"မောင် ... လွယ်အိတ်ထဲ ၅သိန်းထည့်ပေးထားတယ်..မောင်ကျောင်းမှာလိုအပ်တာရှိရင်သုံးဖို့..."
"ဗျာ...အကို...နှစ်ရက်စာသုံးဖို့အဲ့လောက်မလိုပါဘူးအကို....ကျွန်တော်ကအိမ်မှာဆို တစ်ရက် ၂ထောင်ပဲရတာ"
ရတု ကိုယ်တိုင်ကပင် ပိုက်ဆံများများ မသုံးတတ်သူမို့ မုန့်ဖိုးအများကြီးမကုန်။ အိမ်ရဲ့ငွေရေးကြေးရေးအခြေအနေကြောင့်လည်း ရတုအများကြီးမတောင်းလို။ ၅သိန်းဆိုတဲ့ပမာဏက ရတုမုန်ဖိုးအတွက်ဆိုတစ်လစာမျှလောက်ပင်သုံးမကုန်နိုင်အောင်များနေသည်။
"လူကြီးကပေးရင် မငြင်းရဘူး...လိမ္မာလို့ပေးတာ....ပြီးတော့ ချစ်ဖို့ကောင်းလို့"
ရတုမနေတတ်တော့ အကိုကသူ့မျက်လုံးများကိုသေချာစိုက်ကြည့်ပြီးပြောနေခြင်းပင်။ ခပ်ပြုံးပြုံးလေးနဲ့ပြောနေတော့ ရတုပိုပြီးရှက်ကိုးရှက်ကန်းပင်ဖြစ်လာသည်။
ထိုပမာဏလောက်သောငွေကြေးက ရတုဘဝမှာ တစ်ခါမျှမုန့်ဖိုးမရဘူးချေ။ သူတို့အိမ်သုံးစရိတ်လျှင်ပင် တစ်လကို၅သိန်းမပြည့်။ အကိုက ငွေအတော်သုံးနိုင်သည်ဖြစ်မည်။
ရတုလည်းဘာမျှထပ်မပြောလိုတော့....
"ဟုတ်....အကို....ကျွန်တော်သေချာသုံးပါ့မယ်..."
အကိုက ခေါင်းလေးတစ်ချက်ညိတ်ပြရင်း ရတုခြေထောက်လေးကိုကြည့်လာပြန်၏။
"ခြေထောက်....သက်သာတယ်မလားမောင်"
ခြေထောက်တင်မကသေး အကိုက ရတု တစ်ကိုယ်လုံးကို မျက်တောင်မခတ်အပေါ်အောက် ကြည့်နေသေး၏။ ရတုနေရခက်စွာပင် အကို့ဆီကအကြည့်လွှဲ၍ ပြန်ဖြေလိုက်သည်။
"သက်...သာပါတယ်အကို"
"မောင်....ဒီဝတ်စုံလေးနဲ့အရမ်းလိုက်တာပဲ....ချစ်ဖို့အရမ်းကောင်းတယ်..."
"ဗျာ...အကို...ထင်...ထင်လို့ပါ...."
မော်ကွန်း ဝယ်ပေးထားတဲ့ အပြာနုရောင် လုံချည်နဲ့လက်ရှည်ဝမ်းဆက်လေးဝတ်ထားသည့်ရတုပုံစံလေးက မထိရက်မကိုင်ရက်ချင်စရာကောင်းလောက်အောင် နုဖက်ပြီး ရှင်းသန့်နေသည်။ ခြေဖျားလက်ဖျားလေးတွေရဲရဲလေးကလည်း ထိုဝတ်စုံနှင့်မှ ပို၍ရဲနေသယောင်။ မော်ကွန်းအကြည့်တို့ မောင့်ဆီက မလွှဲချင်တော့။ မော်ကွန်းပြောလိုက်တော့ မောင်က ရှက်သွားပုံရကာမျက်တောင်လေးတခတ်ခတ်နှင့် အကြည့်လွှဲသွား၏။
"တကယ် ချစ်ဖို့ကောင်းတာ...အကိုတို့ နေ့တိုင်းဒီလိုလေးပဲ အမြဲတွေ့နေရရင်ကောင်းမယ်"
ရတု မျက်နှာပင်ရဲတက်သွားတော့သည်။ အကိုကတည့်တိုးကြီးပြောတော့ ရတုမှာ တကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေပြောင်းပြန်စီးသွားသလိုပင် ဖြစ်သွားရ၏။
"ဟို...အကို...ထင်လို့ပါ...."
