ဒီခြေလှမ်းသံ ...
စိတ်ပျက်ဖို့ကောင်းလောက်အောင် နှင်းတွေ တဖွဲဖွဲ မရပ်မနား ကျဆင်းနေတတ်တာကလွဲရင်
ဒီဇင်ဘာ ရဲ့ နေ့ရက်တစ်ချို့တစ်လေဟာ
သိပ်ကို နူးညံ့ပါတယ်..
ဥပမာ ...
နှင်းပြင်ပေါ်.. မောပန်းစွာ လှဲချလိုက်ရင်း .. မျက်လုံးအကြာကြီး မှိတ်ထားပြီးမှ... ထူးခြားမွှေးပျံ့တဲ့..
ဆာကူရာ နံ့သင်းသင်းလေးကြောင့်
မျက်လုံးပြန်ဖွင့်မိတဲ့အခါ..
ကိုယ့်မျက်နှာပေါ်အုပ်မိုးကာ ပြုံးပြနေတဲ့ .. ထူးထူးဆန်းဆန်း ကောင်ငယ်လေးတစ်ယောက်ကို ကိုယ်တွေ့လိုက်ရတဲ့ ပထမဆုံးနေ့တွေလိုမျိုးပေါ့ .. လတ်ဆတ်ပြီး ချိုမြိန်တယ်..။
" မအေးဘူးလား .. "
သူ မျက်နှာပြင်က တလက်လက်တောက်နေတဲ့ မျက်ဝန်းအိမ်လေးကြောင့် .. သတိလက်လွတ်.. ငေးမောနေမိရင်းနဲ့မှ.. ကျွန်တော်သတိထားမိတာ.. သူက ကောင်ငယ်လေး တစ်ယောက်မဟုတ်ဘူးဆိုတာရယ်.. ပုံစံတကျ ချစ်စရာကောင်းတတ်မှုလေးတွေရှိတဲ့ သာမာန် ယောက်ျားသား တစ်ယောက်ပဲ ဆိုတာရယ်.. ။
" သတိထား.. "
ကျွန်တော် မျက်နှာမူပြီး.. ကြည့်နေမိတဲ့ သူ့မျက်ဝန်းတွေဆီကနေ.. ရုန်းထွက်ဖို့ ကြိုးစားနေဆဲ.. အချိန်ခဏအတွင်းမှာပဲ.. မျက်ဝန်းထောင့်ကနေ မြင်လိုက်ရတာက.. အနည်းငယ် ကြီးမားတဲ့ သစ်ကိုင်းခြောက်က.. သူ့ဦးခေါင်းထက်တည့်တည့် ပြုတ်ကျတော့ သယောင်မို့.. လှမ်းတော့ ဆွဲချမိလိုက်ပါတယ်..
ကာကွယ်ဖို့..
တကယ့်တကယ်တော့.. နှင်းခဲတွေအကြား.. နှစ်ယောက်သား လုံးထွေးပြီး.. အနိမ့်အမြင့် သဘောတရားကို သင်ယူလိုက်ရသလို.. တောင်ကုန်းပေါ်ကနေ.. မြေပြန့်ဆီကို လိမ့်ဆင်းသွားလေခြင်း.. ။
" အွတ်.. "
" အိုး.. ဆောရီး.. "
ထင်းရှူးပင်ကြီးတွေ.. ကျေးဇူးနဲ့ .. လိမ့်ကျတဲ့အရှိန်က ရပ်သွားပေမဲ့.. ကျောနဲ့.. ထင်းရှူးပင်စည်နဲ့ ရိုက်မိသွားတဲ့ဒဏ်ကတော့ မသက်သာ..၊ ဒီကြားထဲ.. ဒီလူသားကလည်း.. သူ့အရှိန်နဲ့ သူ.. ကျွန်တော့် ရင်ဘတ်ကို ၀င်ဆောင့်လေတော့.. အိုး.. တကယ့်ကို မအီမသာကြီး..။
" ကျွန်တော် ဆွဲထူပေးရ.. နေဦး.. နေဦး.. ခင်ဗျားတစ်ကိုယ်လုံး နှင်းတွေ ကပ်ကုန်ပြီ.. "
ခြေမကိုင်မိ လက်မကိုင်မိသလို ပုံစံမျိုးနဲ့.. ထိုလူသားက.. ကျွန်တော့် ပုံခုံးတွေ.. မျက်နာအစပ်တွေ.. ဆံပင်တွေပေါ်က နှင်းတွေကို အရင် ဖုတ်ဖတ်ခါပေးရှာတယ်..
