လရောင်ဖြာမှ...အေးသောကြောင့်(လ...

Hsu_BlueRose tarafından

56.6K 4.6K 763

Unicode '' ကံကြမ္မာဆိုတဲ့ အရာတောင် အသက်အတွက်ဆို ပြောင်းပြန်လှန်ပစ်မှာ မို့ မောင့်လက်ကိုသာရဲရဲတွဲထားပါ အသက်ရယ်... Daha Fazla

Intro🧡
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
hello
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)

အပိုင်း(၂၄)

574 63 4
Hsu_BlueRose tarafından

'' သေသွားပြီ..သေသွားပြီး ဟုတ်တယ်မိမိက သေသွားပြီ ''

ဒေါ်မာရင်မြင့် တစ်ဖက်အိမ်မှ ပြန်ပြေးလာပြီးအခန်းထဲရောက်သည်နှင့် တုန်တုန်ရီရီနှင့်သာခေါင်းတစ်ခါခါဖြစ်နေသည်။ လူရိပ်မြင်လို့သာ ပြန်ပြေးလာခဲ့ပေမဲ့ မီးအိမ်အောက်တွင် ခဏမြင်လိုက်ရသည့်မျက်နှာ​အားမျက်စိထဲတွင်​ဖျောက်မရပေ။

''ကြောက်ပါပြီသခင်မကြီးရယ် မိမိ အား! ..ကယ်ကြပါ...ကယ်ကြပါ''

'' နင့်ကိုကယ်မယ့်လူ ဘယ်သူမှမရှိဘူး ။ကိုတင်ညွှန့်..!''

အရှေ့မှ သွေးရူးသွေးတမ်းနှင့်ပြေးနေသော မိမိအား ဒေါ်မာရင်မြင့် ဇိမ်နှင့်ထိုင်ကြည့်ရင်း ကိုတင်ညွန့်အား အမိန့်ပေးလိုက်လေသည်။

'' ဒုန်း!''

'' အား ! ''

မိမိ၏ မချီ့မဆန့် အော်သံကြီးအား ကြားလိုက်ရသည့်အဆုံးတွင် ဒေါ်မာရင်မြင့် မဲ့ပြုံးသာ ပြုံးလိုက်မိသည်။ ဒီလောကကြီးထဲမှာ သူကိုပြိုင်နိုင်မယ့်လူ ဘယ်သူမှမရှိတော့ဘူး။

'' ဂျောက်ထဲ ကျသွားကြီထင်တယ် သခင်မကြီး ''

'' ကောင်းတယ် ထားလိုက်။ ဒီကိစ္စကို မင်းဆရာမသိစေနဲ့။ အို ဘယ်သူမှမသိစေနဲ့ မင်းနဲ့ငါနဲ့ပဲသိပါစေ။ အဖိုးခကိုမင်းလိုချင်သလောက်ပေးမယ်။ ''

'' သူဌေးကြီးက မိမိကိုမေးရင်ရော သခင်မကြီး ''

'' မင်းမှတ်ထားဖို့က ငါဒီနေ့မင်းတို့နဲ့အတူမရှိဘူး။ ငါက စံအိမ်မှာ။ မင်း မိမိကို လိမ္မော်ခြံထဲလိုက်ပြရင်း မိုးရွာလို့ ကားဘီး​ချော်ကျပြီး မိမိဂျောင်ထဲကျသွားတယ် ဒါပဲ။ မှတ်မိသလား ။ ''

'' ဟုတ်ကဲ့ပါ သခင်မကြီး ''

'' အေး ရန်ကုန်ပြန်ရောက်ရင်မင်းမိန်းမတင်တင်မူကို အိမ်လွှတ်လိုက် အဖိုးခကို တောင်းသလောက်ရှင်းပေးမယ်။ ''

အမြဲတမ်း အူတူတူအတတ မိမိကြောင့် သူတို့စီစဥ်ထားတဲ့အတိုင်း ဘယ်သူမှသံသယ မဝင်ဘဲ အဆင်ပြေပြေဖြစ်ခဲ့လေသည်။ အိမ်ဖော်မတစ်ယောက်ကို ဘယ်သူကများ အရေးလုပ်နေမှာတုန်း။ အလောင်းရှာမတွေ့တော့ပေမဲ့ မေမြို့မှာပဲ ရက်လည်လုပ်လိုက်ပြီး မိမိ၏ ကိစ္စတွေက သူစီစဥ်ထားတဲ့အတိုင်းဖြစ်ခဲ့လေသည်။

'' ဟင်းအင်း... သူမသေသေးတာလား ။ သူပြန်လာတော့မလို့လား။ ဟင့်အင်းမဖြစ်စေရဘူး။ ''

ဒေါ်မာရင်မြင့် အရူးတစ်ယောက်လိုသာ အတွေးများစွာဖြင့်တုန်တုန်ရီရီဖြစ်နေလေသည်။

'' နင်က သိပ်ကို အသက်ပြင်းနေတယ်ပေါ့လေ မိမိ ''

>>>>>>
<<<<>>

'' အ့ !''

'' လာစမ်း''

မေမေကြီး အသံကြောင့် အခန်းထဲသိုလှမ်းကြည့် အနောက်ဘက်မှ ဆံပင်အားစောင့်အဆွဲခံလိုက်ရတာကြောင့် လရောင်လန့်သွားကာ လှည့်ကြည့်မိလိုက်တော့မမမော်လီဖြစ်နေလေသည်။ ထို့နောက် မမမော်လီဆွဲခေါ်ရာနောက်သို့သာ အသံမထွက်လိုက်ခဲ့ရလေတော့သည်။

'' ဒါဘာလုပ်နေတာလဲ ဟမ် ။ နင့်အကြောင်းဘာရှိလဲ ။ ''

'' မဟုတ်ပါဘူး မမမော်လီရယ် လရောင်ကမေမေကြီးတစ်ယောက်တည်းမလို့ ...''

