"ဖေဖေ လာမယ့်အပါတ်ထဲကျွန်တော်သွားမယ်။ လိုက်ခြင်တဲ့အဖွဲ့ရှိသေးလားလို့ ဖေဖေစာရင်းစစ်ပေးထားအုံး။"
"အိုကေ သားshine ဟိုရောက်ရင်တည်းဖို့ရာက ဖေဖေအိမ်ငှားထားပေးရမလား။"
"မငှားနဲ့တော့ ဖေဖေ သားသူငယ်ချင်းရဲ့အိမ်တစ်လုံးရှိတယ်သူ့ဆီအကူအညီတောင်းထားတယ်။"
"စားရေးသောက်ရေးအတွက် ဒေါ်လေးကိုခေါ်သွားမလား။"
"ဖေဖေ သားအသက်၁၂နှစ်လောက်ကတည်းက နိုင်ငံခြားမှာတစ်ယောက်တည်းနေလာတာနော်။"
Shineတစ်ယောက် စာရွက်တွေပြန်စီနေရင်း အဖေလုပ်သူကိုကြည့်ကာ နှုတ်ခမ်းဆူပြလိုက်သည်။
"ငါ့သားပုံစံနဲ့ အဲ့လိုကြီးမလုပ်နဲ့ တစ်ကယ်မလိုက်ဖက်ဘူး။ဖေဖေက သားကဟိုမှာအနည်းဆုံးတစ်နှစ်ကြာသွားနိုင်လို့လေ။"
"ကဲပါ ဖေဖေရာ သားအတွက်စိတ်မပူနဲ့ တစ်လတစ်ခါပြန်လာမယ်။"
ဦးဖုန်းလှတစ်ယောက် သားနဲ့စကားပြောပြီးတာနဲ့ meetingထိုင်ရန် နှိုးဆော်လိုက်သည်။
နေပြည်တော်သွားရမယ်ဆိုတာနဲ့ ပထမဦးဆုံးသတိရမိလိုက်တာကကရင်ကလေးလေးတစ်ယောက်ကိုပင်။ဒါကြောင့် ဦးဖုန်းလှရဲ့စကားအဆုံးမှာ ချက်ချင်းအဖြေပြန်ပေးမိသည်။
လေပါင်းများစွာနေရမှာဖြစ်တာကြောင့် နိုင်ငံခြားမှာကျောင်းအတူတတ်ရင်းခင်ခဲ့တဲ့သူငယ်ချင်းက မြန်မာပြည်မပြန်ဖြစ်တာနဲ့ သူ့အိမ်မှာခနတာတည်းခိုခွင့် အကူအညီတောင်းလိုက်သည်။
"ကဲ အားလုံးဘဲသိကြတဲ့အတိုင်း နေပြည်တော်မှာဆောက်လုပ်မယ့်အဆောက်အဦးအတွက် ကျွန်တော့်သားကိုယ်တိုင်ဦးစီးလုပ်ကိုင်မှာမို့ ဒီအတွက်စိတ်ချလို့ရပါပြီ။
နောက်ပြီး သားနဲ့အတူပါဝင်မယ့်အဖွဲ့ကို စာရင်းအတိအကျလေးနဲ့ တင်ပြပေးပါ။အားလုံးအတွက်စီစဉ်စရာရှိတာတွေစီစဉ်လို့ရအောင် ကြိုတင်ပြင်ဆင်ပေးကြပါ။ခရီးကနောက်အပါတ်ထဲစထွက်ဖြစ်မယ်။"
အားလုံးဆီကတီးတိုးသံတွေက နင်လိုက်မှာလားငါလိုက်မှာလားဆိုတာပင်။နိုင်ငံရေးအခြေအနေမတည်ငြိမ်နေတဲ့အချိန်အခါမို့ အားလုံးကတခြားမြို့မှာလပေါင်းများစွာနေဖို့ရာ တစ်ချို့တွေကတွန့်ဆုတ်နေခဲ့သည်။
********†***********†*
ဒီနေ့အမိုးဆုံးတာ၇နှစ်ပြည့်တဲ့နေ့မို့ အယ်စေးဝါးတစ်ယောက် အမိုးရဲ့မြေချရာမြေပုံလေးကို ရှင်းလင်းနေသည်။အမြဲတမ်းမလာဖြစ်ပေမယ့် နှစ်လသုံးလတစ်ခါတော့ လူကြုံနဲ့လိုက်လာဖြစ်တဲ့အမိုးရဲ့မြေပုံလေးမှာ မြက်ရိုင်းတစ်ချို့ပေါက်နေတတ်သည်။
