္ခ်င္းျဖစ္သူေၾကာင့္ တအံတျသျဖစ္လို႔ေနတယ္ ။

" အစကေတာ့ မလာပဲေနေတာ့မလို႔ ။ ဒါေပမဲ့မင္းေျပာတဲ့ စိတ္ဝင္စားစရာက ဘာလဲဆိုတာကိုသိခ်င္လို႔ လာဖို႔ဆံုးျဖတ္လိုက္တာ ''

ဝမ္ရီေပၚက ပ်င္းရိစြာအေျဖေပးလာတယ္ ။ သူ ဒီေနရာကို တကယ္မလာခ်င္ဘူး ။ ဒါေပမဲ့အေၾကာင္းျပခ်က္တစ္ခ်ိဳ႕ေၾကာင့္ ေရာက္လာခဲ့တာျဖစ္တယ္ ။ သူ႔ရဲ႕မသိစိတ္က သူ႔ကို အတင္းသြားခိုင္းေနတယ္မဟုတ္ပါလား? ။

" မင္းေျပာတဲ့စိတ္ဝင္စားစရာဆိုတာက ဘာလဲ? "

" အခုအခ်ိန္ေျပာျပလိုက္ရင္ ထင္သေလာက္ေပ်ာ္ဖို႔ေကာင္းမွာ မဟုတ္ေတာ့ဘူး ။ ဒါေၾကာင့္ ခဏေလာက္ေစာင့္ၾကည့္လိုက္အံုး ''

ဝမ္ရီေပၚက စိတ္မ႐ွည္ခ်င္သလိုျဖစ္လာတယ္ ။ ေစာင့္ရတဲ့အပိုအလုပ္ေတြ မလုပ္ခ်င္ပါဘူးဆိုေနမွ ။ က်န္းေ႐ွာင္ရန္ကလည္း ဒါကိုသတိထားမိတာမို႔ ထပ္မံစကားဆိုလာတယ္ ။

" သူတို့ေရာက္လာေတာ့မယ္ ခဏေလာက္ေစာင့္... ''

က်န္းေရွာင္ရန္တစ္ေယာက္ စကားပင္ဆံုးေအာင္မေျပာလိုက္ရေခ် ။ အေၾကာင္းအရင္းမွာေတာ့ ဒီပြဲရဲ႕အဓိကဇာတ္ေကာင္ေတြက ေရာက္႐ွိလာလို႔ပဲျဖစ္တယ္ ။ ဝမ္ရီေပၚက မ်က္ခံုးေတြတြန္႔ခ်ိဳးသြားေတာ့တယ္ ။ လင္းယီြ ! သူမက ဒီ​ေနမွာဘာအတြက္႐ွိေနရတာလဲ? ။ ဒီလိုေနရာမ်ိဳးက သူမနဲ႔မအပ္စပ္ဘူးေလ ။

" အဟမ့္္! ဒီေန႔ကြၽန္မမိတ္ဆက္ေပးမဲ့လူကေတာ့ ကြၽန္မတို႔ရဲ့ေခါင္းေဆာင္ပါပဲ '' လင္းယြီက ေခ်ာင္းတစ္ခ်က္ဟန္႔ကာ ဆိုလာတယ္ ။

" ရီေပၚ ငါတို႔ေတြ သူမကိုေမ့ေနခဲ့တယ္ ။ မထင္ထားဘူးမလား? သူမက ေသြးဝံပုေလြဂိုဏ္းရဲ႔ဒုတိယေခါင္းေဆာင္ ျဖစ္ေနမယ္ဆိုတာကိုေလ ဟူး! ငါလည္း ဒါႀကီးကိုလံုးဝမထင္ထားခဲ့ဘူး ''

