သူဌေးမင်းရဲ့အချစ်တော် (ongoin...
由 A_Boin008
201K 8.7K 1.2K
စံကောင်းမွန် + တခေတ်ခွန်း ငယ်ငယ်ကခင်မင်ခဲ့တဲ့ဆက်ဆံရေးကနေအကြောင်းတစ်ခုကြောင့်စိတ်သဘောထားကွဲလွဲပြီး ပြန်တွေ့တဲ့... 更多
intro
အပိုင်း-၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း၁၀
7.7K 343 34
由 A_Boin008
Uni
    စံကောင်းမွန်အား စဥ်းစားပေးမည်ဟုပြောလိုက်တဲ့နေကစလို့စံကောင်းမွန်က တခေတ်ခွန်းကိုအရင်ကထပ်ပိုကပ်လာပြီးပိုလဲပါးစပ်ကနေချစ်ကြောင်းတွေပြောလာတတ်သည်။အိမ်မှာကသူ့ဦးလေးကသိပ်မရှိတတ်တာကြောင့်တော်သေးသည်။မဟုတ်ရင်လူကြီးရှေ့ရှက်နေရအုံးမည်။
" သူဌေးကတော် သူဌေးမင်းကသူဌေးကတော်ဖို့ အင်္ကျီအကောင်းစားတွေမှာပေးထားတယ်။ "
" သူဌေးကတော် လာကြည့်ပါအုံး သကြားလုံးပါကင်ဘူးတွေရောက်နေတယ် "
" သူဌေးကတော် "
" သူဌေးကတော် "
" အားးး ဘယ်တော့မှငါ့ကိုခေါ်နေတာရပ်မှာလဲ!!! "
   အလုပ်ကလေးတစ််ရက်နားလို့အိမ်နောက်ဖေးမီးဖိုချောင်ထဲဝင်ကာ ဟင်းချက်လက်စွမ်းတွေပြနေရင်းအိမ်ရှေ့ဘက်ကတေဇနဲ့ဇော်လင်းရဲ့ခနခန သူဌေးကတော်ဟုထပ်နေအောင်ခေါ်နေတာကြောင့်တခေတ်ခွန်းခင်မျာနားတွေညီးကာနောက်ဆုံးပိတ်ပင်အော်လိုက်တာ ဘေးကသု့သု့တို့ပါလန့်ကုန်သည်။
" ဟိုသေနာလေးက တော်တော်ပိုက်ဆံပေါနေလားမသိဘူး သွားပြောအုံးမယ် "
   တခေတ်ခွန်းကကြိမ်းမောင်းရင်း ဓားကြီးကိုင်ကာအပေါ်ထပ်တက်သွားတာကြောင့်သု့သု့နဲ့သူ့အမေခင်မျာတစ်ယောက်မျက်နှာသာတစ်ယောက်ကြည့်မိသည်။
" စံကောင်းမွန် မင်းတော်​တော်အားနေလား ဟမ်!! "
" ပိတ်ရက်ဆိုတော့အားပါတယ် ၊ ဘာဖြစ်လို့လဲ။ "
" ဘာဖြစ်ရမလဲ အိမ်ရှေ့မှာမင်းမှာထားတဲ့ပစ္စည်းတွေရောက်နေတယ် ငါ့ကိုခနခနခေါ်နေကြတာနားမဒိန်းကျင့်နေတာလား။ "
" လူကိုဘဲမုဒိန်းကျင့်ချင်တာ..."