" ထ " ဆိုတဲ့ ပုံစံမျိုးနဲ့ သူ.. ကျွန်တော့်ကို လက်ကမ်းပေးတဲ့အခါ.. ပန်းနုရောင်.. လက်သည်းခွံကြည်လေးတွေ.. ကာရံထားတဲ့ ဖြူသွယ်သွယ် လက်ချောင်းရှည်လေးတွေကို.. ကျွန်တော် မရည်ရွယ်ပဲ.. ထိုင်ရေမိပြန်တယ်..
၁.. ၂.. ၃.. ၄.. ၅..
" မထနိုင်ဘူးလား.. ဒါမှမဟုတ်..
ဘုရား.. ! ခင်ဗျား ခါးကျိုးသွားတာတော့ မဟုတ်ပါဘူးနော်.. "
မျက်အိမ်နက်နက်လေးတွေက.. တွေဝေသလို.. စဉ်းစားနေရင်းနဲ့မှ.. ဆတ်ခနဲတန့်ကာ.. သူအလန့်တကြား ထအော်တဲ့ ပေါက်ကရ စကားကြောင့် .. မကပ်သည့် စိတ်အစုံသည်.. ၀ှစ်ခနဲ တမဟုတ်ချင်း ပြန်တွဲသွားရလေသည်..
" အော်ဟော်.. ဒီလူသားတော့လား...
တွေးလည်းတွေးတတ်တယ်နော်.. "
" အိုး.. ထကြည့်စမ်း.. အဆင်မပြေရင်.. ကျွန်တော်ကျောပိုးသွား.. အဲ.. ခင်ဗျားက အကြီးကြီး.. မနိုင်လောက်ဘူး.. ကဲဗျာ.. မရတဲ့အဆုံး လည်ဂုတ်ကနေ.. တရွတ်တိုက်ဆွဲသွားပေးမယ်ဗျာ.. တောင်အောက်ထိ.. "
ပျာယာခတ်နေသော.. ပုံစံနဲ့.. သူပတ်ထားတဲ့ မာဖလာ အနီလေးကို သူ့လည်ပင်းသူ.. စနစ်တကျ ပြန်ပတ်.. တင်းနေအောင် ချည်ပြီး.. လက်ဖဝါးနှစ်ဖက်ကို အသင့်ပြင်သလိုပွတ်.. ကျွန်တော့်ကို.. နှင်းပြင်ပေါ်ကနေ.. ထထိုင်နိုင်အောင် မရမက.. ပုခုံးကနေ.. ခြေစုံကန်၍ .. ဆွဲရှာသည်..
သူ အားမကုန်စေရန် အလို့ငှာ.. တောင့်မထားပဲ.. ဆတ်ခနဲထပေးတော့.. သည်လူသားက.. သူ့အရှိန်နဲ့သူမထိမ်းနိုင် ဖြစ်ရင်း.. နောက်ပြန် အုန်းခနဲ လဲသွားသည်များ.. ခြေထောက်နှစ်ဖက်ကပါ.. မိုးပေါ်ထောင်သွားသည်ထိ.. ။
" ရရဲ့လား.. "
" အိုး.. ကျွန်တော်က အိုင်းရွန်းမန်းဗျ..
ဒီလောက်ကတော့.. အပျော့စား.. အဲ.. ဒါနဲ့.. ခင်ဗျားက.. အကောင်းကြီးပဲ.. "
လဲကျသွားမှုကြောင့်.. ရွှေဝါရောင် ဆံပင်ပေါ်ကို.. မစာမနာနေရာယူထားသော.. နှင်းပွင့်ဖြူဖြူလေးများကို.. သူ့လက်နဲ့ သူပုတ်ခါနေရင်း.. ငုတ်တုတ်ထိုင်နေသော.. ကျွန်တော့်ကို လက်ညိုးထိုး မျက်လုံးပြူးပြရင်း အော်ပြန်သည်.. ။
" လူသား.. မင်းက ပုရစ်ကောင်လေးပဲ..
