ရှဲ့လန်ရှန်းကို ချစ်မိသွားတဲ့လူတွေအားလုံး ရှဲ့လန်ရှန်းကိုအလိုလိုမက်မောတောင့်တလိမ့်မယ်၊ အလင်းရောင်ကို တောင့်တသလိုမျိုးပေါ့။
Title : In the Dark | 在黑暗中
Author : Jin Shi Si Chai | 金十四钗
ရှဲ့လန်ရှန်းရဲ့မသိစိတ်ထဲက သေချာမမှတ်မိနိုင်တဲ့ မှတ်ဉာဏ်တွေထဲမှာ Bathtub တစ်ခု.. အမျိုးသမီးတစ်ဦးနဲ့.. ပြီးရင် ကြမ်းပြင်မှာပြန့်ကျဲနေတဲ့ သွေးတွေ...။
✦
ရှဲ့လန်ရှန်းရဲ့အဖေက မူးယစ်တိုက်ဖျက်ရေးအရာရှိတစ်ဦးဖြစ်ပြီး စစ်ဆင်ရေးမှာသေဆုံးခဲ့တာ။ ရှဲ့လန်ရှန်းလည်း သူ့အဖေရဲ့ခြေရာနင်းခဲ့တာ။ လွန်ခဲ့တဲ့ ၇ နှစ် ရဲသင်တန်းကျောင်းဆင်းဆင်းချင်းမှာ ရွှေတြိဂံဒေသရဲ့လက်နက်ကိုင်မူးယစ်ကုန်သွယ်အဖွဲ့ခေါင်းဆောင် မုခွန်းဆီကို လျှို့ဝှက်ထောက်လှမ်းဖို့ သူလျှိုအနေနဲ့စေလွှတ်ခံခဲ့ရတယ်။
ရှဲ့လန်ရှန်းက Undercover Agent အနေနဲ့ ၆ နှစ်ကြာနေခဲ့ရပြီး မုခွန်းရဲ့ ညာဘက်ရုံးအထိဖြစ်လာခဲ့တာ။ ရှဲ့လန်ရှန်းကို မုခွန်းက သူ့နံဘေးမှာထားပြီး အတော်လေးသဘောကျပြီး ရူးသွပ်ခဲ့တာ။
စစ်ဆင်ရေးအဆုံးသတ်က မုခွန်းက မဲခေါင်မြစ်ထဲလေယာဉ်ပျက်ကျပြီး သေလားရှင်လားမသိတဲ့အခြေအနေနဲ့ပြီးသွားတယ်။
ရှဲ့လန်ရှန်းပြန်လာတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကနေ မှုခင်းတပ်ဖွဲ့ထဲပြောင်းရွှေ့ခံလိုက်ရတယ်။
ရွှေတြိဂံဒေသကအဖြစ်အပျက်တွေကပဲ ရှဲ့လန်ရှန်းကိုလွှမ်းမိုးနေမလား ရှဲ့လန်ရှန်းကိုယ်တိုင်ကပဲ ရုန်းမထွက်နိုင်တာလား။
✧
ရှဲ့လန်ရှန်းရဲ့ မူလ အကျင့်စရိုက်က စကားနည်းတယ် တိတ်ဆိတ်တယ် တည်ငြိမ်တယ် ရဲဝန်ထမ်းကောင်းဖြစ်ချင်တယ်။ လျှို့ဝှက်ထောက်လှမ်းမှုအပြီး ရှဲ့လန်ရှန်းရဲ့စရိုက်က ၁၈၀°ပြောင်းလဲသွားတယ်။ အရည်ထူပြီး စ,တတ်နောက်တတ် ပရောပရည်လုပ်တတ်လာပြီး စကားပြောကြွယ်လာတယ်၊ တအားဉာဏ်နီဉာဏ်နက်များတဲ့ ပြသနာအိုးဖြစ်လာတယ်၊ ရဲဝန်ထမ်းကောင်းဖြစ်ချင်တာတော့ မပြောင်းမလဲပေါ့။ ရှဲ့လန်ရှန်းရဲ့ လော့ဂျစ်က အဆိပ်ကို အဆိပ်နဲ့တိုက် မကောင်းဆိုးဝါးကို မကောင်းဆိုးဝါးနဲ့ဖိုက် တဲ့။