က်န္းေ႐ွာင္ရန္က စင္ျမင့္ထက္က လင္းယြီကိုၾကည့္ကာ မျကာခဏသက္ျပင္းခ်လို႔ေနတယ္ ။ ဝမ္ရီေပၚကလည္း က်န္းေ႐ွာင္ရန္လိုပဲ အ့ံျသေနရတယ္ ။ ေသြးဝံပုေလြဂိုဏ္းအေၾကာင္း အေတာ္အသင့္ေတာ့ သူျကားဖူးတယ္ ။ လြန္ခဲ့တဲ့ေလးႏွစ္ကမွ စတင္နာမည္ႀကီးလာတဲ့ဂိုဏ္း ။ လင္းယီြက အဲ့ဒီဂိုဏ္းရဲ့ဒုတိယေခါင္းေဆာင္ဆိုေတာ့? ။ သူထင္ေနသလိုမ်ိဳး ျဖစ္ေနႏိုင္မလား? ။ အဲ့ဒီအခ်ိန္မွာပဲ အလြန္ျကည္လင္တဲ့အသံတစ္သံကို ၾကားလိုက္ရတယ္ ။ ဝမ္ရီေပၚက အဲ့ဒီေနရာကို ေမ်ွာ္လင့္ခ်က္ေတြနဲ႔ လွမ္းၾကည့္မိသြားတယ္ ။

" ​ေတြ႔ရတာဝမ္းသာပါတယ္ ေသြးဝံပုေလြဂိုဏ္းရဲ႕ ဂိုဏ္းေခါင္းေဆာင္ ေ႐ွာင္က်န္႔ပါ '' ေ႐ွာင္က်န္႔က သူရဲ႕မူပိုင္အျပံဳးေလးနဲ႔ အားလံုးကိုႏႈတ္ဆက္လိုက္တယ္ ။

ပြဲထဲမွာ႐ွိေနက်တဲ့လူေတြက အ့ံျသမႈေတြျပည့္ႏွက္ေနတဲ့ မ်က္လံုးေတြနဲ႔ ေ႐ွာင္က်န္႔ကိုျကည့္လို႔ေနတယ္ ။ ဒီလူက ေသြးဝံပုေလြဂိုဏ္းရဲ႕ဂိုဏ္းေခါင္းေဆာင္တဲ့လား? ။ ဘုရားေရ! သူက အလွ​ေလးတစ္ေယာက္ပဲ! ။

ဝမ္ရီေပၚက လံုးဝမေပ်ာ္ေတာ့ဘူး ။ သူရဲ႕ဇနီးေလာင္းေလးက လူတိုင္းကို ျပံဳးျပေနတယ္မဟုတ္ပါလား? ။ ဝမ္ရီေပၚက ေ႐ွာင္က်န္႔ကို တပ္မက္စြာၾကည့္ေနၾကမဲ့ လူေတြရဲ႕မ်က္လံုးေတြကို ခ်က္ျခင္းပဲေဖာက္ထုတ္ခ်င္လာေတာ့တယ္ ။

" ကိုယ္ မင္းကိုေလ်ာ့တြက္မိသြားတာပဲ ။ မင္းက ကိုယ့္ထက္ေတာင္ ေျခတစ္လွမ္းပိုသြက္ေနပါလား ေ႐ွာင္က်န္႔? ။ မင္းက ကိုယ့္ရဲ့စကားကို နားမေထာင္ခ်င္ဘူးပဲ ။ ကိုယ္ မင္းကို သူမနဲ႔ေဝးေဝးေနဖို့ သတိေပးခဲ့တယ္ေလ ''

ဝမ္ရီေပၚက စိတ္ထဲကေနေရရြတ္လိုက္တယ္ ။ အဲ့ဒီေနာက္မွာေတာ့ ေ႐ွာင္က်န္႔ရဲ႕အနားကို ခပ္သြပ္သြပ္သြားကာ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္တယ္ ။