စူးလိုက်တာ.. အော်တာမှ.. "
" ဟော.. လူသားမဟုတ်ဘူးဗျ..
ဟန် လို့ခေါ်တယ်.. နာမည်က..
ခင်ဗျားကရော.. "
" အိုဆယ်ဟွန်း.. "
မျက်တောင်လေး နှစ်ချက်လောက် ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း.. နားထောင်လေသော.. ဟန် ဆိုသည့် လူသားက.. ကျွန်တော့်နာမည်ကို တိုးဖွဖွရွတ်လေသည်..၊
" ဆယ်ဟွန်းကိုး.. "
" မင်း ဘာပြောလိုက်တာ.. "
ထပ်မံကြားလိုစိတ်နဲ့.. သူ့နှုတ်ခမ်းပါးနား.. ခေါင်းကိုငုံ့ချမိတော့.. ဟန် က.. တွန့်ခနဲ ဖြတ်သွားရင်းနဲ့မှ.. ကျွန်တော့်နား ပြန်ကပ်လာသည်..
" နာမည်က.. အိုဆယ်ဟွန်း ကိုး.. လို့.. "
" ထပ်ပြောကြည့်စမ်း.. "
အမိန့်ပေးသလို.. လေသံကြောင့်.. ဟန်က အူတူတူလေး ကြည့်လာရင်း.. ငုံချထားဆဲ.. ကျွန်တော့်နား နားကို.. နောက်တစ်ကြိမ်တိုးလာပြန်တော့.. သူ့ဆီက.. ကိုယ်ငွေ့သည်.. ခပ်နွေးနွေး..။
" အိုဆယ်ဟွန်း.. "
" နောက်ဆုံးတစ်ခေါက်ခေါ်ကြည့်.. "
" ဆယ်ဟွန်း.. "
ကျေနပ်စိတ်အပြည့်နဲ့ ဖြတ်ခနဲ ပြုံးလိုက်တော့.. ဟန် ကပါ.. ကျွန်တော့်ကို ပြုံးနေတာကြည့်ရင်း.. ဘုမသိ ဘမသိ လိုက်ရယ်ပြရှာသည်.. ။
" ခင်ဗျားက လူပဲ.. ကျွန်တော်က.. နှင်းတောကြီးထဲ လာအိပ်နေတော့.. နှင်းနတ်သားကြီး မှတ်နေတာ.. "
" ငါ ကြိုက်တယ်.. "
" အင်.. "
သိပ်ကို အတိုင်အဖောက်ညီစွာ... တစ်လမ်းစီဖြစ်နေသော.. စကားကြောင့်.. ဟန် .. မျက်မှောင်ကြုပ်ကြည့်တော့.. အိုဆယ်ဟွန်းက.. ပြုံးပြုံးလေးကြည့်သည်.. ကြက်သီးထလောက်အောင်.. ချိုသည်ဟု ခံစားရသော.. မျက်ဝန်းညိုတို့ဖြင့်.. ။
" မင်းနှုတ်ခမ်းကနေ.. ငါ့နာမည်ကြားရတာကို..
ငါ ကြိုက်တယ်.. "
" အော်.. "
" ပြီးတော့.. မင်း ကိုလည်း.. ကြိုက်တယ်.. "
" ဟမ့်? "
အနည်းငယ် စိမ်းသက်သက်နိုင်သော စကားကြောင့်.. ဒေါသထွက်ရမည်ကိုပင်.. မေ့လျော့သွားစဉ်.. ဆယ်ဟွန်းက.. ဟန့် မေးဖျားတွေကို ဆွဲယူမော့စေသည်.. ထိုနွေးမြမြ လက်ချောင်းရှည်တို့ဖြင့်...။
" မင်း က ယောက်ျားလေး ဖြစ်နေတာကိုလည်း.. ငါကြိုက်တယ်.. "
" မင်းမှာရှိတဲ့ six pack တွေကိုလည်း.. ငါကြိုက်တယ်.."
