ကိုယ့်ရဲ့ထာဝရနေမင်ကြီး ( Com...
Od TtTt04419
49.7K 2.2K 114
Yizhan Více
Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32 Final
Ep_19
1.2K 65 3
Od TtTt04419
" ကိုကိုရိပေါ် ကိုကိုရိပေါ် "
ဝတ်ထားတဲ့ပုံကလည်းဘာပုံကြီးမှန်းမသိဘူး။ဒီလောက်အေးနေပါတယ်ဆိုမှအနွေးထည်မဝတ်ဘာမဝတ်နဲ့ ဘယ်ကကလေကချေအုတ်ကြားမြတ်ပေါက်လဲ?ကိုကိုရိပေါ်ဆိုတော့သူ့မြေးအသိလား၊ဒါမှမဟုတ်သူ့မြေးမိတ်ဆွေများလား။ရိပေါ်သူငယ်ချင်းထဲမှာတစ်ခါမှဒီလိုဗရုတ်ကျတဲ့ကောင်လေးကို မတွေ့ဖူးပါ။
ကိုယ့်အိမ်လာမှပဲပထမဆုံးတွေ့ရတော့တယ်။အခုခေတ်လူငယ်တွေရဲ့fashion တွေကလည်းနော် ဘာတွေမှန်းမသိဘူး။အခုလူငယ်မိန်းကလေး/ယောင်္ကျားလေးမှန်သမျှက အရောင်တောက်တောက်အဝတ်စားကြီးဝတ်ထားတာက ဝမ်ကျိုးလင်ရဲ့မျက်လုံးထဲမှာကြည့်ရဆိုးတယ်။တကယ်ကိုကြည့်ရဆိုးတယ်။လုပ်နေတဲ့အမူရာကလည်းဘာအမူရာမှန်းမသိဘူး။
အခုခေတ်လူငယ်တွေများနော်!!!
ဟူးးးး~~~~~~
" မင်းကဘယ်သူလဲ "
" သားက ကိုကိုရိပေါ်ကိုတွေ့ချင်လို့ပါ ကိုကိုရိပေါ်နဲ့အပြင်သွားမို့ပါ "
" ငါကဘာအကြောင်းရှိလို့မင်းနဲ့အပြင်သွားရမှာတုန်း ? "
ကိုကိုရိပေါ်ကလှေကားပေါ်ကနေဆင်းလာပြီးနောက် သူ့အဘိုးဘေးရပ်ကာကိုကိုရိပေါ်ကပြောလာတော့ ကျိုးရန်ကလည်းစကားပြန်ပြောလိုက်တယ်~~
" ကိုကိုကလည်း ရန်ရန်ကိုဘာလို့အဲ့လိုပြောရတာလဲ ရန်ရန်အများကြီးစိတ်မကောင်းဖြစ်ရတယ် "
အိုးဟိုး~~~ ကျိုးယိရဲ့ညီကျိုးရန်ကစကားသိပ်တက်တာပဲ။ကျိုးယိကအတယ်၊သူ့ညီကျိုးရန်ကတအားလည်တာ၊ပတ်ခနဲပြန်လည်းပြောတက်တယ်။ရိုးတာလိုလိုဘာလိုလိုဟန်ဆောင်နေတဲ့ကျိုးရန်လက်ထဲကို သူ့သူငယ်ချင်းရိပေါ်ကိုမပေးနိုင်ပါဘူး။
အလကားနေကိုယ့်သူငယ်ချင်းဒုက္ခရောက်မယ့်အလုပ်ကို ရှန်းချိုးမလုပ်။မင်းညီကိုတားပါလို့​ကျိုးယိကိုပြောလည်းကျိုးယိဆိုတဲ့ကောင်ရဲ့ခေါင်းထဲမှာဖုန်းပဲပွတ်တက်တာ။သူ့ခေါင်းထဲမှာဘာမှမရှိဘူး။
" ငါ့သူငယ်ချင်းနားကနေ go go ! မင်းလိုစွာစိလန်ကိုငါ့သူငယ်ချင်းကလုံးဝသဘောကျမှာမဟုတ်ဘူး "
" မင်းကအဲ့လိုပြောရအောင် ကိုကိုရဲ့အဖေလား ? ဟမ် သေချင်းဆိုး "
