OUR MEMORIES

By BangtanLuvArmy

21.5K 1K 27

Sequel of 'A MIRACLE' More

Prologue
Part 1
Part 2
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Epilogue

Part 3

923 59 4
By BangtanLuvArmy

No one's pov

"Yeontaeah... ဟို​ရောက်​ရင်​ oppa ကို message ပို့​နော်​ messenger က​နေ... oppa ​စောင့်​​နေမယ်​"

"သိပါတယ်​ oppa ကလည်း... ​​ဟော ဟိုမှာ ​လေယာဉ်​​ပေါ်တက်​ဖို့ ​ခေါ်​နေပြီ ဒါပဲ​နော်​ oppa"

"Imm imm saranghae"

"Yeontae ​ရောပဲ hehe" Yeontae ဖုန်းချပြီး Soorim ​နောက်​က​နေ ​လေယာဉ်​​ပေါ် တက်​ဖို့ ​ပြေးလိုက်​သွား​တော့တယ်​။

ခဏကြာ​တော့ ​လေယာဉ်​စထွက်​ပြီ​လေ။ ​လေယာဉ်​​ပေါ်က​နေ မြင်​​နေရတဲ့ တလင်းလင်းတလက်​လက်​ ဖြစ်​​နေတဲ့ ကိုရီးယားနိုင်​ငံရဲ့ ညဘက်​မြင်​ကွင်း​လေးက​တော့ လှိုက်​​မောဖွယ်​ရာပင်​.... သူငယ်​ချင်း နှစ်​​ယောက်​သား စကား​တွေ ဘာ​တွေ​ပြော၊ စားစရာရှိတာ​တွေ စားပြီးမှ အိပ်​​ပျော်​သွားကြတယ်​။

"မကြာမီ အချိန်​အတွင်းမှာ ရန်​ကုန်​အပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​မှာ ​လေယာဉ်​ရပ်​နား​တော့မှာ ဖြစ်​ပါတယ်​.... လူကြီးမင်းတို့၏ @¿£XZ&&%$?" ဆိုတဲ့ အသံကို ကြား​တော့မှ နိုးလာကြတယ်​​လေ။

Luggage ​တွေ ဘာ​တွေ သွားယူပြီးတာနဲ့ Soorim တစ်​​ယောက်​ သူ့ umma ဆီ ​ပြေးသွားပါ​တော့တယ်​။ Yeontae က​တော့ ​နောက်​က​နေပဲ ပုံမှန်​​လေး လိုက်​လာခဲ့ပြီး သူ့ မိသားစုဝင်​ တစ်​​ယောက်​​ယောက်​ကို လိုက်​ရှာ​နေ​ရော။ ​Yeontae ကို ​တွေ့​တော့မှ Soorim ရဲ့ umma က "သမီး ​ဖေ​ဖေနဲ့ ​မေ​မေက မအားလို့တဲ့ အဲ့တာ အန်​တီတို့နဲ့ပဲ လိုက်​လာခဲ့ခိုင်းတယ်​ သမီး...."

Yeontae စိတ်​ထဲ နည်းနည်း ဝမ်းနည်းသလို ဖြစ်​သွား​ပေမယ့်​လည်း တကယ်​ မအားလို့​နေမှာပါ​လေဆိုပြီးပဲ မှတ်​ယူလိုက်​တယ်​​လေ။ ဒါ​ပေမယ့်​လည်း အခုက ညအချိန်​ကြီး​လေ... ဘာ အလုပ်​ကိစ္စမှလည်း ရှိမှာ မဟုတ်​တာကို။

Yeontae အိမ်​ပြန်​​ရောက်​​တော့ အိမ်​မှာ ညီမ​လေး တစ်​​ယောက်​ပဲ ရှိတယ်​​လေ။

"ဟဲ့ ​မေ​မေနဲ့ ​ဖေ​ဖေ​ရော?"

"​ဖေ​ဖေ့ ကုမ္ပဏီက သူငယ်​ချင်းရဲ့ ​မွေး​နေ့ပွဲလား ဘာလားမသိပါဘူး။ အဲ့တာ သွားတာ အခုထိ ပြန်​မ​ရောက်​​သေးဘူး။"

"​မေ​မေပါ လိုက်​သွားတာလား?"