" မင်း!! အိမ်ပေါ်ကနေ မှာနေတာကိုရပ်လိုက်တော့ ပိုက်ဆံတအားပေါနေရင်ငါတို့ရွာလမ်းကလမ်းကိုကွန်ကရစ်သွားလောင်းနေ။ "
" အင်း ကောင်းပြီလေ "
  စံကောင်းမွန်ကတခေတ်ခွန်း အပြောကိုခေါင်းတငြိမ့်ငြိမ့်ဖြင့်လုပ်ကာ ကျွန်းစားပွဲကြီးပေါ်ကကြိုးဖုန်းလေးအားလှမ်းကိုင်ကာဂဏန်းတစ်ခုအားရိုက်နှိမ့်လေသည်။တခေတ်ခွန်းက ဘာလုပ်နေလဲသိချင်နေတာကြောင့်ရပ်ကြည့်နေရင်း စံကောင်းမွန်ဆီကထွက်လာတဲ့စကားကြောင့်မျက်လုံးလေးပြူးသွားသည်။
" ဟယ်လို ရွေကျော့ရွာကသူကြီးလားမသိဘူး "
" စံကောင်းမွန် ရပ်လိုက်စမ်း ဘာဆက်လုပ်တာလဲ။ "
  တခေတ်ခွန်းရဲ့ ပိုက်ဆံပေါနေရင်ရွာကလမ်းကိုကွန်ကရစ်သွားခင်းပါလားဆိုတဲ့အပြောကိုစံကောင်းမွန်ကအတည်ပေါက်ကြီးလုပ်တော့မည်ပုံပေါ်ကထိုရွာကသူကြီးသစ်ကိုပင်ဖုန်းခေါ်နေတာကြောင့်တခေတ်ခွန်စခင်မျာလက်ထဲကဓားကိုချကာတားရလေသည်။
" ဘာဖြစ်လဲ မင်းပြောသလိုငါ ရွာကလမ်းကိုကွန်ကရစ်ခင်းပေးမလို့လေ အာ ဒါမှမဟုတ် ရွေလမ်းခင်းပေးရမလား။ "
" မင်းငါပြောသမျှကိုဘာလို့လိုက်နားထောင်နေတာလဲ အခုဖုန်းချလိုက်။ "
   တခေတ်ခွန်းက ကျွန်းသစ်ခုံကြီးပေါ်ထိုင်နေတဲ့စံကောင်းမွန်ဆီကနေဖုန်းအားလုရင်းသူ့ပေါင်ပေါ်တောင်ထိုင်မိသွားသည်။ထိုမှစံကောင်းမွန်ကအသာတကြည်နဲ့ဖုန်းအားချပေးကာ တခေတ်ခွန်းအားမျက်ခုံးတစ်ဖက်ပင့်ကာကြည့်လာလို့။
" ဘယ်လိုခံစားရလဲ။ "
" ဘာကိုပြောတာလဲ "
" မင်းကိုအခုငါဒီလိုတွေပေးကမ်းနေတော့ ချစ်လားမချစ်လားစဥ်းစားတာလွယ်သွားပြီလား။ "
" အ...အရူးဘဲ မင်းဒီလိုတွေလျှောက်ဝယ်ပြီးပေးနေတာကလက်ထိုးနေတာဘဲ ငါကပြန်ချစ်မယ်များထင်နေလား။ "
" မိန်းကလေးအများစုကသူတို့ပြန်ချစ်မဲ့ကောင်လေးက သူတို့လိုချင်တာမှန်သမျှဝယ်ပေးလုပ်ပေးတဲ့လးကိုဘဲပြန်ချစ်ကြတာ။ "
    စံကောင်းမွန်အပြောကြောင့်တခေတ်ခွန်းကခနတာကြောင်အသွားကာ ပြီးနောက်တွင်စံကာင်းမွန်ခေါင်းပေါ်အား လက်သီးစုပ်လေးတစ်ခုကကျရောက်လာလေသဘ်။
" ခွက် "
" ခွေးကောင် ငါကယောကျာ်းလေးဟဲ့။ "
" အတူတူဘဲလေ မင်းလဲလူဘဲ မင်းလိုချင်တာပေးကမ်းဝယ်ပေးတဲ့လူဘဲပြန်ချစ်မှာမဟုတ်ဖူးလား!!! "
" အရူးဘဲ စံကောင်းမွန်!!! "
   အပေါ်ထပ်ကအသံကျယ်တွေကြောင့်တေဇတို့မှာပစ္စည်းတွေအိမ်ထဲရွေ့ရင်းခေါင်းတွေသာခါမိသည်။သူဌေးကတော်ကလဲ ချစ်မယ်ဆိုချစ်လိုက်ပေါ့ ဒီလောက်သူဌေးမင်းကတုန့နေအောင်ချစ်တာကိုမမြင်တာလားနော်။ဒါမှမဟုတ် မူနေတာလား
.
.
.