'' ပိတ်ထားနင့်ပါးစပ်ကို နင်နဲ့ငါစာရင်းရှင်းစရာရှိတယ်။ နင်ဘာအချိုးချိုးတာလဲ လရောင်ခင် ''

'' လရောင် ဘာလုပ်မိလို့လဲ မမရယ်။ ''

'' ငါ့ကိုပြန်မအော်နဲ့ အင့်! ဟယ် ငါ့ကိုပြန်အော်အုံး ''

လရောင်အသံကလေးနည်းနည်းမာရုံ ရှိသေး လရောင်အား ဗိုက်ခေါက်ကိုလိမ်ဆွဲလာသည့်မမမော်လီကြောင့် အသံမထွက်ရဲဘဲ ငိုမဲ့မဲ့လေးဖြစ်လာလေသည်။

'' ဒီနေ့ ရစ်ချက် လာတာကို ငါမရှိဘူးမပြောဘဲ။ နင်ကငါ့ဆီလွှတ်လိုက်တယ်ပေါ့။ နင်ဘာအချိုးချိုးတာလဲ။ ငါမြို့အုပ်မင်းကို ပြန်ယူမယ်လို့ပြောပြီးသားမဟုတ်လား။ မြို့အုပ်မင်းရှေ့မှာ ငါနဲ့ရစ်ချက်ကိုအထင်လွဲအောင်လုပ်တယ်ပေါ့ ''

'' မဟုတ်ပါဘူးမမမော်လီရယ် လရောင်မသိလို့ပါ။ အရင်ကမမမော်လီက ကိုရစ်ချက်နဲ့လရောင်စကားပြောရင်တောင်မကြိုက်လို့ လရောင်ကအရင်ရှောင်ပြီး မမမော်လီရှိပါတယ်လို့ပြောမိတာပါ။ ''

'' အပိုတွေလာပြောမနေနဲ့။ နင်ကလေ ရုပ်ကလေးသနားကမားနဲ့ နင့်အမေလိုပဲ။ သူများအပိုင်တွေကို သိပ်တပ်မက်တယ်။ နင်နဲ့တူလား၊ တန်လား။ ပြောစမ်း ။ ''

'' ဟုတ်တယ် လရောင်နဲ့မတန်ပါဘူး။ ဒါပေမဲ့ မမမော်လီလည်း အစကတည်းက မောင့် ကိုမလိုချင်ဘူးလေ ''

'' ဖြန်း!''

'' အင့်ဟယ် မောင် ချင်အုံး ။ လရောင်ခင် နင်ငါကိုဒီလိုပုံစံ၊ ဒီလိုအချိုးနဲ့လာပြောလို့မရဘူးနော်။ မိန်းမလျာမက ငါ့နေရာကိုအတင်းလုယူထားပါတယ်ဆိုပြီး ငါမြို့အုပ်မင်းကို ဖွင့်မပြောခင် နင့်အဆင့် နင်သိ။ မိန်းမလျာမကများလူပါးဝလို့။ ''

'' မပြောပါနဲ့ မမမော်လီရယ်။ လရောင်တောင်းပန်ပါတယ်။ လရောင် အတင်းလုယူထားတာ မဟုတ်ဘူးလေ။ မမမော်လီနဲ့မေမေကြီးတို့ကိုယ်တိုင် လရောင်ကို တွန်းပို့ခဲ့တာပဲမလား။ မလုပ်ပါနဲ့မမမော်လီရယ် လရောင် အနေအထိုင်ဆင်ခြင်ပါ့မယ်။ လရောင်ကိုယ်တိုင်ပဲ လရောင်ရဲ့ဖြစ်တည်မှုကို ဖွင့်​ပြောချင်တာမို့ မမမော်လီ မပြောလိုက်ပါနဲ့နော်။ ''

'' ကောင်းပြီလေ။ ကိုယ့်အဆင့်ကိုယ်သိရင်ရပြီ။ နောက်တစ်ခါဆိုရင်တော့ငါ့အဆိုးမဆိုနဲ့နော်။ နောက်တစ်ခါ ရစ်ချက်နဲ့တွေ့ရင်ယောင်လို့တောင် ငါ့ဆီမလွှတ်နဲ့။ ''

'' ဟုတ်ကဲ့''

'' နောက်ရက်တွေကစပြီး မြို့အုပ်မင်းအတွက်လည်းနင်ဘာမှလုပ်မပေးနဲ့ ။ ဖြစ်နိုင်ရင်မြို့အုပ်မင်းရှေ့တောင်ပေါ်မလာနဲ့။ ''

'' ဟုတ်ကဲ့ ''

ပြောချင်တာပြောပြီး ထွက်သွားသည့်မမမော်လီအားကြည့်ပြီး လရောင် ရပ်နေရာမှ ထိုင်ချလိုက်ပြီး ရှိုက်ကြီးတငင်ငိုချမိလေသည်။
ဟုတ်ပါတယ်လေ အစကတည်းက လရောင်နေရာမှမဟုတ်တာ။ အချိန်ပဲလိုတာပါ။ နောက်များဆို လရောင်ဘာသာ လရောင်ရဲ့ဖြစ်တည်မှုကို မောင့် ဆီ ဝန်ခံမယ်။ မောင်ရွံပြီး မုန်းသွားလည်း လရောင်ကျေနပ်ပါတယ်။ လရောင် မောင့်ဆီက အချစ်တွေရခဲ့ဖူးတာပဲ။ ခုချိန်လေးမှာတော့ ဒီတိုင်းလေးဖုံးကွယ်ပြီး မောင့်နားမှာနေချင်သေးတယ်
မောင် ရယ်။