ဟာကွာ ဘာတွေလဲမသိဘူး။ကိုယ်ဟာနဲ့ကိုယ်မှခေါင်းရှုတ်လို့အေးဆေးနေနေတာကို။နှာဘူးကောင်ရှန်းချိုးရော၊ကျိုးယိရဲ့ညီကျိုးရန်ကရောဘာလို့အိမ်လာကြမှန်းမသိဘူး။အစကတော့အိပ်ခန်းထဲမှာတစ်ယောက်တည်းtvထိုင်ကြည့်နေတာကို အာရုံလာနောက်အောင်လုပ်နေကြတဲ့နှစ်ယောက်ကို ရိပေါ်ကြာတော့အမြင်ကပ်လာလို့ မောင်းမထုတ်ပဲ ရိပေါ်ကိုယ်တိုင်ပဲ သူတို့မမြင်အောင်အိမ်ထဲကနေအမြန်လစ်ထွက်လိုက်တယ်။
နေကြာပန်းခင်းထဲအေးဆေးထိုင်ခုံမှာထိုင်မယ်ကြံတုန်း ကိုယ့်ထက်ဉီးအောင်အရင်ရောက်နေသူက ရှောင်းကျန့်ဖြစ်နေတယ်။ရှောင်းကျန့်ကနေကြာပန်းခင်းထဲမှာရပ်နေပြီး နေကြာပန်းတွေကိုဓာတ်ပုံရိုက်နေတာမြင်တော့ ရိပေါ်ကနေကြာပန်းခင်းထဲဝင်သွားပြီး ရှောင်းကျန့်အနားသွားလိုက်သည်။
နေကြာပန်းပုံရိုက်နေတဲ့ရှောင်းကျန့်ကကိုယ့်ကိုမြင်တော့ ဓာတ်ပုံရိုက်နေရာကနေရပ်ပြီးဖုန်းပိတ်လိုက်တော့ ရိပေါ်လည်းစကားစပြောလိုက်တယ်။
" ငါကိုယ်တိုင်စိုက်ထားတဲ့နေကြာပန်းခင်းထဲကို ဓာတ်ပုံရိုက်ရမယ်လို့ဘယ်သူပြောလဲ ? "
ထိုသို့ပြောတော့ရှောင်းကျန့်ကသူ့ဖုန်းကိုဂျင်းဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ရိပေါ်ကိုစကားပြန်ပြောတယ်။
" ကျန့်ကျန့်တောင်းပန်ပါတယ်။ကျန့်ကျန့်ဓာတ်ပုံမရိုက်ရဘူးဆိုတာကိုမသိလို့ပါ ဟိုလေ ဒါပေမယ့်တစ်ပုံလောက်ရိုက်ပါရစေ ကျန့်ကျန့်ကနေကြာပန်းကိုအရမ်းသဘောကျလို့ပါ နော် "
သနားစရာမျက်ဝန်းလေးတွေနဲ့တောင်းဆိုလာလည်း ရိပေါ်လက်မခံနိုင်။ဒီတစ်ခါတော့မင်းဘာသာမင်းဘယ်လိုတောင်းဆိုငါတော့လက်မခံနိုင်ဘူး ရှောင်းကျန့်။သူ့ကိုအရင်ကဝမ်ရိပေါ်မှတ်ပြီး သနားစရာကောင်းအောင်တောင်းဆိုနေတာများ ရီချင်လိုက်တာနော်။
မင်းအကြောင်းကိုမသိရင်ခက်မယ် ရှောင်းကျန့်!!!
" နော် ကျန့်ကျန့်ကဒီတစ်ပုံဆို "
" မရဘူး "
" အကိုနော် ! "
" ဘာလဲ ငါကမရဘူးဆိုမရဘူးပေါ့ ! ဘာတွေအရစ်ရှည်ချင်နေတာလဲ ? "
" တကယ်မရိုက်ခိုင်းတာလား ရတယ်လေ "
​မြေကြီးပေါ်ထိုင်ချလိုက်တဲ့ရှောင်းကျန့်က ရိပေါ်ကိုလျှာထုတ်ပြောင်လာတော့ စိတ်ကတိုလာပြီ။သူ့ကိုတမင်ဒေါသထွက်အောင်ရှောင်းကျန့်ကရန်စနေတာ။မင်းကဓာတ်ပုံမရိုက်ရရင်ဒီနေရာကမဖယ်ပေးဘူးဆိုတဲ့သဘောမျိုးနဲ့မြေကြီးပေါ်ထိုင်နေတော့ ရတယ်လေ။တွေ့ကြတာပေါ့ !