      ဒီနေ့ကနားရက်မို့တခေတ်ခွန်းကမီးဖိုချောင်ထဲဝင်ကာသူ့လက်စွမ်းတွေပြလေတော့သည်။နေ့လည်ထမင်းစားချိန်မှာတော့ စားပွဲထပ်ဟင်းအမယ်စုံတွေကတည်ရှိနေသလို အင်း ပြီးတော့အနံ့ဆိုးဆိုးချဥ်ဖက်တစ်ခွက်လဲရှ်နေလေသည်။
" ဒါတွေအားလုံးအကိုချက်ထားတာလား ဝါးး အကိုကအိမ်ရှင်မလေးကျနေတာဘဲဒီလိုဆိုတော့။ "
" အဟွန်း ချီးကျူးမစောပါနဲ့နော် အရသာမြည်းပြီးမှ ချီးကျူးပြီးသားစကားတွေရုတ်သိမ်းရင်စိတ်ဆိုးမှာ။ "
" ဟီးးး အဲ့လိုလုပ်စရာလား ကိုကိုကြီး!! မြန်မြန်လာ။ "
   ထမင်းဝိုင်းကစံကောင်းမွန်လာမှစားခွင့်ရှ်တာမို့သူလာမှမြလေးချိုကောတခေတ်ခွန်းကောစားပွဲမှာထိုင်ရလေသည်။ဦးလေးဖြစ်သူကတော့အလုပ်ကိစ္စနဲ့ခရီးထွက်သွားတာကြောင့်အိမ်မှာရှ်မနေပါ။
   စံကောင်းမွန်က စားပွဲခုံပေါ်ကဟင်းပွဲတွေကိုသဘောတကျငေးကြည့်နေရင်းအဆုံးမှာထောင့်တစ်နေရာကချဥ်ဖက်ခွက်ကိုမြင်ပြီးမျက်နှာကရှုံ့မဲ့သွားသည်။
" ဒါကြီးကဘာလဲ "
" ချဥ်ဖက်စုံလေ စားပျော်အောင်ထည့်ထားတာရွာမှာဆိုချဥ်ဖက်မဟုတ်ရင်တို့စရာမပါရင်မစားနိုင်ဘူး။ "
" စားပျော်အောင်လား ငါတော့အနံ့နဲ့တင်ထမင်းမစားချင်တော့ဘူး ဝေးဝေးမှာထားလိုက်အဲ့တာကို။ "
    စံကောင်းမွန်ကပြောသလိုမြလေးချိုကလဲဘေးကခေါင်းတငြိမ့်ငြိမ့်လုပ်လာတာကြောင့်တခေတ်ခွန်းခင်မျာစားဖို့လုပ်ထားသော်လည်းချဥ်ဖက်ခွက်လေးအားနောက်ဘက်ပို့လိုက်ရလေသည်။နှစ်ယောက်နဲ့တစ်ယောက်ဆိုတော့လဲအလျော့ပေးလိုက်ရတာပေါ့လေ...
" အခုမှဘဲအသက်ရှုနိုင်တော့တယ် ကဲကဲပြောပါအုံးစားဖိုးမှူးလေး ဟင်းပွဲတွေကိုတကူးတကချက်ရတဲ့အကြောင်းလေး "
" အားနေလို့ချက်တာ ပုဇွန်ဆီပြန်ကနည်းနည်းငံနေတယ် အလေးငါစားချင်လို့လုပ်ထားတာ "
" အိုးရပါတယ် ဟင်းပွဲ၅ပွဲရှိတာ ၁ပွဲလောက်ကအဆင်ပြေပါတယ်။ "
   တခေတ်ခွန်းရဲ့အပြောကိုစံကောင်းမွန်ကတပြုံးပြုံးဖြင့်လက်ခံလေသည်။
" ပြီးတော့ကြက်ပဲဟင်းက ပဲကမာနေတယ် ကြက်သားကလဲမာတယ် ကြက်နီမသား အမာလေးစားချင်လို့လုပ်ထားတာ "
" ရပါတယ်ရပါတယ် ငါ့သွားတွေကအကောင်းကြီးမို့စားနိုင်ပါတယ်။ "
" အွန်း ကန်စွန်းရွက်ကြော်ကတော့စားဖို့အဆင်ပြေပါတယ် ဒါပေမဲ့တေဇတို့ကိုချွေခိုင်းတာမို့အရိုးမာတွေပါလို့သေချာဝါးမှရမယ် မဟုတ်ရင်ကစွန်းရိုးတစ်ပြီးသေသွားလိမ့်မယ် အဆင်ပြေတာဆိုလို့ ကြက်ဥကြော်နဲ့ မြေပဲကြော်ဘဲရှိပါတယ်။ "
" ရပါတယ် ငါတို့စားနိုင်ပါတယ်မပူပါနဲ့ "
" ဟုတ်တယ်အကို ညီမတို့ကအကိုချက်တာဆိုဘာဖြစ်ဖြစ်စားမှာ။ "
   အကိုကြီးဖြစ်သူအပြောကိုညီမဖြစ်သူကခေါင်းငြိမ့်ထောက်ခံတာကြောင့်တခေတ်ခွန်းခက်မျာခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ ထမင်းစားရန်ပန်းကန်တွေထဲထမင်းခူးထည့်ပေးလိုက်သည်။
" စနေတာ ငါချက်ထားတာတွေအကုန်အကောင်းကြီးဘဲ မင်းတို့ကိုမစားချင်အောင်တမင်ရွဲ့ပြောနေတာ..."