>>>>>
<<<<<

'' ဒါနဲ့ လရောင်ရော မတွေ့ပါ့လားထွန်းတောက်။ ''

မနက်စာ စားရင်း စားပွဲဝိုင်းတွင်လရောင်အားမတွေ့တာကြောင့် သစ်ဦးမေးမိလေသည်။

'' မသိဘူး အာစရိ။ မနက်ကတော့တစ်ခေါက်ဆင်းလာသေးတယ် မေမေကြီးအတွက်မနက်စာလုပ်ပြီးပြန်တက်သွားတာပဲ။ ဒီနေ့မနက်စာတောင်ပြင်မပေးသွားဘူး''

ထွန်းတောက်၏ စကားကြောင့် သစ်ဦးမျက်မှောင်ကျုံ့မိလေသည်။

'' ရပါတယ် မော်လေး ပြင်ပေးမှာပေါ့။ လရောင်လေးနားပါစေ။ သူလည်း နေ့တိုင်းလုပ်နေရတော့ဘယ်လုပ်ချင်ပါ့မလဲ။အဲလိုပဲ လရောင်လေးက အိမ်မှာဆိုလည်း သူလုပ်ချင်မှာလုပ်တာ။ မော်လေး က အကြီးဆိုတော့ လရောင်လေးက မော်လေးအပေါ်အနိုင်ယူတတ်သေးတာ။ ''

သစ်ဦးအတွက် မနက်စာပြင်ပေးရင်း ပြုံးပြုံးကလေးနှင့်ပြောလာသော မော်လေး ကြောင့် သစ်ဦး ဘာမှ ပြောချင်စ်ိတ်မရှိ၍ ပြန်မပြောလိုက်ပေမဲ့ ထွန်းတောက်ကတော့ မျက်စောင်းကြီးနှင့်သာကြည့်နေလေသည်။

'' တော်ပြီ ကျုပ်မစားတော့ပါဘူး။ ဒီကနေ့ရုံးမှာ ရေးကြီးကိစ္စရှိသေးလို့စောစောသွားတော့မယ် ခွင့်ပြုပါအုံးဒေါ်ဒေါ် ''

မနက်စာတောင်မစားဘဲ ထထွက်သွားသည့် သစ်ဦးကြောင့် ထွန်းတောက်ပါ အမြန်လိုက်ရလေတော့သည်။

'' မောင် လရောင်မရှိလည်း အဆင်ပြေအောင်နေနော် ''

အိမ်ထဲမှ ခက်သွက်သွက်ထွက်သွားသည့် သစ်ဦးအားလရောင်အပေါ်ထပ်မှ တိတ်တိတ်ကလေးချောင်းကြည့်ပြီးသာ တိုးတိုးကလေးပြောလိုက်လေသည်။

>>>>>>
<<<<><

'' ဒါဘာလုပ်နေသလဲ လရောင် ''

အနောက်ဘက်ဆီမှ ကြားလိုက်ရသည့် မောင့်အသံကြောင့် လရောင်လုပ်လက်စ အလုပ်တို့ရပ်ကာ စိတ်အားထိန်းရင်းပြန်လှည့်ကြည့်လိုက်လေသည်။

'' လရောင်အခန်းပြောင်းမလို့ပါ''

'' မေမေနဲ့နေရတာ အဆင်မပြေလို့လား လရောင် ''

'' မေမေကြီးနဲ့နေရတာ အဆင်ပြေပေမဲ့ မေမေကြီးလည်းခုသက်သာနေပါပြီ လရောင်ဒီအခန်းထဲမှာနေတော့ ကိုသစ်ဦးက ညကြီးမိုးချုပ် မေမေကြီးကိုလာကြည့်တဲ့အခါ လရောင်ကပါဒီမှာအိပ်နေတော့မသင့်တော်ဘူး။ လရောင်အတွက်လည်းစိတ်အနှောက်အယှက်ဖြစ်လို့ လရောင် တစ်ဖက်အခန်းကိုပဲပြန်ပြောင်းချင်လို့ပါ။ ''

'' မောင်လာတွေ့တာ လရောင်အတွက် အနှောက်အယှက်ဖြစ်တယ်ပေါ့လေ''

လရောင်၏ မျက်နှာအားတည့်တည့်ကြည့်ကာမေးလာသည့် ကိုသစ်ဦးကြောင့် လရောင် မဖြေဘဲ မျက်နှာလွှဲလိုက်လေသည်။

'' လရောင် မောင်မေးတာဖြေလှည့်ပါအုံး။ လရောင် ဘာဖြစ်နေတာလဲဟင်။ လရောင်ဒီတစ်လော မောင့်ကိုရှောင်နေသလိုပဲ။ဘာဖြစ်နေရော့လဲကွယ်။''

'' မတွေ့ချင်လို့...''