အကိုကကျန့်ကျန့်ကိုယ်ကိုပွေ့ချီလိုက်တော့ အလန့်တကြားဆိုသလို ကျန့်ကျန့်လက်နှစ်ဖက်စလုံးက အကိုလည်းပင်းကိုဖက်ထားမိသား။ကျန့်ကျန့်ခြေထောက်တွေကတော့ ရုန်းကန်းနေဆဲ။
" အခုချက်ချင်းအောက်ချနော် အကို "
" အောက်ချပေးမှာပေါ့ ရှောင်းကျန့်ရဲ့ စိတ်ချ ငါလည်းမင်းကိုအကြာကြီးပွေ့မချီထားနိုင်ဘူး ဘာလို့လဲဆိုတော့ မင်းခန္ဓာကိုယ်ကလေးလို့ !!! "
ခန္ဓာကိုယ်ကလေးလို့ဆိုပြီးပြောတော့ရှောင်းကျန့်ကရိပေါ်ရင်ဘတ်ကိုလက်ကလေးဖြင့်အသာရိုက်ထုကာ ပြန်ပြောလာသည်။
" အကိုနော် "
" မင်းကမထင်ရဘူးနော် ခန္ဓာကိုယ်သေးသေးလေးဆိုပေမယ့်ပွေ့ချီတော့လိုက်တော့လေးတယ် "
" အကိုဝမ်ရိပေါ် !!! လေးရင်ဘာလို့ဆက်ချီထားတာလဲ အောက်ချတော့လေ "
" ဖြေးဖြေးပေါ့ဟ ငါလဲမင်းကိုအောက်ချပေးမှာပါ
မပူနဲ့ "
အကိုကကျန့်ကျန့်ကိုပွေ့ချီပြီးနေကြားပန်းခင်းထဲကနေထွက်လာတယ်။ခြံအပြင်ဘက်ရောက်မှ ကျန့်ကျန့်ကိုပွေ့ချီထားရာကနေအောက်ကိုချပေးသည်။
အော် အကိုဝမ်ကဘာလို့ပွေ့ချီလဲဆိုတာ ရှောင်းကျန့်သဘောပေါက်ပြီ။ကျန့်ကျန့်ကိုနေကြာပန်းခင်းထဲမနေစေချင်လို့ပွေ့ချီပြိးခေါ်လာတာဆိုတော့ သဘောပေါက်လို့ ကျန့်ကျန့်လည်း ပြန်ပြောလိုက်တယ်။
" ကျန့်ကျန့်ပြောပြီးပြီလေ ဓာတ်ပုံ၁ပုံထဲရိုက်ပါရစေလို့ ဓာတ်ပုံရိုက်တာဘာဖြစ်လို့လဲ "
" မင်းလိုလူမျိုးဓာတ်ပုံရိုက်မှာမလိုလားလို့ ရှင်းပြီလား "
" ကျန့်ကျန့်ကဘယ်လိုလူမျိုးဖြစ်နေလို့လဲ ? "
" မင်းလိုလူမျိုးအဖေမရှိအမေကလဲနောက်လင်ငယ်နဲ့ဆိုတော့ ရိုင်းပြီးဆိုးသွမ်းနေတာ မင်းကြောင့်လဲငါ့ရဲ့အိပ်မက်တွေအနာဂတ်တွေစွန့်လွှတ်လိုက်ရတယ် မင်း "
အဖေမရှိ၊အမေကနောက်လင်ငယ်နဲ့ဆိုပြီးလွှတ်ခနဲစိတ်တိုတိုနဲ့ပြောလိုက်မိတော့ ရှောင်းကျန့်မျက်ဝန်းထဲမှာမျက်ရည်လေးတွေဝိုင်းလာပြီး လက်နှစ်ဖက်စလုံးကလည်းလက်သီးတင်းတင်းဆုပ်ထားတာမြင်တော့ ရိပေါ်ဆက်မပြောတော့ပဲ မျက်နှာလွဲကာ ပြန်ပြောလိုက်တယ်။
" ငါ ~~ ငါ ~~ ပြောတာက အဲ့လိုသဘောမျိုးမဟုတ်ဘူး ငါကဒီအတိုင်းလွှတ်ခနဲပြောလိုက်မိတာ စိတ်ထဲထားမနေနဲ့ ရှောင်းကျန့် "
ရှောင်းကျန့်ကိုလှည့်ကြည့်လိုက်တော့ ရှောင်းကျန့်ကသူ့အိမ်လေးထဲပြန်ဝင်သွားတာကို ရိပေါ်မြင်လိုက်ရမှသက်ပြင်းချလိုက်မိတယ်။သူလည်းတကယ်မရည်ရွယ်ပဲစိတ်တိုတိုနဲ့ပြောလိုက်မိတာ။တမင်သက်သက်နှိမ်ပြောတာလဲမဟုတ်ဘူး။စိတ်ကတိုလာလို့အကုန်ပြောလိုက်မိတာ။