" မင်းဘယ်လောက်ပြောပြောငါကတော့မင်းကျွေးတာဘာမဆိုစားမှာ။ "
" ချီးကျွေးရင်ကောစားမလား..."
" အွတ်!! "
   တခေတ်ခွန်းရဲ့တည့်အပြောကြောင့်စံကောင်းမွန်ခင်မျာထမင်းပင်တစ်သွားလေသည်။ဘေးကညီမဖြစ်သူကတော့ထမင်းစားရင်းသာခိုးရီနေလေသည်။
   တခေတ်ခွန်းရဲ့လက်ရာတွေက အပြောတွေထပ်ပိုပြီးစားကောင်းလွန်းလှသည်။ပုဇွန်ဆီပြန်ဆိုလဲ ငံတယ်လို့သာပြောတာ လုံးဝစားကောင်းအလေးအပေါ့ကွက်တိဖြစ်ပြီး ကြက်ပဲကလဲလုံးဝအမိုက်စားဖြစ်သည်။ကစွန်းရွက်ကြော်လေးဆိုတာကလဲအိပြီးစားရတာကောင်းသလို ကုန်ကုန်ပြော ကြက်ဥကြော်နဲ့မြေပဲကြော်ကတောင်စားလို့ကောင်းနေသေးသည်။
    ဒီနေ့မှထမင်းကိုပြောင်အောင်စားသွားသူကြောင့်သု့သု့တို့ခင်မျာအံ့သြမိကုန်ကြသည်။အရင်နေ့တွေကဆိုဟိုထိထိဒီထိထိစားပြီးထသွားတတ်သူကဒီနေ့တော့ဟင်းတွေကောထမင်းတွေကောကုန်အောင်စားသွားလေသည်။အော်အေးပေါ့လေ သူ့အိမ်ရှင်မလေးချက်တာဆိုတော့ ကုန်အောင်စားတော့ာတပေါ့။
   ထမင်းစားပြီး စံကောင်းမွန်ကအလုပ်ကိစ္စတစ်ခုဆွေးနွေးရန်အပေါ်ထပ်တက်လာလေသည်။ဒီနေ့သူတေဇတို့ကို့အလုပ်တစ်ခုလုပ်ခိုင်းထားပြီးစုံစမ်းခိုင်းထားတာတစ်ခုရှိလေသည်။
   - ဟယ်လိုသူဌေးမင်း ဦးခန့်ကျော်ရဲ့အလုပ်နောက်ခံကိုစုံစမ်းလို့ရပါပြီ -
" သေချာပေါက် လူကုန်ကူးတာမဟုတ်လား။'
   - ဟုတ်ပါတယ်သူဌေးမင်း ဒါပေမဲ့ ဒါကကောလဟာလလို့ဘဲသိရတယ် သူ့လုပ်ငန်းတွေကဒီတစ်ခုထဲတော့မဟုတ်လောက်ဘူးထင်တယ်။ -
   တစ်ဖက်ဖုန်းကဇော်လင်းအပြောကိုစံကောင်းမွန်ကခနတာငြိမ်သက်မိနေသည်။သူများအကြောင်းလိုက်စပ်စုတာသူ့အလုပ်တော့မဟုတ်ပေမဲ့ အခုတလောသူ့အားတစ်စုံတစ်ယောက်ကမျက်သိဒေါက်ထောက်ကြည့်နေသလိုခံစားရသည်။ဒါကအခုမှလဲမဟုတ်ပါ။ အရင်ကတည်းကဆိုပေမဲ့အခုကပိုပြင်းထန်လာသလို သူ့မှာအားနည်းချက်ရှိနေတယ်ဆိုတာသိသွားမှာကြောက််သည်။
- သူ့ကိုယ်ကြည့်ရတာ အခုလက်တလော အရင်ပွဲတုန်းကကြေငြာသွားတုန်းကလုပ်ငန်းကိုဖန်တီးမယ်ထင်တယ် အဲ့လုပ်ငန်းထဲကိုသေချာပေါက်သူဌေးမင်းကိုသူရအောင်ခေါ်မယ်ထင်တယ် သူဌေးမင်းသာပါရင်အဲ့အလုပ်ကအောင်မြင်ပြီဆိုတာသူသိနေတယ်။ -
" ငါမပါဘူးဆိုရင်ကော "