( What? ဒါတွေ.. သူ ဘယ်လိုသိ.. )
Workout လုပ်ထားခဲ့တာမို့ ကိုယ့်ခန္ဓာကိုယ်အချိုးအစားကို ဂုဏ်ဆာလေ့ရှိတဲ့ လုဟန်က.. ဘာစကားပြန်ရမှန်းမသိတော့ပဲ တအံ့တသြ ကြည့်နေမိဆဲ.. အချိန်မှာပဲ.. ဆယ်ဟွန်းက.. မျက်လုံးတို့မှေးကျဉ်းသွားအောင်.. ပြုံးရင်း.. ဟန့်ကို.. ထပ်မံ ငုံ့လင့်ကြည့်သည်..
" ကိုယ်က .. ဆိုးလ်မှာနေတယ်..
နောက်တစ်ကြိမ်.. မင်းကို ပြန်လာရှာမယ်.. ဟန်.. "
စိမ့်နွေးနွေး အထိအတွေ့နဲ့အတူ.. နဖူးစကို.. ရုတ်တရက် ကပ်ညိတွယ်လေသော.. အကြင်နာ.. ။ အလန့်တထိတ်.. မျက်လွှာကို မှိတ်ချပြီးလျှင်.. သူ့ဆီက.. ခပ်တိုးတိုးရယ်သံလေးက.. ရင်ဖိုစဖွယ်.. ပျံလွင့်လာလေသည်..။
ထိုအခါမှ... ကျွန်တော် သတိထားမိတာက.. ဒါက ရှက်စဖွယ် အခြေအနေကြီးပဲဆိုတာ.. ။ ယောက်ျားတစ်ယောက်က ကျွန်တော့်ကို နမ်းသည်တဲ့ .. ။ ဒါဆို.. ကျတော်က.. ?
ရွှံ့ရှာဖွယ် အသိနဲ့အတူ.. သူ့ကိုယ်ကို အတင်း တွန်းဖယ်ပစ်ဖို့.. အားထုတ်နေဆဲ.. ကျွန်တော့်မျက်နှာဟာ.. ပူလောင်ပြီး နီဆွေးနေမှာ အမှန် ..။ ဒါဟာ.. သူ့မျက်ဝန်းညိုဆီ.. မော့လင့်မကြည့်မိခင်.. အခြေအနေတစ်ခု.. ။
အဲ့ဒီလို တစ်ဦးတည်း စိတ်မသက်သာခံစားရတဲ့ အဖြစ်ကို ခံစားသိရှိပုံပေါ်တဲ့ ဆယ်ဟွန်းက ဟန်ရဲ့ မေးဖျားကို လက်ချောင်းတွေနဲ့ ခပ်သာသာထိလို့ ပင့်မော့စေတယ်၊
" ဟန်.. ကိုယ့်ကိုကြည့်စမ်း...
မင်းက.. လွယ်တဲ့အမျိုးအစားလည်း မဟုတ်ဘူး.. ပြီးတော့.. မင်းက.. ယောက်ျားလေးတစ်ယောက် ဖြစ်နေဆဲပါပဲ.."
(ကျွန်တော်.. ယုံလိုက်ရမလား..)
( ယုံသင့်တယ်ထင်လား.. )
" ယောက်ျားတစ်ယောက်က.. ယောက်ျား တစ်ယောက်ကို သဘောကျမိတယ်ဆိုတာ.. ရှက်စရာမှမဟုတ်ပဲ.. ဟန်.ရယ်"
မှင်တက်စွာ.. ထိုနူးညံ့ညံ့ မျက်ဝန်းညိုကို.. ကျွန်တော် ဘယ်နှစက္ကန့်လောက်.. တိတ်တဆိတ်.. ငေးကြည့်နေမိသည်ထင်ပါသလဲ..။ မှတ်မိသလောက်ကတော့.. သူ မျက်တောင် ၆ ကြိမ် ခတ်တယ်.. ။ သူ့မျက်ဝန်းညိုမှာ.. မရေရာခြင်းတွေ ကင်းမဲ့တယ်..။
" ကိုယ့်ကို သတိရပေးပါ..
