ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼...

Von AvocadojuiceO_2

66.3K 7.2K 498

Start date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit t... Mehr

Synopsis
1
1 Zawgyi
2
2 Zawgyi
3
3 Zawgyi
4
4 Zawgyi
5
5 Zawgyi
6
6 Zawgyi
7
7 Zawgyi
8
8 Zawgyi
9
9 Zawgyi
10
10 Zawgyi
11
11 Zawgyi
12
12 Zawgyi
13
13 Zawgyi
14
15
17
18
Story Glory
19
20
21
22
23

16

1.5K 220 16
Von AvocadojuiceO_2

Chapter 16: အချိန်ပြည့်ပြီ

••••••

ယဲ့ယောင်ရဲ့အဖြေက လုမင်အတွက် တကယ့်ကိုမထင်ထားတဲ့အရာဖြစ်နေသည်။

သူ့မှာ သူငယ်ချင်းတွေ သေချာပေါက်အများကြီးရှိတာပေါ့။ ဒါပေမဲ့ သူနဲ့သူ့သူငယ်ချင်းတွေရဲ့ကြားက ဆက်ဆံရေးမှာ ‘မင်းကငါ့ကိုထိုးရင် ငါကလည်းမင်းကို ဆောင့်ကန်မယ်’ ဟူသောဆက်ဆံရေးမျိုးထက် အဆင့်ပိုရုံပင်။ လုရွှမ်းနဲ့ယဲ့ယောင်လို တကယ်ကိုအရမ်းရင်းနှီးနေတာမျိုးမရှိဘူး။

ဒီအတိတ်ကဖြစ်ရပ်ကို သူ့ခေါင်းပေါ်သာပုံချလိုက်ပြီး သူ့သူငယ်ချင်းများကိုသာပြောလိုက်ရင် သူတော့ တစ်ပါးသူဒုက္ခရောက်တာကိုလှောင်ပြောင်သည့်အရာများသာရလာလိမ့်မည်မှာ သံသယဝင်စရာပင်မလို။ ‘အဲ့ဒါငါတို့မင်ကောက အရမ်းချောတာကိုး၊ ဒီကရှောင်လင်းရဲ့နှလုံးသားကိုတောင် ခုန်လှုပ်သွားစေပြီ’ ‘နှလုံးခုန်သံတွေမြန်လာပြီ၊ မင်ကော ကျေးဇူးပြုပြီးငါ့ကိုလက်ထပ်ပါ’ ဟူသည့် ဒီလိုသောက်ရေးမပါသည့်စကားတွေတောင် သူရလာနိုင်သည်။ ပြီးတော့ ထိုစကားတွေက လုံးလုံးကိုအဓိပ္ပာယ်မရှိတဲ့တုံ့ပြန်ချက်တွေပင်။

တိုတိုပြောရရင် လုရွှမ်းရဲ့ငယ်သူငယ်ချင်း အမှားလုပ်ခဲ့တာကို ဘယ်သူကမှအေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖျာနေမှာမဟုတ်။

ငယ်သူငယ်ချင်းရဲ့ ရှူထောင့်ကနေ ဘယ်သူကတွေးကြည့်မှာလဲ?

ဒါပေမဲ့ ယဲ့ယောင်ရဲ့အဖြေက သူတွေးထားတဲ့ ငါးမျှားစနစ်နဲ့ မိုင်ထောင်ချီလောက်ဝေးကွာနေတယ်! ဒီနေရာမှာ ဘာငါးမှမျှားမနေဘူးဟ၊ အဲ့ငါးမျှားတံကို တစ်စစီဆွဲဖြုတ်ဖို့ ငါမစောင့်နိုင်တော့ဘူး။ (ငါးမျှား= ရေလာမြောင်းပေး)

ဒါမှမဟုတ် ဒါကပညာတော်သင်တွေရဲ့ ချင့်ချိန်စဥ်းစားဆင်ခြေတတ်တဲ့နည်းလမ်းများလား?

ကွဲလွဲနေတဲ့အချက်တွေကြောင့် လုမင်မှာလွယ်လင့်တကူ အဆုံးအဖြတ်မလုပ်ရဲချေ။ ထို့ကြောင့် သူသည် ရယ်ပဲရယ်နိုင်တော့သည်။ "ကောမှန်တယ်။ ဟီးဟီး ယဲ့ကောက တကယ်ပါရမီရှိတာပဲ!"