##################

ရှောင်ကျန့်က Jနိုင်ငံပေါ်ချေခြလိုက်တာနဲ့ မကြားချင်ဆုံးဖြစ်တဲ့ စက်ရုပ်သံကြီးကို ကြားလိုက်ရတော့တယ် ။ ဒီနှစ်တွေထဲ systemဟာ သူ့ကို နားဒုက္ခအတော်ပေးခဲ့တာမို့ အသံကြားတာနဲ့တင် ခေါင်းပါကိုက်ချင်လာနေပြီ ။ ဒါပေမဲ့ကံကောင်းသွားတာက systemက ဒီတစ်ခါမှာတော့ ပူညံပူညံလုပ်တာတွေမရှိ ။

[ မူရင်းဇာတ်ကြောင်းက သွေးဖယ်သွားပါပြီ ။ ကိုယ့်ကံကြမ္မာကို အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစားပါ host ]

[ system မင်း ငါ့ကို အဲ့တာတွေခဏခဏ သတိပေးစရာမလိုဘူး ။ ငါအကုန်သိပြီးသားပါ ဟုတ်ပြီလား? ]

[ ဟွန့်! hostကို ဍြေ္ဍချင်လို့ပြောနေတယ်များထင်နေတာလား? တာဝန်အရပြောနေရတဲ့ဟာကို ကျွန်တော်လည်းမောတယ်ဗျ ]

[ မင်းက စက်ရုပ်မဟုတ်ဘူးလား? စက်ရုပ်တွေက မောစရာလိုလို့လား? ဒါမှမဟုတ် မင်းက အိုဟောင်းနေတဲ့ စက်ရုပ်အိုကြီးလား? ]

[...........]

Systemမှာ စကားပြောချင်စိတ် လုံးဝကိုကုန်သွားပြီဖြစ်တယ် ။ ဒီလောက်ပြောရဆိုရခက်တဲ့ hostမျိုး တစ်ခါမှမမြင်ဖူးပါဘူး ။ သူ့အလှည့်ကျမှ ဒီလိုhostမျိုးနဲ့တွေ့တယ်လို့ ။ တစ်ခြားsystemများ ဘယ်လောက်တောင်မိုက်သလဲ? ။ သူတို့တွေရဲ့hostဆို သူတို့တွေကို ပြန်တောင်မပြောရဲဘူး ။ မကျေနပ်ဘူး! လုံးဝမကျေနပ်ဘူး! အထက်ကို စတင်ပြီးပြောရမယ် ။ systemလေးခမျာ ယူကြုံးမရဖြစ်လို့နေတယ် ။

ရှောင်ကျန့်က systemရဲ့ယူကြုံးမရဖြစ်နေမှုတွေကို ကြားနိုင်ခဲ့ခြင်းမရှိ ။ တကယ်လို့ကြားခဲ့မယ်ဆိုရင်တောင်မှ မသိချင်ယောင်ဆောင်ထားမှာဖြစ်တယ် ။ အဲ့ဒီအချိန်မှာတော့ ဒီကမ္ဘာရဲ့အမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့ လင်းယွီကိုတွေ့လိုက်ရတယ် ။ သူမကလည်း သူ့ကိုမြင်သွားတဲ့အလား အနားကိုချက်ခြင်းရောက်လာတော့တယ် ။

" မတွေ့တာကြာပြီ ရှောင်ကျန့် ။ နင်က ပိုချောပြီးပိုချစ်ဖို့ကောင်းလာတယ် ''

" ချီကျူးတာကိုလက်ခံပေမဲ့ ချစ်ဖို့ကောင်းတယ်ဆိုတာကိုတော့ လုံဝလက်မခံနိုင်ဘူး ။ နင့်မျက်လုံးထဲ ငါရဲ့ဘယ်နေရာကများ ချစ်ဖို့ကောင်းနေလို့လဲ? "

" တစ်ကိုယ်လုံးပဲ ''

" .......... ''