ရှန်လျိုဖေးက မှုခင်းပုံတူပန်းချီပညာရှင်ဖြစ်ပြီးတော့ မှုခင်းတပ်ဖွဲ့အတွက် Profiler လုပ်ပေးဖို့ ရောက်လာတာ။ သူက အေးစက်စက်နဲ့ အနေတည်ပြီး အနုပညာရှင်ပီသတယ်။ တစ်ဖက်မှာကျပြန်တော့ အတိုက်အခိုက်တော်ပြီး လျှို့ဝှက်ချက်အပြည့်နဲ့သူ။ ရှဲ့လန်ရှန်းနား ချည်းကပ်ခဲ့တာလည်း သိပ်မရိုးရှင်းလှဘူး။
ရှဲ့လန်ရှန်းနဲ့ရှန်လျိုဖေးက နှစ်ဦးသားဆုံလိုက်ရင်မီးပွားတွေလွင့်စင်ထွက်နေသလိုမျိုး။ တစ်ယောက်က အေးတိအေးစက်မာရည်ကြောရည်နဲ့ ကျန်တစ်ယောက်က အရှက်မရှိမျက်နှာပြောင်တိုက်ပြီး အီစီကလီတွေရှယ်ပြောတာ။ သူတို့အချစ်က မီးတောက်ကြီးလိုအရှိန်အဟုန်သိပ်ပြင်းတာ။ ဒီတိုင်းစကားပြောရင်းကို စောက်ရမ်း flirtatious ဖြစ်တာဆိုတော့ ခုတင်ပေါ်မှာစောက်ရမ်းဟော့ကြတာပါ။ နှစ်ဦးသားကို ကံကြမ္မာနဲ့ချည်နှောင်ထားတယ်ဆိုတာကိုလည်း ငြင်းမရနိုင်ဘူး။
ခြောက်နှစ်ကြာ Undercover လုပ်ခဲ့ရတဲ့နောက်ဆက်တွဲအနေနဲ့ Insomnia, Hallucination, PTSD တို့အပြင် Identity crisis ပါဖြစ်လာတာ။ပြတ်တောင်းပြတ်တောင်းပေါ်လာတဲ့ သူမသိတဲ့မှတ်ဉာဏ်တွေ တစ်ခါတလေမှာဆို ရှဲ့လန်ရှန်းကရော ရှဲ့လန်ရှန်းဟုတ်သေးရဲ့လားလို့ သူကိုယ်တိုင် သံသယတွေဝင်လာတဲ့အထိ။
ခြောက်လောင်းပြိုင်လူသတ်မှု ကွင်းစက်လူသတ်မှု လူကုန်ကူးမှု အစရှိတဲ့အမှုပေါင်း ၇မှုအထိပါပြီး တစ်မှုချင်းစီက ဝတ္ထုတစ်ပုဒ်သီးသန့်ရေးလို့ရနိုင်တဲ့အထိ ကျယ်ပြန့်နက်နဲပြီးအချိတ်အဆက်မိတာ။ Crime detective genre တွေထဲမှာတောင် သိပ်အထာကျတဲ့ Forensic Artist/Profiler လိုကာရိုက်တာကိုထည့်ထားတာ။ နောက်ပြီး အဓိကဇာတ်လိုက် ၂ယောက်အပြင် အရန်ဇာတ်ကောင်တွေကလည်း လျှို့ဝှက်ချက်တွေ ပဟေဠိတွေအပြည့်နဲ့။
✦
ဇာတ်အိမ်က တအားကျယ်ပြန့်ပြီး အချိုးအကွေ့.တအားလှသလို ဟာကွက်မရှိ ပြီးပြည့်စုံတယ်လို့ဆိုရမယ်။ ဘယ်အပိုင်းလေးကိုမှ စပွိုင်လာမပေးချင်အောင်နှစ်သက်မြတ်နိုးမိလို့ ဒီတိုင်းခံစားချက်လေးပဲရေးပြီးဆွယ်ပါတော့မယ်။
In the Dark ကလေ ဖတ်ရတာ သမုဒ္ဒရာထဲ ရေငုပ်ရသလို ခံစားချက်မျိုးရယ်။ ကျယ်ပြန့်တယ် နက်နဲတယ် ဆန်းကျယ်မှုတွေမျိုးစုံလည်း ကြုံတွေ့ရတယ်။ အရှေ့ကိုကြိုမမြင်ရသလို မှန်းဆဖို့ရာလည်းခက်ခဲတယ်။ ခရီးနက်လာလေ မွန်းကျပ်လာလေခံစားရပြီး အောက်ခြေမှာ ဘာတွေရှိနေမလဲဆိုတာ သိချင်စိတ်ပြင်းပြမိပြန်ရော။