လုမင်က ဆက်ပြောချင်သေးပေမဲ့ တစ်စုံတစ်ယောက်ကသူ့ခေါင်းကို အနောက်မှရုတ်တရတ်ဖြတ်ရိုက်လိုက်သည်။

"မင်းကဘာကိစ္စတခြားသူရဲ့မျက်နှာကို ဒီလိုစူးစိုက်ကြည့်နေရတာလဲ? ရိုင်းစိုင်းနေတာ" လုရွှမ်းရဲ့အသံက အနောက်မှထွက်ပေါ်လာသည်။ သူကသန့်စင်ခန်းမှ ပြန်လာပြီးနောက် သူ့ဝမ်းကွဲကိုသင်ခန်းစာပေးနေလေ၏။ အဲ့ဒီနောက် သူ့ထိုင်ခုံနေရာသို့ ဖြည်းညင်းစွာရောက်လာပြီး ယဲ့ယောင်အားမေးလိုက်သည်။ "ငါမရှိတုန်း အဲ့ကောင်မင်းကိုအနိုင်ကျင့်သေးလား?"

ယဲ့ယောင်ခေါင်းခါပြလိုက်မှ လုရွှမ်းကကျေနပ်သွားသည်။

သူတို့မှာထားသည်များ စားပွဲသို့ရောက်လာသည့်အခါ  လုမင်က သူ၏တူကိုကောက်ကိုင်ပြီး စိတ်ဆိုးစွာနှင့်ပြောလိုက်သည်။ "လာနောက်နေတာလား? ကျွန်တော်ကလူကောင်းလေးပါဗျာ။ ဘာလို့လူတွေကို အနိုင်ကျင့်ရမှာလဲ!"

အစားအသောက်နဲ့ပတ်သတ်တဲ့ ကျင့်ဝတ်ထုံးတမ်းတွေအရ လုမင်ဟာအိမ်၌ စည်းကမ်းရှိတဲ့သားတစ်ယောက်ဖြစ်ပြီး ဘော်ဒါတွေနဲ့အပြင်ထွက်စားရင်တော့ စားပွဲပေါ်ရှိသမျှ အကုန်လုယက်ပြီးသားပင်။

ပထမဆုံးရိုက်ချက်က ပြင်းပြီး နောက်ဆုံးရိုက်ချက်က နာကျင်စေတယ်။ သူတို့အားလုံးက သူငယ်ချင်းတွေပဲမို့ ယဥ်ကျေးရည်မွန်ပြီး ပေါက်ကရလောကဝတ်တွေကို ဟန်ဆောင်ပြသရမှာ ပျင်းစရာကြီးမလား?

လုရွှမ်းက သူ့ရဲ့ဝမ်းကွဲဆိုသော်လည်း နှစ်ယောက်ကအမြဲတမ်းသူငယ်ချင်းတွေလိုပင်။ လုမင်က ဘာသိက္ခာမှစောင့်စည်းစရာမလို၍ သူ့ရဲ့တူတွေက သူကြိုက်တဲ့အသားဆီတဖြောင့်တည်းရောက်သွားသည်။

သို့သော်လည်း အသားတုံးကိုယူရုံရှိသေး သူနဲ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသောလုရွှမ်းမှာ သူ့တူကိုအလွန်လျင်မြန်စွာ ဘေးသို့ပုတ်ထုတ်လိုက်ပြီး အရသာအလွန်ရှိပုံရသည့် အသားတုံးကြီးအားယူသွားလေသည်။

" ဟမ့်! ကျွန်တော် ကောကိုမတွေ့တာကြာနေပေမဲ့ ကောရဲ့တိုက်ခိုက်တဲ့အရှိန်က တကယ်ကိုတိုးတက်..."  လုမင်ကသူပြောနေတဲ့စကားကို အလယ်မှာပဲရုတ်တရတ်ရပ်လိုက်ပြီး သူနဲ့ဆန့်ကျင်ဘက်ရှိလူအား သရဲတစ်ကောင်မြင်လိုက်ရသလို စူးစိုက်ကြည့်လိုက်တယ်။

အဲ့အခိုက်အတန့်ကြောင့်ပေါ့ ..... လုရွှမ်းကသူကိုယ်တိုင်လုယူထားတာကို မစားပဲ ယဲ့ယောင်ရဲ့ပန်းကန်လုံးထဲသို့ထည့်ပေး၍ နူးညံ့စွာပြောလေတယ် " ဒါလေးစားကြည့်၊  အရသာရှိမယ့်ပုံပဲ"