"အကို့ကိုရော....ဒီနေ့ဘယ်လိုမြင်လဲ....ပြောပါဦး"
မော်ကွန်းက သူ့တစ်ကိုယ်လုံးကို ကြည့်ဦးဆိုသည့်ပုံစံနှင့်ပြောလိုက်တော့ ခုဏအကြည့်လွှဲထားတဲ့ မောင့်ရဲ့မျက်ဝန်းလေးများက မရဲတရဲလေးနဲ့ မော်ကွန်းကိုကြည့်လာလေ၏။
"ချော....ချော....တယ်"
"ဟား....ဟား....အကိုကနောက်တာပါကွာ.....ချစ်ဖို့ကောင်းလိုက်တာ....."
မော်ကွန်း မောင့်ကို အသည်းပင်ယားလာတော့သည်။ မရဲတရဲလေးကြည့်ပြီး ချောတယ်ဟုပင်ပြောနေသည့်မောင့်မျက်ဝန်းများက မော်ကွန်း မျက်လုံးများကိုတည့်တည့်မကြည့်။ အသည်းယားလို့ ခေါင်းလေးကို ကိုင်ပြီး ဆံစများကိုထိုးဖွားလိုက်သည်။ မောင်က ကလေးလေးအတိုင်ပင် ခပ်ပြုံးပြုံးလေးနှင့် ခေါင်းလေးငုံ့ထားသေးသည်။
"ဘာလဲ...အကိုကချစ်ဖို့ကောင်းတယ်ပြောလို့ရှက်သွားတာလား......ဟား....ဟား....သွားမယ်...သွားမယ်....ကျောင်းနောက်ကျနေဦးမယ်"
ရတုလည်း ရှက်ရှက်နှင့် အကို့ကိုဘာမျှဆက်မပြောတော့ဘဲ ကားပေါ်တက်လိုက်တော့သည်။ ရင်ခုန်သံခပ်ပြင်းပြင်းကို ရတုကိုယ်တိုင်ပင်ပြန်ကြားနေရသည်။
အကိုက လူကို ရင်ခုန်အောင်အမြဲလုပ်တတ်သား။
__
"ဟယ်လို....Daddy"
"ပြော...သား"
"သား Daddy ရုံးခန်းကို ဒီနေ့လာခဲ့မယ် ပြောစရာရှိလို့"
"အော်.....အရေးကြီးလို့လား....သား "
"ဒီလိုပါပဲ ရောက်မှပြောမယ် ...ဒါပဲDaddy...dutyချိန်မို့ မအားဘူး"
သူ့အပြောကိုတောင်မစောင့် ချစ်လှစွာသောသားကဖုန်းချသွားနှင့်ပြီ။ အရေးကြီးလို့ဖြစ်မည်။ မော်ကွန်းကမလိုအပ်ပဲ ဖုန်းဆက်လေ့မရှိသူမို့။
—
"ဟဲ့.....ရတုမောင်.....အမယ်....သားနားနေပါလား"
"အေး ....ဘာဖြစ်လဲ....မနာလိုနေတာလား"
"အေးပေါ့ ဆရာဝန်လေးနဲ့ နေနေရတော့ အရမ်းပျော်နေမှာပေါ့"
ရှင်းသန့်က မျက်နှာမဲ့ရွဲ့ရွဲ့ကာပြောပြီး ရတုကိုတံတောင်နှင့်တွတ်လိုက်၏။
"အော်..ဒီနေ့ဟိုကောင်နှစ်ကောင်....ကွင်းကြီးပြိုင်ပွဲရှိတယ်နော်...မြန်မာစာမေဂျာနဲ့ပြိုင်မှာ...သွားကြမယ်ငါတို့"
အရင်က ရတု ဘောလုံးပြိုင်ပွဲတွေစရင် ရှင်းသန့်နဲ့အတူတူသွားကြည့်နေကျမို့ အပြန်လည်း ရှင်းသန့်နှင့်တူတူပြန်ဖြစ်သည်။ ဘောလုံးပွဲစဉ်က ကျောင်းအတန်းပြီးချိန်၃နာရီလောက်မှစတာမို့ ထိုနေ့လိုမျိုးဆို ရတု ကျောင်းပြန်ချိန် နောက်ကျတတ်သည်။
"အင်း....ငါအကို့ကို ဖုန်းဆက်လိုက်ဦးမယ်...."