လရောင်၏ စကားကြောင့် သစ်ဦးမျက်နှာမကောင်းစွာ မျက်နှာငယ်လေးနှင့်ဖြစ်သွားလေသည်။

'' မောင်ဘာများ အမှားလုပ်မိရော့လဲ''

'' လရောင်ကို ချစ်နေကတည်းက ကိုသစ်ဦးမှားနေတာ ''

လရောင် ငိုချင်နေသော မျက်နှာလေးအားထိန်းကာ မျက်တောင်ကလေး တခက်ခက်နှင့်သာ ပြောလိုက်လေသည်။

'' လရောင်ကိုချစ်လို့မှားတယ်ဆို မောင်ဒီအမှားကို ဝမ်းပန်းတသာနဲ့ ကျေကျေနပ်နပ်ကြီး ကျူးလွန်လိုက်မယ်။''

သစ်ဦး၏ စကားကြောင့် လရောင်ပို၍ သာငိုချင်သွားလေသည်။

'' လရောင် ကိုသစ်ဦးကို မုန်းတယ် ''

အသံဖျားတွင်မသိမသာတုန်ရီသွားသော လရောင် အသံကြောင့် လရောင် ဝမ်းနည်းနေမှန်း သစ်ဦး ချက်ချင်းသိလေသည်။

'' စိတ်ထဲက မပါဘဲနဲ့ လရောင်ရယ်...''

'' လရောင် အမှန်ပြောနေတာ ''

''ဒါဖြင့် မောင့်မျက်နှာကို ကြည့်ပြော ''

'' ကြည့်ပြောလည်း ဒီစကားပဲ ''

ပါးပေါ်သို့ကျဆင်းလာသောမျက်ရည်လေးများအားလရောင်သုတ်လိုက်ပြီး သစ်ဦးအားကြည့်ကာပြောလိုက်လေသည် ။

'' လရောင် မောင့်ကို တစ်ခုခုများ စိတ်ခုနေတယ်ထင်တယ် ။ ''

'' လရောင် ကိုသစ်ဦးကို မမြင်ချင်ဘူး။ ဖြစ်နိုင်ရင် လရောင်ရှေ့ထပ်ပေါ်မလာပါနဲ့။ ''

လရောင်၏ စကားအဆုံးတွင်တော့ သစ်ဦး၏ ရင်လတ်ထဲမှသိသိသာသာပင်ဆူးအောင့်သွားလေသည်။

'' လရောင် မောင့်ကို နှင်ထုတ်နေရင်တောင် မောင်ကမရရအောင်ကြိုးစားမှာ။ ဒီနေ့ပြောခဲ့တဲ့စကားတွေက လရောင်မောင့်အပေါ် စိတ်ခုနေလို့၊ ဒါမှမဟုတ်လရောင်ဝမ်းနည်းနေလို့ လို့မောင်ယူဆပါ့မယ်။ မောင် ရုံးပြန်သွားလိုက်အုံးမယ်။ ပြန်လာမှဆက်ပြောကြတာပေါ့။ ''

ထိုသို့သာပြောပြီး လှည့်ထွက်သွားသော မောင့်ကျော့ပြင်အားကြည့်ပြီး လရောင်မျက်ရည်တို့တပေါက်ပေါက်ကျနေလေတော့သည်။ အခန်းအပြင်မှ မော်လီ၏ မျက်နှာတွင်တော့ အပြုံးတွေချိတ်ဆွဲလျှက်သာ။

>>>>>
<<<<<

'' ဆရာ စာရင်းစာရွက်တွေကို ကျုပ်တို့ လက်ဦးမှုယူရမယ်ဆရာ။ ''

'' ကျုပ်သိတယ်ထွန်းတောက် ကျုပ်စီစဥ်ပါ့မယ်။''

'' ဆရာကိုကြည့်ရတာ ဒီနေ့အဆင်မပြေသလိုပဲ။ ဘာဖြစ်လာတာလဲ ဆရာ ။ ကျုပ်ဘာလုပ်ပေးရမလဲ။ ''

'' နေပါစေ ထွန်းတောက်။ ကျုပ်တစ်ယောက်တည်းနားပါရစေ။ ''

ထွန်းတောက် ရုံးခန်းထဲမှ ထွက်သွားသည်နှင့် သစ်ဦး သက်ပြင်းများချကာသာ ငူငူကြီးထိုင်နေမိသည်။

'' အမြန်အဆုံးသတ်မှ အေးမှာ။ ဒီကိစ္စတွေအမြန်ပြီးမှအေးမှာ။ ''

>>>>>
<<<<<

27.1.2024

TBC____

Zawgyi___

'' ေသသြားၿပီ..ေသသြားၿပီး ဟုတ္တယ္မိမိက ေသသြားၿပီ ´´

ေဒၚမာရင္ျမင့္ တစ္ဖက္အိမ္မွ ျပန္ေျပးလာၿပီးအခန္းထဲေရာက္သည္ႏွင့္ တုန္တုန္ရီရီႏွင့္သာေခါင္းတစ္ခါခါျဖစ္ေနသည္။ လူရိပ္ျမင္လို႔သာ ျပန္ေျပးလာခဲ့ေပမဲ့ မီးအိမ္ေအာက္တြင္ ခဏျမင္လိုက္ရသည့္မ်က္ႏွာ​အားမ်က္စိထဲတြင္​ေဖ်ာက္မရေပ။

''ေၾကာက္ပါၿပီသခင္မႀကီးရယ္ မိမိ အား! ..ကယ္ၾကပါ...ကယ္ၾကပါ´´

'' နင့္ကိုကယ္မယ့္လူ ဘယ္သူမွမရွိဘူး ။ကိုတင္ၫႊန္႔..!´´

အေရွ႕မွ ေသြး႐ူးေသြးတမ္းႏွင့္ေျပးေနေသာ မိမိအား ေဒၚမာရင္ျမင့္ ဇိမ္ႏွင့္ထိုင္ၾကည့္ရင္း ကိုတင္ၫြန္႔အား အမိန္႔ေပးလိုက္ေလသည္။