- အဲ့လူက လူတိုင်းကိုသူ့ဆီပါအောင်မဲဆွယ်လိ​ု့မရရင်ခြိမ်းခြောက်တတ်တဲ့အကျင့်ရှိတယ်ဒါပေမဲ့ သူကသူဌေးမင်းကိုတော့မခြိမ်းခြောက်လောက်ဘူး ဒါပေမဲ့သူ့မှာသမီးတစ်ယောက်ရှိတာမမေ့ပါနဲ့သူဌေးမင်း။ -
" အင်း သဘောကသူ့သမီးနဲ့ငါ့ကိုခြိမ်းခြောက်ချင်နေတာလား။ -
   - ဟုတ်လောက်ပါ့မယ်သူဌေးမင်း ထပ်ပြီးစုံစမ်းရရင်ပြောပေးပါ့မယ် ကောင်းသောညပါ -
   တစ်ဖက်ကထိုမျှသာပြောပြီးဖုန်းချသွားတာကြောင့်စံကောင်းမွန် ကြိုးဖုန်းလေးအားသူ့နေရာသူထားလိုက်ပြီးအတွေးတိမ်မိသည်။တခေတ်ခွန်းအဖေဆုံးသွားအပြီး မကြာဘူး တိုက်တိုက်ဆိုင်ဆိုင် ဦးခန့်ကျော်ရဲ့အလုပ်အကိုင်ကအဆင်ပြေလာသလိုထိုရွာမှုစက်ရုံဆောက်ဖို့ကလဲဖြသ်လာသည်။
   တခေတ်ခွန်းအဖေဦးခေတ်ခန့်နဲ့ဘယ်လိုအခြေအနေထိရှိခဲ့လဲသူသိချင်မိသည်။သူတခေတ်ခွန်းကိုမေးသင့်လား...
" ဂျောက်..."
   တွေးနေရင်းမှာဘဲအခန်းတံခါးလေးကပွင့်လာသလိုအခန်းထဲအားတခေတ်ခွန်းကဝင်လာလေသည်။အခန်းထဲရောက်တာနဲ့ထုံးစံအတိုင်းကြမ်းပြင်ပေါ်မှာသူ့အိပ်ရာသူခင်းရန်လုပ်နေသူကြောင့်စံကောင်းမွန်ကတစ်ချက်ကြည့်ကာချောင်းဟန့်လို့။
" ကြမ်းပြင်မှာအိပ်ရတာအေးတယ်ဆို ကုတင်ပေါ်တက်အိပ်ပါ။ "
" ကုတင်ပေါ်တက်အိပ်ရမယ် နေပါစေ မင်းကိုယ်နဲ့ငါ့ကိုယ်ကျပ်နေပါ့မယ်။ "
" မကျပ်ပါဘူး ကုတင်ကအကျယ်ကြီး ပြီးတော့လွန်ခဲ့တဲ့တစ်ညကမင်းအိပ်ဖူးတာဘဲ ငါ့ကုတင်ဘယ်လောက်အိကြောင်းအိပ်ကောင်းကြောင်းမင်းအသိဆုံးပါ ငါကစေတနာနဲ့ပြောပြရုံ မအိပ်ချင်လဲသဘော။ "
    စံကောင်းမွန်ကအတင်းခေါ်မနေတော့ဘဲခက်လျော့သလိုပြောလိုက်မှတခေတ်ခွန်းကခနတာငြိမ်သက်သွားကာ ပြီးမှသူ့စောင်လေးနဲ့ခေါင်းအုံးလေးအားကုတင်ပေါ်ပစ်တင်လာလေသည်။ပြီးနောက် ကုတင်အလယ်မှာဖက်ခေါင်းအုံးလေးတစ်လုံးအားကာစီးလာလေသည်။
" အဲ့သကြားလုံးတွေဘဲနေ့တိုင်းစားနေရင်ခေါင်းတွေဆိုးနေမယ်နော်။ "
" မဆိုးပါဘူး မင်းမနက်ကဝယ်ပေးထားတဲ့သကြားလုံးဘူးတောင်ငါဖြင့်ဖောက်မစားရသေးဘူး မဟုတ်တာတွေလျှောက်ဝယ်မနေနဲ့။ "
  မြလေးချိုနဲ့စျေးထဲသွားတုန်းကဝယ်လာတဲ့သကြားလုံးစုပ်လုံးလေးတွေကမကုန်သေးဘဲ ဘူးလေးထဲထည့်သိမ်းထားကာသတိရတိုင်းထုတ်စားနေတာကြောင့်စံကောင်းမွန်မှာချောင်းဆိုးအမှာစိုး၍စိတ်ပူရသည်။