မြက်တွေကိုရှင်းလင်းပြီး သပ်သပ်ရပ်ရပ်လေးဖြစ်အောင်တော့ လာတဲ့အခါတိုင်းရှင်းပေးဖြစ်သည်။
"မိုးမိုး ဒီနေ့ဆိုသားကိုထားခဲ့တာ (၇)နှစ်ရှိခဲ့ပြီနော်။အမိုးမြင်စေခြင်တဲ့ ဘွဲ့ဝတ်စုံနဲ့သားကိုတောင် အမိုးမစောင့်တော့ဘူး။"
ကျလာတော့မယ့် မျက်ရည်တွေကိုထိန်းထားရန် မိုးကောင်ကင်ပေါ်မော့လိုက်သည်။
"နောက်ထပ်(၂)နှစ်နေရင် သားကဘွဲ့ရတော့မှာလေ။ဘုရားသခင်က မိုးမိုးကိုပြန်ခေါ်တာစောလွန်းတယ် သိလား။
ပင့်သက်ရှိုက်ရင်း မြေပုံဘေးမှာထိုင်ချလိုက်သည်။
"မိုးမိုးက ကောင်းကင်နိုင်ငံမှာအေးချမ်းနေတယ်မလား။"
နောက်ထပ်(၂)နှစ်နေရင် ဘွဲ့ရတော့မယ်။ဘွဲ့ယူပြီးတာနဲ့ ဆရာစေလွှတ်တဲ့ကျမ်းစာကျောင်းကိုသွားတတ်ရတော့မယ်။
အမိုးဆုံးပြီးတာနဲ့ ဆရာကအစစအရာရာပံ့ပိုးပေးပြီးကျောင်းဆက်ထားပေးသည်။ဆယ်တန်းအောင်ပြီးတာနဲ့ အဝေးသင်တတ်ကာ ကျောင်းလခအတွက်တစ်ဖက်တစ်လမ်းက ကူညီဖော်ရအောင်ဆေးကုမ္မဏီတစ်ခုမှာ အလုပ်ဝင်လုပ်ဖြစ်သည်။
"အယ်စေးဝါး ပြန်ကြစို့ခနနေမိုးချုပ်တော့မယ် ဆိုင်ကယ်ဆီဖြည့်ရအုံးမှာ။"
"ပြန်ကြမယ်လေ မြတ်သူဆီဖိုးငါထည့်ပေးမယ်နော် ဆရာဆီမတင်ပြနဲ့တော့။"
"အေးပါကွာ လာပြန်စို့ အမိုးကျွန်တော်တို့ပြန်တော့မယ်နော်။အယ်စေးဝါးအတွက် စိတ်ချနော်ကျွန်တော်တို့အားလုံး ဂရုစိုက်ပါတယ်။"
"မိုးမိုး သားပြန်ပြီ ဘုရားသခင်ရဲ့အရိပ်အောက်မှာမိုးမိုးတစ်ယောက် အေးချမ်းနေမှာသားယုံကြည်တယ်။"
သုသာန်ကနေ ထွက်လာခဲ့ပြီး ဆိုင်ကယ်မောင်းလာခဲ့သည်။ဖြတ်သွားရတဲ့ လယ်ကွင်းတွေကစိမ်းစိုနေတော့ စိတ်ကိုလန်းဆန်းစေသည်။ဆိုင်ကယ်ကို ကိုယ်တိုင်မမောင်းတတ်ပေမယ့် သူများနောက်ကနေထိုင်စီးရတာကိုသိပ်သဘောကျသည်။
ဆီပန့်တစ်ခုကနေ ဆီဖြည့်ပြီး ဘုရားကျောင်းပြန်လာခဲ့ကြသည်။ဆရာကိုနှုတ်ဆက်ပြီး အိမ်လေးဆီ လမ်းလျှောက်လာခဲ့ပြီး ညနေစာအတွက် ကိုယ်တိုင်စိုက်ပျိုးထားတဲ့အသီးအရွက်လေးတွေကို ခူးကာချက်ပြုတ်ပြင်ဆင်နေလိုက်သည်။
"လာ့လာ့ လာာာာ......"