" ဟေး စိတ်ဆိုးတာလား? ဟွန့်! နင့်ကိုယ်နင်လည်း မှန်သေချာပြန်ကြည့်အုံး အဲ့တာဆိုရင် ငါပြောတာမမှားဘူးဆိုတာကို နားလည်သွားလိမ့်မယ် ။ မျက်မှန်တပ်ထားတဲ့နင်ပုံလေးက ဘယ်လောက်တောင်ချစ်ဖို့ကောင်းဆိုတာ နင်ကတော့သိမှာမဟုတ်ဘူး ။ အသားလေးတွေကလည်း ဖွေးဆွတ်နေလိုက်တာများ ကလေးလေးကျလို့ ။ သေချာတယ်! နင်က အောက်ပုဂ္ဂိုလ်လေးပဲ အရပ်ကိုတော့ ခဏဖယ်ထားလိုက် ''

ရှောင်ကျန့်က ထိုတစ်ယောက်နဲ့ ပြိုင်ငြင်းနေမချင်တော့ဘူး ။ ပြိုင်ငြင်းလည်း နိုင်မှာမဟုတ်ဘူးလေ ။ အဲ့ဒီတော့ နားမလည်ချင်ယောင်ပဲ ဆောင်လိုက်ကြတာပေါ့ ။ ဒါဆိုဒေါ်သလည်း ထွက်စရာမလိုတော့ဘူး ။ တစ်ချိန်တည်းမှာပဲ ဇာတ်ကြောင်းကို ပြန်သတိရသွားတော့တယ် ။ ဖြူစင်ရိုးသားလွန်းတဲ့ အမျိုးသမီးဇာတ်လိုက်တဲ့လား ? ။ ချီး ! ဘယ်နားကဖြူစင်နေတာလဲ? နှစ်ဆယ့်လေးနာရီ ပြသာနာရှာနေတဲ့လူကိုများ ။

ဒီကမ္ဘာရဲအမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့ လင်းယွီက မူရင်းဇာတ်ကြောင်းနဲ့ လုံးဝမတူအောင် ပြောင်းလဲသွားခဲ့ပြီဖြစ်တယ် ။ အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကနေ ရှက်ကြောပြတ်နေတဲ့ မိန်းကလေးတစ်ယောက်အဖြစ်ပေါ့ ။ အချိန်ပြည့်အရည်မရအဖတ်မရတွေဖတ်ပြီး စိတ်ကူးတွေယဉ် ပေါက်တက်ကရတွေ လျှောက်လုပ်လို့နေတယ် ။

ထိုထဲကမှ အဆိုးဝါးဆုံးဖြစ်တဲ့အရာကတော့ သူ့ကို ယောကျ်ားရှာပေးဖို့ ကြံစည်နေတာဖြစ်တယ် ။ သူမရဲ့အဲ့ဒီပုံစံကို တခြားလက်အောက်ငယ်သားတွေ တွေ့သွားကြည့်ပါလား လန့်ရလွန်းလို့ အသက်ပါထွက်သွားနိုင်တယ် ။ ဘယ်သူကမှ ယုံကြည်နိုင်မှာမဟုတ်ဘူး ။ သူတောင်မှ ခံရတဲ့လူဖြစ်လို့ သိနေတာဖြစ်တယ် ။

" ***မှာပွဲတစ်ပွဲရှိတယ် နင်သွားချင်လား? မဟုတ်ဘူး! နင်သွားကိုသွားရမယ် လူတိုင်းက နင့်ကိုမြင်ချင်နေကြပြီ ''

" ကောင်းပြီလေ သွားတာပေါ့ ''

" ဒါဆိုငါပြင်ဆင်ထားလိုက်တော့မယ် ''

လင်းယွီက သဘောတူလိုက်တဲ့ရှောင်ကျန့်ကြောင့် ချက်ခြင်းပဲသွားပြင်ဆင်တော့တယ် ။ နောက်ဆုံးမှာတော့ သူမရဲ့သူငယ်ချင်းလေးက လူကိုယ်တိုင်ထွက်ပြတော့မယ်လေ ။

" မလာတော့ဘူးဆို? ဘယ်လိုလုပ်ပြီး လာဖြစ်သွားလဲ? "