" ဒါနဲ့...ဦးခန့်ကျော်ကိုဘယ်လိုသိတာလဲ။ "
" သူလား သူနဲ့ငါနဲ့ကတစ်ခါဘဲတွေ့ဖူးတာပါ ပြီးတော့ငါ့အဖေနဲ့ကလဲရွာမှာစက်ရုံလာဆောက်မှသိတာ အဲ့တုန်းကတော်တော်အခြေအနေတွေဆိုးခဲ့တာထင်တယ်။ "
" ဘယ်လိုဖြစ်ခဲ့တာလဲ "
   စံကောင်းမွန်ကမေးတော့ တခေတ်ထွန်းကခနတာငြိမ်သက်သွားကာပြီးမှ။
" သူကငါတို့ရွာမှာစက်ရုံဆောက်ဖို့လာခဲ့တာ ငါတို့အသုံးပြုနေတဲ့သစ်တောလေးကိုဖျက်စီးပြီးတော့လေ သူစက်ရုံကဓာတ်ငွေ့ထုတ်တာများပြီးငါတို့ရွာရဲ့ရေရတဲ့နေရာလေးကိုလဲပိတ်ဆို့စေလိမ့်မယ်လို့အဖေကသိခဲ့တာ...ပြီးတော့အဖေကသူ့ကိုသဘောမကျဘူး အဲ့လူကစက်ရုံဆောက်မှာထပ်တစ်ခုခုမယုံရဘူးထင်ပြီး အဖေကမဆောက်ဖို့ငြင်းထုတ်ခဲ့တယ်လေ။ "
" အဲ့ဒီတော့..."
" အဲ့ဒီတော့အဲ့လူကြီးကရုတ်တရတ်ကြီးအားတက်သရောစက်ရုံဆောက်ချင်နေရာကနေ သူကမဆောက်တော့ဘဲမြို့ပြန်သွားခဲ့တယ် အဖေကအဆင်ပြေသွားပြီထင်ခဲ့ပေမဲ့အဖေဆုံးပြီးတစ်လကြာတော့အဲ့လူကြီးကပြန်လာပြီးစက်ရုံကိုရအောင်ဆောက်ခဲ့တယ်လေ...သူ့အတွက်အနှောက်အယှက်မရှိတော့သလိုပုံနဲ့။ "
" သူကဘယ်လိုသိတာလဲမင်းအဖေဆုံးတာကို ငါတို့တောင်တော်တော်ကြာမှသိခဲ့ရတာကို..."
" မသိပါဘူး ဘာဘဲဖြစ်ဖြစ်သူစက်ရုံဆောက်ဖို့ဖြစ်လာခဲ့တယ်လေ အဲ့ဒီနောက်ပိုင်းငါတို့ရွာကလူတွေကလဲကျပ်တည်းလာကြတယ်လေ ငါ့လဲဒုက္ခဗွအများကြီးခံစားရတာ ငါ့အတွက်အဖေကတံတိုင်းကြီးဖြစ်ခဲ့တာလေ...သူမရှိတော့ငါပြိုလဲခဲ့တယ်။ "
   စုပ်လုံးလေးငုံ့ထားတဲ့ပါးလေးတစ်ဖက်ကဖောင်စနေကာမျက်နှာငယ်လေးဖြစ်နေတဲ့တခေတ်ခွန်းက ဝမ်းနည်းစပြုနေတဲ့ကလေးငယ်တစ်ယောက်သဖွယ်။စံကောင်းမွန်ကျွန်းသစ်ကုလားထိုင်ကြီးမှထကာ တခေတ်ခွန်းထိုင်နေတဲ့ကုတင်ဘေးစွန်းလေးကနေရာမှာတင်မလွဲသွားထိုင်လိုက်သည်။ပြီးနောက်တခေတ်ခွန်းရဲ့ဆံနွယ်လေးတွေအားခပ်ဖွဖွပွတ်ပေးလို့။
" မင်းဘာဖြစ်ချင်တာလဲ ဘာလိုချင်တာလဲ မင်းသာအလိုရှိမယ်ဆိုငါမင်းရှေ့ကမားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့တံတိုင်းတစ််ခုအဖြစ်တည်ရှိပေးပါ့မယ်။ "
" မင်းမလုပ်နိုင်ပါဘူး..."