ကြက်ပေါက်စလေးတွေပေါက်နေတာကြောင့် အိပ်တန်းဝင်ရန်လမ်းပြပေးရင်း ကြက်တွေကိုသိမ်းဆည်းပြီးရေမိုးချိုးကာ ညစာစားပြီးတာနဲ့ ကျောင်းစာလုပ်ရန် စားပွဲခုံပုလေးကိုခင်းလိုက်သည်။
ကျောင်းစာတစ်ဖက် အလုပ်တစ်ဖက်နဲ့တစ်ခါတလေ ဘာမှမလုပ်ချင်လောက်အောင်ပင်ပန်းရသည်။အိပ်ခန်းအတွင်းထရံလေးမှာတူရိုးလေးထိုးပြီးချိတ်ထားတဲ့ ဝက်ဝံရုပ်လေးကိုမြင်မိတော့ လှမ်းယူလိုက်သည်။
"ပြန်လာတွေ့မယ်ဆိုပြီး ဝယ်ဝယ်ကတိမတည်ခဲ့ဘူးနော်။"
အသက်၂၀ရောက်သည်အထိမည်သူဆီကမှ လက်ဆောင်မရဖူးတဲ့ အယ်စေးဝါးအတွက် ပထမဆုံးရခဲ့တဲ့ဒီလက်ဆောင်လေးကိုတော့ ခုချိန်ထိမြတ်မြတ်နိုးနိုးသိမ်းထားသည်။
"ဝယ်ဝယ် ခုချိန်ဆိုဘယ်လုံပုံစံရှိနေမလဲသိချင်တယ်။"
Thetmyintmyat
"ေဖေဖ လာမယ့္အပါတ္ထဲကြၽန္ေတာ္သြားမယ္။ လိုက္ျခင္တဲ့အဖြဲ႕ရွိေသးလားလို႔ ေဖေဖစာရင္းစစ္ေပးထားအုံး။"
"အိုေက သားshine ဟိုေရာက္ရင္တည္းဖို႔ရာက ေဖေဖအိမ္ငွားထားေပးရမလား။"
"မငွားနဲ႔ေတာ့ ေဖေဖ သားသူငယ္ခ်င္းရဲ႕အိမ္တစ္လုံးရွိတယ္သူ့ဆီအကူအညီေတာင္းထားတယ္။"
"စားေရးေသာက္ေရးအတြက္ ေဒၚေလးကိုေခၚသြားမလား။"
"ေဖေဖ သားအသက္၁၂ႏွစ္ေလာက္ကတည္းက ႏိုင္ငံျခားမွာတစ္ေယာက္တည္းေနလာတာေနာ္။"
Shineတစ္ေယာက္ စာရြက္ေတြျပန္စီေနရင္း အေဖလုပ္သူကိုၾကည့္ကာ ႏႈတ္ခမ္းဆူျပလိုက္သည္။
"ငါ႔သားပုံစံနဲ႔ အဲ့လိုႀကီးမလုပ္နဲ႔ တစ္ကယ္မလိုက္ဖက္ဘူး။ေဖေဖက သားကဟိုမွာအနည္းဆုံးတစ္ႏွစ္ၾကာသြားႏိုင္လို႔ေလ။"
"ကဲပါ ေဖေဖရာ သားအတြက္စိတ္မပူနဲ႔ တစ္လတစ္ခါျပန္လာမယ္။"
ဦးဖုန္းလွတစ္ေယာက္ သားနဲ႔စကားေျပာၿပီးတာနဲ႔ meetingထိုင္ရန္ ႏႈိးေဆာ္လိုက္သည္။
ေနျပည္ေတာ္သြားရမယ္ဆိုတာနဲ႔ ပထမဦးဆုံးသတိရမိလိုက္တာကကရင္ကေလးေလးတစ္ေယာက္ကိုပင္။ဒါေၾကာင့္ ဦးဖုန္းလွရဲ႕စကားအဆုံးမွာ ခ်က္ခ်င္းအေျဖျပန္ေပးမိသည္။