"အင်း ဟုတ်​တယ်​။ အ​ရေးကြီးတဲ့ပွဲလို့​တော့ ​ပြောတယ်​။ ပြီး​တော့ unnie ပါ မ​နေ့​လောက်​က ပြန်​​ရောက်​ရင်​ ​ကောင်းမှာတဲ့။ အဲ့တာဆိုရင်​ unnie ကိုပါ ​ခေါ်သွားလို့ရမှာလို့လဲ ​ပြောတယ်​။ (YT's pov : ကျွန်​မကို ​ခေါ်သွားမယ်​? ​ဖေ​ဖေ့ သူငယ်​ချင်း​ ​မွေး​နေ့ပွဲကို ကျွန်​မကို ဘာဖြစ်​လို့ ​ခေါ်သွားရမှာလဲ?)

"ဟုတ်​လား အဲ့တာ ဘယ်​​တော့မှ ပြန်​လာမလဲ ​မ​ပြောသွားဘူးလား?"

"ဟင့်​အင်း မ​ပြောသွားဘူး။"

"ထားပါ ဒါနဲ့ နင်​က ဘာလို့ ဒီလို ပုံစံ ဖြစ်​​နေရတာတုန်း? နားကြပ်​နဲ့ ဖုန်းနဲ့ စာမလုပ်​ဘဲနဲ့။ ​နေပါဦး။ နင်​ အခု ဘယ်​နှတန်းလဲ?" Yeontae က သူ့ ညီမ ဘယ်​နှတန်း ​ရောက်​ပြီလဲဆိုတာကို တွက်​မလို့ လက်​​ချောင်း​တွေ ချိုး​နေယုံပဲ ရှိ​သေးတယ်​ ညီမက လက်​ကို လှမ်းဆွဲလိုက်​ပြီး "ကိုယ့်​ညီမ ဘယ်​နှတန်းလဲ​တောင်​ မသိဘူးလား!" ဆိုပြီး ​အော်​လိုက်​ပါတယ်​​လေ။ ညီအစ်​မနှစ်​​ယောက်​ ဇာတ်​လမ်းက​တော့ စပြီ။

"ဟဲ့ ငါ့မှာ ဒီ​လောက်​ အလုပ်​​တွေ ရှုပ်​​နေတာ ဘယ်​လိုလုပ်​ မှတ်​မိမှာလဲ!?"

"ဒီမှာ မသိရင်​ မှတ်​ထား unnie ညီမ အခု ​ကျောင်းပြီးသွားပြီ။ တက္ကသိုလ်​ တက်​​တော့မှာ!"

"ဟင်​ နင်​ဘယ်​တုန်းက 10 တန်း ​ဖြေလိုက်​တာ-" Yeontae မျက်​လုံးပြူးပြူးနဲ့ အလန့်​တကြား ​မေး​နေတုန်း umma နဲ့ appa က ပြန်​​ရောက်​လာပါတယ်​​လေ။

"ဟယ်​ သမီး ပြန်​​ရောက်​ပြီလား?" ​umma နဲ့ appa က Yeontae ကို တစ်​လှည့်​စီ ဖက်​လျက်​...

"​ဖေ​ဖေ့ သူငယ်​ချင်းရဲ့ ​မွေး​နေ့ပွဲကို သွားတာဆို?" Yeontae မျက်​နှာ စူပုပ်​ပုပ်​​လေးနဲ့ ​မေးလိုက်​တယ်​။

"အင်း ဟုတ်​တယ်​​လေ။ အဲ့ သူငယ်​ချင်းက ​ဖေ​ဖေနဲ့ အရမ်းခင်​ပြီး ရင်းနှီးတာ မသွားရင်​ မ​ကောင်းလို့ပါ သမီးရယ်​။ အဲ့တာမို့​ကြောင့်​ သမီးကို လာမကြို ဖြစ်​တာပါ။"

"ဟုတ်​တယ်​ သမီးရဲ့... အဲ့ သူငယ်​ချင်းဆိုတဲ့ တစ်​​ယောက်​ကလည်း​လေ သမီးကိုပါ အတင်း ​ခေါ်လာခဲ့ခိုင်းတာ ပြန်​မ​ရောက်​​သေးဘူးဆိုလို့သာ သူ့မှာ လက်​​လျှော့သွားရရှာတယ်​။" umma ကပါ ဝင်​​ပြော​နေတယ်​​လေ။