ယဲ့ယောင်ရဲ့အမူအရာက အနည်းငယ်အကူအညီမဲ့နေပြီး "မင်းငါ့ကိုကူထည့်ပေးစရာမလိုပါဘူး။ ငါ့ဘာသာယူလို့ရတယ်။ မင်းဘာသာ စားစရာရှိသာစား"

"မဖြစ်ဘူး။ မင်းသူနဲ့ပြိုင်ပြီးအမြန်စားနိုင်မှာမဟုတ်ဘူး။ ငါသာမကူညီရင် မင်းစားဖို့ဘာမှကျန်မှာတောင်မဟုတ်ဘူး။" လုရွှမ်းက ပြတ်ပြတ်သားသား ငြင်းဆိုသည်။

မျက်နှာချင်းဆိုင်၌ထိုင်နေပြီး ဒါတွေအကုန်လုံးကိုကြည့်နေရတဲ့ လုမင် : "......"

ဘယ်လိုတောင်လား? အဖြောင့်မဟုတ်တဲ့လူတွေရဲ့အလင်းရောင်ကြောင့် သူထပ်ပြီးမျက်စိကန်းပြန်တာလား? အာအရမ်းကိုမျက်စိကျိန်းလွန်းတယ်!

လုရွှမ်းက အခြားတစ်ယောက်ကို အစားအစာတွေတကယ်ကြီးထည့်ပေးတာတဲ့လား? လုရွှမ်းက ဒီလိုလူသားဆိုင်ရာ ဂရုစိုက်မှုမျိုးကို ပါဝင်ဖို့အရမ်းအပျင်းကြီးလွန်းတယ်မဟုတ်လား?

လုမင်သည် သူတစ်ခါကရေးခဲ့ဖူးသည့် မှတ်တမ်းကို ပြန်အမှတ်ရလိုက်သည်။ မှတ်တမ်းရဲ့ခေါင်းစဥ်က “မင်းရဲ့အနီးအနားကလူတွေ မင်းကိုကြိုက်နေလား မကြိုက်ဘူးလားဆိုတာ ဘယ်လိုအကဲဖြတ်မလဲ?”

ထိုထဲတွင် ပြထားသောဆက်ဆံရေးတစ်ခု၌ အထူးခြားဆုံးဖြစ်သည့် အပိုဒ်ငယ်တစ်ခုပါဝင်သည်။ အဲ့ဒါကအစားစားချိန် လူတစ်ယောက်တည်းအတွက် အစားအသောက်ထည့်ပေးတာမလား?

လုမင် ခဏလောက်စဥ်းစားပြီးနောက် ဟာသနှောသည့်အသံဖြင့် "ကောတို့နှစ်ယောက်က အရမ်းချစ်ကြည်နူးနေတာပဲ၊ ကျွန်တော်ကဒီမှာ ခွေးစာလာစားနေရတာလား?"

ထိုစကားကိုကြားတော့ ယဲ့ယောင်မှာတုံ့ဆိုင်းသွားပြီး လုရွှမ်းမှာတော့ညည်းသံပြုလုပ်လာကာ "မင်းက ကိုယ့်ကိုယ်ကိုတော့ အတော်လေးသိသားပဲ။ တော်တယ် နှစ်သစ်ကူးရက်ငါအိမ်ပြန်လာရင် မင်းအတွက်စာအိတ်နီအကြီးကြီးပေးမယ်"

လုမင် : "......"

သေစမ်း၊ ဒီလိုဟာသကို အရမ်းမြန်မြန်ကြီးပြန်ဖြေရလားဟ?

လုရွှမ်းရဲ့အပြုအမူတွေက မှတ်တမ်းထဲကအချက်တွေနဲ့ ဘာလို့ကိုက်ညီနေရတာလဲ?

နေ့လည်စာ စားပြီးတဲ့နောက်မှာ လုမင်ရဲ့စိတ်တွေက ပရမ်းပတာဖြစ်လို့နေတယ်။ ယဲ့ယောင် သန့်စင်ခန်းသို့သွားသည့်အခါ လုရွှမ်းကိုမေးခွန်းမေးမည့်အခွင့်အရေးအား ချက်ခြင်းပင်ဖမ်းဆုပ်လိုက်သည်။ "ကောကို ကျွန်တော်မတွေ့တာကြာလို့လားပဲ၊ ကောဖြောင့်သေးရဲ့လား?"