ရှဲ့လန်ရှန်းရဲ့ Identity crisis ဖြစ်မှုကိုဖတ်ပြီး ကိုယ်ပါ ဇဝေဇဝါဖြစ်လာတာ။ ရှေ့ဆုံးအခန်းမှာ Hint အကြီးကြီးထည့်ထားတာကိုဖမ်းမိပြီး ဝမ်းသာအားရဖြစ်မိတာ။ မှန်းနေရင်း မှန်ရောမှန်ရဲ့လားဆိုပြီးသံသယဝင်လာတာ။ စောက်ရမ်းမိုက်တဲ့ ပလော့တွစ်တစ်ခုထက်မကတာတွေနဲ့ ဖြတ်ရိုက်ခံခဲ့ရတာ။ လှည့်ကွက်တွေတိုင်းက မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကျန်ရတာ။ ဓားတွေ Angst တွေ နဲ့ ခေါင်းစားစရာတွေကြားမှာ တဲ့တိုးဆန်ပြီးရှယ်လန်းတဲ့ ကားခန်းတွေက ရင်ခုန်ဖွယ်ရာ။ မြန်မာနိုင်ငံနယ်စပ်တစ်နေရာက ဇာတ်ဝင်ခန်းဆိုရင် လွမ်းမောစရာအပြည့်နဲ့ရှယ်ငိုယူရတာ။ အိုးဟိုး ပြောရရင် တကယ့်ကိုရသစုံ အနှစ်သာရတွေအပြည့်နဲ့ပါ။
Jin Shi Si Chai ရဲ့လက်ရာကိုဖတ်ဖူးတာ In the Dark က၂ပုဒ်မြောက်ပါ။ ပထမတစ်ပုဒ်နဲ့တင် အကြိုက်ဆုံးအော်သာစာရင်းထဲရောက်လာတာ။ ပြီးပြည့်စုံအောင်ကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ ဇာတ်ကောင်တွေအပြင် ဆရာမရဲ့အရေးအသား ရေးဟန်နဲ့ စတိုင်ကိုပါ မဟားတရားပစ်ကြွေတာ။ ကောင်းပေ့ လန်းပေ့ဆိုတဲ့ များပြားလှတဲ့ သန်းမေ့အော်သာတွေထဲ တို့ Taste နဲ့ကွက်တိကျတယ်လို့ပြောရမှာ။ ဒိုင်ယာလော့ခ်တိုင်းကို သဘောကျယူရတာ။
ဒီနိုဗယ်က Live Action လည်းရိုက်ထားသလို Body of Crime ဆိုတဲ့နာမည်နဲ့ Manhua adaptation လည်းထွက်ထားပါတယ်။ Manhua ဆို လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်လောက်ကဖတ်ခဲ့ရတာ။ Eng ver. က Season 1 အပြီးမှာ hiatus ဖြစ်သွားလို့ တန်းလန်းရပ်နေခဲ့တာ။ English physical book လည်း 2nd Edition ထိ ထွက်ထားပါသေးတယ်။
အခုလို မှုခင်းဝတ္ထုအမျိုးအစားတွေက မှုခင်းပညာ စိတ်ပညာကိုလေ့လာပြီး အသေးစိတ်ရေးလို့ တအားဖတ်လို့ကောင်းတာမလား ဒီထဲမှာဆိုလည်း အားစိုက်ထုတ်မှုတွေ အများကြီးမြင်နေရတယ်။ မှုခင်းဝတ္ထုတွေကိုမှသဘောကျရင် ဖတ်ကိုဖတ်သင့်တဲ့ဝတ္ထုလေးတစ်ပုဒ်ပါ။
✧
Remember that I love you.
Remember to always remember this.