ကျန်းရှောင်ရန်က မလာတော့ဘူးပြောပြီး ရောက်လာတဲ့သူငယ်ချင်းဖြစ်သူကြောင့် တအံတသြဖြစ်လို့နေတယ် ။

" အစကတော့ မလာပဲနေတော့မလို့ ။ ဒါပေမဲ့မင်းပြောတဲ့ စိတ်ဝင်စားစရာက ဘာလဲဆိုတာကိုသိချင်လို့ လာဖို့ဆုံးဖြတ်လိုက်တာ ''

ဝမ်ရီပေါ်က ပျင်းရိစွာအဖြေပေးလာတယ် ။ သူ ဒီနေရာကို တကယ်မလာချင်ဘူး ။ ဒါပေမဲ့အကြောင်းပြချက်တစ်ချို့ကြောင့် ရောက်လာခဲ့တာဖြစ်တယ် ။ သူ့ရဲ့မသိစိတ်က သူ့ကို အတင်းသွားခိုင်းနေတယ်မဟုတ်ပါလား? ။

" မင်းပြောတဲ့စိတ်ဝင်စားစရာဆိုတာက ဘာလဲ? "

" အခုအချိန်ပြောပြလိုက်ရင် ထင်သလောက်ပျော်ဖို့ကောင်းမှာ မဟုတ်တော့ဘူး ။ ဒါကြောင့် ခဏလောက်စောင့်ကြည့်လိုက်အုံး ''

ဝမ်ရီပေါ်က စိတ်မရှည်ချင်သလိုဖြစ်လာတယ် ။ စောင့်ရတဲ့အပိုအလုပ်တွေ မလုပ်ချင်ပါဘူးဆိုနေမှ ။ ကျန်းရှောင်ရန်ကလည်း ဒါကိုသတိထားမိတာမို့ ထပ်မံစကားဆိုလာတယ် ။

" သူတို့ရောက်လာတော့မယ် ခဏလောက်စောင့်... ''

ကျန်းရှောင်ရန်တစ်ယောက် စကားပင်ဆုံးအောင်မပြောလိုက်ရချေ ။ အကြောင်းအရင်းမှာတော့ ဒီပွဲရဲ့အဓိကဇာတ်ကောင်တွေက ရောက်ရှိလာလို့ပဲဖြစ်တယ် ။ ဝမ်ရီပေါ်က မျက်ခုံးတွေတွန့်ချိုးသွားတော့တယ် ။ လင်းယွီ ! သူမက ဒီနေမှာဘာအတွက်ရှိနေရတာလဲ? ။ ဒီလိုနေရာမျိုးက သူမနဲ့မအပ်စပ်ဘူးလေ ။

" အဟမ့််! ဒီနေ့ကျွန်မမိတ်ဆက်ပေးမဲ့လူကတော့ ကျွန်မတို့ရဲ့ခေါင်းဆောင်ပါပဲ '' လင်းယွီက ချောင်းတစ်ချက်ဟန့်ကာ ဆိုလာတယ် ။

" ရီပေါ် ငါတို့တွေ သူမကိုမေ့နေခဲ့တယ် ။ မထင်ထားဘူးမလား? သူမက သွေးဝံပုလွေဂိုဏ်းရဲ့ဒုတိယခေါင်းဆောင် ဖြစ်နေမယ်ဆိုတာကိုလေ ဟူး! ငါလည်း ဒါကြီးကိုလုံးဝမထင်ထားခဲ့ဘူး ''