"အမလေး......ဖြစ်ပျက်နေတာ....."
ရှင်းသန့်ကတော့ အနောက်မှာပွစိပွစိပြောပြီးကျန်ခဲ့လေသည်။
"ဟယ်လို....အကို"
"အင်း...မောင်....ပြော"
"ကျွန်တော် ဒီနေ့ ....အားကစားကွင်းသွားမလို့....နောက်ကျမယ်ရလား....အကို....အကိုအဆင်မပြေရင်.....ကျွန်တော်ဘာ့သာပြန်လိုက်မလို့"
အကိုကချက်ချင်းပြန်မဖြေဘဲ အနည်းငယ်တိတ်ဆိတ်သွားသည်။
"မောင်....ခြေထောက်သက်သာတယ်ဆို...သွားလေ .....အကို ပြီးတဲ့ချိန်မှလာကြိုမယ်"
အကို အသံအနေထားပြောင်းသွားတော့ ရတု ဆက်မပြောရဲတော့ ရတုကိုယ်တိုင်ကပင် အကို့ သဘောထားကို အလေးနက်ထားနေသည့်ပုံစံဖြစ်နေလေ၏။
အရင်ကဆို ရတုကြိုက်သလိုပြန်လို့ရတော့ ဘယ်သူ့ခွင့်ပြုချက်မှမလို။
"ဟုတ်.....အကို.....ကျွန်တော်ဖုန်းဆက်လိုက်မယ်နော်"
"ကောင်းပြီ....မောင်"
ရတု လည်းသူငယ်ချင်းပွဲဆိုတော့ မသွားဘဲနှင့်လည်းမနေနိုင်။ ရှင်းသန့်ကို တစ်ယောက်ထဲလွှတ်ရမှာလည်းစိတ်မချ။ အကို့လေသံကတော့ သိပ်မသွားစေချင်တဲ့ပုံစံဖြစ်နေလေ၏။ ရတုလည်း မတတ်နိုင်၊ သွားဖို့လိုသောကြောင့် သွားရမည်။
__
"Daddy ကျွန်တော်က ဂေးပါ"
"ဟမ်......"
ရုံးခန်းထဲသို့ ရောက်ရောက်ချင်းမှာပင် အဆက်အစပ်မရှိစွာ ထပြောလာသည့်သားဖြစ်သူကြောင့် သူကြောင်အစွာ မော့ကြည့်လိုက်မိ၏။
"ကျွန်တော် ချစ်ရတဲ့သူတွေ့ပြီ ယောကျာ်းလေးတစ်ယောက်ပါ Daddy....သိထားရအောင်ပြောပြတာပါ .... အဲ့ကလေးကို ကျွန်တော်ရအောင်ယူတော့မှာမလို့........."
Zawgyi
"ေမာင္ ... လြယ္အိတ္ထဲ ၅သိန္းထည့္ေပးထားတယ္..ေမာင္ေက်ာင္းမွာလိုအပ္တာရွိရင္သုံးဖို႔..."