လုရွှမ်းရဲ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားကာ နှာရှုံ့လိုက်သည်။ " မင်းရန်ဖြစ်ချင်လို့ တော်တော်ယားနေတာလား? မင်းသာဂေးရင် ဂေးသွားလိမ့်မယ်၊ ငါဘယ်တော့မှ ဂေးမှာမဟုတ်ဘူး"

"ဒါပေမဲ့ ......" လုမင် ရပ်လိုက်ပြီး သင့်လျော်မည့် စကားလုံးအချို့ကို ဂရုတစိုက်ရွေးချယ်လိုက်သည်။ "ကော သတိမထားမိဘူးလား။ ကောအပြုအမူတွေက တစ်ချက်တစ်ချက် နည်းနည်းဂေးသွားတာ။ အထူးသဖြင့် ယဲ့ယောင်နဲ့ အတူရှိတဲ့အချိန်တွေပေါ့"

လုရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။

သူ့ရဲ့ လက်ချောင်းထိပ်တွေဖြင့် စားပွဲကိုတဒေါက်ဒေါက်ခေါက်ရင်း စဥ်းစားနေပြီး နောက်ဆုံးတော့ သူ့ရဲ့မျက်လုံးကိုပင့်လာတော့သည်။

"မင်းမှာ ဒီလိုအရင်းနှီးဆုံးသူငယ်ချင်းမျိုးမရှိဘူးဆိုရင် မင်းနားလည်မှာမဟုတ်ဘူး"  လုရွှမ်းက ဖြည်းညင်းစွာပြောသည်။ "အဲ့ဒါက မိသားစုချစ်ခြင်းကြောင့် မင်းရဲ့အမေက မင်းကိုဟင်းသီးဟင်းရွက်တွေထည့်ပေးသလိုပေါ့၊ အချစ်ကြောင့်မဟုတ်ဘူး"

"ဒါပေမဲ့ ......" လုမင် မသိစိတ်အရ ပြန်လည်ချေပချင်ပေမဲ့ လုရွှမ်းထံမှ ကြားဖြတ်ခံလိုက်ရသည်။

"ခံစားချက်တွေအတိုင်းလိုက်ပြီး တုံးတုံးအအ အတိုချုံးတွေဘာလို့လုပ်နေရတာလဲ? မင်းရဲ့အတွေ့အကြုံတွေက ဒိတ်အောက်နေပြီ။ အက်ပ်ဒိတ်လုပ်လိုက်တော့။ ငါဂေးလား မဂေးလား မင်းထက်တောင် ငါကပိုသိသေးတယ်?"

လုရွှမ်းက သူ့အခြေအနေ သူအရမ်းသေချာနေတာဆိုတော့ လုမင်မှာ ကိုယ့်ကိုကိုယ်မယုံမကြည်တောင် ဖြစ်လာစေသည်။

အဲ့လိုဆိုမှတော့ ဒါ အာရုံခံစားမိနေတာလား?

တကယ်လို့ လုရွှမ်းသာကွေးသွားမယ်ဆို ဖုံးကွယ်နေစရာမှမလိုတာ။

လုရွှမ်းက ဖြောင့်နေဆဲဆိုရင် ယဲ့ယောင်ကရော?

လုရွှမ်းကိုကြိုက်နေတဲ့တစ်စုံတစ်ယောက် ဘာတွေဖြစ်နေလဲဆိုတာ အဖြောင့်တစ်ယောက်ကတော့ အေးအေးဆေးဆေးသိနိုင်လောက်လား?

ယဲ့ယောင်က တစ်ခုခုတော့တစ်ခုခုပဲလို့ သူခံစားနေရဆဲပင်။

တစ်ရက်တာရဲ့ ထိတွေ့ဆက်ဆံသည့်အချိန်က ကောက်ချက်ဆွဲချဖို့ရာ အလွန်တိုတောင်းလွန်းသည်။ စောင့်ကြည့်လေ့လာဖို့ သူအချိန်လိုသည်။

လုမင် ခဏလောက်စဥ်းစားပြီးနောက် လုရွှမ်းကိုမေးလိုက်သည်။ "ကော ဆောင်းရာသီအားလပ်ရက်အတွင်း ကျွန်တော်တို့နဲ့ကစားဖို့ ယဲ့ယောင်ကိုပါခေါ်လာဖို့အစီအစဉ်ရှိလား?"