" ဘာလိ​ု့ငါ့ကိုမယုံကြည်ရတာလဲ ငါတို့သူငယ်ချင်းထပ်တစ်ဆင့်လေးပိုပြီးနီးကပ်သွားတာက ငါတို့အဖို့ကောင်းမွန်တဲ့အရာတသ်ခုပါ ငါကမင်းကိုချစ််တယ် မင်းသာငါ့ကိုပြန်ချစ်ရင်ပြီးပြီ။ "
" ငါ...ငါကိုယ်ငါမဆုံးဖြတ်တတ်သေးဘူး ဒါပေမဲ့ငါကအချစ်ဆိုတဲ့အရာကို ငါအတွက်ဘယ်အရာမဆိုစွန့်လွှတ်ရဲတာကိုအချစ်လို့သတ်မှတ်တယ်။ "
" အင်း မင်းဘာကိုစွန့်လွှတ်စေချင်လဲ။ "
   စံကောင်းမွန်ရဲ့အမေးကိုတခေတ်ခွန်းကမဖြေ။စံကောင်းမွန်ကနှုတ်ခမ်းတွန့်ရုံမျှပြုံးလို့လက်က တခေတ်ခွန်းမေးလေးအားဆွဲယူလိုက်ကာ ပါးစပ်ထဲကစုပ်လုံးကိုဆွဲယူလိုက်သည်။ပြီးနောက်တွင်တော့ ထိုစုပ်လုံးလေးက တခေတ်ခွန်းရဲ့ပါးစပ်ထဲကနေ နေရာပြောင်းကာစံကောင်းမွန်ပါးစပ်ထဲရောက်ရှိသွားသည်။
   တခေတ်ခွန်းမျက်လုံးတွေကပြူးကျယ်သွားကာမျက်နှာလေးရှုံ့မဲ့လို့။
" ဘာ...ဘာလို့ငါ့ပါးစပ်ထဲကသကြားလုံးကိုယူစားရတာလဲ ရွံ...ရွံ့စရာကြီး။ "
" ဘာကိုရွံ့စရာလဲ မင်းတံတွေးမပြောနဲ့ နဖူးကခြေမကျတဲ့ချွေးတောင်ငါရွံစရာလိ​ု့မသက်မှတ်ဘူး "
   စုပ်လုံးလေးကိုပါးစပ်ထဲငုံ့လိုက်ထုတ်ပြလိုက်လုပ်ပြနေသူကြောင့်တခေတ်ခွန်းခင်မျာပါးလေးတွေနီရဲနေလေပြီဖြစ်သည်။
" ငါလိုကောင်က မင်းခြေဖမိုးလေးကိုနမ်းခွင့်ရမယ်ဆိုရင်တောင်တွန့်ဆုတ်နေမှာမဟုတ်ဖူး"
" အပိုတွေပြောနေတာ..."