'' ဒုန္း!´´

'' အား ! ´´

မိမိ၏ မခ်ီ႕မဆန္႔ ေအာ္သံႀကီးအား ၾကားလိုက္ရသည့္အဆုံးတြင္ ေဒၚမာရင္ျမင့္ မဲ့ၿပဳံးသာ ၿပဳံးလိုက္မိသည္။ ဒီေလာကႀကီးထဲမွာ သူကိုၿပိဳင္ႏိုင္မယ့္လူ ဘယ္သူမွမရွိေတာ့ဘူး။

'' ေဂ်ာက္ထဲ က်သြားႀကီထင္တယ္ သခင္မႀကီး ´´

'' ေကာင္းတယ္ ထားလိုက္။ ဒီကိစၥကို မင္းဆရာမသိေစနဲ႔။ အို ဘယ္သူမွမသိေစနဲ႔ မင္းနဲ႔ငါနဲ႔ပဲသိပါေစ။ အဖိုးခကိုမင္းလိုခ်င္သေလာက္ေပးမယ္။ ´´

'' သူေဌးႀကီးက မိမိကိုေမးရင္ေရာ သခင္မႀကီး ´´

'' မင္းမွတ္ထားဖို႔က ငါဒီေန႔မင္းတို႔နဲ႔အတူမရွိဘူး။ ငါက စံအိမ္မွာ။ မင္း မိမိကို လိေမၼာ္ၿခံထဲလိုက္ျပရင္း မိုးရြာလို႔ ကားဘီး​ေခ်ာ္က်ၿပီး မိမိေဂ်ာင္ထဲက်သြားတယ္ ဒါပဲ။ မွတ္မိသလား ။ ´´

'' ဟုတ္ကဲ့ပါ သခင္မႀကီး ´´

'' ေအး ရန္ကုန္ျပန္ေရာက္ရင္မင္းမိန္းမတင္တင္မူကို အိမ္လႊတ္လိုက္ အဖိုးခကို ေတာင္းသေလာက္ရွင္းေပးမယ္။ ´´

အၿမဲတမ္း အူတူတူအတတ မိမိေၾကာင့္ သူတို႔စီစဥ္ထားတဲ့အတိုင္း ဘယ္သူမွသံသယ မဝင္ဘဲ အဆင္ေျပေျပျဖစ္ခဲ့ေလသည္။ အိမ္ေဖာ္မတစ္ေယာက္ကို ဘယ္သူကမ်ား အေရးလုပ္ေနမွာတုန္း။ အေလာင္းရွာမေတြ႕ေတာ့ေပမဲ့ ေမၿမိဳ႕မွာပဲ  ရက္လည္လုပ္လိုက္ၿပီး မိမိ၏ ကိစၥေတြက သူစီစဥ္ထားတဲ့အတိုင္းျဖစ္ခဲ့ေလသည္။

'' ဟင္းအင္း... သူမေသေသးတာလား ။ သူျပန္လာေတာ့မလို႔လား။ ဟင့္အင္းမျဖစ္ေစရဘူး။ ´´

ေဒၚမာရင္ျမင့္ အ႐ူးတစ္ေယာက္လိုသာ အေတြးမ်ားစြာျဖင့္တုန္တုန္ရီရီျဖစ္ေနေလသည္။

'' နင္က သိပ္ကို အသက္ျပင္းေနတယ္ေပါ႔ေလ မိမိ ´´

>>>>>>
<<<<>>

'' အ့ !´´

'' လာစမ္း´´

ေမေမႀကီး အသံေၾကာင့္ အခန္းထဲသိုလွမ္းၾကည့္ အေနာက္ဘက္မွ ဆံပင္အားေစာင့္အဆြဲခံလိုက္ရတာေၾကာင့္ လေရာင္လန္႔သြားကာ လွည့္ၾကည့္မိလိုက္ေတာ့မမေမာ္လီျဖစ္ေနေလသည္။ ထို႔ေနာက္ မမေမာ္လီဆြဲေခၚရာေနာက္သို႔သာ အသံမထြက္လိုက္ခဲ့ရေလေတာ့သည္။

'' ဒါဘာလုပ္ေနတာလဲ ဟမ္ ။ နင့္အေၾကာင္းဘာရွိလဲ ။ ´´

'' မဟုတ္ပါဘူး မမေမာ္လီရယ္ လေရာင္ကေမေမႀကီးတစ္ေယာက္တည္းမလို႔ ...´´

'' ပိတ္ထားနင့္ပါးစပ္ကို နင္နဲ႔ငါစာရင္းရွင္းစရာရွိတယ္။ နင္ဘာအခ်ိဳးခ်ိဳးတာလဲ လေရာင္ခင္ ´´

'' လေရာင္ ဘာလုပ္မိလို႔လဲ မမရယ္။ ´´

'' ငါ႔ကိုျပန္မေအာ္နဲ႔ အင့္! ဟယ္ ငါ႔ကိုျပန္ေအာ္အုံး ´´

လေရာင္အသံကေလးနည္းနည္းမာ႐ုံ ရွိေသး လေရာင္အား ဗိုက္ေခါက္ကိုလိမ္ဆြဲလာသည့္မမေမာ္လီေၾကာင့္ အသံမထြက္ရဲဘဲ ငိုမဲ့မဲ့ေလးျဖစ္လာေလသည္။