"အင်း ရှိတယ်" လုရွှမ်းကမဖုံးကွယ်ဘူး။ "တရုတ်နှစ်သစ်ကူးအတွင်း သူတို့ပြည်နယ်ဘက်က နှင်းတွေမကျဘူး။ နှင်းတွေဝေဝေဆာဆာကျနေတဲ့ နွေဦးပွဲတော်ဘယ်လိုလဲဆိုတာ သူမသိဘူးတဲ့။ ဒီနှစ်တော့ သူ့ကိုအိမ်ခေါ်လို့ရမလား ကြည့်ဦးမယ်"

လုမင်က ဝမ်းသာအားရခေါင်းညိတ်လိုက်သည်။

နွေဦးပွဲတော်အတွင်း လုရွှမ်းအိမ်ကို သွားလည်ဖို့က သူ့အတွက်လွယ်ကူသည်။ ပြီးရင်တော့ ယဲ့ယောင်ကို သူအနီးကပ်စောင့်ကြည့်လို့ရပြီပင်။

သူယဲ့ယောင်ကို စောင့်ကြည့်နေရင်း ယဲ့ယောင်ကလုရွှမ်းကို တကယ်ပဲသဘောကျနေတာ သေချာတယ်ဆိုရင် ......
သူဘာလုပ်ရမလဲ?  လုရွှမ်းရဲ့ညီအစ်ကိုတစ်ယောက်အနေနဲ့ လိင်တူဆက်ဆံတာမုန်းတီးသည့်လုရွှမ်းကို သူသေချာပေါက်ပြောရမှာပေါ့။ ဒါမှမဟုတ် ယဲ့ယောင်ကိုပဲ ပွင့်ပွင့်လင်းလင်းပြောပြီး လုရွှမ်းနဲ့ဝေးဝေးနေဖို့ ပြောရမလား။

ဒါကသူ စုံတွဲကို တုတ်နဲ့လိုက်ရိုက်ချင်တာ မဟုတ်ရပါဘူး။ အတိတ်ကသင်ခန်းစာတွေကို မှတ်မိနေရုံပဲ။
(အဆင်ပြေနေတဲ့စုံတွဲကိုသွေးခွဲတာမျိုးကိုပြောတာပါ)

လုရွှမ်းမှ ယောက်ျားတွေကိုမကြိုက်တာ။ အဆုံးမှာယဲ့ယောင်ရဲ့မျက်နှာအစိတ်စိတ်အမွှာမွှာကွဲအက်သွားမယ့်  ရုပ်ဆိုးဆိုးမြင်ကွင်းကိုစောင့်နေမယ့်အစား သူကစောနိုင်သမျှစောစောဖြတ်ရမည်။

* * * * *

လုမင်ကို ပြန်ပို့ပြီးနောက် နောက်ဆုံးစာမေးပွဲအတွက် ပြန်လေ့လာပြီး ပြင်ဆင်ဖို့အချိန်ရောက်ပြီပင်။

သူ့ရဲ့ပညာသင်ဆုကို မဆုံးရှုံးချင်တာကြောင့် ယဲ့ယောင်က စာမေးပွဲတိုင်းကို သေချာဂရုတစိုက်လေ့လာပြင်ဆင်ခဲ့သည်။

အတန်းကိုစောစောသွားတက်ပြီး နောက်ကျမှ စာကြည့်တိုက်ကပြန်လာသည်က ပုံမှန်လည်ပတ်မှုပင် ပြီးတော့ လုရွှမ်းကအမြဲတမ်းသူနဲ့အတူရှိသည်။

အိပ်ဆောင်မှ စာကြည့်တိုက်သို့သွားသည့်လမ်းတွင် အနွေးဓာတ်မရှိတာကြောင့် အချိန်တိုင်းသူတို့ရှေ့တိုးနောက်ငင်နှင့် အအေးတောထဲသွားဖို့ သူတို့ရဲ့မပျင်းမရိစိတ်ဆန္ဒကိုသာလိုအပ်သည်။