" အပိုအလိုတွေမပြောပါဘူး မင်းသာခွင့်ပြုမယ်ဆို မင်းခြေလှမ်းတစ်ခါလှမ်းတိုင်းခလုတ်ခနင်းမဖြစ်လို့ငါ့လက်ကိုခံပေးဖို့တောင်တုံ့ဆိုင်းနေမှာမဟုတ်တဲ့အထိ ငါမင်းကိုချစ်တယ်။ "
    စဥ်းစားပေးပါ့မည်ဟုပြောသည့်နေ့ကစလို့စံကောင်းမွန်ရဲ့ပိုးပန်းသည့်စကားတွေကထပ်ဆင့်မြင့်တက်လာကာ တခေတ်ခွန်းအဖို့ရင်ခုန်စေသည်အထိကိုလှုံ့ဆော်နိုင်လေသည်။ဒီလိုမျိုးတွေသာဆက်ပြောနေမည်ဆို...ထိုလူကိုချစ်မိသွားဖို့ဆိုတာလွယ်ကူလွန်းသွားလိမ့်မည်။
ဆက်ရန်
   လူကနေပြန်ကောင်းတော့အိမ်ကခွေးပေါက်လေးကနေမကောင်းကိုယ့်မှာအလုပ်ကိုရှုပ်နေတာ အချိုလေးတွေကျွေးလိုက်ပြီနော်ဒါဒါတို့ရေ။
Zg
" သူဌေးကတော် "
" သူဌေးကတော် "
အလုပ်ကလေးတစ်ရက်နားလို့အိမ်နောက်ဖေးမီးဖိုချောင်ထဲဝင်ကာ ဟင်းချက်လက်စွမ်းတွေပြနေရင်းအိမ်ရှေ့ဘက်ကတေဇနဲ့ဇော်လင်းရဲ့ခနခန သူဌေးကတော်ဟုထပ်နေအောင်ခေါ်နေတာကြောင့်တခေတ်ခွန်းခင်မျာနားတွေညီးကာနောက်ဆုံးပိတ်ပင်အော်လိုက်တာ ဘေးကသု့သု့တို့ပါလန့်ကုန်သည်။
" အင်း ကောင်းပြီလေ "
" ဘယ်လိုခံစားရလဲ။ "
" ဘာကိုပြောတာလဲ "
" ခွက် "
" အရူးဘဲ စံကောင်းမွန်!!! "
.
.
.
" ဒါကြီးကဘာလဲ "
" အွတ်!! "
" ငါမပါဘူးဆိုရင်ကော "
" ဂျောက်..."
မြလေးချိုနဲ့ဈေးထဲသွားတုန်းကဝယ်လာတဲ့သကြားလုံးစုပ်လုံးလေးတွေကမကုန်သေးဘဲ ဘူးလေးထဲထည့်သိမ်းထားကာသတိရတိုင်းထုတ်စားနေတာကြောင့်စံကောင်းမွန်မှာချောင်းဆိုးအမှာစိုး၍စိတ်ပူရသည်။
" ဘယ်လိုဖြစ်ခဲ့တာလဲ "
" အဲ့ဒီတော့..."
" မင်းဘာဖြစ်ချင်တာလဲ ဘာလိုချင်တာလဲ မင်းသာအလိုရှိမယ်ဆိုငါမင်းရှေ့ကမားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့တံတိုင်းတစ်ခုအဖြစ်တည်ရှိပေးပါ့မယ်။ "
" မင်းမလုပ်နိုင်ပါဘူး..."
" ဘာလို့ငါ့ကိုမယုံကြည်ရတာလဲ ငါတို့သူငယ်ချင်းထပ်တစ်ဆင့်လေးပိုပြီးနီးကပ်သွားတာက ငါတို့အဖို့ကောင်းမွန်တဲ့အရာတသ်ခုပါ ငါကမင်းကိုချစ်တယ် မင်းသာငါ့ကိုပြန်ချစ်ရင်ပြီးပြီ။ "
" အပိုတွေပြောနေတာ..."
ဆက်ရန်
继续阅读
You'll Also Like
38.5K 1.9K 33
ကလေးဆိုးလေးကြောင့်​ အချစ်​ဆိုတာကို သိခွင့်​ရခဲ့တယ်​။ ကျွန်​တော့်​ဘဝရဲ့ အချစ်​ဆုံးလေးဆိုလဲ မမှားဘူး။ baby ဘယ်​လိုပဲဆိုးပါစေ ကျွန်​တော့်​အတွက်​တော့ bab...
743K 30.6K 150
Part I. Author(s) North Night 夜北 Past life, her spirit root was dug out from her body. She had wholeheartedly dedicated herself to the just path, but...
1.9M 97.7K 38
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...
41.2K 1.7K 39
Daddy ရဲ့ Puppy အဆိုးလေးကို Daddyက ထာ၀ရထက် ၁ရက်ပိုပြီး ချစ်သွားမှာ ဒီက Puppy အဆိုးလေးကလဲ Daddyကို မလျော့သော ချစ်ခြင်းတွေနဲ့ ထာ၀ရမခွဲ အမြဲချစ...