"သမီးကို သူက ဘာဖြစ်​လို့ ​ခေါ်လာခိုင်းရတာလဲ?" Yeontae တစ်​​ယောက်​ ​ခေါင်းထဲမှာ ရှုပ်​လာပြီ​လေ။

"မနက်​ဖြန်​ကျရင်​ အဲ့​အ​ကြောင်း သမီးကို ​ပြောပြမလို့ စီစဉ်​ထားတယ်​။ သမီး အခု ခရီးပန်းလာတာဆို​တော့ သွားအိပ်​​တော့​လေ။" umma ​ပြော​တော့ သူလည်း သိချင်​စိတ်​ကို ​ဖျောက်​လိုက်​ပြီး သူ့ အိပ်​ခန်းဆီပဲ တမ်းသွား​တော့တယ်​။

အိပ်​ခန်းထဲ ​ရောက်​တာနဲ့ အိပ်​ရာ​ပေါ် ပစ်​လှဲလိုက်​ပြီး "ဒီ အိပ်​ရာ​လေး​ပေါ် မအိပ်​ရတာ ဘယ်​​လောက်​​တောင်​ ကြာပြီလဲ" ဆိုပြီး ​ခေါင်းအုံးကိုပါ အားရပါးရ  ညှစ်​ဖက်​ပစ်​လိုက်​တယ်​​လေ။

ပစ္စည်း​တွေ ဘာ​တွေ သူ့​နေရာနဲ့သူ ထားပြီး ​ခြေလက်​​ဆေး၊ အဝတ်​လဲပြီး အိပ်​ရာဝင်​ဖို့ ပြင်​လိုက်​​တော့တယ်​။ အိပ်​ခါနီးကျမှ Jungkook မှာထားတာကို သတိရသွားပြီး ချက်​ချင်း online တက်​​တော့တယ်​​လေ။

"Oppa... Yeontae ​ရောက်​ပြီ​နော်​။ ​နောက်​ကျသွားလို့ mianhae XD" ဆိုပြီး သူ့ပုံ ဓာတ်​ပုံရိုက်​ပြီး ပို့လိုက်​တယ်​။

ပို့ပြီးမကြာ reply က ချက်​ချင်း ​ရောက်​လာတယ်​​လေ.... "အင်း ok ok ​ကောင်း​ကောင်းအိပ်​​နော်​... ^3^"

"Oppa ဒီ အချိန်​ကြီးအထိ မအိပ်​​သေးဘဲ ​Yeontae message ကို ​စောင့်​​နေတာလား? ဘယ်​အချိန်​​တောင်​ ရှိ​နေပြီလဲ ပြန်​ကြည့်​ဦး..."

"Oppa ​စောင့်​​နေမယ်​လို့ Yeontae ကို ​ပြောထားတာပဲ​လေ... မနက်​ဖြန်​လည်း ဘာ schedule မှ မရှိဘူး။ ​အေး​ဆေးအိပ်​လို့ရတယ်​။"

"အင်းပါ။ အခု အိပ်​​တော့... Yeontae လည်း အိပ်​​တော့မယ်။ ​နောက်​​နေ့​တွေ ည​နောက်​ကျတဲ့အထိ မ​နေနဲ့​နော်​ oppa"

"ဟုတ်​ကဲ့ပါ ဆရာမကြီး haha"

"Oppa ​နော်​ ဘာ ဆရာမကြီးလည်း!"

"အင်းပါ Yeontae မကြိုက်​ရင်​ မ​ပြော​တော့ပါဘူး။ ​တော်​ကြာ ဟိုးတစ်​​ခေါက်​တုန်းကလို oppa ကို အဆက်​အသွယ်​ မလုပ်​ဘဲ​နေဦးမယ်​။"

ဟိုးတစ်​​ခေါက်​? ဘယ်​တုန်းကလဲ? ဘယ်​တုန်းက အဆက်​အသွယ်​ မလုပ်​ဘဲ ​နေခဲ့လို့လဲ?

"Oppa ဘာ​တွေ ​ပြော​နေတာလဲ?"