"ဗ်ာ...အကို...ႏွစ္ရက္စာသုံးဖို႔အဲ့ေလာက္မလိုပါဘူးအကို....ကြၽန္ေတာ္ကအိမ္မွာဆို တစ္ရက္ ၂ေထာင္ပဲရတာ"
ရတု ကိုယ္တိုင္ကပင္ ပိုက္ဆံမ်ားမ်ား မသုံးတတ္သူမို႔ မုန႔္ဖိုးအမ်ားႀကီးမကုန္။ အိမ္ရဲ႕ေငြေရးေၾကးေရးအေျခအေနေၾကာင့္လည္း ရတုအမ်ားႀကီးမေတာင္းလို။ ၅သိန္းဆိုတဲ့ပမာဏက ရတုမုန္ဖိုးအတြက္ဆိုတစ္လစာမွ်ေလာက္ပင္သုံးမကုန္ႏိုင္ေအာင္မ်ားေနသည္။
"လူႀကီးကေပးရင္ မျငင္းရဘူး...လိမၼာလို႔ေပးတာ....ၿပီးေတာ့ ခ်စ္ဖို႔ေကာင္းလို႔"
ရတုမေနတတ္ေတာ့ အကိုကသူ႔မ်က္လုံးမ်ားကိုေသခ်ာစိုက္ၾကည့္ၿပီးေျပာေနျခင္းပင္။ ခပ္ၿပဳံးၿပဳံးေလးနဲ႔ေျပာေနေတာ့ ရတုပိုၿပီးရွက္ကိုးရွက္ကန္းပင္ျဖစ္လာသည္။
ထိုပမာဏေလာက္ေသာေငြေၾကးက ရတုဘဝမွာ တစ္ခါမွ်မုန႔္ဖိုးမရဘူးေခ်။ သူတို႔အိမ္သုံးစရိတ္လွ်င္ပင္ တစ္လကို၅သိန္းမျပည့္။ အကိုက ေငြအေတာ္သုံးႏိုင္သည္ျဖစ္မည္။
ရတုလည္းဘာမွ်ထပ္မေျပာလိုေတာ့....
"ဟုတ္....အကို....ကြၽန္ေတာ္ေသခ်ာသုံးပါ့မယ္..."
အကိုက ေခါင္းေလးတစ္ခ်က္ညိတ္ျပရင္း ရတုေျခေထာက္ေလးကိုၾကည့္လာျပန္၏။
"ေျခေထာက္....သက္သာတယ္မလားေမာင္"
ေျခေထာက္တင္မကေသး အကိုက ရတု တစ္ကိုယ္လုံးကို မ်က္ေတာင္မခတ္အေပၚေအာက္ ၾကည့္ေနေသး၏။ ရတုေနရခက္စြာပင္ အကို႔ဆီကအၾကည့္လႊဲ၍ ျပန္ေျဖလိုက္သည္။
"သက္...သာပါတယ္အကို"
"ေမာင္....ဒီဝတ္စုံေလးနဲ႔အရမ္းလိုက္တာပဲ....ခ်စ္ဖို႔အရမ္းေကာင္းတယ္..."
"ဗ်ာ...အကို...ထင္...ထင္လို႔ပါ...."
ေမာ္ကြန္း ဝယ္ေပးထားတဲ့ အျပာႏုေရာင္ လုံခ်ည္နဲ႔လက္ရွည္ဝမ္းဆက္ေလးဝတ္ထားသည့္ရတုပုံစံေလးက မထိရက္မကိုင္ရက္ခ်င္စရာေကာင္းေလာက္ေအာင္ ႏုဖက္ၿပီး ရွင္းသန႔္ေနသည္။ ေျခဖ်ားလက္ဖ်ားေလးေတြရဲရဲေလးကလည္း ထိုဝတ္စုံႏွင့္မွ ပို၍ရဲေနသေယာင္။ ေမာ္ကြန္းအၾကည့္တို႔ ေမာင့္ဆီက မလႊဲခ်င္ေတာ့။ ေမာ္ကြန္းေျပာလိုက္ေတာ့ ေမာင္က ရွက္သြားပုံရကာမ်က္ေတာင္ေလးတခတ္ခတ္ႏွင့္ အၾကည့္လႊဲသြား၏။
"တကယ္ ခ်စ္ဖို႔ေကာင္းတာ...အကိုတို႔ ေန႔တိုင္းဒီလိုေလးပဲ အၿမဲေတြ႕ေနရရင္ေကာင္းမယ္"
ရတု မ်က္ႏွာပင္ရဲတက္သြားေတာ့သည္။ အကိုကတည့္တိုးႀကီးေျပာေတာ့ ရတုမွာ တကိုယ္လုံးမွာရွိတဲ့ ေသြးေၾကာေတြေျပာင္းျပန္စီးသြားသလိုပင္ ျဖစ္သြားရ၏။
"ဟို...အကို...ထင္လို႔ပါ...."