ေလပါင္းမ်ားစြာေနရမွာျဖစ္တာေၾကာင့္ ႏိုင္ငံျခားမွာေက်ာင္းအတူတတ္ရင္းခင္ခဲ့တဲ့သူငယ္ခ်င္းက ျမန္မာျပည္မျပန္ျဖစ္တာနဲ႔ သူ့အိမ္မွာခနတာတည္းခိုခြင့္ အကူအညီေတာင္းလိုက္သည္။
"ကဲ အားလုံးဘဲသိၾကတဲ့အတိုင္း ေနျပည္ေတာ္မွာေဆာက္လုပ္မယ့္အေဆာက္အဦးအတြက္ ကြၽန္ေတာ့္သားကိုယ္တိုင္ဦးစီးလုပ္ကိုင္မွာမို႔ ဒီအတြက္စိတ္ခ်လို႔ရပါၿပီ။
ေနာက္ၿပီး သားနဲ႔အတူပါဝင္မယ့္အဖြဲ႕ကို စာရင္းအတိအက်ေလးနဲ႔ တင္ျပေပးပါ။အားလုံးအတြက္စီစဉ္စရာရွိတာေတြစီစဉ္လို႔ရေအာင္ ႀကိဳတင္ျပင္ဆင္ေပးၾကပါ။ခရီးကေနာက္အပါတ္ထဲစထြက္ျဖစ္မယ္။"
အားလုံးဆီကတီးတိုးသံေတြက နင္လိုက္မွာလားငါလိုက္မွာလားဆိုတာပင္။ႏိုင္ငံေရးအေျခအေနမတည္ၿငိမ္ေနတဲ့အခ်ိန္အခါမို႔ အားလုံးကတျခားၿမိဳ႕မွာလေပါင္းမ်ားစြာေနဖို႔ရာ တစ္ခ်ိဳ႕ေတြကတြန္႔ဆုတ္ေနခဲ့သည္။
********†***********†*
ဒီေန႔အမိုးဆုံးတာ၇ႏွစ္ျပည့္တဲ့ေန႔မို႔ အယ္ေစးဝါးတစ္ေယာက္ အမိုးရဲ႕ေျမခ်ရာေျမပုံေလးကို ရွင္းလင္းေနသည္။အၿမဲတမ္းမလာျဖစ္ေပမယ့္ ႏွစ္လသုံးလတစ္ခါေတာ့ လူႀကဳံနဲ႔လိုက္လာျဖစ္တဲ့အမိုးရဲ႕ေျမပုံေလးမွာ ျမက္႐ိုင္းတစ္ခ်ိဳ႕ေပါက္ေနတတ္သည္။
ျမက္ေတြကိုရွင္းလင္းၿပီး သပ္သပ္ရပ္ရပ္ေလးျဖစ္ေအာင္ေတာ့ လာတဲ့အခါတိုင္းရွင္းေပးျဖစ္သည္။
"မိုးမိုး ဒီေန႔ဆိုသားကိုထားခဲ့တာ (၇)ႏွစ္ရွိခဲ့ၿပီေနာ္။အမိုးျမင္ေစျခင္တဲ့ ဘြဲ႕ဝတ္စုံနဲ႔သားကိုေတာင္ အမိုးမေစာင့္ေတာ့ဘူး။"
က်လာေတာ့မယ့္ မ်က္ရည္ေတြကိုထိန္းထားရန္ မိုးေကာင္ကင္ေပၚေမာ့လိုက္သည္။
"ေနာက္ထပ္(၂)ႏွစ္ေနရင္ သားကဘြဲ႕ရေတာ့မွာေလ။ဘုရားသခင္က မိုးမိုးကိုျပန္ေခၚတာေစာလြန္းတယ္ သိလား။
ပင့္သက္ရႈိက္ရင္း ေျမပုံေဘးမွာထိုင္ခ်လိုက္သည္။
"မိုးမိုးက ေကာင္းကင္ႏိုင္ငံမွာေအးခ်မ္းေနတယ္မလား။"
ေနာက္ထပ္(၂)ႏွစ္ေနရင္ ဘြဲ႕ရေတာ့မယ္။ဘြဲ႕ယူၿပီးတာနဲ႔ ဆရာေစလႊတ္တဲ့က်မ္းစာေက်ာင္းကိုသြားတတ္ရေတာ့မယ္။