လုရွှမ်း ယဲ့ယောင်ရဲ့လက်ကို သူ့အိတ်ကပ်ထဲသို့ထည့်လိုက်ပြီး နွေးသွားအောင်ဆုပ်ကိုင်ထားလိုက်သည်။ အခြားတစ်ဖက်ကိုလည်း သူ မကိုင်ထားရ၍ အနည်းငယ်တော့စိတ်မကောင်းဖြစ်သွားမိသည်။

"လက်အပူပေးကိရိယာအသေးလေးတစ်ခု ငါဝယ်ပေးမယ်။ မင်းရဲ့လက်တစ်ဖက်ကို ငါအနွေးဓာတ်ပေးနေရင် နောက်တစ်ဖက်ကလည်း လက်အပူပေးကိရိယာလေးကြောင့် နွေးနေမှာ။ ဒါဆိုမင်းအေးတော့မှာ မဟုတ်ဘူး။" လုရွှမ်းရဲ့အမူအရာက လေးနက်နေသည်။

"ငါမအေးပါဘူး"  ယဲ့ယောင်က တိုးတိုးလေးပြန်ဖြေလိုက်သည်။

" ဒီအခြေအနေမှာ တခြားသူတွေကို မင်းလိမ်ရင်လိမ်လို့ရမယ် ဒါပေမဲ့ငါ့ကိုတော့ အရူးလုပ်လို့မရဘူးနော်"  လုရွှမ်းကနှာမှုတ်လိုက်ကာ " မင်းငါ့ကို ဘာလို့ အရူးလုပ်လို့မရလဲ သိလား? ဘာလို့လဲဆိုတော့ ချမ်းအေးနေတဲ့သူက မင်းဆိုပေမဲ့ နာကျင်ရတဲ့သူက ငါ့နှလုံးသားလေးဖြစ်နေလို့ပဲ"

ယဲ့ယောင်ရဲ့ မျက်တောင်မွေးလေးတွေ အနည်းငယ်တုန်ယင်သွားခဲ့သည်။

နှင်းပွင့်ချပ်လေးတွေ သူတို့ပုခုံးပေါ် ကြွေကျလာခဲ့ကာ အနက်ရောင်ဆံပင်တွေပေါ် အဖြူရောင်မျက်နှာပြင်အလွှာလေးတစ်လွှာ ဖြည်းညင်းစွာဖုံးလွှမ်းသွားခဲ့ပြီး ဆံပင်ဖြူတွေနဲ့လူအိုကြီးတစ်ယောက်ကဲ့သို့ သူ့ကိုအနည်းငယ်ခံစားသွားရစေသည်။

လုရွှမ်းရဲ့လက်က အတော်လေးနွေးထွေးတယ်။ ဆောင်းရာသီမှာ မီးလင်းဖိုရှေ့ရပ်နေရသလိုပင်။ သို့ပေမဲ့ ထိုအနွေးဓာတ်က တစ်ယောက်သောသူအတွက်သာဖြစ်သည်။

သူ့ရဲ့ဆင်ခြင်တုံတရားကို ပျက်စီးသွားစေမည့် ရင်းနှီးသည့်ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတောင်မရှိပါပဲနှင့် ဒီလိုတိတ်ဆိတ်အေးချမ်းသည့်အခြေအနေတွင် ဘေးချင်းကပ်လျှောက်ခြင်းဖြင့် ယဲ့ယောင်ရဲ့နှလုံးသားကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နိုင်ဆဲပင်။

လုရွှမ်းရဲ့လက်ချောင်းတွေနဲ့ သူ့ရဲ့လက်ချောင်းတွေက အတူတူရောယှက်နေကြသည်။  သူနည်းနည်းလောက်လှုပ်လိုက်တာနဲ့ လုရွှမ်းရဲ့လက်ချောင်းတွေက လွှမ်းမိုးခြယ်လှယ်ရင်း သူ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားလိမ့်မည်။ အိတ်ကပ်ထဲရှိ နေရာသေးသေးလေးထဲ၌ လက်နှစ်ဖက်မှာ တင်းကြပ်မြဲမြံစွာဆုပ်ကိုင်ထားကြသည်။

ယဲ့ယောင် တိုးလျနှေးကွေးစွာပြောလိုက်တယ်။ "ငါမင်းကို  နောက်ဆုံးတစ်ခေါက်က ပြောဖူးတယ်ထင်တယ် ...... မင်းစကားပြောရင် အဲ့လိုအရာတွေမပြောနဲ့လို့။ ငါနေသားမကျဘူးလို့လေ ဟုတ်တယ်မလား?"