Zawgyi
ရွဲ႕လန္ရွန္းကို ခ်စ္မိသြားတဲ့လူေတြအားလုံး ရွဲ႕လန္ရွန္းကိုအလိုလိုမက္ေမာေတာင့္တလိမ့္မယ္၊ အလင္းေရာင္ကို ေတာင့္တသလိုမ်ိဳးေပါ့။
Title : In the Dark | 在黑暗中
Author : Jin Shi Si Chai | 金十四钗
ရွဲ႕လန္ရွန္းရဲ႕ မသိစိတ္ထဲက ေသခ်ာမမွတ္မိနိုင္တဲ့ မွတ္ဉာဏ္ေတြထဲမွာ Bathtub တစ္ခု.. အမ်ိဳးသမီးတစ္ဦးနဲ႕.. ၿပီးရင္.. ၾကမ္းျပင္မွာျပန့္က်ဲေနတဲ့ ေသြးေတြ...။
✦
ရွဲ႕လန္ရွန္းရဲ႕အေဖက မူးယစ္တိုက္ဖ်က္ေရးအရာရွိတစ္ဦးျဖစ္ၿပီး စစ္ဆင္ေရးမွာေသဆုံးခဲ့တာ။ ရွဲ႕လန္ရွန္းလည္း သူ႕အေဖရဲ႕ေျခရာနင္းခဲ့တာ။ လြန္ခဲ့တဲ့ ၇ ႏွစ္ ရဲသင္တန္းေက်ာင္းဆင္းဆင္းခ်င္းမွာ ေ႐ႊႀတိဂံေဒသရဲ႕လက္နက္ကိုင္မူးယစ္ကုန္သြယ္အဖြဲ႕ေခါင္းေဆာင္ မုခြန္းဆီကို လွ်ို႔ဝွက္ေထာက္လွမ္းဖို႔ သူလွ်ိုအေနနဲ႕ေစလႊတ္ခံခဲ့ရတယ္။
ရွဲ႕လန္ရွန္းက Undercover Agent အေနနဲ႕ ၆ ႏွစ္ၾကာေနခဲ့ရၿပီး မုခြန္းရဲ႕ ညာဘက္႐ုံးအထိျဖစ္လာခဲ့တာ။ ရွဲ႕လန္ရွန္းကို မုခြန္းက သူ႕နံေဘးမွာထားၿပီး အေတာ္ေလးသေဘာက်ၿပီး ႐ူးသြပ္ခဲ့တာ။
စစ္ဆင္ေရးအဆုံးသတ္က မုခြန္းက မဲေခါင္ျမစ္ထဲေလယာဥ္ပ်က္က်ၿပီး ေသလားရွင္လားမသိတဲ့အေျခအေနနဲ႕ၿပီးသြားတယ္။
ရွဲ႕လန္ရွန္းျပန္လာေတာ့ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးအဖြဲ႕ကေန မႈခင္းတပ္ဖြဲ႕ထဲေျပာင္းေ႐ႊ႕ခံလိုက္ရတယ္။
ေ႐ႊႀတိဂံေဒသကအျဖစ္အပ်က္ေတြကပဲ ရွဲ႕လန္ရွန္းကိုလႊမ္းမိုးေနမလား ရွဲ႕လန္ရွန္းကိုယ္တိုင္ကပဲ ႐ုန္းမထြက္နိုင္တာလား။
✧
ရွဲ႕လန္ရွန္းရဲ႕ မူလ အက်င့္စရိုက္က စကားနည္းတယ္ တိတ္ဆိတ္တယ္ တည္ၿငိမ္တယ္ ရဲဝန္ထမ္းေကာင္းျဖစ္ခ်င္တယ္။ လွ်ို႔ဝွက္ေထာက္လွမ္းမႈအၿပီး ရွဲ႕လန္ရွန္းရဲ႕စရိုက္က ၁၈၀°ေျပာင္းလဲသြားတယ္။ အရည္ထူၿပီး စ,တတ္ေနာက္တတ္ ပေရာပရည္လုပ္တတ္လာၿပီး စကားေျပာႂကြယ္လာတယ္၊ တအားဉာဏ္နီဉာဏ္နက္မ်ားတဲ့ ျပသနာအိုးျဖစ္လာတယ္၊ ရဲဝန္ထမ္းေကာင္းျဖစ္ခ်င္တာေတာ့ မေျပာင္းမလဲေပါ့။ ရွဲ႕လန္ရွန္းရဲ႕ ေလာ့ဂ်စ္က အဆိပ္ကို အဆိပ္နဲ႕တိုက္ မေကာင္းဆိုးဝါးကို မေကာင္းဆိုးဝါးနဲ႕ဖိုက္ တဲ့။