"အကို႔ကိုေရာ....ဒီေန႔ဘယ္လိုျမင္လဲ....ေျပာပါဦး"
ေမာ္ကြန္းက သူ႔တစ္ကိုယ္လုံးကို ၾကည့္ဦးဆိုသည့္ပုံစံႏွင့္ေျပာလိုက္ေတာ့ ခုဏအၾကည့္လႊဲထားတဲ့ ေမာင့္ရဲ႕မ်က္ဝန္းေလးမ်ားက မရဲတရဲေလးနဲ႔ ေမာ္ကြန္းကိုၾကည့္လာေလ၏။
"ေခ်ာ....ေခ်ာ....တယ္"
"ဟား....ဟား....အကိုကေနာက္တာပါကြာ.....ခ်စ္ဖို႔ေကာင္းလိုက္တာ....."
ေမာ္ကြန္း ေမာင့္ကို အသည္းပင္ယားလာေတာ့သည္။ မရဲတရဲေလးၾကည့္ၿပီး ေခ်ာတယ္ဟုပင္ေျပာေနသည့္ေမာင့္မ်က္ဝန္းမ်ားက ေမာ္ကြန္း မ်က္လုံးမ်ားကိုတည့္တည့္မၾကည့္။ အသည္းယားလို႔ ေခါင္းေလးကို ကိုင္ၿပီး ဆံစမ်ားကိုထိုးဖြားလိုက္သည္။ ေမာင္က ကေလးေလးအတိုင္ပင္ ခပ္ၿပဳံးၿပဳံးေလးႏွင့္ ေခါင္းေလးငုံ႔ထားေသးသည္။
"ဘာလဲ...အကိုကခ်စ္ဖို႔ေကာင္းတယ္ေျပာလို႔ရွက္သြားတာလား......ဟား....ဟား....သြားမယ္...သြားမယ္....ေက်ာင္းေနာက္က်ေနဦးမယ္"
ရတုလည္း ရွက္ရွက္ႏွင့္ အကို႔ကိုဘာမွ်ဆက္မေျပာေတာ့ဘဲ ကားေပၚတက္လိုက္ေတာ့သည္။ ရင္ခုန္သံခပ္ျပင္းျပင္းကို ရတုကိုယ္တိုင္ပင္ျပန္ၾကားေနရသည္။
အကိုက လူကို ရင္ခုန္ေအာင္အၿမဲလုပ္တတ္သား။
__
"ဟယ္လို....Daddy"
"ေျပာ...သား"
"သား Daddy ႐ုံးခန္းကို ဒီေန႔လာခဲ့မယ္ ေျပာစရာရွိလို႔"
"ေအာ္.....အေရးႀကီးလို႔လား....သား "
"ဒီလိုပါပဲ ေရာက္မွေျပာမယ္ ...ဒါပဲDaddy...dutyခ်ိန္မို႔ မအားဘူး"
သူ႔အေျပာကိုေတာင္မေစာင့္ ခ်စ္လွစြာေသာသားကဖုန္းခ်သြားႏွင့္ၿပီ။ အေရးႀကီးလို႔ျဖစ္မည္။ ေမာ္ကြန္းကမလိုအပ္ပဲ ဖုန္းဆက္ေလ့မရွိသူမို႔။
—
"ဟဲ့.....ရတုေမာင္.....အမယ္....သားနားေနပါလား"
"ေအး ....ဘာျဖစ္လဲ....မနာလိုေနတာလား"
"ေအးေပါ့ ဆရာဝန္ေလးနဲ႔ ေနေနရေတာ့ အရမ္းေပ်ာ္ေနမွာေပါ့"
ရွင္းသန႔္က မ်က္ႏွာမဲ့႐ြဲ႕႐ြဲ႕ကာေျပာၿပီး ရတုကိုတံေတာင္ႏွင့္တြတ္လိုက္၏။
"ေအာ္..ဒီေန႔ဟိုေကာင္ႏွစ္ေကာင္....ကြင္းႀကီးၿပိဳင္ပြဲရွိတယ္ေနာ္...ျမန္မာစာေမဂ်ာနဲ႔ၿပိဳင္မွာ...သြားၾကမယ္ငါတို႔"
အရင္က ရတု ေဘာလုံးၿပိဳင္ပြဲေတြစရင္ ရွင္းသန္႔နဲ႔အတူတူသြားၾကည့္ေနက်မို႔ အျပန္လည္း ရွင္းသန႔္ႏွင့္တူတူျပန္ျဖစ္သည္။ ေဘာလုံးပြဲစဥ္က ေက်ာင္းအတန္းၿပီးခ်ိန္၃နာရီေလာက္မွစတာမို႔ ထိုေန႔လိုမ်ိဳးဆို ရတု ေက်ာင္းျပန္ခ်ိန္ ေနာက္က်တတ္သည္။
"အင္း....ငါအကို႔ကို ဖုန္းဆက္လိုက္ဦးမယ္...."