စိတ်ဆိုးလည်းမတက်နိုင်ဘူး။သူပြောတာလည်းမမှားဘူးလေ။ရှောင်းကျန့်ကြောင့်သူကားတိုက်သွားတာ။၂နှစ်တိတိရိပေါ်လည်းဆေးရုံမှာနေခဲ့တာလေ။အဲ့တော့သူအခုလိုပြောတာမမှာဘူး။
ဟုတ်တယ် ဝမ်ရိပေါ် မင်းမမှားဘူး။မှားတာကအဲ့ကလေး။
________________________
အခန်းတံခါးပိတ်ပြီးအသံမထွက်ပဲငိုနေတဲ့ကောင်လေးရှောင်းကျန့်ကရိပေါ်ပြောခဲ့တာတွေကိုနားထဲကနေမထွက်နိုင်ခဲ့ဘူး။
အဖေမရှိ၊အမေကလည်းနောက်လင်ငယ်နဲ့
အဖေမရှိ၊အမေကလည်းနောက်လင်ငယ်နဲ့
အဖေမရှိ၊အမေကလည်းနောက်လင်ငယ်နဲ့~~~~
အားးးထိုစကားကိုကြားယောင်လိုက်တိုင်း ခေါင်းတွေကိုက်ပြီးဘယ်သူမသိတဲ့အဝေးဆုံးတစ်နေရာကိုရှောင်းကျန့်ကတိတ်တိတ်လေးထွက်သွားချင်မိတယ်။ထိုနေရာကလည်းဖေဖေရှိတဲ့နေရာပဲ၊ဖေဖေသာအခုချိန်ထိရှောင်းကျန့်အနားမှာနေပေးရင် ရှောင်းကျန့်ပြိုလဲသွားမှာမဟုတ်ဘူး။
ဖေဖေကိုအရမ်းလွမ်းတာပဲ။ဖေဖေဝယ်ပေးထားတဲ့အရုပ်လေးကိုသာကျန့်ကျန့်ကတင်းတင်းကျပ်ကျပ်လေးဖက်ထားနေမိတယ်။
ဖေဖေကိုလွမ်းရင်ဖေဖေဝယ်ပေးတဲ့အရုပ်လေးကိုအကြိမ်အကြိမ်ဖက်ထားမိတယ် ဖေဖေရယ်။
" အဆင်ပြေရဲ့လား ကျန့်ကျန့် "
အကိုဝမ်ရိချန်းကဘေးကနေရောက်လာပြီးပြောတော့ ကျန့်ကျန့်မှာအဆင်မပြေလည်းပြေပါတယ်လို့ခေါင်းညိမ့်ကာလိမ်ပြောမိသား။
" အဆင်ပြေတာသေချာရဲ့လား "
" အဆင်ပြေတာသေချာပါတယ် အကိုရယ် "
ဤစကားကလိမ်ညာလိုက်တာလေ။ရှောင်းကျန့်ကဘယ်သူကို့မှရင်မဖွင့်ချင်ဘူး။ကိုယ့်ကြောင့်နဲ့သူတစ်ပါးစိတ်ညစ်ရမှာကိုလည်း ရှောင်းကျန့်မလိုလာဘူး။အဆင်ပြေလာလို့မေးလာလည်းအဆင်ပြေပါတယ်လို့လိမ်ဖြေရုံပဲလေ။
__________________________
Zawgyi
ဟူးးးး~~~~~~
" မင်းကဘယ်သူလဲ "
" နော် ကျန့်ကျန့်ဒီတစ်ပုံဆို "
" မရဘူး "
" အကိုနော် ! "
" အကိုနော် "
ပြီလား "
________________________
__________________________
Pokračovat ve čtení
Mohlo by se ti líbit
185K 5K 42
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
669K 33.7K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
470K 31.7K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
282K 9.5K 107
She was a capitol elite. He was the youngest victor in history. Their friendship was frowned upon, but their love was forbidden. Extended Summary Ins...