" ငါမေ့သွားလို့။ မရည်ရွယ်ပါဘူး။ ဒါကမင်းနဲ့အမြဲတမ်းပြောတဲ့ပုံစံပဲဟာ" လုရွှမ်းက မပီမပြင်ပြောလာသည်။

ယဲ့ယောင်အရင်ကဘာပြောခဲ့လဲကို သူသေချာပေါက်ကိုမှတ်မိတာပေါ့။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ကိုယ်ပိုင်ယူဆချက်ကိုလည်း မှတ်မိသည်။ ယဲ့ယောင်က တကယ်တော့ သူအဲ့လိုအရာတွေကိုပြောတာကြိုက်သည်။ ဒါပေမဲ့ သူကခေါင်းမာပြီးရင်း ခေါင်းမာနေခဲ့သည်။ ဒီလိုစကားတွေကိုဆက်ပြောတာက သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပိုနီးစပ်စေမည့် တံတားတစ်စင်းဖြစ်နိုင်ပေသည်။

သူ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်တာပင်။

ယဲ့ယောင် ဘာမှပြန်မဖြေတော့ပဲ လုရွှမ်းထံမှဆုပ်ကိုင်ခံရပြီး ကျောင်းဝင်းလမ်းတစ်လျှောက် တစ်လှမ်းပြီးတစ်လှမ်းလျှောက်သွားတော့သည်။ ဖြူစွတ်နေသောနှင်းတွေပေါ် နင်းသွားသည့်ခြေလှမ်းတိုင်းက သူ့နှလုံးသားပေါ်နင်းခြေသွားသလို။

မကြာမီ နောက်ဆုံးစာမေးပွဲပြီး၍ ဆောင်းရာသီအားလပ်ရက် တစ်လကျော်ရောက်လာတော့ပေမည်။ ထိုတစ်လကျော်ကြာအောင် လုရွှမ်းကိုသူမြင်တွေ့နိုင်မည်မဟုတ်တာကြောင့် သူ့ခံစားချက်တွေကို ဖြည်းညင်းစွာထုပ်ပိုးပြီး သူ့စိတ်ကိုထိန်းညှိနိုင်သည်။

သူသည် ခြေလှမ်းတိုင်းကို အမှားမကျူးလွန်ဝံ့ပဲ ကောင်းကင်၌ ချိတ်ဆွဲဆိုင်းငံ့ထားသည့် ကြိုးတစ်ချောင်းပေါ်လျှောက်လှမ်းနေရသလိုပင်။ ယခုတွင် ဝိုင်ရာကြိုး၌  အက်ရာတစ်ခုရှိနေရာ ပြန်ပြင်မှဖြစ်မည် မဟုတ်ပါက တစ်နေ့တွင် သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ရလိမ့်မည်။

သူ့ခံစားချက်တွေကို စစ်ထုတ်ပြီး လုရွှမ်းနဲ့ဝေးဝေးနေဖို့  တစ်လကျော်လောက်ရှိရာ ဒါက လုံလောက်ပေသည်။

ဒီလတွင် လုရွှမ်းမရှိရင် ဘာဖြစ်သွားမလဲ ယဲ့ယောင်ကိုယ်တိုင်တောင်မသိပေ။ ကံကောင်းထောက်မစွာနဲ့ပဲ အချိန်ရှိနေသေးသည်။

* * * * *

ယဲ့ယောင် ရေချိုးနေစဥ် လုရွှမ်းသည် သီချင်းလေးညည်းလျက် သူ့ဖုန်းကိုထုတ်ကာ ယဲ့ယောင်အမေရဲ့ WeChatကိုဖွင့်လိုက်သည်။

ကောင်းမွန်သည့်စကားလုံးတွေ အတွဲလိုက်ပြောပြီး ယဲ့ယောင်ရဲ့အမေကို ပျော်ရွှင်ရယ်မောစေပြီးနောက် သူ့ရဲ့နောက်ဆုံးပန်းတိုင်သို့ ရောက်ရှိလာတော့သည်။

【အန်တီ ကျွန်တော်ကတရုတ်နှစ်ကူးအတွင်း အန်တီတို့ဆီလာလည်ချင်တာဗျာ ပြီးတော့ ယဲ့ယောင်ကိုလည်း ကျွန်တော်တို့မြောက်ဘက်ကနွေဦးပွဲတော်ကို ကြည့်ဖို့ခေါ်သွားချင်တာ၊ အဲ့လိုဆို ရပါ့မလား?】