ရွန္လ်ိဳေဖးက မႈခင္းပုံတူပန္းခ်ီပညာရွင္ျဖစ္ၿပီးေတာ့ မႈခင္းတပ္ဖြဲ႕အတြက္ Profiler လုပ္ေပးဖို႔ ေရာက္လာတာ။ သူက ေအးစက္စက္နဲ႕ အေနတည္ၿပီး အႏုပညာရွင္ပီသတယ္။ တစ္ဖက္မွာက်ျပန္ေတာ့ အတိုက္အခိုက္ေတာ္ၿပီး လွ်ို႔ဝွက္ခ်က္အျပည့္နဲ႕သူ။ ရွဲ႕လန္ရွန္းနား ခ်ည္းကပ္ခဲ့တာလည္း သိပ္မရိုးရွင္းလွဘူး။
ရွဲ႕လန္ရွန္းနဲ႕ရွန္လ်ိဳေဖးက ႏွစ္ဦးသားဆုံလိုက္ရင္မီးပြားေတြလြင့္စင္ထြက္ေနသလိုမ်ိဳး။ တစ္ေယာက္က ေအးတိေအးစက္မာရည္ေၾကာရည္နဲ႕ က်န္တစ္ေယာက္က အရွက္မရွိမ်က္ႏွာေျပာင္တိုက္ၿပီး အီစီကလီေတြရွယ္ေျပာတာ။ သူတို႔အခ်စ္က မီးေတာက္ႀကီးလိုအရွိန္အဟုန္သိပ္ျပင္းတာ။ ဒီတိုင္းစကားေျပာရင္းကို ေစာက္ရမ္း flirtatious ျဖစ္တာဆိုေတာ့ ခုတင္ေပၚမွာေစာက္ရမ္းေဟာ့ၾကတာပါ။ ႏွစ္ဦးသားကို ကံၾကမၼာနဲ႕ခ်ည္ႏွောင္ထားတယ္ဆိုတာကိုလည္း ျငင္းမရနိုင္ဘူး။
ေျခာက္ႏွစ္ၾကာ Undercover လုပ္ခဲ့ရတဲ့ေနာက္ဆက္တြဲအေနနဲ႕ Insomnia, Hallucination, PTSD တို႔အျပင္ Identity crisis ပါျဖစ္လာတာ။ ျပတ္ေတာင္းျပတ္ေတာင္းေပၚလာတဲ့ သူမသိတဲ့မွတ္ဉာဏ္ေတြ တစ္ခါတေလမွာဆို ရွဲ႕လန္ရွန္းကေရာ ရွဲ႕လန္ရွန္းဟုတ္ေသးရဲ႕လားလို႔ သူကိုယ္တိုင္ သံသယေတြဝင္လာတဲ့အထိ။
ေျခာက္ေလာင္းၿပိဳင္လူသတ္မႈ ကြင္းစက္လူသတ္မႈ လူကုန္ကူးမႈ အစရွိတဲ့အမႈေပါင္း ၇မႈအထိပါၿပီး တစ္မႈခ်င္းစီက ဝတၳဳတစ္ပုဒ္သီးသန့္ေရးလို႔ရနိုင္တဲ့အထိ က်ယ္ျပန႔္နက္နဲၿပီးအခ်ိတ္အဆက္မိတာ။ Crime detective genre ေတြထဲမွာေတာင္ သိပ္အထာက်တဲ့ Forensic Artist/Profiler လိုကာရိုက္တာကိုထည့္ထားတာ။ ေနာက္ၿပီး အဓိကဇာတ္လိုက္ ၂ေယာက္အျပင္ အရန္ဇာတ္ေကာင္ေတြကလည္း လွ်ို႔ဝွက္ခ်က္ေတြ ပေဟဠိေတြအျပည့္နဲ႕။
✦
ဇာတ္အိမ္က တအားက်ယ္ျပန႔္ၿပီး အခ်ိဳးအေကြ႕.တအားလွသလို ဟာကြက္မရွိ ၿပီးျပည့္စုံတယ္လို႔ဆိုရမယ္။ ဘယ္အပိုင္းေလးကိုမွ စပြိုင္လာမေပးခ်င္ေအာင္ႏွစ္သက္ျမတ္နိုးမိလို႔ ဒီတိုင္းခံစားခ်က္ေလးပဲေရးၿပီးဆြယ္ပါေတာ့မယ္။
In the Dark ကေလ ဖတ္ရတာ သမုဒၵရာထဲ ေရငုပ္ရသလို ခံစားခ်က္မ်ိဳးရယ္။ က်ယ္ျပန႔္တယ္ နက္နဲတယ္ ဆန္းက်ယ္မႈေတြမ်ိဳးစုံလည္း ႀကဳံေတြ႕ရတယ္။ အေရွ႕ကိုႀကိဳမျမင္ရသလို မွန္းဆဖို႔ရာလည္းခက္ခဲတယ္။ ခရီးနက္လာေလ မြန္းက်ပ္လာေလခံစားရၿပီး ေအာက္ေျခမွာ ဘာေတြရွိေနမလဲဆိုတာ သိခ်င္စိတ္ျပင္းျပမိျပန္ေရာ။