"ဆရာမကြီး ကိစ္စနဲ့ ပတ်​သတ်​ပြီး​တော့​လေ... မမှတ်​မိတော့ဘူးမလား? အဲ့တုန်းက Yeontae ကိုရီးယားကို​တောင်​ မလာ​သေးဘူး။ Oppa ရဲ့ Haneul acc နဲ့ chat ခဲ့တဲ့ အချိန်​​တွေတုန်းက... Yeontae ကသာ မမှတ်​မိတာ oppa အဲ့အချိန်​တုန်းက Yeontae နဲ့ chat ခဲ့တဲ့ စာသား​တွေကို တစ်​​ကြောင်းမကျန်​ အကုန်​မှတ်​မိတယ်​...." (A/N : ​ရှေ့ fic ထဲမှာ ရှိပါတယ်​​နော်​ ဆရာမကြီးကိစ္စက XD)

Yeontae တစ်​​ယောက်​ Jungkook ​ပြော​တော့မှ ​သေချာ ပြန်​စဉ်းစား​နေတယ်​​လေ။ ဘယ်​တုန်းကလဲ? တကယ်​ မမှတ်​မိ​တော့တာပါ... သူ Jungkook ရဲ့ Haneul ဆိုတဲ့ acc နဲ့ chat ခဲ့တာ​တွေကို ပြန်​ရှာ​တော့တယ်​​လေ။ messenger က တစ်​ခါတစ်​​လေသာ ​ကြောင်​တတ်​တာ အခုလိုမျိုး ​လေး၊ငါးနှစ်​​ကျော်​​လောက်​က message ​တွေကို ပြန်​ရှာလို့​တော့ ရသား.... သူမက တခြားသူ​တွေနဲ့လည်း သိပ်​မ chat ဖြစ်​လို့ Haneul acc တုန်းကဟာ​တွေ ရှိ​နေ​သေးတာလည်း ဖြစ်​နိုင်​ပါတယ်​​လေ။

Yeontae တဖြည်းဖြည်း ph screen ​လေးကို ဆွဲချရင်းနဲ့ ရှာတယ်​... ရှာတယ်​။ တစ်​​နေရာ​ရောက်​​တော့ ချက်​ချင်းရပ်​သွားပါတယ်​​လေ။

"Yeontae က oppa ကို ​ပြော​နေတဲ့ပုံက ဆရာမကြီးလိုပဲကို။ အဲ့တာ​ကြောင့်​ ဆရာမကြီးလို့​ ​ခေါ်တာ ဘာဖြစ်​လဲ။"

"Yeontae စိတ်​​ဆိုးသွားလား။ စိတ်​ဆိုးသွားရင်​ sorry ​နော်​။ oppa ကို ဒီလိုကြီး​တော့ reply မလုပ်​ဘဲ မ​နေပါနဲ့။"

"Yeontaessi မ​နေ့ညက စိတ်​ဆိုး​အောင်​ လုပ်​မိလို့ တကယ်​ sorry ​နော်​။ ကျွန်​​တော်​လည်း ဒီအတိုင်း ​နောက်​ကြည့်​တာပါ။ Yeontae မကြိုက်​ရင်​ ​နောက်​တခါ ဘယ်​​တော့မှ မ​နောက်​​တော့ဘူး​လေ။"

"Yeontae ဘာဖြစ်​လို့ reply မလုပ်​တာလဲဟင်​။ တစ်​ခုခု​တော့ ​ပြောပါဦး။ oppa တကယ်​ ​တောင်းပန်​ပါတယ်​။"

"Yeontae နဲ့ မ chat တာ တစ်​ပတ်​ရှိပြီ။ oppa အရမ်းပျင်းတယ်​။ oppa မှာ chat စရာဆိုလို့ Yeontae တစ်​​ယောက်​ပဲ ရှိတာ။"

"Yeontae တကယ်​ oppa နဲ့ Yeontae ခင်​မင်​မှုကို အဆုံးသတ်​​တော့မှာလားဟင်​?"