'' ဒီေန႔ ရစ္ခ်က္ လာတာကို ငါမရွိဘူးမေျပာဘဲ။ နင္ကငါ႔ဆီလႊတ္လိုက္တယ္ေပါ႔။ နင္ဘာအခ်ိဳးခ်ိဳးတာလဲ။ ငါၿမိဳ႕အုပ္မင္းကို ျပန္ယူမယ္လို႔ေျပာၿပီးသားမဟုတ္လား။ ၿမိဳ႕အုပ္မင္းေရွ႕မွာ ငါနဲ႔ရစ္ခ်က္ကိုအထင္လြဲေအာင္လုပ္တယ္ေပါ႔ ´´

'' မဟုတ္ပါဘူးမမေမာ္လီရယ္ လေရာင္မသိလို႔ပါ။ အရင္ကမမေမာ္လီက ကိုရစ္ခ်က္နဲ႔လေရာင္စကားေျပာရင္ေတာင္မႀကိဳက္လို႔ လေရာင္ကအရင္ေရွာင္ၿပီး မမေမာ္လီရွိပါတယ္လို႔ေျပာမိတာပါ။ ´´

'' အပိုေတြလာေျပာမေနနဲ႔။ နင္ကေလ ႐ုပ္ကေလးသနားကမားနဲ႔ နင့္အေမလိုပဲ။ သူမ်ားအပိုင္ေတြကို သိပ္တပ္မက္တယ္။ နင္နဲ႔တူလား၊ တန္လား။ ေျပာစမ္း ။ ´´

'' ဟုတ္တယ္ လေရာင္နဲ႔မတန္ပါဘူး။ ဒါေပမဲ့ မမေမာ္လီလည္း အစကတည္းက ေမာင့္ ကိုမလိုခ်င္ဘူးေလ ´´

'' ျဖန္း!´´

'' အင့္ဟယ္ ေမာင္ ခ်င္အုံး ။ လေရာင္ခင္ နင္ငါကိုဒီလိုပုံစံ၊ ဒီလိုအခ်ိဳးနဲ႔လာေျပာလို႔မရဘူးေနာ္။ မိန္းမလ်ာမက ငါ႔ေနရာကိုအတင္းလုယူထားပါတယ္ဆိုၿပီး ငါၿမိဳ႕အုပ္မင္းကို ဖြင့္မေျပာခင္ နင့္အဆင့္ နင္သိ။ မိန္းမလ်ာမကမ်ားလူပါးဝလို႔။ ´´

'' မေျပာပါနဲ႔ မမေမာ္လီရယ္။ လေရာင္ေတာင္းပန္ပါတယ္။ လေရာင္ အတင္းလုယူထားတာ မဟုတ္ဘူးေလ။ မမေမာ္လီနဲ႔ေမေမႀကီးတို႔ကိုယ္တိုင္ လေရာင္ကို တြန္းပို႔ခဲ့တာပဲမလား။ မလုပ္ပါနဲ႔မမေမာ္လီရယ္ လေရာင္ အေနအထိုင္ဆင္ျခင္ပါ႔မယ္။ လေရာင္ကိုယ္တိုင္ပဲ လေရာင္ရဲ႕ျဖစ္တည္မႈကို ဖြင့္​ေျပာခ်င္တာမို႔ မမေမာ္လီ မေျပာလိုက္ပါနဲ႔ေနာ္။ ´´

'' ေကာင္းၿပီေလ။ ကိုယ့္အဆင့္ကိုယ္သိရင္ရၿပီ။ ေနာက္တစ္ခါဆိုရင္ေတာ့ငါ႔အဆိုးမဆိုနဲ႔ေနာ္။ ေနာက္တစ္ခါ ရစ္ခ်က္နဲ႔ေတြ႕ရင္ေယာင္လို႔ေတာင္ ငါ႔ဆီမလႊတ္နဲ႔။ ´´

'' ဟုတ္ကဲ့´´

'' ေနာက္ရက္ေတြကစၿပီး ၿမိဳ႕အုပ္မင္းအတြက္လည္းနင္ဘာမွလုပ္မေပးနဲ႔ ။ ျဖစ္ႏိုင္ရင္ၿမိဳ႕အုပ္မင္းေရွ႕ေတာင္ေပၚမလာနဲ႔။ ´´

'' ဟုတ္ကဲ့ ´´

ေျပာခ်င္တာေျပာၿပီး ထြက္သြားသည့္မမေမာ္လီအားၾကည့္ၿပီး လေရာင္ ရပ္ေနရာမွ ထိုင္ခ်လိုက္ၿပီး ရႈိက္ႀကီးတငင္ငိုခ်မိေလသည္။
ဟုတ္ပါတယ္ေလ အစကတည္းက လေရာင္ေနရာမွမဟုတ္တာ။ အခ်ိန္ပဲလိုတာပါ။ ေနာက္မ်ားဆို လေရာင္ဘာသာ လေရာင္ရဲ႕ျဖစ္တည္မႈကို ေမာင့္ ဆီ ဝန္ခံမယ္။ ေမာင္ရြံၿပီး မုန္းသြားလည္း လေရာင္ေက်နပ္ပါတယ္။ လေရာင္ ေမာင့္ဆီက အခ်စ္ေတြရခဲ့ဖူးတာပဲ။ ခုခ်ိန္ေလးမွာေတာ့ ဒီတိုင္းေလးဖုံးကြယ္ၿပီး ေမာင့္နားမွာေနခ်င္ေသးတယ္
ေမာင္ ရယ္။