ရွဲ႕လန္ရွန္းရဲ႕ Identity crisis ျဖစ္မႈကိုဖတ္ၿပီး ကိုယ္ပါ ဇေဝဇဝါျဖစ္လာတာ။ ေရွ႕ဆုံးအခန္းမွာ Hint အႀကီးႀကီးထည့္ထားတာကိုဖမ္းမိၿပီး ဝမ္းသာအားရျဖစ္မိတာ။ မွန္းေနရင္း မွန္ေရာမွန္ရဲ႕လားဆိုၿပီးသံသယဝင္လာတာ။ ေစာက္ရမ္းမိုက္တဲ့ ပေလာ့တြစ္တစ္ခုထက္မကတာေတြနဲ႕ ျဖတ္ရိုက္ခံခဲ့ရတာ။ လွည့္ကြက္ေတြတိုင္းက မ်က္လုံးျပဴး မ်က္ဆန္ျပဴးျဖစ္က်န္ရတာ။ ဓားေတြ Angst ေတြ နဲ႕ ေခါင္းစားစရာေတြၾကားမွာ တဲ့တိုးဆန္ၿပီးရွယ္လန္းတဲ့ ကားခန္းေတြက ရင္ခုန္ဖြယ္ရာ။ ျမန္မာနိုင္ငံနယ္စပ္တစ္ေနရာက ဇာတ္ဝင္ခန္းဆိုရင္ လြမ္းေမာစရာအျပည့္နဲ႕ရွယ္ငိုယူရတာ။ အိုးဟိုး ေျပာရရင္ တကယ့္ကိုရသစုံ အႏွစ္သာရေတြအျပည့္နဲ႕ပါ။
Jin Shi Si Chai ရဲ႕လက္ရာကိုဖတ္ဖူးတာ In the Dark က၂ပုဒ္ေျမာက္ပါ။ ပထမတစ္ပုဒ္နဲ႕တင္ အႀကိဳက္ဆုံးေအာ္သာစာရင္းထဲေရာက္လာတာ။ ၿပီးျပည့္စုံေအာင္ေကာင္းမြန္တဲ့ ဇာတ္လမ္းဇာတ္အိမ္နဲ႕ ဇာတ္ေကာင္ေတြအျပင္ ဆရာမရဲ႕အေရးအသား ေရးဟန္နဲ႕ စတိုင္ကိုပါ မဟားတရားပစ္ေႂကြတာ။ ေကာင္းေပ့ လန္းေပ့ဆိုတဲ့ မ်ားျပားလွတဲ့ သန္းေမ့ေအာ္သာေတြထဲ တို႔ Taste နဲ႕ကြက္တိက်တယ္လို႔ေျပာရမွာ။ ဒိုင္ယာေလာ့ခ္တိုင္းကို သေဘာက်ယဴရတာ။
ဒီနိုဗယ္က Live Action လည္းရိုက္ထားသလို Body of Crime ဆိုတဲ့နာမည္နဲ႕ Manhua adaptation လည္းထြက္ထားပါတယ္။ Manhua ဆို လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္ ၃ ႏွစ္ေလာက္ကဖတ္ခဲ့ရတာ။ Eng ver. က Season 1 အၿပီးမွာ hiatus ျဖစ္သြားလို႔ တန္းလန္းရပ္ေနခဲ့တာ။ English physical book လည္း 2nd Edition ထိ ထြက္ထားပါေသးတယ္။
အခုလို မႈခင္းဝတၳဳအမ်ိဳးအစားေတြက မႈခင္းပညာ စိတ္ပညာကိုေလ့လာၿပီး အေသးစိတ္ေရးလို႔ တအားဖတ္လို႔ေကာင္းတာမလား ဒီထဲမွာဆိုလည္း အားစိုက္ထုတ္မႈေတြ အမ်ားႀကီးျမင္ေနရတယ္။ မႈခင္းဝတၳဳေတြကိုမွသေဘာက်ရင္ ဖတ္ကိုဖတ္သင့္တဲ့ဝတၳဳေလးတစ္ပုဒ္ပါ။
✧
Remember that I love you.
Remember to always remember this.