သိပ်မကြာခင်အချိန်မှာပဲ.. ကိုယ်တို့ ပြန်တွေ့ကြတာပေါ့.. "
လှစ်ဟာသွားတဲ့.. ကျွန်တော့် မေးဖျားဆီက.. သူ့လက်ဖဝါးနဲ့အတူ.. တစ်ပြိုင်နက်တည်း.. ကျောပေးသွားတဲ့ ဖြူလွင့်လွင့်ကျောပြင်.. ။ မထင်မှတ်စွာပဲ.. ကျွန်တော့်ကိုယ်မှာ ရှိသမျှ အားအင်တွေ ကုန်ခမ်းသွားသလို.. ရင်ဘတ်အစုံဟာ တုန်ရီလာတယ်...။
" အိုဆယ်ဟွန်း..
ကျွန်တော်.. ခင်ဗျားကို.. အမှတ်ရနေတော့မှာပဲ.. "
သူလှဲအိပ်ခဲ့တဲ့.. ထင်းရှူးပင်ကြီးဘက်ကို.. တစ်ဆင့် ပြန်လည်ငေးမောရင်း.. သူ့ကို ကျောခိုင်းဖို့.. ကျွန်တော် ထပ်မံအားယူမိသည်ထင့်.. ။ ကျွန်တော့် ကိုယ်သင်းနံ့မဟုတ်သော.. စိမ့်မွှေးမွှေး ရနံ့တို့က.. ခန္ဓာကိုယ်တစ်ဝိုက်မှ... သင်းပျံ့လာသည်လေ..
( အိုး.. တောင်ကုန်းပေါ်ကနေ.. လိမ့်လာတုန်းက.. သူကျွန်တော့်ကို.. သိုင်းဖက်ထားခဲ့သည်ပဲ.. )
အဓိပ္ပာယ်မရှိစွာ.. ခပ်သောသော ထရယ်ပြီးသည့် နောက်ပိုင်းနေ့ရက်များတွင်မူ.. လွမ်းဆွတ်ခြင်းဟု မခေါ်ထိုက်သော.. အမှတ်ရခြင်းတရားကို.. ကျွန်တော် အတော် သည်းခံကျင့်သုံးလိုက်ရသည်လေ..
မျှော်လင့်ထားသည့် .. ဖိနပ်အဖြူလွှလွှလေးနဲ့ .. အနက်ရောင် ဆံနွယ်တို့ ပိုင်ဆိုင်သော.. ထိုလူစိမ်းသည်.. ကျွန်တော့် မျက်စိရှေ့သို့.. နှင်းခဲတွေ အရည်ပျော်သည့် နေ့ရက်မှ.. ၀ရုန်းသုန်းကား.. အသက်မရှူစတမ်း ပြေးလာလေသည်..
"One sight first love ".. လို့ သူက တောက်ပရွှက်လန်းစွာ မြတ်နိုးမိနေကြောင့် ဖွင့်ဟလို့ပြောခဲ့သည်..
"စောသည်.. နောက်ကျသည်" အပြစ်မဆိုတော့ပဲ.. ကျွန်တော် အသာမျက်စောင်းဝင့်မိတော့... မျက်လုံးတွေ ပိတ်တဲ့ထိ.. သူပြုံးလေသည်..။
ထိုနေ့က အနည်းငယ် ပူနွေးအိုက်စပ် လျက်ရှိသည်..။
သို့သော်.. နှလုံးသားတွေကတော့ ဟန်ဆောင်မူပိုခြင်းမရှိ တသိမ့်သိမ့်ခုန်လို့နေသည်..။
" ကျွန်တော်လည်း.. ခင်ဗျားကို ကြိုက်နေတယ် ထင်တယ်.. အိုဆယ်ဟွန်း..."
ရှင်းလင်းသည့်အဖြေစကားရဲ့ နောက်မှာတော့..
လှစ်ခနဲ ဖွေးညီစွာ ပေါ်လာသည့်.. သူ့သွားစွယ်လှလှလေးအောက်တွင်.. မရည်ရွယ်ပဲ.. ကျွန်တော် အခါခါ သေဆုံးခဲ့ရလေတော့သည်....တဲ့..
ဟုတ်ပါရဲ့..
တစ်ဦးကို တစ်ဦး အပြန်အလှန် ချစ်ခဲ့မိကြပြီ....။
( The End )
ပြီးပါပြီ..။
ဘာဆက်ဖြစ်လဲလာမမေးနဲ့..။
ပြီးပြီ.. ဒါပဲ... ဂွပ်..။