>>>>>
<<<<<

'' ဒါနဲ႔ လေရာင္ေရာ မေတြ႕ပါ႔လားထြန္းေတာက္။ ´´

မနက္စာ စားရင္း စားပြဲဝိုင္းတြင္လေရာင္အားမေတြ႕တာေၾကာင့္ သစ္ဦးေမးမိေလသည္။

'' မသိဘူး အာစရိ။ မနက္ကေတာ့တစ္ေခါက္ဆင္းလာေသးတယ္ ေမေမႀကီးအတြက္မနက္စာလုပ္ၿပီးျပန္တက္သြားတာပဲ။ ဒီေန႔မနက္စာေတာင္ျပင္မေပးသြားဘူး´´

ထြန္းေတာက္၏ စကားေၾကာင့္ သစ္ဦးမ်က္ေမွာင္က်ဳံ႕မိေလသည္။

'' ရပါတယ္ ေမာ္ေလး ျပင္ေပးမွာေပါ႔။ လေရာင္ေလးနားပါေစ။ သူလည္း ေန႔တိုင္းလုပ္ေနရေတာ့ဘယ္လုပ္ခ်င္ပါ႔မလဲ။အဲလိုပဲ လေရာင္ေလးက အိမ္မွာဆိုလည္း သူလုပ္ခ်င္မွာလုပ္တာ။ ေမာ္ေလး က အႀကီးဆိုေတာ့ လေရာင္ေလးက ေမာ္ေလးအေပၚအႏိုင္ယူတတ္ေသးတာ။ ´´

သစ္ဦးအတြက္ မနက္စာျပင္ေပးရင္း ၿပဳံးၿပဳံးကေလးႏွင့္ေျပာလာေသာ ေမာ္ေလး ေၾကာင့္ သစ္ဦး ဘာမွ ေျပာခ်င္စ္ိတ္မရွိ၍ ျပန္မေျပာလိုက္ေပမဲ့ ထြန္းေတာက္ကေတာ့ မ်က္ေစာင္းႀကီးႏွင့္သာၾကည့္ေနေလသည္။

'' ေတာ္ၿပီ က်ဳပ္မစားေတာ့ပါဘူး။ ဒီကေန႔႐ုံးမွာ ေရးႀကီးကိစၥရွိေသးလို႔ေစာေစာသြားေတာ့မယ္ ခြင့္ျပဳပါအုံးေဒၚေဒၚ ´´

မနက္စာေတာင္မစားဘဲ ထထြက္သြားသည့္ သစ္ဦးေၾကာင့္ ထြန္းေတာက္ပါ အျမန္လိုက္ရေလေတာ့သည္။

'' ေမာင္ လေရာင္မရွိလည္း အဆင္ေျပေအာင္ေနေနာ္ ´´

အိမ္ထဲမွ ခက္သြက္သြက္ထြက္သြားသည့္ သစ္ဦးအားလေရာင္အေပၚထပ္မွ တိတ္တိတ္ကေလးေခ်ာင္းၾကည့္ၿပီးသာ တိုးတိုးကေလးေျပာလိုက္ေလသည္။

>>>>>>
<<<<><

'' ဒါဘာလုပ္ေနသလဲ လေရာင္ ´´

အေနာက္ဘက္ဆီမွ ၾကားလိုက္ရသည့္ ေမာင့္အသံေၾကာင့္ လေရာင္လုပ္လက္စ အလုပ္တို႔ရပ္ကာ စိတ္အားထိန္းရင္းျပန္လွည့္ၾကည့္လိုက္ေလသည္။

'' လေရာင္အခန္းေျပာင္းမလို႔ပါ´´

'' ေမေမနဲ႔ေနရတာ အဆင္မေျပလို႔လား လေရာင္ ´´

'' ေမေမႀကီးနဲ႔ေနရတာ အဆင္ေျပေပမဲ့ ေမေမႀကီးလည္းခုသက္သာေနပါၿပီ လေရာင္ဒီအခန္းထဲမွာေနေတာ့ ကိုသစ္ဦးက ညႀကီးမိုးခ်ဳပ္ ေမေမႀကီးကိုလာၾကည့္တဲ့အခါ လေရာင္ကပါဒီမွာအိပ္ေနေတာ့မသင့္ေတာ္ဘူး။ လေရာင္အတြက္လည္းစိတ္အေႏွာက္အယွက္ျဖစ္လို႔ လေရာင္ တစ္ဖက္အခန္းကိုပဲျပန္ေျပာင္းခ်င္လို႔ပါ။ ´´

'' ေမာင္လာေတြ႕တာ လေရာင္အတြက္ အေႏွာက္အယွက္ျဖစ္တယ္ေပါ႔ေလ´´

လေရာင္၏ မ်က္ႏွာအားတည့္တည့္ၾကည့္ကာေမးလာသည့္ ကိုသစ္ဦးေၾကာင့္ လေရာင္  မေျဖဘဲ မ်က္ႏွာလႊဲလိုက္ေလသည္။

'' လေရာင္ ေမာင္ေမးတာေျဖလွည့္ပါအုံး။ လေရာင္ ဘာျဖစ္ေနတာလဲဟင္။ လေရာင္ဒီတစ္ေလာ ေမာင့္ကိုေရွာင္ေနသလိုပဲ။ဘာျဖစ္ေနေရာ့လဲကြယ္။´´