"Yeontae ရယ်​ ဒီလို မလုပ်​ပါနဲ့။ oppa မ​နေတတ်​ဘူး။" (A/N : ​ရှေ့ fic က ဟာ​လေး​တွေကို ပြန်​ကူးလာတာပါ XD part 6 မှာ ရှိပါတယ်​။)

Yeontae တစ်​​ယောက်​ ဖတ်​ရင်းနဲ့ ပါးပြင်​​ပေါ် မျက်​ရည်​​တွေ အဆက်​မပြတ်​ စီးကျလာတယ်​။ ဒီ စာသား​တွေ... အဲ့တုန်းက Jungkook oppa ဆိုတာကို နာမည်​တူတာလို့ပဲ ထင်​ခဲ့ပြီး chat ခဲ့တာ​လေး​တွေ..... သူမှန်း မသိခဲ့တဲ့ အချိန်​​လေး... သူ့အ​ပေါ် ဒီ​လောက်​​ကောင်းခဲ့တဲ့ Haneul acc ပိုင်​ရှင်​က Jungkook ဆိုတာကို မသိဘဲနဲ့ သူနဲ့ chat ​​နေတုန်းက ​ပျော်​ရွှင်​ခဲ့ရတဲ့ အချိန်​​လေး​တွေ.... Yeontae တစ်​​ယောက်​ တစိမ့်​စိမ့်​ ပြန်​​တွေးရင်း အဲ့အချိန်​တုန်းက ခံစားချက်​​လေး​တွေကို တစ်​ဖန်​ ပြန်​​တွေး​တော​နေမိတယ်​​လေ။ ဒီထက်​ သူ့ကို ခံစား​စေရတာက Jungkook က ဒီ ငါးနှစ်​​ကျော်​ ​ခြောက်​နှစ်​နီးပါး​လောက်​ ကြာပြီ ဖြစ်​ခဲ့တဲ့ သူနဲ့ chat တုန်းက အ​ကြောင်း​တွေကို အခုထိ မှတ်​မိ​နေ​သေးတယ်​ဆိုတာပါပဲ.... Jungkook သူ့ အ​ပေါ် ထားရှိတဲ့ အချစ်​​တွေကို သူ ခံစားမိရင်း မျက်​ရည်​​တွေကလည်း ထိန်းမရဘဲ တလှိမ့်​လှိမ့်​ စီးကျ​နေတယ်​​လေ။

ဖုန်းက​နေ တရဆက်​ ထွက်​လာတဲ့ notification အသံကို ကြား​တော့မှ Jungkook နဲ့ chat ​နေတာကို သတိပြန်​ရ​တော့တယ်​။

"Yeontae ဘယ်​​ရောက်​သွားတာလဲ?"

"အိပ်​​နေပြီလား?"

"ဆရာမကြီးကိစ္စ​ကြောင့်​ စိတ်​ဆိုးသွားပြန်​တာလား?"

သူ ​နောက်​ဆုံး စာ​ကြောင်းကို ဖတ်​ပြီး တခစ်​ခစ်​နဲ့ ရယ်​မိပါ​တော့တယ်​​လေ။

"Oppa ရယ်​ မဟုတ်​ပါဘူး။ Yeontae oppa ရဲ့ Haneul acc တုန်းက chat ခဲ့တဲ့ စာ​ကြောင်း​တွေကို ပြန်​ကြည့်​​နေတာ... ဒါနဲ့ အဲ့တုန်းက Yeontae က စိတ်​ဆိုးသွားလို့မှ မဟုတ်​တာ... စာ​မေးပွဲ ရှိလို့ online မတက်​ဖြစ်​ခဲ့တာ​လေ။"

"အင်းပါ oppa သိပါတယ်​။ ဒီအတိုင်း ​နောက်​တာ... ဒါဆို အိပ်​​တော့​နော်​ jalja..."

"Jalja oppa"

သူ Jungkook နဲ့ chat ပြီး​တော့ Haneul acc နဲ့ chat ခဲ့တာကို ထပ်​ပြီး ပြန်​သွားကြည့်​တယ်​​လေ။ ခုနက စာသား​တွေ ​အောက်​ကို နည်းနည်း ဆက်​ဆင်းကြည့်​လိုက်​​တော့ umma က ကိုရီးယားမှာ uni ​ပေးမတက်​တဲ့ ကိစ္စကို ​ပြောထားတာတဲ့​လေ.... ခေါင်းထဲ ရုတ်​တရက်​ အဖြစ်​အပျက်​ တစ်​ခုခုကို သတိရသွားတယ်​။