အမိုးဆုံးၿပီးတာနဲ႔ ဆရာကအစစအရာရာပံ့ပိုးေပးၿပီးေက်ာင္းဆက္ထားေပးသည္။ဆယ္တန္းေအာင္ၿပီးတာနဲ႔ အေဝးသင္တတ္ကာ ေက်ာင္းလခအတြက္တစ္ဖက္တစ္လမ္းက ကူညီေဖာ္ရေအာင္ေဆးကုမၼဏီတစ္ခုမွာ အလုပ္ဝင္လုပ္ျဖစ္သည္။
"အယ္ေစးဝါး ျပန္ၾကစို႔ခနေနမိုးခ်ဳပ္ေတာ့မယ္ ဆိုင္ကယ္ဆီျဖည့္ရအုံးမွာ။"
"ျပန္ၾကမယ္ေလ ျမတ္သူဆီဖိုးငါထည့္ေပးမယ္ေနာ္ ဆရာဆီမတင္ျပနဲ႔ေတာ့။"
"ေအးပါကြာ လာျပန္စို႔ အမိုးကြၽန္ေတာ္တို႔ျပန္ေတာ့မယ္ေနာ္။အယ္ေစးဝါးအတြက္ စိတ္ခ်ေနက္ြၽန္ေတာ္တို႔အားလုံး ဂ႐ုစိုက္ပါတယ္။"
"မိုးမိုး သားျပန္ၿပီ ဘုရားသခင္ရဲ႕အရိပ္ေအာက္မွာမိုးမိုးတစ္ေယာက္ ေအးခ်မ္းေနမွာသားယုံၾကည္တယ္။"
သုသာန္ကေန ထြက္လာခဲ့ၿပီး ဆိုင္ကယ္ေမာင္းလာခဲ့သည္။ျဖတ္သြားရတဲ့ လယ္ကြင္းေတြကစိမ္းစိုေနေတာ့ စိတ္ကိုလန္းဆန္းေစသည္။ဆိုင္ကယ္ကို ကိုယ္တိုင္မေမာင္းတတ္ေပမယ့္ သူမ်ားေနာက္ကေနထိုင္စီးရတာကိုသိပ္သေဘာက်သည္။
ဆီပန္႔တစ္ခုကေန ဆီျဖည့္ၿပီး ဘုရားေက်ာင္းျပန္လာခဲ့ၾကသည္။ဆရာကိုႏႈတ္ဆက္ၿပီး အိမ္ေလးဆီ လမ္းေလွ်ာက္လာခဲ့ၿပီး ညေနစာအတြက္ ကိုယ္တိုင္စိုက္ပ်ိဳးထားတဲ့အသီးအရြက္ေလးေတြကို ခူးကာခ်က္ျပဳတ္ျပင္ဆင္ေနလိုက္သည္။
"လာ့လာ့ လာာာာ......"
ၾကက္ေပါက္စေလးေတြေပါက္ေနတာေၾကာင့္ အိပ္တန္းဝင္ရန္လမ္းျပေပးရင္း ၾကက္ေတြကိုသိမ္းဆည္းၿပီးေရမိုးခ်ိဳးကာ ညစာစားၿပီးတာနဲ႔ ေက်ာင္းစာလုပ္ရန္ စားပြဲခုံပုေလးကိုခင္းလိုက္သည္။
ေက်ာင္းစာတစ္ဖက္ အလုပ္တစ္ဖက္နဲ႔တစ္ခါတေလ ဘာမွမလုပ္ခ်င္ေလာက္ေအာင္ပင္ပန္းရသည္။အိပ္ခန္းအတြင္းထရံေလးမွာတူ႐ိုးေလးထိုးၿပီးခ်ိတ္ထားတဲ့ ဝက္ဝံ႐ုပ္ေလးကိုျမင္မိေတာ့ လွမ္းယူလိုက္သည္။
"ျပန္လာေတြ႕မယ္ဆိုၿပီး ဝယ္ဝယ္ကတိမတည္ခဲ့ဘူးေနာ္။"
အသက္၂၀ေရာက္သည္အထိမည္သူဆီကမွ လက္ေဆာင္မရဖူးတဲ့ အယ္ေစးဝါးအတြက္ ပထမဆုံးရခဲ့တဲ့ဒီလက္ေဆာင္ေလးကိုေတာ့ ခုခ်ိန္ထိျမတ္ျမတ္ႏိုးႏိုးသိမ္းထားသည္။
"ဝယ္ဝယ္ ခုခ်ိန္ဆိုဘယ္လုံပုံစံရွိေနမလဲသိခ်င္တယ္။"
Thetmyintmyat