"အမေလး......ျဖစ္ပ်က္ေနတာ....."
ရွင္းသန႔္ကေတာ့ အေနာက္မွာပြစိပြစိေျပာၿပီးက်န္ခဲ့ေလသည္။
"ဟယ္လို....အကို"
"အင္း...ေမာင္....ေျပာ"
"ကြၽန္ေတာ္ ဒီေန႔ ....အားကစားကြင္းသြားမလို႔....ေနာက္က်မယ္ရလား....အကို....အကိုအဆင္မေျပရင္.....ကြၽန္ေတာ္ဘာ့သာျပန္လိုက္မလို႔"
အကိုကခ်က္ခ်င္းျပန္မေျဖဘဲ အနည္းငယ္တိတ္ဆိတ္သြားသည္။
"ေမာင္....ေျခေထာက္သက္သာတယ္ဆို...သြားေလ .....အကို ၿပီးတဲ့ခ်ိန္မွလာႀကိဳမယ္"
အကို အသံအေနထားေျပာင္းသြားေတာ့ ရတု ဆက္မေျပာရဲေတာ့ ရတုကိုယ္တိုင္ကပင္ အကို႔ သေဘာထားကို အေလးနက္ထားေနသည့္ပုံစံျဖစ္ေနေလ၏။
အရင္ကဆို ရတုႀကိဳက္သလိုျပန္လို႔ရေတာ့ ဘယ္သူ႔ခြင့္ျပဳခ်က္မွမလို။
"ဟုတ္.....အကို.....ကြၽန္ေတာ္ဖုန္းဆက္လိုက္မယ္ေနာ္"
"ေကာင္းၿပီ....ေမာင္"
ရတု လည္းသူငယ္ခ်င္းပြဲဆိုေတာ့ မသြားဘဲႏွင့္လည္းမေနႏိုင္။ ရွင္းသန႔္ကို တစ္ေယာက္ထဲလႊတ္ရမွာလည္းစိတ္မခ်။ အကို႔ေလသံကေတာ့ သိပ္မသြားေစခ်င္တဲ့ပုံစံျဖစ္ေနေလ၏။ ရတုလည္း မတတ္ႏိုင္၊ သြားဖို႔လိုေသာေၾကာင့္ သြားရမည္။
__
"Daddy ကြၽန္ေတာ္က ေဂးပါ"
"ဟမ္......"
႐ုံးခန္းထဲသို႔ ေရာက္ေရာက္ခ်င္းမွာပင္ အဆက္အစပ္မရွိစြာ ထေျပာလာသည့္သားျဖစ္သူေၾကာင့္ သူေၾကာင္အစြာ ေမာ့ၾကည့္လိုက္မိ၏။
"ကြၽန္ေတာ္ ခ်စ္ရတဲ့သူေတြ႕ၿပီ ေယာက်ာ္းေလးတစ္ေယာက္ပါ Daddy....သိထားရေအာင္ေျပာျပတာပါ .... အဲ့ကေလးကို ကြၽန္ေတာ္ရေအာင္ယူေတာ့မွာမလို႔........."