ယဲ့ယောင်ရဲ့ အမေက နူးညံ့သိမ်မွေ့စွာပြန်ဖြေလာသည်။ 【 ဒါပေါ့ ရတာပေါ့ကွယ်။ အန်တီတို့မိသားစုက အပြင်ကိုလျှောက်မလည်ဖြစ်ဘူးလေ။ သားဘယ်အချိန်ပဲဖြစ်ဖြစ် လာခဲ့ မင်းကိုကြိုဆိုတယ်】

လုရွှမ်း : 【ကျေးဇူးတင်ပါတယ် အန်တီ။ ကျွန်တော် နှစ်သစ်ဒုတိယရက်ကျ အဲ့ကိုလာခဲ့မယ်။ ကျွန်တော့်ကိုယဲ့ယောင်ဆီကနေ အရင်ဆုံးကူပြီးလျှို့ဝှက်ပေးထားဦးနော်။ ယဲ့ယောင်ကို ကျွန်တော်  surpriseလုပ်ချင်လို့】

ယဲ့ယောင်ရဲ့အမေက အံ့ဩသွားကာ : 【 နှစ်သစ်ဒုတိယရက်လား။ မင်းမိသားစုရဲ့ သဘောထားကရော? ဘာမှမပြောဘူးလား】

လုရွှမ်း : 【မပြောဘူး။ သူတို့လည်း ယဲ့ယောင်ကို အရမ်းသဘောကျနေကြတာ။ သူနဲ့ကျွန်တော့်မှာ ကောင်းတဲ့ဆက်ဆံရေးရှိတာ သူတို့အားလုံးသိကြတယ်လေ။ ကျွန်တော်ဒါကို ကောင်းကောင်းမြတ်နိုးနိုင်ပါစေလို့ မျှော်လင့်တယ်】

ယဲ့ယောင်၏အမေက ရယ်မောလိုက်ကာ : 【ဟုတ်တာပေါ့၊ ဒီခေတ်ကြီးထဲမှာ အရင်းနှီးဆုံးသူငယ်ချင်းဆက်ဆံရေးရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ မင်းဒီဆက်ဆံရေးကို ကောင်းကောင်းထိန်းသိမ်းနိုင်ပါစေလို့ အန်တီမျှော်လင့်တယ်】

ယဲ့ယောင်အမေနဲ့ စကားဝိုင်းပြီးဆုံးသွားပြီးနောက် လုရွှမ်းတစ်ယောက် နှစ်သစ်ရဲ့ဒုတိယမြောက်ရက်မှာ ယဲ့ယောင်အိမ်ဆီသို့ ပျံသန်းဖို့ရာ လေယာဉ်ကို ပျော်ရွှင်စွာနဲ့ကြိုတင်ဘိုကင်လုပ်ထားလိုက်သည်။

ပြီးခဲ့သည့် ဆောင်းရာသီအားလပ်ရက်အတွင်း ယဲ့ယောင်ကို တစ်လလောက်သူမတွေ့ရသည်မှာ အလွန်ပင်ခက်ခဲသည်ဟု သူခံစားခဲ့ရသည်။ နေ့တိုင်း ဗီဒီယိုကောလ်တွေပြောနေရင်တောင် အလွန်ပင် သက်တောင့်သက်သာမရှိဖြစ်နေဆဲ။

အခုတစ်ခေါက်တော့ နှစ်သစ်ရဲ့ဒုတိယမြောက်ရက်မှာ ယဲ့ယောင်နဲ့အတူရှိနေရတော့မည်။ သူတို့နှစ်ယောက်ခွဲခွာရမည့် နေ့ရက်များသည် အလွန်တိုတောင်းကြောင်း သူ့လက်ချောင်းတွေဖြင့် ရေတွက်နေခဲ့သည်။

သူ့ရဲ့ရုတ်တရတ်ရောက်ရှိလာခြင်းက ယဲ့ယောင်ကိုပျော်ရွှင်သွားစေမည်မှာ သေချာပေါက်ပင်ဖြစ်သည်။

×××××××
Thanks for Reading
28/1/2024

Weiterlesen

Das wird dir gefallen

443K 88.8K 124
Original Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပည...
4.8M 302K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.7M 294K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...