>>>>>>>>Flashback

ကျွန်​မလက်​ထဲက album ​လေးကို မ​ဖောက်​ပဲ ဒီအတိုင်း စိုက်​ကြည့်​​နေမိတယ်​။ ရင်​ထဲမှာလည်း ​နေလို့မ​ကောင်း။ ​album ​ဖောက်​ပြီး​ ထွက်​ကျလာတဲ့ ကတ်​က​လေးကို လှန်​ကြည့်​လိုက်​​တော့ Jungkook photocard။ ကျွန်​မ သူတို့ album ဝယ်​တာများ​နေ​ပေမယ့်​လည်း သူ့ photocard ကို​တော့ တစ်​​ခေါက်​မှ မရခဲ့ဖူးဘူး။ အခု ကျွန်​မ ​ပျော်​​နေရမယ့်​အစား သူ့ပုံ​လေးကို ကြည့်​ပြီး မျက်​ရည်​​​​တွေပဲ စီးကျလာတယ်​​လေ။

ဖုန်းလာလို့ ကိုင်​လိုက်​​တော့ "ဟဲ့ သူငယ်​ချင်း။ ငါ့ဟာ Jin photocard ဟဲ့။ ​ပျော်​လိုက်​တာ။ နင်​​ရော ဘယ်​သူ့ဟာလဲဟင်​။"

သူက​တော့ ​ပျော်​နိုင်​ရှာတယ်​​လေ။ ကျွန်​မမှာ​တော့ သူ့အ​မေးကို ပြန်​မ​ဖြေနိုင်​ဘဲ လက်​ဖမိုးကို ကိုက်​ပြီး ငို​နေမိတယ်​။

"ဟဲ့ သူငယ်​ချင်း နင်​ ဘယ်​သူ့ဟာ ရလဲလို့။" သူက ကျွန်​မ မ​ဖြေ​တော့ ထပ်​​မေးတယ်​​လေ။

ကျွန်​မလည်း မျက်​ရည်​ နည်းနည်းပါးပါး သုတ်​၊ ​ချောင်းဟတ်​ပြီး​တော့မှ "​အော်​ mianhae သူငယ်ချင်း​​။ ငါ အ​ပျော်​လွန်​​နေလို့ပါဟာ။ ငါလည်း Jungkook photocard ရတယ်​။"

"သူငယ်​ချင်း နင်​ ဘာဖြစ်​တာလဲ။ ငါ့ကို ​ပြောစမ်း။ နင်​ ငို​နေတာမလား။ ဘာဖြစ်​လို့လဲ။" ကျွန်​မက လိမ်​လိုက်​​ပေမယ့်​လည်း သူက သိတယ်​​လေ။

"ဟာ ငါမငိုပါဘူး။ အ​ပျော်​လွန်​ပြီး မျက်​ရည်​​တွေ ကျကုန်​တာ။"

"​အော်​ ဟုတ်​လား။ နင်​ကလည်းဟယ်​ ငါ့မှာ လန့်​သွားတာပဲ။ အဲ့တာဆိုလည်း ဒါပဲ​နော်​။"

ကျွန်​မ ဖုန်းချလိုက်​တယ်​။ ကျွန်​မ ​ပျော်​​နေရမယ့်​ အချိန်​မှာ ဘာဖြစ်​လို့ မ​ပျော်​နိုင်​ရတာလဲ။ အခု ကျွန်​မ သူ့ကို အချစ်​လွန်​မိလို့ ခံစား​နေရပြီ​လေ။ idol တစ်​​ယောက်​အတွက်​ ကျွန်​မက ဘာဖြစ်​လို့ အဲ့​လောက်​ထိ ဖြစ်​​နေရတာလဲ။ ကျွန်​မကို တစ်​​ခေါက်​​လေး​တောင်​ မစဉ်းစားဖူးတဲ့ လူတစ်​​ယောက်​ကို ကျွန်​မ ဘာဖြစ်​လို့ အဲ့​လောက်​​တောင်​ ချစ်​မိ​နေရတာလဲ။ ​မေးခွန်း​ပေါင်းများစွာ ကျွန်​မကို ကျွန်​မ ပြန်​​မေး​နေမိတယ်​။