'' မေတြ႕ခ်င္လို႔...´´

လေရာင္၏ စကားေၾကာင့္ သစ္ဦးမ်က္ႏွာမေကာင္းစြာ မ်က္ႏွာငယ္ေလးႏွင့္ျဖစ္သြားေလသည္။

'' ေမာင္ဘာမ်ား အမွားလုပ္မိေရာ့လဲ´´

'' လေရာင္ကို ခ်စ္ေနကတည္းက ကိုသစ္ဦးမွားေနတာ ´´

လေရာင္ ငိုခ်င္ေနေသာ မ်က္ႏွာေလးအားထိန္းကာ မ်က္ေတာင္ကေလး တခက္ခက္ႏွင့္သာ ေျပာလိုက္ေလသည္။

'' လေရာင္ကိုခ်စ္လို႔မွားတယ္ဆို ေမာင္ဒီအမွားကို ဝမ္းပန္းတသာနဲ႔ ေက်ေက်နပ္နပ္ႀကီး က်ဴးလြန္လိုက္မယ္။´´

သစ္ဦး၏ စကားေၾကာင့္ လေရာင္ပို၍ သာငိုခ်င္သြားေလသည္။

'' လေရာင္ ကိုသစ္ဦးကို မုန္းတယ္ ´´

အသံဖ်ားတြင္မသိမသာတုန္ရီသြားေသာ လေရာင္ အသံေၾကာင့္ လေရာင္ ဝမ္းနည္းေနမွန္း သစ္ဦး ခ်က္ခ်င္းသိေလသည္။

'' စိတ္ထဲက မပါဘဲနဲ႔ လေရာင္ရယ္...´´

'' လေရာင္ အမွန္ေျပာေနတာ ´´

''ဒါျဖင့္ ေမာင့္မ်က္ႏွာကို ၾကည့္ေျပာ ´´

'' ၾကည့္ေျပာလည္း ဒီစကားပဲ ´´

ပါးေပၚသို႔က်ဆင္းလာေသာမ်က္ရည္ေလးမ်ားအားလေရာင္သုတ္လိုက္ၿပီး သစ္ဦးအားၾကည့္ကာေျပာလိုက္ေလသည္ ။

'' လေရာင္ ေမာင့္ကို တစ္ခုခုမ်ား စိတ္ခုေနတယ္ထင္တယ္ ။ ´´

'' လေရာင္ ကိုသစ္ဦးကို မျမင္ခ်င္ဘူး။ ျဖစ္ႏိုင္ရင္ လေရာင္ေရွ႕ထပ္ေပၚမလာပါနဲ႔။ ´´

လေရာင္၏ စကားအဆုံးတြင္ေတာ့ သစ္ဦး၏ ရင္လတ္ထဲမွသိသိသာသာပင္ဆူးေအာင့္သြားေလသည္။

'' လေရာင္ ေမာင့္ကို ႏွင္ထုတ္ေနရင္ေတာင္ ေမာင္ကမရရေအာင္ႀကိဳးစားမွာ။ ဒီေန႔ေျပာခဲ့တဲ့စကားေတြက လေရာင္ေမာင့္အေပၚ စိတ္ခုေနလို႔၊ ဒါမွမဟုတ္လေရာင္ဝမ္းနည္းေနလို႔ လို႔ေမာင္ယူဆပါ႔မယ္။ ေမာင္ ႐ုံးျပန္သြားလိုက္အုံးမယ္။ ျပန္လာမွဆက္ေျပာၾကတာေပါ႔။ ´´

ထိုသို႔သာေျပာၿပီး လွည့္ထြက္သြားေသာ ေမာင့္ေက်ာ့ျပင္အားၾကည့္ၿပီး လေရာင္မ်က္ရည္တို႔တေပါက္ေပါက္က်ေနေလေတာ့သည္။ အခန္းအျပင္မွ ေမာ္လီ၏ မ်က္ႏွာတြင္ေတာ့ အၿပဳံးေတြခ်ိတ္ဆြဲလွ်က္သာ။

>>>>>
<<<<<

'' ဆရာ စာရင္းစာရြက္ေတြကို က်ဳပ္တို႔ လက္ဦးမႈယူရမယ္ဆရာ။ ´´

'' က်ဳပ္သိတယ္ထြန္းေတာက္ က်ဳပ္စီစဥ္ပါ႔မယ္။´´

'' ဆရာကိုၾကည့္ရတာ ဒီေန႔အဆင္မေျပသလိုပဲ။ ဘာျဖစ္လာတာလဲ ဆရာ ။ က်ဳပ္ဘာလုပ္ေပးရမလဲ။ ´´

'' ေနပါေစ ထြန္းေတာက္။ က်ဳပ္တစ္ေယာက္တည္းနားပါရေစ။ ´´

ထြန္းေတာက္ ႐ုံးခန္းထဲမွ ထြက္သြားသည္ႏွင့္ သစ္ဦး သက္ျပင္းမ်ားခ်ကာသာ ငူငူႀကီးထိုင္ေနမိသည္။

'' အျမန္အဆုံးသတ္မွ ေအးမွာ။ ဒီကိစၥေတြအျမန္ၿပီးမွေအးမွာ။ ´´

>>>>>
<<<<<

27.1.2024

TBC____








Okumaya devam et

Bunları da Beğeneceksin

105K 14.3K 97
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
337K 35.2K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
88.8K 2.4K 24
ရိုးသားကြိုးစားသည့် ကျေးတောသူမလေး"စံပယ်မွှေး"နှင့် မြန်မာ့TopTenစာရင်း၀င် CEOလေး"နေဂုဏ်မာန်"တို့တွေ့ဆုံကြတဲ့အခါမှာ.. 🌼အသက်၉နှစ်ကွာတဲ့သူတို့နှစ်ယောက်...
847K 39.8K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023