ကျန်းရှောင်ရန်က စင်မြင့်ထက်က လင်းယွီကိုကြည့်ကာ မကြာခဏသက်ပြင်းချလို့နေတယ် ။ ဝမ်ရီပေါ်ကလည်း ကျန်းရှောင်ရန်လိုပဲ အံ့သြနေရတယ် ။ သွေးဝံပုလွေဂိုဏ်းအကြောင်း အတော်အသင့်တော့ သူကြားဖူးတယ် ။ လွန်ခဲ့တဲ့လေးနှစ်ကမှ စတင်နာမည်ကြီးလာတဲ့ဂိုဏ်း ။ လင်းယွီက အဲ့ဒီဂိုဏ်းရဲ့ဒုတိယခေါင်းဆောင်ဆိုတော့? ။ သူထင်နေသလိုမျိုး ဖြစ်နေနိုင်မလား? ။ အဲ့ဒီအချိန်မှာပဲ အလွန်ကြည်လင်တဲ့အသံတစ်သံကို ကြားလိုက်ရတယ် ။ ဝမ်ရီပေါ်က အဲ့ဒီနေရာကို မျှော်လင့်ချက်တွေနဲ့ လှမ်းကြည့်မိသွားတယ် ။

" တွေ့ရတာဝမ်းသာပါတယ် သွေးဝံပုလွေဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ရှောင်ကျန့်ပါ '' ရှောင်ကျန့်က သူရဲ့မူပိုင်အပြုံးလေးနဲ့ အားလုံးကိုနှုတ်ဆက်လိုက်တယ် ။

ပွဲထဲမှာရှိနေကျတဲ့လူတွေက အံ့သြမှုတွေပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ ရှောင်ကျန့်ကိုကြည့်လို့နေတယ် ။ ဒီလူက သွေးဝံပုလွေဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင်တဲ့လား? ။ ဘုရားရေ! သူက အလှလေးတစ်ယောက်ပဲ! ။

ဝမ်ရီပေါ်က လုံးဝမပျော်တော့ဘူး ။ သူရဲ့ဇနီးလောင်းလေးက လူတိုင်းကို ပြုံးပြနေတယ်မဟုတ်ပါလား? ။ ဝမ်ရီပေါ်က ရှောင်ကျန့်ကို တပ်မက်စွာကြည့်နေကြမဲ့ လူတွေရဲ့မျက်လုံးတွေကို ချက်ခြင်းပဲဖောက်ထုတ်ချင်လာတော့တယ် ။

" ကိုယ် မင်းကိုလျော့တွက်မိသွားတာပဲ ။ မင်းက ကိုယ့်ထက်တောင် ခြေတစ်လှမ်းပိုသွက်နေပါလား ရှောင်ကျန့်? ။ မင်းက ကိုယ့်ရဲ့စကားကို နားမထောင်ချင်ဘူးပဲ ။ ကိုယ် မင်းကို သူမနဲ့ဝေးဝေးနေဖို့ သတိပေးခဲ့တယ်လေ ''

ဝမ်ရီပေါ်က စိတ်ထဲကနေရေရွတ်လိုက်တယ် ။ အဲ့ဒီနောက်မှာတော့ ရှောင်ကျန့်ရဲ့အနားကို ခပ်သွပ်သွပ်သွားကာ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တယ် ။

##################

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

8.9K 1.4K 12
๐ฟ๐‘œ๐‘ฃ๐‘’ ๐‘–๐‘  ๐‘ก๐‘œ๐‘œ ๐‘๐‘’๐‘Ž๐‘ข๐‘ก๐‘–๐‘“๐‘ข๐‘™ ๐‘ก๐‘œ ๐‘๐‘’ โ„Ž๐‘–๐‘‘๐‘‘๐‘’๐‘› ๐‘–๐‘› ๐‘กโ„Ž๐‘’ ๐‘๐‘™๐‘œ๐‘ ๐‘’๐‘ก. - ๐‘Œ๐‘œ๐‘ข๐‘Ÿ๐‘‡๐‘Ž๐‘›๐‘”๐‘œ -
330K 46.4K 41
Start Date - 1 Jan 2021 End Date - 14 May 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode]
37.4K 2.7K 23
This story is not mine. Season-2 of unfavoured empress Original author-FatumaHabuya Story title - Fated cover photo from original author start date...
150K 20.2K 36
The road to Democracy