ကျွန်​မ သူ့ photocard ​လေးကို ကိုင်​ရင်း တ​မှေး​လောက်​ အိပ်​​ပျော်​သွားတယ်​။ ပြန်​နိုးလာ​တော့ 9 နာရီထိုး​တော့မယ်​။ ကျွန်​မ နိုးလာတဲ့ အချိန်​ထိ ကျွန်​မ ဝမ်းနည်းတာ​တွေကို မ​ဖြေ​ဖျောက်​နိုင်​​ခဲ့​သေးဘူး။ စိတ်​​ပြေလက်​​ပျောက်​ဖြစ်​သွား​အောင်​ online ​ပေါ် တက်​လိုက်​တာနဲ့ message တမ်း ​ရောက်​လာတယ်​။

"Yeontae တကယ်​ စိတ်​မဆိုးဘူး​ပေါ့​နော်​။ oppa အရမ်း​ပျော်​တာပဲ။"

သူ့ စာကိုဖတ်​ပြီး ကျွန်​မ ထပ်​စဉ်းစားမိတာက 'အကုန်​​ပျော်​​နေကြတဲ့ အချိန်​မှာ ငါက ဘာဖြစ်​လို့ အခုလို ဝမ်းနည်း​နေရတာလဲ။' လို့​ပေါ့။

Flashback ends<<<<<<<

Yeontae's pov :

အဲ့တုန်းက ကျွန်​မ ကိုရီးယားမှာ uni တက်​ချင်​တယ်​ဆိုတာကို umma က ​ပေးမတက်​ဘူး​လေ။ ပြီး​တော့ Jungkook ကို အရူးအမူး ဖြစ်​​နေတာ​တွေကိုလည်း ရပ်​လိုက်​ဆိုပြီး အ​မေက ဆူခဲ့တဲ့ အချိန်​​လေး​ပေါ့.... ဒီအတိုင်း စဉ်းစားကြည့်​ရင်​ အ​မေ့ရဲ့ အဲ့စကားက ဘာမှ မဟုတ်​​ပေမယ့်​လည်း အဲ့တုန်းက ကျွန်​မ ဘယ်​​လောက်​ ရင်​ထဲမှာ ဆို့နင့်​​နေ​အောင်​ ခံစားခဲ့ရလဲဆိုတာ ​ပြောပြလို့​တောင်​ မတတ်​ပါဘူး.... (A/N : နည်းနည်း ရှုပ်​သလို ဖြစ်​သွားရင်​​တော့ mian ​နော်​ XD 'A Miracle' ရဲ့ part 7 မှာ ပြန်​ဖတ်​​ပေးလို့ရပါတယ် XD)

အခု​တော့ အဲ့တုန်းက အဖြစ်​အပျက်​​လေး​တွေက memories ​တွေအ​နေနဲ့သာ တည်​ရှိ​နေ​တော့တယ်​​လေ။ umma ​ပြောခဲ့သလို Jungkook oppa ကို ​မေ့စရာလည်း မလို​တော့ဘူး​လေ။ ကျွန်​မ အဲ့အချိန်​တုန်းက စိတ်​ရင်းအမှန်​နဲ့ ​မျှော်​လင့်​​တောင့်​တခဲ့တာ​တွေက အခု​တော့ အမှန်​တကယ်​ ဖြစ်​လာခဲ့တာကိုး....

If you love a person with all of your sincerity, you will end up with that one cuz sincerity is really powerful...

To be continued~~~

ဒီ​နေ့ author ရဲ့ ​မွေး​နေ့မို့လို့ နည်းနည်းရှည်​ရှည်​​လေး တင်​​ပေးလိုက်​ပါတယ်​ရှင့်​ XD ရှုပ်​သွားတာမျိုး​တွေအတွက်​​တော့ တကယ်​ ​တောင်းပန်​ပါတယ်​​နော်​.... btw အ​ပေါ်က အင်္ဂလိပ်​စာသား​လေးက Moonlight Drawn By Clouds drama ကို credit ​ပေးပါတယ်​​နော်​ XD

Thanks for reading^^

*90° bow

Continue Reading

You'll Also Like

800K 29.8K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
176K 18.1K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
3.4K 374 4
𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 × Oc ʟᴏᴠᴇ ɪꜱ ɪɴ ᴍᴀᴢᴇ ʙᴜᴛ ʏᴏᴜ ɪꜱ ᴀᴍᴀᴢᴇ ʙᴀʙʏ. (Zawgyi &Unicode) Too slow update ( maybe when my book 1 or 2 are finish this b...
211K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...